စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, December 30, 2007

စစ်မှန်သော သူငယ်ချင်း




တနေ့ပြီး တနေ့

ဘ၀ကို သက်တမ်းတိုး

လိုအင်ပြီး လိုအင်

ခပ်ခပ်သောက်

ကိုယ့်ကိုကိုယ် ရှင်နိုင်အောင် ကြိုးစားရင်း

လမ်းမထက် လျှောက်နေကြဆဲ

နှစ်တွေလဲ အိုခဲ့ပေါ့

နံပါတ်မရှိ မိုင်တိုင်တွေ

လမ်းမတလျှောက်ဖြတ်ကျော်

လိုအင်တွေ မလိုအင်တွေ

ကောက်ယူသွားရရင်း

ကိုယ်ပိုင်ဘ၀ထဲ ထိုးထည့်

အသစ်သော မျှော်လင့်ခြင်းတွေ

ပင်လယ်ထဲ ပစ်ပစ်ချလို့

ကိုယ့်ဘ၀ကို

ကိုယ်ပြန်မျှားကြည့်တာ

သုတ်တင်တိုင်း သုတ်တင်တိုင်း

ပါလာသမျှက

နောက်လိုအင်တွေ ဖြစ်ဖြစ်နေလို့

လိမ့်ပတ်မလည်တဲ့ ဆန္ဒတွေနောက်

လိုက်ပါကြရင်း

ဆုံးရှုံးမှုတွေ ကြုံခဲ့သမျှ

အားပေးဖော်သူငယ်ချင်း

မင်းတစ်ယောက်ရှိရုံနဲ့

လုံလောက်တာ

သူငယ်ချင်းရေ

အတိတ်က ဆုံတွေ့မှုကို

ကျေးဇူးတင်

တို့ရင်းနှီးမှုကို

အသံမထွက်ဘဲ ခံစားကြည့်ရအောင်

မျက်စိလေး ခဏလောက်မှိတ်ပေးပါ။

အရိပ်
poemscorner.com

[+/-] အပြည့်အစုံသို့...

Tuesday, December 25, 2007

ငိုချင်လျှင် ငိုလိုက်ပါ။



ငိုချင်လျှင် ငိုလိုက်ပါ။
ငိုခြင်းသည် စိတ်ကိုရော ရုပ်ကိုပါ
နုပျိုစေသည်။
ခိုင်မြဲ


[+/-] အပြည့်အစုံသို့...

ကိုယ်နဲ့ စီးကရက်တစ်လိပ် အကြောင်း



လူများရဲ့ အပျင်းပြေ စိတ်လေတိုင်းဖွာရှိုက်
လောင်မြိုက်တဲ့ မီးစနဲ့ ပစ်ချခြင်းဒဏ်
ခံရဖန်လည်း များရော့ပေါ့။

လမ်းဘေးက ဆေးလိပ်
ခပ်ကြိတ်ကြိတ် ပြုံးရင်းကောက်
ကိုယ်တောင် သောက်မိတော့မလို့
နှုတ်ခမ်းလွှာနားမရောက်ခင်
ငုံ့ကြည့်စဉ်မှာတော့
စီးကရက် က တိုနေပေါ့။ ။

ကျောင်းတုန်းက သူငယ်ချင်း ဆွေးမြေ့(နှောင်း) ရဲ့ ကဗျာလေးပါ။


[+/-] အပြည့်အစုံသို့...

Sunday, December 23, 2007

ဘုရားကျောင်းကန်သို့ မကြာမကြာသွားပါ







သင်… ဘယ်ဘာသာတရားကို
ယုံကြည်သည်ဖြစ်စေ
ဘုရားကျောင်းကန်များသည်
အထူးတလည် ငြိမ်းချမ်းရာ ဌာနများဖြစ်သည်။
ဘုရားကျောင်းကန်သို့ မကြာမကြာသွားပါ။
ငြိမ်းချမ်းမှူ့ကို ရယူပါ။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

ဆိတ်ငြိမ်မှူ့ကို နားထောင်ပါ

မိတ်ဆွေ......

တိတ်ဆိတ်ငြိမ် သက်သော
တနေရာသို့ သွားပါ။
ဆိတ်ငြိမ်မှူ့ သည်
ဘာနှင့် တူသလဲ ဆိုသည်ကို နားထောင်ပါ။
သင်…မထင်မှတ်ဆုံးသော အချိန်တွင်
ဆိတ်ငြိမ်မှူ့ကို ရရှိလိမ့်မည်။
ထို့နောက်…….
သင့်ကိုသင် သတိမထားမိသောအချိန်မှာပင်
ငြိမ်းချမ်းမှူ့ ကို ရရှိပြီးဖြစ်နေပါလိမ့်မည် ။….။
ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Saturday, December 22, 2007

စာပွဲးအောက်မှာ တရေးအိပ်ပါ။


တစ်နေ့တာ ပင်ပန်းသမျှကို

တရေးအိပ်ပြီး ဖြေဖြောက်ပါ။

သုံးမိနစ်လောက် အိပ်ယုံမျှဖြင့်

သင်မည်မျှအားပြည့်လန်းဆန်းလာသည်ကို

သင်ကြုံဖူးပါသည်။

ဒါ့ကြောင့်

စားပွဲအောက်မှာတရေးအိပ်ပြီး

အနားယူလိုက်ပါ ။…..။

[+/-] အပြည့်အစုံသို့...

Friday, December 21, 2007

မ (သို့) .......

မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
ပြုစားနေ သယောင်ယောင်…..။
ရှက်စနိုးပြုံးရယ်ရင်
ပါးချိုင့်လေး ပါးမှာ ထင်
ပါးကွက်လေးနှင့် တစ်မျိုးပင်
တစ်ပါးသူရင်ခွင် ကို
ကြည်နူးမှူ့ တွေ ပေးသလိုလို …..။
ရွှန်းလဲ့ တဲ့ အကြည့်
သွယ်လျှတဲ့ ဟန်ပန်
နှစ်လိုဖွယ်အိနြေ္ဒတွေနှင့်
ညင်သာစွာလျှောက်အလှမ်းမှာ
ဘယ်ပန်းတွေ ဦးမော့ ထားနိုင်မှာလဲ……….။


တောက ကိုရင်

[+/-] အပြည့်အစုံသို့...

"အတိတ် နှင့် ပစ္စုပ္ပန်"


နှစ်တစ်နှစ်ကုန်ဆုံးတော့မှာကိုစဉ်းစားရင် လွန်ခဲ့တဲ့ ကိုးနှစ်၊ဆယ်နှစ်လောက်က
နေရာလေးတွေကို ပြန်ပြီးလျှောက်သွားနေရင်ကနေ ခလုပ်တိုက်လို့ ငုံ့ကြည့်လိုက်တဲ့အခါမှာ သစ်ပင်လေးတစ်ပင်ကို တွေ့မိတာနဲ့ စိတ်မီးအိမ်ဥယျာဉ်ထဲမှာ ချစိုက်လိုက်တာပါ။ တချို့သူငယ်ချင်းတွေဆိုရင် ဒီအပင်လေးကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။

“အတိတ် နှင့် ပစ္စုပ္ပန်”

နေ့လည်နှစ်ချက်ကျ
‘မ’ကံမကောင်းသမျှ
ဘုရားထံနားပူနားစာတိုက်
ငိုက်ခနဲဖြစ်သွား။

တိမ်တိုက်ကိုစီး
မေဘရဏီလေးလား
သူလေးပြေးအလာ
လေဟုန်ကိုစီး
သိန္ဓောအလား
ကိုယ်ကအပြေး။

ဒီဘ၀တော့ အမေ့သားကံကောင်းပြီ
နှစ်ကိုယ်တူပျော်မြူးကြမည်
စိတ်မှာတွေးရင်
လက်တကမ်းအကွာ………….

ဟေ့ကောင် အနတ္တ
ထတော့ ထတော့
ညစာဟင်းချက်ဖို့…….. တဲ့။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ခရီး

လမ်းမတွေ အေးစက်နေပြီ
ငါတို့ရဲ့မှတ်တိုင်တွေ အချိန်ဖြုန်းနေကြဦးမလား
အဝေးက တောင်တန်းပြာပြာတွေ မျက်ရည်ယို လို့
ဆီနှင်းများစွာ ။

အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံးပေါ့- - - - - - - ။

မျှော်လင်းခြင်း မျက်လုံးများနဲ့
ငါရင်ဘက် အက်ကြောင်းထဲက
သွေစိမ်းစိမ်း ရွှင်ရွှင် တွေ စိမ့်ထွက်လာတုန်း
ရာသီစာ အလွမ်း တွေ ကို
ကျောပိုးအိတ် ထဲ ထည့်ပြီး
တိမ်တိုက် တွေ ကိုငေးကြည့် နေမိတယ်
ဝေးကွာခြင်းများနောက် ။

စူရှ ကျယ်လှောင်တဲ့ အသံတွေရဲ့နောက်
အမှီလိုက်ရင်း
နောက်ကျကျန်ရစ်ခဲ့
အဖြူ အမဲ တွေကြား လည်ပတ်ရင်း
ခြေထောက်တွေ အသားမာတက်ခဲ့
ရှုပ်ထွေးခြင်း များ။
ငါပြေးထွက်ခဲ့
ငါရုန်းထွက်ခဲ့မိပါတယ်
မလွတ်မြောက်နိုင်တဲ့ ဘ၀သံသရာထဲက
အေးစက်စက် အကြည့်တွေနဲ့ ဝေးရာ ကို
ရောက်လိုရောက်ငြားပေါ့- - - - - - - -။

[+/-] အပြည့်အစုံသို့...

သုည

ကျွန်တော် ဘ၀ကို

သုည ကစခဲ့ပါတယ်- - - - -၊

ခုလည်း

သုည- - - ပါပဲ- - - - - - -- - ။

[+/-] အပြည့်အစုံသို့...

စွန့်လွှတ်ခြင်းရဲ့နောက်

ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။

အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။

လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊

အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။

ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။

[+/-] အပြည့်အစုံသို့...

လှေ

မင်းရဲ့ အသိုက်မှာ....

ငါ့ခြေလှမ်းတွေ ထစ်ခဲ့။

ရင်ခပ်ကြမ်းကြမ်းနဲ့

ဥပက္ခာတရား...

လမ်းတွေ မှော်ဝင်နေတုန်းပေါ့။ ။ ။။

[+/-] အပြည့်အစုံသို့...

နောင်တ

ဖူးပွင့်စ အလှတရားလေးနဲ့....

ဦးခေါင်းထက် အလံစိုက်ခဲ့သူရေ...

မင်း အနံ့တွေ စူးရှလွန်းပါတယ်။

ခုတော့....မကြွေခင်

မြေပြင်ရဲ့ ဆီးကြိုခြင်းကို

ခံနေရပေါ့

[+/-] အပြည့်အစုံသို့...

ခြင်တစ်ကောင်ရဲ့အနမ်း

တွန့်ခနဲ ဖြစ်သွာခြင်းရဲ့နောက်မှာ....
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။

[+/-] အပြည့်အစုံသို့...

ဝဋ်

ခိုးကိုးရာမဲ့ မျက်လုံးလေးတစ်စုံ၊
အတတ်ပညာတစ်ခုရဲ့ အနိမ့်အမြင့်တွေကြားမှာ
အေ၇ာင်မှိန်ခဲ့ဖူးတယ်။
ဘ၀ရယ်....
အရောင်တွေ များလိုက်ပုံများ...
စွဲစွဲမြဲမြဲ မ၀ံ့ထည်တော့တဲ့
တုန်ရီ ခြေနှစ်ချောင်းလို.....
လမ်းမှားတွေဘက် တိမ်းစောင်ခဲ့ဖူးတယ်။
ငယ်ငယ် က......
ဖားခြေထောက်ကို ကြိုးနဲ့ချည်၊
ခုန်ခိုင်းခဲ့သလိုမျိုး
ငါ့ရဲ့အားထုတ်မှုတွေ...
နောက်ပြန် ရောက်ရောက်နေခဲ့။
အသုံးမတည့်တော့တဲ့..
အသီးအပွင့်တွေလို...
ပုပ်အဲ့အဲ့ လက်သီးဆုပ်ထဲက၊
ဘ၀တွေ ဆုပ်ချည်ဖြန့်ချည်.....
ဒီလိုနဲ့ပဲ ဘ၀ဟာ......
နောက်ထပ်တဖန်
အရောင် မှိန်ခဲ့ရပြန်ပြီ။ ။

[+/-] အပြည့်အစုံသို့...

လူငယ်

အခွံတွေ မမာသေးခင်...

အတောင်ပံတွေ တပ်ဆင်နေကြ၊

ဘ၀ကမပေးသေးတဲ့...

သင်ခန်းစာတွေ ရယူဖို့။

[+/-] အပြည့်အစုံသို့...

မုန်းတယ်

အဲ့ဒီ့နေ့ကိုမုန်းတယ်.....
မီးတောက်များနဲ့
သာယာနေသော
ခါးသက်သက် အလှတရား၊
ငါ့ရဲ့ဖြစ်တည်မှု အလုံးစုံကို
နာကျည်းစေခဲ့တယ်။
အဲ့ဒီနေ့ကိုမုန်းတယ်......
ကဗျာဆန်ဆန်
လှုပ်လီလှုပ်လဲ့ လှမ်းလျှောက်လာတဲ့
ဖြေလှမ်းများနဲ့
အရောင်တွေဖြာထွက်နေသော မိန်းကလေး
ငါ့ရဲ့တစ်နေရာစာမှာ အရိပ်မထင်ခဲ့ဘူး။
အဲ့ဒီနေ့ကိုမုန်းတယ်.....
မှောင်မိုက်နေသော
အလုံပိတ်ထားတဲ့အခန်းထဲ
ငါ့ကဗျာတွေ အစာငတ်ခဲ့၊
လရောင်ရဲ့ အေးစက်စက်အနမ်းတွေက
ထပ်ခိုးထောင့်တစ်နေရာကနေ
ငါ့ကိုနမ်းရှိုက်နေတယ်...ဒီလိုနဲ့
ငါဆိုတာ ငါမှန်းမသိလိုက်တဲ့အချိန်မှာ
ဆေးလိပ်မီးခိုးတွေ
တစ်ခန်းလုံးအူနေခဲ့ပေါ့။
အဲ့ဒီနေ့ကိုမုန်းတယ်.....
ခက်ပြင်းပြင်း ခြေသံများ...
ခွေးအူသံများ.....
အတင်းပြောသံများ....
သက်ပြင်းချသံများ..
အမည်မသိ လှောင်ရယ်သံများ။
အဲ့ဒီနေ့ကိုမုန်းတယ်.....
အဟောင်းတကာ့အဟောင်းများ
စုပုံရောင်းချခဲ့မိသော ငါ့ဒေါသများ။
အဲ့ဒီနေ့မှာပဲ..
စူးရှမာကြောသော သံမဏိမြားသံတစ်ချောင်း
ငါ့ရင်ဘက်ထဲ စိုက်ဝင်ခဲ့တယ်။
နောက်ထပ်..
အဲ့ဒီနေ့တွေမှာပဲ.....
သူတို့ငါ့ကိုမုန်းသွားကြတယ်............။
......တောက်........၊
အဲ့ဒီနေ့တွေကို.......
အမှန်တကယ်ပဲ မုန်းခဲ့ပါတယ်.......။။။

[+/-] အပြည့်အစုံသို့...

အရက်

ငါသောက်သုံးခဲ့တဲ့ အရာတွေပါပဲ......


ခုတော့..........


သူတို့က ငါ့ကိုသောက်သုံးနေကြပြီ။ ။

[+/-] အပြည့်အစုံသို့...

မင်းရယ်သံ

မင်းကျောခိုင်းခဲ့တဲ့ အိပ်မက်တွေပါပဲ......
ငါ ရူးသွပ်ခြင်းတွေထဲ မင်းရယ်သံတွေ....
ထစ်ချုန်း နေဦးမှာလား။
ဘ၀ရဲ့ အရသာမှာ.....
အချစ်ဟာ ပျော်ဝင်ပစ္စည်းတွေပဲလား...
အိပ်မက်ဆန်ဆန် ဖြက်သန်းခြင်းတွေအတွက်၊
မင်းရယ်သံတွေထဲ...ငါရူးသွပ်နေတုန်းပါပဲ။
ဘ၀ရယ်....အရောင်တွေများလိုက်ပုံများ....
ပင်လယ်ရေအလယ်မှာ ဗဟိုပြုလို့....
အချစ်ဟာ...ဒီရေအတက်ကြမ်းခဲ့ပြီ။
စိုစိုစွတ်စွတ် စိတ်ဓါတ်တွေနဲ့..
ထုံထိုင်းခဲ့တာ ငါမဟုတ်ရပါဘူး။
ငုံ့ကြည့်နေတဲ့ ကောင်းကင်အောက်မှာ
ငါ...ဒီညတွေကို..
ယိုင်နဲ့နဲ့ ....ဖြက်သန်းဆဲ.....
မင်းရယ်သံတွေကြာမှာ။........။

[+/-] အပြည့်အစုံသို့...

Thursday, December 20, 2007

ဆေး

မကြာမီ...

သေဆုံးသွားတော့မယ့်...

မာနတွေ အတွက်....

အကြင်နာ တစ်ခွက်လောက်။

[+/-] အပြည့်အစုံသို့...

မေ့လျော့သွားတဲ့ည

ငှက်ငယ်တို့
သစ်ပင်ထက်
အိပ်စက်နေခိုက်
မှောင်မိုက်မိုက်မှာ
အသိုက်မဲ့နေသူမှာငါရယ်ပါ
အဖေါ်ပြုစရာလမင်းတစ်ချမ်းနဲ့
ညချမ်းမှာ အေးခိုက်ခိုက် တုန်း
ရှည်လျားလွန်းတဲ့ လမ်းမများကိုအဖေါ်ပြု
ကတ္တရာ နဲ့ ရာဘာ အနမ်းတွေ ဝေဖြာဆဲ
ထပ်ချပ်မကွာ လိုက်လာ သူက ငါရဲ့အရိပ်
တလမ်းလုံးမှာ နုတ်ဆက်သံတွေကတ၀ုတ်ဝုတ်နဲ့
ကွဲကြေသွားတဲ့ ငါနှလုံးသား ခံစားမှု့တွေကို ငါမေ့လျော့နေပါပြီ ။

[+/-] အပြည့်အစုံသို့...

ငါအကြောက်ဆုံး

မှောင်မိုက်တဲ့
ညနက်နက်လည်း
ငါမကြောက်- - - -၊
ကြမ်းတမ်းတဲ့
ခရောင်းလမ်းလမ်း
ငါမကြောက်- - - ၊
လှိုင်ထန်တဲ့
ပင်လယ်ပြင်လည်း
ငါမကြောက်- - - ၊
အပြုံးတုနဲ့ဖုန်းကွယ်
မာယာတွေ ခြုံလွှမ်း
ကောက်ကျစ်တဲ့စိတ်ဓါတ်
ငါကြောက်လန့်ခဲ့ပေါ -- ။
(ဇာဇာ)

[+/-] အပြည့်အစုံသို့...

စိတ်စေရာ

ကျွန်ုပ်၏စိတ်စေရာ
ကျွန်တော့်ရဲ့ စိတ်အစဉ်မှာ ဖြစ်ချင်တာတွေ ဘယ်လို ရင်ဖွင့် ရမလည်း
ငါ ဘယ်သူကို ပြောပြရမှာလည်း------ငါဘယ်သူကိုရင်ဖွင့် ရမှာလည်း
နဘေး မှာ အဖေါ်တွေ ရှိသေးရဲ့လား - - -စိတ်ပျက်အားငယ်နေရမလား
ခုချိန်မှာ အကောင်းဆုံးဆိုတာတွေ မဖြစ်လာသေးတောင်
နောင်တချိန် အတွက် ကြိုးစားကြည့်ချင်သေးတယ်- - - - -- -- -- - -
ဆိုးရွံ့ အားငယ်စိတ်များ ကို ကို တွန်းဖယ်ထုတ်လိုက်ချင်သေးတယ်

[+/-] အပြည့်အစုံသို့...

စိတ်စေရာ

ကျွန်ုပ်၏စိတ်စေရာ
ကျွန်တော့်ရဲ့ စိတ်အစဉ်မှာ ဖြစ်ချင်တာတွေ ဘယ်လို ရင်ဖွင့် ရမလည်း
ငါ ဘယ်သူကို ပြောပြရမှာလည်း------ငါဘယ်သူကိုရင်ဖွင့် ရမှာလည်း
နဘေး မှာ အဖေါ်တွေ ရှိသေးရဲ့လား - - -စိတ်ပျက်အားငယ်နေရမလား
ခုချိန်မှာ အကောင်းဆုံးဆိုတာတွေ မဖြစ်လာသေးတောင်
နောင်တချိန် အတွက် ကြိုးစားကြည့်ချင်သေးတယ်- - - - -- -- -- - -
ဆိုးရွံ့ အားငယ်စိတ်များ ကို ကို တွန်းဖယ်ထုတ်လိုက်ချင်သေးတယ်

[+/-] အပြည့်အစုံသို့...

အသက်ပျောက်သွားတဲ့ညနေခင်း

တွေးနေတယ်
တွေးနေတယ်
ငေးနေတယ်
ငေးနေတယ်
တွေးရင်းငေးနေတယ်
ငေးရင်းတွေးနေတယ်
တွေးရင်းငေးရင်းလမ်းလျောက်
ငေးရင်းတွေးရင်းလမ်းလျောက်
ကားရှေ့မှောက်မှာ ကျွန်တော်အသက်ပျောက်ခဲ့ပြီ- - - - - -- - - - - - -- - -။

[+/-] အပြည့်အစုံသို့...

Wednesday, December 19, 2007


သစ်ပင်လေးတစ်ပင်စိုက်ချင်လို့ပို့လိုက်တာပါ.... စိတ်မီးအိမ် မှ ရွှေအိမ်စည် ဆိုသော လူတစ်ယောက်ကို ကျေးဇူးတင်ပါတယ်..

အပြုံး (or) စွမ်းအား

ရေး/ဆို - ဖောကြီး
Key; G ( C Am Dm G )

C Am Dm G
P1; ကို တွေ့မိ သူ့ရဲ့အပြုံးဟာ ကို့နှလုံးသား ခလုတ်တိုက်သွားတယ် ….
C Am Dm G G
ဟန်ဆောင်အပြုံးလား ဘာဖြစ်ဖြစ်ကွာ အသဲလေးထဲစွဲငြိလို့သွားပြီ….
C Am Dm G
P2; လ၀န်းလေး အလင်းရောင်အောက်မှာ လှလွန်းတဲ့မင်းရဲ့အပြုံးတွေ….
C Am Dm G G
ကမ္ဘာမြေစွဲအား ကိုမသိတော့ပါ မိုးအမြင့်ထက်လွင့်လို့ပျံသွား….

Em Am
Cho; အကြင်နာဆိုရာ ကမ္ဘာသစ်လေးတစ်ခုပါ
Dm G
သူမတူအကြင်နာ မင်းလေးပေးလာ (ရင်ခုန်နေတာ မင်းလေးကြောင့်သာ)
C Am
မပြောင်းလဲ အစဉ်ခိုင်မြဲချစ်နေမှာ
Dm G
တွဲလက်တွေမခွဲဘူးကွာ တို့နှစ်ယောက်ယုံထား
G G
ယုံကြည်လိုက်ပါ…..

C Am Dm G
P3; မင်းလေး ပြုံးပျော်တဲ့အချိန် ကို့အတွက် အပြည့်စုံဆုံးလေ….
C Am Dm G G
ရင်မှာထာဝစဉ် အချိန်ရှိတိုင်းမင်းပါ မုန်းလို့မရနိုင်အောင်ချစ်မိပြီ ….
C Am Dm G
P4; ချစ်အနမ်းပန်း တို့ပန်ပေးမယ် လှလွန်းတဲ့မေ့ရဲ့ရှက်ပြုံးတွေ …..
C Am Dm G G
ကိုလေမိန်းမူး ကွန်ယက်ထဲမှာ တို့နှစ်ယောက်မျောလွင့်ခံစား …..

(cho;)

ကျေးဇူးပြုပြီး တီးကြည့်ပေါ့နော် အဆင်မပြေတာရှိရင် mail ပို့ပြီး ပြောနိုင်ပါတယ်
ကျွန်တော်က အခုမှ စမ်းရေးနေတာပါ.... နောက်ထပ်ရေးထားတာတွေရှိသေးတယ်
ဖုန်းဆက်ချင်ရင်တော့ 032-30019 နဲ့ 032-30020 မှာ ရှိပါတယ်
ကျေးဇူးပါ စိတ်မီးအိမ်ရယ်

[+/-] အပြည့်အစုံသို့...

Saturday, December 15, 2007

"မွေးနေ့ရှင်များနှင့်စိတ်မီးအိမ်"

သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့မွေးနေ့ပွဲအတွက် ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးရအောင် စဉ်စားရင်…စဉ်စားရင်နဲ့ မှတ်မိတာလေးတစ်ခုကို မျှဝေခံစားကြည့်ချင်ပါတယ်။ အဲဒီအကြောင်းအရာလေးကတော့ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်က မြတ်ဘုရားကနေ အရှင်အာနန္ဒာမထေရ်ကိုမေးမြန်တဲ့ အကြောင်းအရာလေးတစ်ခုပါ။ ချစ်သားအာနန္ဒာ…. မိတ်ကောင်းဆွေကောင်းကို ပေါင်းပေါ်မိရင် ဘယ်လိုအကျိုးပေးနိုင်သလဲ ဆိုပြီးမေးမြန်းလိုက်တဲ့အခါမှာ…. အရှင်အာနန္ဒာမထေရ်က…. အရှင်ဘုရား မိတ်ဆွေကောင်းကို ပေါင်းဖော်မိရင် နတ်ပြည်ကိုရောက်အောင် အကျိုးပေးနိုင်ပါတယ်ဘုရား ဆိုပြီးတော့ ဖြေလိုက်တဲ့အခါမှာ ဘုရားရှင်က ချစ်သား အဲဒီလိုမဆိုသင့်။ မိတ်ကောင်းဆွေကောင်းဟူသည် နိဗ္ဗါန်သို့ရောက်အောင် အကျိုးပေးဖြစ်ထွန်းနိုင်ပေတယ် ဆိုပြီး အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မောဂ္ဂလန်မထေရ်တို့ရဲ့ ဇာတ်ကြောင်းကိုပြန်ပြီးဟော ကြားတော်မူသတဲ့…. (ဟောကြားတော်မူတဲ့ အကြောင်းအရာကိုတော့ လူတိုင်းသိပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်တာကြောင့် ထည့်မရေးတော့ပါဘူး။) အဲသလိုပဲ

“သူငယ်ချင်းတို့ရဲ့မွေးနေ့မှသည် နောင်ဘ၀တစ်လျှောက်လုံး မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံပါစေ လို့ ဆုမွန်ကောင်း ပို့သလိုက်ရပါတယ်။”

သူငယ်ချင်းတို့ရဲ့ နာမည်လည်းပါအောင်၊ အဓိပ္ပါယ်လေးလည်းသက်ရောက်အောင်ဆိုပြီးတော့ သူငယ်ချင်းတို့ရဲ့ အမည်နာမလေးတွေကို ပါဋ္ဌိလို မှန်ဆပြီး ရေးသားလိုက်ပါတယ်။ အဲဒီလိုရေးသားမှုကိုလည်း နားလည်ခွင့်လွတ်စွာ မွေးနေ့လက်ဆောင်အဖြစ် လက်ခံယူလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီလိုပဲ စိတ်မီးအိမ်ကလေးကလည်း ဥယျာဉ်မှူးများနဲ့ ဧည့်သည်တော်များအတွက် မိတ်ဆွေကောင်း ပီသအောင် ကြိုးစားကြပါစို့………….

မွေးနေ့ရှင်များနှင့်စိတ်မီးအိမ်

၁၊၁၂၊၁၅ ရယ်နဲ့
ဖြစ်သနစ် များရယ်က
ထူးခြားလို့ ဆန်းကျယ်စွာ
နမိတ်ထင်ခါ မြင်ရအောင်
စိတ်မီးအိမ်မှာ တို့ဆုတောင်း။

ဆောင်းမြူဝေ ဒီဇင်ဘာလမှာဖြင့်
ပေါင်းစုနေ မွေးနေ့ရှင်များရယ်က
နှောင်းလူတွေ လွယ်ကူအောင်လို့
ကောင်းဆုတွေ တောင်းဆုချွေမယ်။

အတ္တကို သစ္စာဆိုက်အောင်
ဓမ္မကထိက ပေါင်းတံတားမှ
လျှောက်ကြစို့လေး……..
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Wednesday, December 12, 2007

ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ

ကျွန်တော် ခု ဆို ၂၇ နှစ်တောင် ရှိသွားပြီ။

ဘာလိုလို နဲ့ ကျွန်တော် တို့ လည်း လူလတ်ပိုင်းအရွယ်ရောက်လာပြီ။

ကိုယ့်ကိုယ်ကို တော့ ခုထိ ကျောင်းတက်နေတုန်းဆိုတော့ ကလေးလို ပဲ ထင်နေမိသေးတယ်။ စိတ်ဓါတ်ကလေး လည်း လွတ်လပ်နေတယ်။

ဒါပေမယ့် အသက်တစ်နှစ်ပိုကြီးသွားပြီဆိုတော့ သတိနဲ့အတူ ရင့်ကျက်လာအောင် ကြိုးစားရဦးမယ်ဗျာ။

မွေးနေ့ကို ကမကထ ပြုပြီး ဦးဆောင်ကျင်းပပေးတဲ့ မကြီးပါချူးကို ကျေးဇူးအများကြီးတင်ပါတယ်။ အစီအစဉ်မှုး အရိပ် နဲ့ ဧည့်ခံ ကြိုဆိုရေးမှုး အနတ္တ ကို လည်း ကျေးဇူးတင်ပါတယ်။ တက်ရောက်လာကြတဲ့ ဂုဏ်သရေ ရှိ သူငယ်ချင်း အားလုံးကို လည်း ကျေးဇူးတင်စကား ဆိုလိုပါတယ်။

တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို အစားအသောက် နဲ့ အခမ်းအနား အစီအစဉ် ရှိရာ မကြီးပါချူး ဘလော့ဂ်မှာ တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အုန်းထမင်း နဲ့ ကြက်ကင် ကျွေးပါတယ်။ အအေး သို့မဟုတ် ကော်ဖီ ကြိုက်တာ သုံးဆောင် နိုင်ပါတယ်။ မွေးနေ့ ကိတ် လည်း မကြီးပဲ စီစဉ်ပါတယ်။ ဖြူဖြူကျော်သိန်း တို့ ရေဗက္ကာဝင်းတို့ကိုလည်း စင်တင် တေးဂီတ အစီအစဉ်တွေ မှာ ကြည့်ရှုခံစားနိုင်ပါတယ်။

ခုလို မွေးနေ့ ပွဲ လိုင်းပေါ်မှာ လုပ်ဖြစ်တာ အားလုံး ကို ကျေးဇူးအများကြီးတင်ပါတယ်။

ပြီးတော့ အားလုံးကို ပဲ ကံတစ်ခုခု နဲ့ ပြစ်မှားမိသည်ရှိသော် ခွှင့်လွှတ်ပေးဖို့ ၀န်ချ တောင်းပန်ပါတယ်။

သူငယ်ချင်းအားလုံး က ဒီဇင်ဘာ မွေးနေ့ရှင်များအတွက် မွေးနေ့ဆုတောင်းလေး တွေ နဲ့ လက်ဆောင် ပို့စ်လေး တွေ ကို အပျော်သဘော နဲ့ ပြန်တင်ပေးလိုက်ပါတယ်။

မွေးနေ့ရှင်တို့ရေ မကြီးပါချူး ဖတ်ထားတဲ့ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) စာအုပ်တစ်အုပ်ဖြစ်တဲ့ "ဘာကိုတန်ဖိုးထားရမလဲ" ဆိုတဲ့စာအုပ်ထဲက စာသားကလေးတွေကို ရေးပေးလိုက်တယ် စာလုံးတစ်လုံးချင်း ဆီမှာ အနှစ်သာရ အပြည့်အ၀ရှိတဲ့ စာသားကလေးပါ။
လူ့စိတ်ဆိုတာ ပြောင်းလဲမှု အမျိုးမျိုးရှိတယ်လေ သတိယတိုင်း ဒီစာသားလေးကို ဖတ်မိရင် သူငယ်ချင်းတို့ တစ်တွေ စိတ်ရဲ့အင်အားတစ်ခု၊ အထောက်အကူတစ်ခု ရနိုင်တယ်လို့ မကြီးပါချူးထင်တယ်

  • ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက်ပိုပြီး ထွက်ပေါ်လာအောင်၊ ကိုယ့်ဘ၀မှာ ဖြစ်နိုင်သမျှ ကောင်းတာတွေ ဖြစ်လာအောင်၊ ပြည့်စုံလာအောင်လုပ်တာ၊ ကိုယ့်မှာရှိတဲ့ အဆင့်မြင့်တဲ့ စိတ်ထားတွေ၊ အရည်အချင်းတွေ ထွက်လာအောင် လုပ်တာဟာ ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင် လုပ်တာပါ။
  • ငါ ဘာကိုတန်ဖိုးထားပြီး နေသွားနေတာလဲ၊ ငါတန်ဖိုးထားတာပေါ်မှာ ငါ့ယုံကြည်မှု ဘယ်လောက် ခိုင်မာသလဲ၊ အဲဒါပေါ်မှာမူတည်ပြီးတော့ ငါ့စိတ်၊ ငါ့အင်အား၊ ငါ့ကိုယ်ကျင့်သိက္ခာ၊ ငါ့စိတ်ရဲ့စုစည်းမှု ဆိုတာတွေ ဖြစ်လာတာ။
  • ငါ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ငါ အချိန်တိုင်း အချိန်တိုင်း ဘာတွေဆုံးဖြတ်နေသလဲ ဆိုတာပေါ် မူတည်တယ်။

မကြီးပါချူး

အေးချမ်းလှတဲ့ ဒီဇင်ဘာလတွင် ကျရောက်သော မွေးနေ့ရှင်များနှင့် အတူ ဥယျာဉ်မှူးများအားလုံးလည်း ဘ၀မှာ ကြုံတွေ့လာနိုင်မဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး အောင်မြင်ပျော်ရွင်သော ဘ၀တခု ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့………… ဆန္ဒပြုပါတယ်။

အရိပ်

၂၇ နှစ်ပြည်.မွှေးနေ.မှစ၍ အောင်မြင်ပျော်ရွှင်သော
ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ ...
မိဘကျေးဇူး ဆပ်ခွင်.ရသော သားကောင်းရတနာ
တစ်ယောက် ဖြစ်နိုင်ပါစေ...
နောင်လာမည်.ပျော်ရွှင်စရာမွှေးနေ.ပေါင်းများစွာကို လည်းပိုင်ဆိုင်နိုင်ပါစေ ...

အိပ်မက်စိမ်း

In the auspicious occasion of your special day, I wish you a Birthday Happiness! May Buddha blesses you to achieve what you desire. I don't know why I cannot wish you more words although I have decided to come to Internet to do it at this time.

Last but not least, Good Luck and New Successes!

Best wishes,

Nguon Kollika (ကမ္ဘောဒီးယား မှ သူငယ်ချင်း)

နှစ်တစ်နှစ်ရဲ့နောက်ဆုံးလရယ်ပါ
ဆိုသမုတ်ကြ ဒီဇင်ဘာလမှာပေါ့
ဆောင်းလေညှင်းတို့နဲ့အတူ
ဆောင်းခိုငှက်ငယ်တို့နဲ့အတူ
ဆောင်နှင်းဖွေးဖွေးတို့နဲ့အတူ
Chrismas ပွဲတော်ရဲ့ပျော်ရွှင်ခြင်းနဲ့အတူ
နောင်နှစ်အတွက် မျှော်လင်းခြင်းတွေနဲ့အတူ
ကမ္ဘာမြေကြီး ကိုအလှဆင်ဖို့.
စိတ်မီးအိမ်ကြီး အတွက်ရယ်ပေါ့
မွေးဖွားသန့်စင် ဖွားမြင်လာခဲ
ကောင်တမန်-ခိုင်မြဲ နဲ့သစ္စာ
ဥယျာဉ်မှူးက သုံးယောက်ရယ်ပါ- - -- --။
သူတို့ယုယ ပန်းတွေလှသလို
သူတို့ရေဖြန်း ပန်းတွေလန်းသလို
သူတို့ပြုစု ပန်းတွေနုသလို
နှစ်ပေါင်းများစွာ ပန်းပမာ
ရွှင်လန်းချမ်းမြေ့နိုင်ကြစေ- - - -
ချစ်ခြင်းများစွာနဲ့

(ရွှေအိမ်စည်)

ကောင်းတမန် နှောင်တဖန်
မွေးနေ့ရောက် ပြန်တော့
ခိုင်မြဲရယ် သစ္စာနဲ့
လှိုက်လှဲစွာ ကျင်းပစို့နော်။
လှမ်းမခေါ် မှန်မျှော်ကာ
လွမ်း ပါသော်လဲ
တမ်းတဖော် စိတ်မီးအိမ်
မောင်နှမများနှင့် လှမ်းခါနော်
အတူဆင်နွှဲဖို့ ဒို့ရည်မျှော်။
ပေါင်းစံရန် ခက်ပေမဲ့
ကောင်းကံမှာ ရေစက်ပါလေတော့
သောင်းညံစွာ ကျင်းပလို့ပျော်။
ပေါင်းကံရယ် ဖန်လာပြန်ရင်တော့
တူယှဉ်ကာ မြူမကွဲတဲ့
ဒီဇင်ဘာဆောင် ညချမ်းမှာဖြင့်
ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ လေးဆီသို့
ဒို့အားလုံး မြန်းကြွကြမယ်နော်။
အနတ္တ

ည---------
အခန်းကျဉ်းလေးထဲ
နာရီလက်တံတွေ ရထားတစ်စင်းလိုခုတ်မောင်း
နှစ်ဆယ့်ခြောက်နှစ်ဆိုတာက နှောင်းခဲ့ပြီ----
“လေးနာရီကျော်ကျော်မှာ သားကိုမွေးခဲ့တာပေါ့”တဲ့
လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်က အမေပြောခဲ့
ရောင်စုံဖယောင်းတိုင်မပါ--------
ချိုရှရှ ကိတ်မုန့်ခရင်မ်မပါ--------
ဟက်ပီးဘဒေး ဆုတောင်းသံတွေမပါ--------
ပြတင်းတံခါးကို ဟကြည့်တော့
လင်းတစ်ဝက် မှိန်တ၀က်နှင့် မြို့ပြ
နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့
မနက်ဖြန်အတွက်
မာယာတွေအားယူတယ်
လင်းကြက်တွန်သံ
ရွာဦးကျောင်းက အုန်းမောင်းသံ
ဓမ္မတေးသံ------------
နာရီမမှန်တဲ့အတွေးတွေနဲ့
ကျွန်တော်အိမ်နဲ့ဝေးခဲ့တာကြာပြီ။
(MYM-ရဲလေး)

မိဘကျေးဇူးကို ဆပ်နိုင်သော သားကောင်းတစ်ယောက် ဖြစ်ပါစေ။ တိတ်တိတ်လေး တောင်းတဲ့ ဆုတွေ ပြည့်ပါစေ။

စံပယ်

ံHappy birthday ya. I hope you will get more betterment in your life. Enjoy your birthday. May you love your parents till the end of your life. Please don't forget all your friends.

Nur (အင်ဒို က သူငယ်ချင်း တစ်ယောက်)

ံHappy brithday! May all your wishes come true.

Aye Aye Min

“ယနေ့ စ၍ ကောင်းတမာန် သည် သူငယ်ချင်းများ၊ ချစ်သူများ ( အဲ ယောင် လို့...ချစ်သူ က တစ်ယောက် ထဲ ရှိ တာ) နှင့် ဘ၀ ကို ပျော် ရွှင်စွာ ဖြတ်သန် ရင်း ရည်မှန်ချက် ပန်းတိုင်သို့ လျှင်မြန်စွာရောက်ရှိနိုင်ပါစေ”

ခိုင်မြဲ

dear Ko Thein,

Ko, Happy Birthday to you ya!!! December 12, 2007. success and keep healthy!!! hope all of your dreams will come true as you wish...

Tanneke (အင်ဒို မှ သူငယ်ချင်း တစ်ယောက်)

[+/-] အပြည့်အစုံသို့...

ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ

အားလုံး.........
ကောင်းတမန် ခိုင်မြဲ နဲ့ သစ္စာ တို့ မွေးနေ့ပွဲမှာ...........။

ဘုရား၊တရား၊သံဃာ ရတနာ သုံးပါး ကို အရင်ဆုံး ဦးချ ကန်တော့ပါတယ်။

မွေးတမိခင်၊မွေးတဖခင် နဲ့ အဘိုးအဘွား ဆွေမျိုးသားချင်းများကို ဒုတိယ ဦးချ ကန်တော့ပါတယ်။

တတိယ ကတော့ မကြီးပါချူးအပါအ၀င် သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာ အားလုံးကို ကန်တော့ ပါတယ်။

ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ၊ဆွေမျိုးမိတ်သဟာ၊သူငယ်ချင်း အားလုံးအပေါ် ကာယကံ၊၀စီကံ၊မနောကံ တို့မှ ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ခွှင့်လွှတ် ကျေအေးပေးပါရန် ၀န်ချ တောင်းပန် အပ်ပါတယ်။သူငယ်ချင်းအားလုံး ပျော်ပျော်ပါးပါး လေး မွေးနေ့ကို ဆင်နွှဲကြရအောင်နော်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ

လိုင်းပေါ်က ပထမဆုံး မွေးနေ့ပွဲလေး….။
မထင်မှတ်ဘူးဗျာ…။ ညက လိုင်းပေါ်တက်လာတော့ အစီအစဉ်မှုးကြီး အရိပ် က တကယ်ကို စနစ်တကျ မွေးနေ့ပွဲ ကို ဖွင့်နေတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း လိုင်းပေါ်မှာ ဆုံနေတဲ့ အနတ္တ၊ အိပ်မက်စိမ်း နဲ့ ရွှေအိမ်စည် တို့ နဲ့အတူ လက်ခုပ်တဖြောင်းဖြောင်းနဲ့ အရိပ် က ဟန်ကြီးပန်ကြီးနဲ့ ဆိုတဲ့ အဖွင့်စကား ကို တက်ရောက်အားပေးလိုက်တယ်ဗျာ။ ကျေးဇူးဗျာ အရိပ်..။ အဖွင့်စကား ပြောပေးတဲ့ အတွက် ရော…။ အစီအစဉ်မှုးကြီး လုပ်တဲ့ အနေနဲ့ရော..။ လက်ဆောင်ပို့စ်လေး တင်ပေးတဲ့ အနေနဲ့ရော..။
ဒါနဲ့ ဗျာ…ဥယျာဉ် ထဲ မှာ ဧည့်ခံရေးတာဝန်ကျတဲ့ ကိုအနတ္တ ဘာတွေ များ စီစဉ် ဧည့်ခံနေလဲသိချင်တာနဲ့ ဥယျာဉ် အနှံ့ လျှောက်လည်ကြည့်တာပေါ့။ တကယ်ပဲဗျာ……ဥယျာဉ်ထဲ မှာ မီးရောင်စုံတွေ၊ပန်းရောင်စုံတွေ နဲ့ အခမ်းအနားကို ပြင်ဆင် ထားတာ တွေ့လိုက်ရတယ်။ပြီးတော့ ကိုအနတ္တက ဥယျာဉ်အတွက် မြေနည်းနည်း ထပ်တိုးဝယ်ပြီး အပင်သစ်တွေကို ဖိတ်ခေါ်စိုက်ပျိုးထားတာလည်း တွေ့ရတယ်။ အဲဒီ အပင်သစ်လေးနာမည်က ရွှေအိမ်စည်တဲ့…..ဗျ။ ကောင်းတမန်တော့ မွေးနေ့ လက်ဆောင် ရလိုက်တဲ့ အပင်လေးရဲ့ အသီးအပွင့်တွေကို အကုန် လိုက်ပြီး ခံစားပစ်လိုက်တယ်ဗျာ။တော်တော်ချိုတယ်ဗျ။ အရသာကတော့ စံချိန်မှီပဲ..။ ဒီလို နဲ့ ကိုအနတ္တ လည်း မမောနိုင်၊ မပန်းနိုင် နဲ့ လာတဲ့ ဧည့်သည်တွေကို နှုတ်ဆက်၊ မလာသေးသူတွေကို မျှော်ရနဲ့ဗျာ…။တကယ်ကို မွေးနေ့ က စည်းစည်းကားကား ဖြစ်သွားတယ်။
ဒါပေမယ့် ဗျာ………….။
မကြီးရဲ့ ကျွေးမွေးပွဲက မလာသေးတော့ ဧည့်သည်တွေလည်း ခပ်တည်တည်ပဲပေါ့။ တချို့ က တော့ စားပွဲတွေမှာ နေရာ အကျသားယူပြီး မကြီးရဲ့ အစားအသောက်တွေ အလာကို ဗြောင် အော်ပြီး စောင့်နေတယ်။ တချို့ ကတော့ အစားအသောက် ကို စောင့်ရမှာ ရှက်သလိုလို နဲ့ ဥယျာဉ်ထဲ မှာ ဟိုလူနှုတ်ဆက်သလို ဒီလူ နှုတ်ဆက်သလို လုပ်နေတယ် (တကယ်က သူတို့ က ပိုပြီး မကြီးကို မျှော်နေတာ…အကြံတူချင်းဆိုတော့ ကောင်းတမန် က အကဲခတ်တတ်တယ်ဗျ..ဟဲ..ဟဲ)။ဥပမာ…အိပ်မက်စိမ်း…။ ရွှေအိမ်စည် ဆို လက်ဆောင်လေး ကို ကိုအနတ္တရဲ့ ဧည့်ကြိုစားပွဲ (တကယ်တမ်းက….မွေးနေ့ရှင်တွေ အတွက် သူတောင်းစား စားပွဲ) ပေါ်မှာ တင်ထားပြီး ခပ်တည်တည် နဲ့ ဥယျာဉ်ထဲ လျှောက်ဝင်သွားတယ်။ ပြီးမှာ အနတ္တက ရေးကြီးသုတ်ပျာ နဲ့ လိုက်တောင်းပန်သံကြားနေရတယ်။ မကြီးမလာသေးလို့ အစားအသောက် အတွက် စောင့်ပေးပါဦးတဲ့ဗျာ……။ ကျွန်တော်တို့ကတော့ ခပ်တည်တည်ပဲ။ မွေးနေ့ရှင်တွေလုပ်ပြီး ဘာတာဝန် မှ မယူတဲ့အပြင် အကြောင်းကြောင်းကြောင့် လစ်ဟင်းရတဲ့ အစီအစဉ် တွေ အတွက် မတောင်းပန် ပဲနဲ့ ရုပ်တည်ကြီးနဲ့ နေနေလိုက်တယ်ဗျာ…..။
ဒီလို နဲ့ လူတွေ တော်တော် များပြီး စည်ကားလာတဲ့ အချိန်မှ ကျွန်တော်အမှတ်ရလို့ တိုက်ပုံအင်္ကျီ ပြေးဝတ်လိုက်ရသေးတယ်။ ရခိုင်လုံချည် အသစ်က လမ်းလျှောက်တိုင်း တုတ်ပြီး တခွမ်းခွမ်းနဲ့။ တကယ် ကို ဟန်ကြီးပန်ကြီးပဲ…။ကိုယ့်ကိုယ်ကိုတောင် ကြိတ်ရယ်မိတယ်။ ဘာလိုလိုကြီးပေါ့ ဗျာ….။ဒါပေမယ့် မကြာဘူး……။ မျက်နှာပိုး ပြန်သတ်ပြီး ရုပ်တည် ပြန်လုပ်ရတယ်။ အင်း……..တိုက်ပုံဝတ်ထားတာ မှန်သွားတယ်ဗျ…။ကိုအနတ္တ က တော်တော်လေး impression ရ (တကယ်က အမြင်ကပ်တာနေမှာပါဗျာ..) ပြီး ကျွန်တော့် ဆီလာတိုင်ပင်တယ်။ ပိုစည်ကားအောင် မွေးနေ့ အမှတ်တရ ဧည့်ခံရေးမှာ ဖျော်ဖြေပွဲ တစ်ခုခု ထည့်ရမလားလို့ တဲ့။ ကျွန်တော်က နဂိုကတည်းက ရွာသားလေဗျာ။ ပြောလာတာ နဲ့ ကျွန်တော် သူ့ကို ချမ်းသာ တို့ ဇာတ်အဖွဲ့ငှားပြီး နှစ်ည လောက် ကခိုင်းမလားလို့ အကြံပေးတယ်။ ဘာပဲပြောပြော နည်းနည်း မြန်မာဆန် ရင် နည်းနည်းပေါ့။ သဘင် ကို မခံစားရတာလဲ ကြာပြီပေးကို။ ဒီလို နဲ့ အနတ္တ လည်း အစီအစဉ်မှုး(တယ်လီဖုန်း အော်ပရာ) အရိပ်ကို ချမ်းသာ တို့ ပွဲကန်ထရိုက်ဆီ ဖုန်းဆက်ခိုင်းတယ်။ အရိပ်က လည်း ခပ်သွက်သွက်ပဲ။ ဖုန်းခွက်ကို ကောက်ပြီး ချက်ချင်းပဲ ဆက်သံကြားလိုက်တယ်။ ဒါပေမယ့် ကိုချမ်းသာဆိုတာ နာမည် ကလည်း သိပ်ကြီးသမို့ ပွင့်လင်းရာသီမှာ ပွဲစိပ်နေလို့ မလိုက်နိုင်ဘူးတဲ့ဗျာ……။ ဆိုကရေးတီး မှာလည်းသူမှ သူပဲတဲ့ဗျာ……။
အင်း…….ဒီလိုဆိုတော့ လွယ်လွယ်လေးပဲဗျာ..။ ပိုမြူးအောင် ခေတ်လူငယ်တွေ ငှားမယ်ပေါ့။ ကျွန်တော် က အနတ္တကို အကြံပေးတယ်။ တင့်တင့်ထွန်း စတိတ်ရှိုးထည့်မလားပေါ့……(ဟီး…….ဟီ…….ကိုကို နဲ့ တွဲ ကလိုက်ချင်ရဲ့ လို သီချင်းထဲက လို ပြောမလားလို့……..)။ ဒီနေရာမှာတော့ ကိုအနတ္တ က ကောင်းတမန် ထက် ပြေးတယ်ဗျို့……….(ပြေးဆို မမှီလိုက်လို့ ဆိုက္ကားငှားပြီးလိုက်ရတယ်.)။ သူက တင့်တင့်ထွန်းက ဘွားတော် ဖြစ်နေပြီ..။ ခုခေတ် လူငယ်တွေဆို ပိုကောင်းတယ်ပေါ့။ ဧည့်သည်တွေအတွက် ပိုပျော်အောင် စီစဉ်ရတာပေါ့တဲ့။ (တကယ်ကတော့…..ဘယ်သူ့အတွက်လဲ ..သိဘူးဗျ)။ ဒီလို နဲ့ သူက အကြံပေးတယ် ..၀ိုင်းစုခိုင်းသိန်းတို့ နှင်းဆီနက် တို့ စတိတ်ရှိုးကို ကန်ထရိုက်ဆွဲမလားပေါ့.။ နိုးအဖွဲ့ဆို လည်း မဆိုးဘူးတဲ့။ လား……….လား……….မွေးနေ့ပွဲအတွက် အဲလောက် အကုန်ကျ ခံနိုင်ပါ့မလား။ လောလောဆယ် တော့ ကောက်ထားတဲ့ တခြား ရံပုံငွေထဲက ပဲ လူကြီးပီပီ ခဏလိုလို သုံးပြီး ပြန်မပေးပဲ ထားရမလားပေါ့။ အနတ္တ နဲ့ ကြိတ်ပြီး တိုင်ပင်တယ်။ ဒါမျိုးဆို အနတ္တ နဲ့ ကောင်းတမန် က ကျောင်းကတည်းက နှစ်ခါ မတိုင်ပင်ရဘူးလေ။
ဒါတောင် ဟို ဘုရားဒကာကြီး ခိုင်မြဲ က မလာသေးလို့။ သူက တိုက်ပုံ ပျောက်နေလား။ ဘာလားတော့ မသိဘူး။မွေးနေ့ရှင်လုပ်နေပြီး ခုထိ မလာသေးဘူးဗျို့ ။ စတာပါဗျာ။ ရံပုံငွေထဲက မသုံးပါဘူးဗျာ။ ဒီလို ပွဲရှိရင် သုံးဖို့ စုထားတာလေး ထုတ်သုံးမယ်ပေါ့။ လိုင်းပေါ်မှာ ဘယ်လောက် မှ ကုန်တာမှ မဟုတ်တာ.ဟဲ….ဟဲ။ ဒီတော့ အားလုံး ကိုမေးရတယ် ဒီကိစ္စ သဘောတူလားပေါ့။ ဒါပေမယ့် အရိပ် တို့ အဖွဲ့ကတော့ ခပ်ရှင်းရှင်းပဲ။ စိုင်းစိုင်း၊ကျားပေါက် နဲ့ ရဲလေး တို့ဘာတို့ မပါရင် ၀ိုင်းစု တို့ကို လည်း လက်မခံဘူးတဲ့ ကန့်ကွက်တယ်တဲ့။ ဒုက္ခပဲဗျာ…….။ အနီးဆုံးလူ အစီအစဉ် မှုးက အရင်ထောင်းနေပြီ။ ဒီတော့ လည်း ရုပ်တည်ပေါ့။ အစားအသောက် မှာရင်း ခရီးလွန်နေတဲ့ မကြီးကို ဆုံးဖြတ်ခိုင်းမယ် ဆိုပြီး ပုံချလိုက်တယ်။

သူ့ကို စောင့်နေတာ ခုထိပဲ။ မကြီးလာမှ သူ့ဆုံးဖြတ်ချက် အတိုင်း လုပ်ကြတာပေါ့။ မကြီးကို တွေ့ရင် ကိတ်မုန့် ၀ယ်ခဲ့ပါဦးလို့။ မေ့နေမှာစိုးလို့…..။ ခိုင်မြဲ နဲ့ သစ္စာ လည်း မြန်မြန် ထွက်ခဲ့ဗျာ.။ ဒီမှာ ဧည့်သည်တွေက စောင့်နေတာ။ ဆုတောင်းပေးချင်လို့တဲ့။ အင်း မလာသေးတဲ့ သူတွေ ဘယ်သူတွေကျန်သေးပါလိမ့်ဗျာ.။ မပိစ်၊မစံပယ်၊ကိုရေအိုးစင်၊ကိုငြိမ်းချမ်းရေး၊အိပ်မက်စိမ်း၊သနပ်ခါး၊ ညီငယ်သန့်စင်၊ ညီမငယ် သဇင်၊ ညီငယ်အုန်းဇင် နဲ့ အားလုံး လာလည် ဖို့ ဖိတ်ခေါ်တယ်ဗျာ။ တကယ် က မွေးနေ့ လက်ဆောင် ပို့စ် လိုချင်လို့.ဟဲ…..ဟဲ။ သူတို့တွေက အတွေ့အကြုံရှိသူပီပီ အစားအသောက်က နောက်ကျ တတ်မှန်း သိလို့ မကြီး နဲ့ ဆက်သွယ်ပြီးမှ မြန်းလာတော့မယ်ထင်တယ်။ နောက်အသစ်ရောက်တဲ့ ကိုကြီးကျော်ရော ကြိုဆိုပါတယ်ဗျာ။ စိတ်မီးအိမ် ကို ဥယျာဉ်မှုး လုပ်ပေးပါဦးဗျို့…။ လောလော ဆယ်တော့ မကြီးရေ ..မြန်မြန်လာ……ပါတော့……….။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

လက်ပတ်နာရီကို ရောင်းပစ်လိုက်ပါ


"လက်ပတ်နာရီကို ရောင်းပစ်လိုက်ပါ"
လက်ပတ်နာရီကို ပတ်လိုက်ခြင်းဖြင့်
သင် မည်မျှ စိတ်ဖိစီးမှူ့ ခံရသည်ကို
သတိပြုမိပါရဲ့လား။
လက်ပတ်နာရီကို ချွတ်လိုက်ပါ။
သင့်ကိုယ် သင်

အချိန်၏ ဖိစီးမှူ့ မှ ရုန်း ထွက်လိုက်ပါ။

[+/-] အပြည့်အစုံသို့...

Monday, December 10, 2007

နွံနစ်ခြင်း

ငါပြေးထွက်ခဲ့တယ်

ဒါပေမဲ့ပြေးထွက်မရ ။

ငါရုန်းထွက်ခဲ့တယ်

ဒါပေမဲ့ငါရုန်းထွက်မရ။

ငါ့ကိုတုပ်နှောင်ထားတယ်

ငါ့ကိုရစ်ပတ်ထားတယ်

ငါ့ရဲ့ လွတ်မြောက်ချင်စိတ်တွေကို

ငါကိုယ်တိုင် ရိုက်ချိုးနေမိနေပြန်တယ်

ဒီမာယာနွံထဲနက် ထဲက ရုန်းထွက်ဖို့

တကယ်ဆိုငါ့မှာခွန်အားတွေရှိတယ်

ငါကိုယ်တိုင် မိုက်မဲစွာ ယစ်မူးနေမိတာ

ငါ့မနက်ခင်းတွေမဲမှောင်မသွားခင်

ငါ့ ရုန်းထွက်တော့မယ်

ဒီနွံ ထဲက ငါလွတ်မြောက်စွာ

ငါရုန်းထွက်လိုက်တော့မယ် - - -- -- -->

[+/-] အပြည့်အစုံသို့...

ဆောင်းအိပ်မက်တစ်ခု နဲ့ မှော်ဝင်ဂီတ

ည အချိန်ကတော်တော်နက်နေ

ဂစ်တာတစ်လက်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂစ်တာလေး

သီချင်းတစ် ပုဒ် ကို ဟစ်ခါ သီဆိုလိုက်တယ်

ကိုယ်ပိုင်သံစဉ် တေးသွားအသစ်လေးတစ်ပုဒ်

ကောင်းလိုက်တဲ့အသံ

ကမ္ဘာကျော် အဆိုတော်ထက် ချိုမြိန်နေတယ်

တီခတ်တဲ့ လက်သံကလည်း

ကမ္ဘာကျော် ဂစ်တာသမားတစ်ယောက်ထက် သာယာနေတယ်

ဂီတ မှော် အပြင်းစား တွေ

ငါ့သွေးသားထဲမှာ တသွင်သွင်စီးဆင်နေတုန်း

အေးကနဲ ဖြစ်သွားလို့ မျက်စိဖွင့်လိုက်တော့

စောင် လွတ်သွားတုန်း ဆောင်းလေတိုးလို့

ကျွန်တော်လန့်နိုးခဲ့ရတယ်- - - - -- - -- - -- - -- -- - -- - - - -။

(ဇာဇာ)

[+/-] အပြည့်အစုံသို့...

လွမ်းတယ်

အလွမ်းတွေ စီးဆင်းနေတုန်း
တိမ်တစ်အုပ်ပျံ
ရင်မှာဟာလပ်သွားတယ် ။
ဘယ်လိုမှထိန်းချုပ်မရတော့- - - -။
လွမ်းတယ်- - - -
ပေါက်ကွဲတော့မှာလား
ရင်နဲ့မဆံ့ ရူးသွပ်ခြင်းတွေ
ဖမ်းဆုပ်မရနိုင် ရနံ့များ
ဦးခေါင်းထက် ရစ်ဝဲလို့- - -- - ။
ဒုတ်းစိုင်းပြေးလိုက်ချင်ပါရဲ့
မဆုံးသော လယ်ကွင်းပြင်ဆီ - ။
ငါ့စိတ်တွေ - - - - -စိတ်တွေ
အမြင့်ဆုံး ပေါက်ကွဲခြင်းများနဲ့
လွမ်းနေတော့မယ်- - - - - - -။

(ကိုကြီးကျော်)

[+/-] အပြည့်အစုံသို့...

အိပ်မက်ကြွေချိန်

ည---------
အခန်းကျဉ်းလေးထဲ
နာရီလက်တံတွေ ရထားတစ်စင်းလိုခုတ်မောင်း
နှစ်ဆယ့်ခြောက်နှစ်ဆိုတာက နှောင်းခဲ့ပြီ----
“လေးနာရီကျော်ကျော်မှာ သားကိုမွေးခဲ့တာပေါ့”တဲ့
လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်က အမေပြောခဲ့
ရောင်စုံဖယောင်းတိုင်မပါ--------
ချိုရှရှ ကိတ်မုန့်ခရင်မ်မပါ--------
ဟက်ပီးဘဒေး ဆုတောင်းသံတွေမပါ--------
ပြတင်းတံခါးကို ဟကြည့်တော့
လင်းတစ်ဝက် မှိန်တ၀က်နှင့် မြို့ပြ
နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့
မနက်ဖြန်အတွက်
မာယာတွေအားယူတယ်
လင်းကြက်တွန်သံ
ရွာဦးကျောင်းက အုန်းမောင်းသံ
ဓမ္မတေးသံ------------
နာရီမမှန်တဲ့အတွေးတွေနဲ့
ကျွန်တော်အိမ်နဲ့ဝေးခဲ့တာကြာပြီ။

(MYM-ရဲလေး)

[+/-] အပြည့်အစုံသို့...

စွဲလမ်းမိ

အိပ်လို့လည်းမပျော်

နေလ်ုလည်းမရ

အိမ်မက်ကလည်း

သိမ့်ဆန်းကြယ်

ရင်တွေလည်းမခုန်ခဲ့ဘူး

အိမ်မက်ထဲက

ချစ်သူ

စွဲလန်းမိလား...................

(ကိုကျော်လေး)

[+/-] အပြည့်အစုံသို့...

"ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ"

ကောင်းတမန် နှောင်တဖန်
မွေးနေ့ရောက် ပြန်တော့
ခိုင်မြဲရယ် သစ္စာနဲ့
လှိုက်လှဲစွာ ကျင်းပစို့နော်။

လှမ်းမခေါ် မှန်မျှော်ကာ
လွမ်း ပါသော်လဲ
တမ်းတဖော် စိတ်မီးအိမ်
မောင်နှမများနှင့် လှမ်းခါနော်
အတူဆင်နွှဲဖို့ ဒို့ရည်မျှော်။

ပေါင်းစံရန် ခက်ပေမဲ့
ကောင်းကံမှာ ရေစက်ပါလေတော့
သောင်းညံစွာ ကျင်းပလို့ပျော်။

ပေါင်းကံရယ် ဖန်လာပြန်ရင်တော့
တူယှဉ်ကာ မြူမကွဲတဲ့
ဒီဇင်ဘာဆောင် ညချမ်းမှာဖြင့်
ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ လေးဆီသို့
ဒို့အားလုံး မြန်းကြွကြမယ်နော်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ငါ့ရဲ့အိပ်ယာလေး

အိစက်တဲ့ ဖဲမွေ့ယာမဟုတ်

ဖျာစုတ်တစ်ချပ်ထက် နဲနဲသာတဲ့

ငါ့ရဲ့အိပ်ယာလေး

မင်းလေးနဲ့ညစဉ်ဆုံနေကျ

ငါ့ရဲ့အိပ်ယာလေး

ငါတမ်းရ ငါစွဲလမ်းရတဲ့

ငါ့ရဲ့အိပ်ယာလေး

နွေမှာအေးတလို

ဆောင်းမှာနွေးတဲ့

ငါ့ရဲ့အိပ်ယာလေး

အိပ်မက်နတ်သမီးလေးရယ်

ထာဝစဉ် ညတိုင် လှမ်းလာလှည့်ပါ- - - -- - - - - - -

(ဇာဇာ)

[+/-] အပြည့်အစုံသို့...

ထာဝရ

ဘယ်လောက်ပဲ

အိုအို.......

ဖြူဖြူဖွေးဖွေး....

ဆံကေသာများရှိလည်း.

စားမဖြစ်တော့တဲ...

သွားများရှိလည်း...

အမေစိတ်နှလုံးရည်...

စေတနာကတော့...

ထာဝရ နုပျိုဆဲ....................... >


(ကိုကျော်လး)

[+/-] အပြည့်အစုံသို့...

Sunday, December 9, 2007

ဧည့်ခံ ကြိုဆိုခြင်း

စိတ်မီးအိမ် ဥယျာဉ်မှာ ဥယျာဉ်မှူးတွေရဲ့ မွေးနေ့ပွဲစတင်လိုက်တာနဲ့ တပြိုင်တည်း မွေးနေ့လက်ဆောင်နဲ့ အတူ ပထမဆုံးရောက်ရှိလာတာကတော့ ဥယျာဉ်မှူး အသစ်ဖြစ်တဲ့ ရွှေအိမ်စည် ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အချိန်မှာ ပထမဆုံး လက်ဆောင်နဲ့အတူ ဥယျာဉ်မှူး အသစ်တစ်ယောက် ရောက်ရှိလာလိမ့်မယ်၊ ပထမဆုံး ဧည့်ခံရလိမ့်မယ်လို့ အနတ္တ လုံးဝ မျှော်လင့်မထားပါဘူး။ အဲဒီအတွက်အများကြီးဝမ်းသာပါတယ်။
ပထမဦးစွာ အစီအစဉ်မှူး အဖြစ်ဆောင်ရွက်ပေးတဲ့ အရိပ်ကိုလည်း စနစ်တကျ စီစဉ်ပေးတဲ့အတွက် မွေးနေ့ရှင်များကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ မွေးနေ့လက်ဆောင်လေတွေအများကြီးနဲ့အတူ နောက်ထပ်လာရောက်စေလိုကြောင်း၊ ဥယျာဉ်မှူး အသစ်ဖြစ်တဲ့ ရွှေအိမ်စည်လည်း နောက်ထပ်လက်ဆောင်တွေ ဝေေ၀ဆာဆာ စိုက်ပျိုးပေးပို့ နိုင်ပါစေကြောင်း ဒီနေရာမှနေပြီး ဧည့်ဝတ်ပြုရင် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ ( ကျွေးမွေးရေး အစီအစဉ်မှူး ခရီးလွန်နေတဲ့အတွက် နောက်နေ့မှ ပေါင်းစားစေလိုကြောင်း အထူးပဲမေတ္တာရပ်ခံအပ်ပါတယ်။) နောက်ပြီး မွေးနေ့ရှင်များဖြစ်ကြတဲ့ ခိုင်မြဲ၊ ကောင်းတမန်၊ သစ္စာ တို့တတွေကလည်း အနည်းငယ်အချိန်ပေးပြီး ဧည့်ကြို သစ်ပင်လေးတွေစိုက်ပျိုးထားပေးစေလိုပါတယ်။ အထူးသဖြင့် ဥယျာဉ်မှူးတွေဖြစ်တဲ့ Peace၊ စံပါယ်၊ သနပ်ခါး၊ အိမ်မက်စိမ်း၊ MYM, admirer & aung myo thant sin တို့ကိုလည်း အိမ်တွင်းပုန်းမနေကြစေဘဲ လက်ဆောင်လေးတွေနဲ့တကွ လာရောက်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။ တခြားဧည်သည်တော်များကိုလည်း နွေးထွေးစွာ ကြိုဆိုဧည့်ခံနေပါကြောင်းပြောကြားရင်း အစီအစဉ်(၃)နှင့်အညီမွေးနေ့ရှင်များသို့ ဆုတောင်း လက်ဆောင်ပေးပို့ လိုက်ရပါသည်………….
မွေးနေ့ရှင်များ သက်တော်ရာကျော်ရှည်ပါစေ……. လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ဝပါစေ…….
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ဒီဇင်ဘာဥယျာဉ်မှူးများ အတွက်ဆုတောင်း

နှစ်တစ်နှစ်ရဲ့နောက်ဆုံးနှစ်ရယ်ပါ
ဆိုသမုတ်ကြ ဒီဇင်ဘာလမှာပေါ့
ဆောင်းလေညှင်းတို့နဲ့အတူ
ဆောင်းခိုငှက်ငယ်တို့နဲ့အတူ
ဆောင်နှင်းဖွေးဖွေးတို့နဲ့အတူ
Chrismas ပွဲတော်ရဲ့ပျော်ရွှင်ခြင်းနဲ့အတူ
နောင်နှစ်အတွက် မျှော်လင်းခြင်းတွေနဲ့အတူ
ကမ္ဘာမြေကြီး ကိုအလှဆင်ဖို့.
စိတ်မီးအိမ်ကြီး အတွက်ရယ်ပေါ့
မွေးဖွားသန့်စင် ဖွားမြင်လာခဲ
ကောင်တမန်-ခိုင်မြဲ နဲ့သစ္စာ
ဥယျာဉ်မှူးက သုံးယောက်ရယ်ပါ- - -- --။
သူတို့ယုယ ပန်းတွေလှသလို
သူတို့ရေဖြန်း ပန်းတွေလန်းသလို
သူတို့ပြုစု ပန်းတွေနုသလို
နှစ်ပေါင်းများစွာ ပန်းပမာ
ရွှင်လန်းချမ်းမြေ့နိုင်ကြစေ- - - -

ချစ်ခြင်းများစွာနဲ့ (ရွှေအိမ်စည်)

[+/-] အပြည့်အစုံသို့...

“ ပျော်ရွှင်စရာ မွေးနေ့ ကမ္ဘာ စီစဉ် တင်ဆက်မှု အစီအစဉ် ”

မွေးနေ့အစီအစဉ် ကျင်းပမည့် နေ့ရက် ….. 1.12.2007 – 15.12.2007
မွေးနေ့ အစီအစဉ် ကျင်းပမည့် အချိန် …… အဆင်ပြေသောအချိန် ( ကန့်သတ်ချက်မရှိပါ)
မွေးနေ့ အစီအစဉ် ကျင်းပမည့်နေရာ ……. စိတ်မီးအိမ် ဥယျာဉ်

အစီအစဉ် (၁) ။ မွေးနေ့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း။
အစီအစဉ် (၂) ။ တက်ရောက်အားပေးကြသော စိတ်တူကိုယ်တူ သူငယ်ချင်းများအား အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ် (၃) ။ မွေးနေ့ရှင်များအတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
အစီအစဉ် (၄) ။ မွေးနေ့ရှင်များမှ မွေးနေ့ကိတ်လှီးခြင်း။
အစီအစဉ် (၅) ။ မကြီးပါချူးမှ ကျွေးမွေးဧည့်ခံခြင်း ။
အစီအစဉ် (၆) ။ မွေးနေ့ရှင်များမှ ကျေးဇူးတင်စကား လက်ဆောင်ပြန်လည်ပြောကြားခြင်း ။
အစီအစဉ် (၇) ။ မွေးနေ့အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်း။

ကဲ အနတ္တရေ အစီအစဉ် စတာ့မယ်နော် ဘယ်ရောက်နေလဲဟ


စိတ်မီးအိမ် မှ ဥယျာဉ်မှူးများနှင့်မွေးနေ့ အစီအစဉ်သို့ ကြွရောက်လာကြသူများအားလုံး မင်္ဂလာပါလို့ စီစဉ်တင်ဆက်သူ အရိပ်မှ နှုတ်ခွန်းဆက်ပါတယ်နော်……..
ကျန်းမာရေး အခြေအနေအရ အခမ်းအနား အစီအစဉ် နောက်ကျရခြင်းအတွက် ပထမဦးစွာ တောင်းပန်လိုက်ပါတယ်နော်

အစီအစဉ် (၁) အရ

အခမ်းအနား အစီအစဉ် ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ်………………………..

လက်ခုပ်သံများးးးးးးးးးး

အစီအစဉ် (၂) အရ

ဒီအစီအစဉ်လေးမှာ စီစဉ်တက်ဆက်သူအနေဖြင့် တာဝန်ယူရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်…..
အစီအစဉ်ရေးဆွဲမှုတွင်လည်း လိုအပ်သည်များ၊ အမှားအယွင်းများပါသွားခဲ့ရင်လည်း သူငယ်ချင်းများအားလုံး နားလည်ခွင့်လွှတ်ပေးကြပါလို့ လေးစားစွာဖြင့် တောင်းဆိုပါတယ်နော်……..
ရင်ထဲက ဆန္ဒကတော့ အပြင်မှာ တကယ့်ကို အားလုံးဆုံဆည်းပြီး မွေးနေ့အစီအစဉ်လေးလုပ်ပေးချင်တာပါ ….
အခြေအနေအရ စိတ်ကူးပုံရိပ်များနှင့် စိတ်မီးအိမ်တွင် ကျင်းပရခြင်းအတွက် စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်…
ဥယျာဉ်မှူးများနှင့် ကြွရောက်အားပေးသော သူငယ်ချင်းများအားလုံးမှ မွေးနေ့ရှင်များအတွက် အမှတ်တရ ပိုစ့်လေးတွေကို 15.12.2007 နေ့နောက်ဆုံးထားပြီး ဘ၀တိုက်ပွဲတွေဝင်ရင်း မအားလပ်တဲ့အချိန်တွေကြားကနေ တင်ပေးကြဖို့ အရိပ်မှမေတ္တာရပ်ခံအပ်ပါတယ်နော်…….
ပိုစ့်တင်ပြီးရင်တော့ မကြီးပါချူး ဧည့်ခံကျွေးမွေးမည့် စားသောက်စရာလေးတွေကို အနတ္တမှ ဧည့်ခံပေးပါလိမ့်မယ်နော် …….
အားလုံးကို ကျေးဇူးတင်ပါတယ်…..

(မှတ်ချက်။ အနတ္တရေ…….. အမှတ်တရ ပိုစ့်မတင်ပေးတဲ့ သူတွေကို စားသောက်စရာတွေမကျွေးနဲ့နော် ….. ဟဲဟဲ )
အင်း လောလောဆယ်တော့ အရိပ်တစ်ယောက်ထဲ ညဘက်ကြီးမှာ လက်ခုပ်တီးနေရတယ်ကွယ်……..
လိုင်းထဲမှာလည်း တစ်ယောက်မှ မတွေ့ပါလားးးးးးးးး
လက်ခုပ်တီးခိုင်းရအောင်လည်း ……….
ဘယ်ရောက်နေကြလဲ ……………..

အခမ်းအနားအစီအစဉ် (၃) အတွက်

“ ပျော်ရွှင်စရာ မွေးနေ့ ကမ္ဘာ စီစဉ် တင်ဆက်မှု အစီအစဉ် ”

မှန်ကန်သော ဆုံဖြတ်ချက် …………………

လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့ ဌက်မျိုးတွေထဲမှာ အသက်အရှည်ဆုံး နေထိုင်ရှင်သန်နိုင်တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ လင်းယုန်ဌက်တစ်ကောင်ဟာ အနှစ် 70 အထိ အသက်ရှည်နိုင်ပါတယ်။ ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။သူ့အသက်အနှစ် 40 ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက် ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်းကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က ရှည်လျားချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့ပြီ။ သူ့ရဲ့ အိုးမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို မဖြန့်ကားနိုင်တော့ဘဲ တောင်ပံအစုံဟာရင်အုပ်မှာကပ်နေခဲ့ပြီ။ ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်
ကိုခက်ခဲလာနေပါပြီ။သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ ပထမ တစ်လမ်းက အသေခံမလား ၊ ဒါမှမဟုတ် ရက်ပေါင်း 150 ကြာမဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေမဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ထဲကို ၀င်ရောက်ဖြတ်သန်းမလား ဆိုတာပါပဲ။ သည်ပြောင်းလဲခြင်းဖြစ်စဉ်မှာ
လင်းယုန်ဟာ တောင်ထိပ်ကို ရောက်အောင်ပျံသန်းပြီးတောင်ထိပ်ကသူရဲ့အသိုက်ထဲမှာ နေထိုင်နေဖို့လိုပါတယ်။ပြီးတော့ သူနှုတ်သီး ပြုတ်
ထွက် သွားတဲ့အထိကျောက်တုံးကို နှုတ်သီးနဲ့ခေါက်နေဖို့လိုပါတယ်။သူရဲ့နှုတ်သီးအဟောင်း ပြုတ်ထွက် သွားပြီးတဲ့နောက်လင်းယုန်ဟာ
နှုတ်သီးသစ်ပြန်ပေါက်တဲ့အထိ သူ့ရဲ့အသိုက်ထဲမှာ နေရပါတယ်။နှုတ်သီးသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ရဲ့ခြေသည်းဟောင်း
တွေကိုသူ့နှုတ်သီးသစ်နဲ့ဖြုတ်ထုတ် ရပါတယ်။ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှာ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို
သူ့နှုတ်သီးသစ် နဲ့ ဆွဲနှုတ်ပစ်ရပါတယ်။သည်လိုနဲ့ငါးလကြာတဲ့အခါမှာ လင်းယုန်ဟာသူရဲ့ကျော်ကြားလှတဲ့ ပြန်လည်မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်းကိုစတင်ပါတော့တယ်။နောက်ထပ် နှစ်၃၀ အသက်ရှည်နိုင်ပါတော့တယ်။ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ။အကြိမ် များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ကြရတဲ့နေရာမှာလူသားတွေဟာ သည်လိုပြောင်းလဲခြင်းဖြစ်စဉ်တွေကို ဖြတ်သန်းကြရ ပါတယ်။တခါတရံ..လိုအပ်လာတဲ့အခါမှာအမှတ်တရအဟောင်းတွေ၊ ၀ါသနာ အဟောင်းတွေနဲ့ထုံးတမ်းစဉ်လာအဟောင်းတွေကို သုတ်သင် ဖယ်ရှားပစ်ဖို့လိုပါတယ်။အတိတ်ရဲ့ဝန်ထုတ်ဝန်ပိုတွေကိုလွတ်မြောက်နိုင်မှသာပစ္စုပန်ရဲ့အသီးအပွင့်တွေကိုခံစားနိုင်မှာဖြစ်ပါတယ်။အသေခံ မလားအသက်ရှင် ရပ်တည်နိုင်မှု အတွက်ခဏတာ နာကျင်မှု အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား လင်းယုန်ငှက်တစ်ကောင်စာ
လောက်ရဲရင့်နိုင်ကြ မလား ??????????????

အရိပ်ရဲ့ သူငယ်ချင်းတစ်ယောက် ပြောထားဖူးခဲ့သော တန်းဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာလေးတခုပေါ့နော် ……….
လူဆိုတာ အကောင်းဆုံးကို မျှော်လင့်ခွင့်ရှိသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်ရမယ်လို့ လက်ခံထားပါတယ်။
ဖြစ်ပြီးသွားတာကိုနောင်တ ရနေမဲ့အစား ဖြစ်လာတာကို အကောင်းဆုံးရင်ဆိုင်ဖို့လိုပါတယ်။

အေးချမ်းလှတဲ့ ဒီဇင်ဘာလတွင် ကျရောက်သော မွေးနေ့ရှင်များနှင့် အတူ ဥယျာဉ်မှူးများအားလုံးလည်း ဘ၀မှာ ကြုံတွေ့လာနိုင်မဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး အောင်မြင်ပျော်ရွင်သော ဘ၀တခု ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့………… ဆန္ဒပြုပါတယ်။



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ဒီဇင်ဘာမွေးနေ့မှသည်....

ဒီဇင်ဘာရောင်ရင်းများသို့.............
ချမ်းပါတယ်..
အနွေးထည်ဝတ်လိုက်တော့လည်း...
နွေးသွားကြတာပါပဲ။
ကျွန်တော်လည်း...
ပျင်းခဲ့ပါတယ်.....
သူငယ်ချင်းတွေနဲ့တွေ့တော့
ပျော်သွားတာပဲ.....
ဒီသူငယ်ချင်းတွေ....
ဒီ....ဒီဇင်ဘာမွေးနေ့မှသည်....
ကျွန်တော်ကဲ့သို့..
နွေးထွေးစွာနဲ့ပျော်ရွှင်ကြပါစေ.....။

(ကိုကြီးကျော်)

[+/-] အပြည့်အစုံသို့...

"လမ်းပျောက်နေသူ"

မှောင်မိုက်ခြင်းမရှိ
မြူခိုးဆီးနှင်းတို့ အတားအဆီးမရှိ
တောင်ကမ်းပါးယံတွေ အတာအဆီးမဲ့
တောကြီးမျက်မဲထဲမှာလည်း မဟုတ်ပါပဲ
ခုချိန်ထိ ငါလမ်းပျောက်နေရသူပါ။
တမ်းတစရာ အတိတ်မရှိ
လွမ်းဆွတ်စရာ ချစ်သူမရှိ
အကြိမ်ကြိမ် အောင်မြင်ဆဲမှာပဲ
အကြိမ်ကြိမ် ကျရှုံးရင်းနဲ့ပဲ
ခုချိန်ထိငါဟာ လမ်းပျောက်နေသူပါ။

Cartoon 101

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"ချစ်ခြင်းရဲ့ အပိုင်းအစများ"

အလွမ်းတွေဟာ
စမ်းရေပမာ
တသွင်သွင်စီးဆင်း
ရပ်တန့်ဖို့ကြိုးစား
ဘယ်ထိစီးဆင်းမလဲ
ဆိုတဲ့ခံစားမှု
အစိုးမရနိုင်
နက်ရှိုင်းလွန်းတယ်
အချစ်ကို အဓိပ္ပါယ်ဖွင့်ဖို့
စကားလုံးမရှိပြီ
ကောင်းကင်အောက်မှာ
မင်းမရှိရင် ငါတစ်ယောက်တည်း။

ငါတကယ်တော့ ရူးသွပ်နေတာ
ငါမင်းကို သံယောဇဉ်ရှိခဲ့ပါတယ်
ချစ်သူ…………………………….။


Cartoon 101

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ယုံကြည်ပေးပါ

မဟူရာမျက်လုံးတစ်စုံ

ငွေရည်ပုလဲဥတို့ တွဲလဲခိုလို့ ၊

တယောသံလို ရင်နင့်စေတဲ့

ရှိုက်ငိုသံ သဲ့သဲ့ ၊

တွန့်ကြေ နေတဲ့ အမှောင်ထုကြား

တောင်းပန်းသံ က ယဲ့ယဲ့ ၊

ကျေနပ်ခြင်း ၊ကြည်နူးခြင်း နဲ့အတူ

ကြောက်လန့်ခြင်းက တချက်တချက် ၊

ချစ်သူရဲ့ မျက်ဝန်းနက် အစုံမှာ

အပြာရောင်မျက်ရည်တွေက တလက်လက် ၊

တစက်စက် ကျနေတဲ့နှင်းများကြား

တဆတ်ဆတ်တုန်နေတဲ့ ချစ်သူကို

တစိမ့်စိမ့် ကြည့် ပြီး ပြောခဲ့တယ်

မင်းကို အသက်ထက်ပိုချစ်ပါတယ် - - - - - -- -- - - -။

(အိမ်ချစ်ကို)

[+/-] အပြည့်အစုံသို့...

တက်မက်ဖူးတဲ့ည

သွေးစက်လက်ကျနေတဲ့
နှင်းဆီအနမ်းလေး
ရင်ခုန်သံတွေကို
အရှိန်မြှင့်တင်နေဆဲ
ဆန္ဒတစ်ခုက
တောက်တော့မဲ့မီးခဲလို
ဆူပွက်နေတဲ့သွေးသားက
လက်ရှိဘ၀ကိုရပ်တန့်စေခဲ့တယ် ။

အေးစက်စက်
လရိပ်လေး
တက်မက်စရာ
ပွင့်လွှာနှစ်ချပ်
အပြာရောင် ယဇ်ပုလ္လင်ထက်
လောကကြီးကိုမေ့နေအောင်
မင်းကိုတက်မက်ခဲ့ဖူးတယ်- - - -- - -- ။
(ကိုကြီးကျော်)

[+/-] အပြည့်အစုံသို့...

စေတနာ

အိတ်ကပ်ထဲက

ခုန်ထွက်သွားခဲ့တယ်

မျှော်တလင့်လင့်

မျက်လုံးလေးအတွက်

တစ်နပ်စာ- - - - - - - - - -

(ရွှေအိမ်စည်)

[+/-] အပြည့်အစုံသို့...

ဘ၀ ကို ပုံသွင်းခံခြင်း

ငါရဲ့လက်တွေနဲ့



ငါကိုယ်တိုင်ထုဆစ်ခဲ့



ငါဘ၀ အစိတ်အပိုင်းအချို့ ၊



ရှေးဘ၀အတိတ်ကံရဲ့



ပါရမီကံ ထုဆစ်ခဲ့



ကြွေရုပ်ကလေး မင်း ၊



မင်းရဲ့လက်တွေနဲ့



ငါဘ၀ တစ်ခုလုံးကို



မင်းစိတ်ကြိုက်



ထုဆစ်ပုံသွင်းလိုက်ပါ- - - - - - ချစ်သူ

(ရွှေအိမ်စည်)

[+/-] အပြည့်အစုံသို့...

Saturday, December 8, 2007

“ဝေးခဲ့ပြီ မောင်”

ဝင်ပါ လာပါ
လို့ဖိတ်ခေါ်ခဲ့တာလည်း
မင်းပါပဲ။
စားပါသောက်ပါ
ဖိတ်ခေါ်ခဲ့တာလည်း
မင်းပါပဲ။
မပြန်ချင်တော့တဲ့လမ်းကို
မင်းစိတ်နဲ့ကိုယ့်ကိုယ်
လျှောက်လှမ်းခဲ့ပြီးနောက်
မြိန်ယှက်စွာလှသောထမင်းဝိုင်းနဲ့
ဝေးခဲ့ရပြီ………….မောင် ။


Cartoon 101


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"ပျော်ရွှင်စရာ...မွေးနေ့ကမ္ဘာ" သို့..................

ချမ်းအေးလှတဲ့ ဒီဇင်ဘာလမှာ မွေးဖွားခဲ့ကြတဲ့ ဥယျာဉ်မှူးသုံးယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ “ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ” ဆိုတဲ့ Labels တပ်ပြီး ပို့စ်လေးတွေ ရေးကြရအောင်နော်….. အဲဒီ ပျော်ရွှင်စရာ…မွေးနေ့ကမ္ဘာ အစီအစဉ်မှာ အစီအစဉ်မှူးအဖြစ်..အရိပ်ကဆောင်ရွက်မှာဖြစ်ပြီး။ ကျွေးမွေးရေးအစီအစဉ်နဲ့ ပုံလေးတွေတင်ပေးဖို့အစီအစဉ်ကိုတော့ မကြီးပါချူးကဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ကျွန်တော်အနတ္တကတော့ ရောက်ရှိလာကြတဲ့ ဧည့်သည်တော်ကြီးများကို မှတ်ချက်ကလေးတွေရေးပြီး ဧည့်ခံဖျော်ဖြေပေးမှာဖြစ်ပါတယ်။ အဲဒီတော့… အစီအစဉ်မှူး အရိပ်ကနေပြီး ပျော်ရွှင်စရာ…မွေးနေ့ကမ္ဘာအစီအစဉ်ကို မွေးနေ့အမှတ်တရ ဆိုတဲ့ပို့စ်လေးကနေ စတင်ပြီးဖွင့်လှစ်ဖို့နဲ့ အစီအစဉ်များကို ကြိုးတင်ကြေငြာဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ နောက်ပြီးကြွရောက်လာကြတဲ့ ဧည့်သည်တော်များကလည်း မွေးနေ့လက်ဆောင်အဖြစ် သစ်ပင်လေးတွေစိုက်ပေးဖို့၊ တိုက်ရိုက်စိုက်ပျိုးရန်မဖြစ်နိုင်ရင်လဲ စိုက်ပျိုးစေချင်တဲ့ သစ်ပင်လေးတွေကို မေးလ်ပို့စ်ပေးထားဖို့၊ အနည်းဆုံး ကြွရောက်ချီးမြှင့်သွားကြောင်း ဧည့်မှတ်တမ်း(စီဘောက်)မှာ နှုတ်ခွန်းချွေသ သွားဖို့ တိုက်တွန်းမေတ္တာရပ်ခံအပ်ပါတယ်။ အထူးသဖြင့် စိတ်မီးအိမ် ဥယျာဉ်မှူးအားလုံး မွေးနေ့လက်ဆောင်အဖြစ် သစ်ပင်လေးတွေ စိုက်ပျိုးပေးဖို့ အထူးပဲ နှိုးဆော်အပ်ပါတယ်။ မွေးနေ့ရှင်များဖြစ်ကြတဲ့ ကောင်းတမန်၊ ခိုင်မြဲ၊ သစ္စာ တို့ကလည်း ကြွရောက်လာကြတဲ့ မိတ်သင်ဂဟအပေါင်းတို့ကို ဧည့်ခံသစ်ပင်လေးတွေစိုက်ပျိုးပေးထားဖို့နဲ့ စပါယ်၊ Peace၊ သနတ်ခါး၊ အိမ်မက်စိမ်း တို့ကလဲ တစ်ထောင့်တစ်ကဏ္ဍ အနေနဲ့ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်မိပါတယ်။ ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, December 7, 2007

မှန်ကန်သော ဆုံးဖြတ်ချက်……………

လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့ ဌက်မျိုးတွေထဲမှာ အသက်အရှည်ဆုံး နေထိုင်ရှင်သန်နိုင်တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ လင်းယုန်ဌက်တစ်ကောင်ဟာ အနှစ် 70 အထိ အသက်ရှည်နိုင်ပါတယ်။ ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။သူ့အသက်အနှစ် 40 ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက် ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်းကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က ရှည်လျားချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့ပြီ။ သူ့ရဲ့ အိုးမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို မဖြန့်ကားနိုင်တော့ဘဲ တောင်ပံအစုံဟာရင်အုပ်မှာကပ်နေခဲ့ပြီ။ ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်
ကိုခက်ခဲလာနေပါပြီ။သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ ပထမ တစ်လမ်းက အသေခံမလား ၊ ဒါမှမဟုတ် ရက်ပေါင်း 150 ကြာမဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေမဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ထဲကို ၀င်ရောက်ဖြတ်သန်းမလား ဆိုတာပါပဲ။ သည်ပြောင်းလဲခြင်းဖြစ်စဉ်မှာ
လင်းယုန်ဟာ တောင်ထိပ်ကို ရောက်အောင်ပျံသန်းပြီးတောင်ထိပ်ကသူရဲ့အသိုက်ထဲမှာ နေထိုင်နေဖို့လိုပါတယ်။ပြီးတော့ သူနှုတ်သီး ပြုတ်
ထွက် သွားတဲ့အထိကျောက်တုံးကို နှုတ်သီးနဲ့ခေါက်နေဖို့လိုပါတယ်။သူရဲ့နှုတ်သီးအဟောင်း ပြုတ်ထွက် သွားပြီးတဲ့နောက်လင်းယုန်ဟာ
နှုတ်သီးသစ်ပြန်ပေါက်တဲ့အထိ သူ့ရဲ့အသိုက်ထဲမှာ နေရပါတယ်။နှုတ်သီးသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ရဲ့ခြေသည်းဟောင်း
တွေကိုသူ့နှုတ်သီးသစ်နဲ့ဖြုတ်ထုတ် ရပါတယ်။ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှာ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို
သူ့နှုတ်သီးသစ် နဲ့ ဆွဲနှုတ်ပစ်ရပါတယ်။သည်လိုနဲ့ငါးလကြာတဲ့အခါမှာ လင်းယုန်ဟာသူရဲ့ကျော်ကြားလှတဲ့ ပြန်လည်မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်းကိုစတင်ပါတော့တယ်။နောက်ထပ် နှစ်၃၀ အသက်ရှည်နိုင်ပါတော့တယ်။ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ။အကြိမ် များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ကြရတဲ့နေရာမှာလူသားတွေဟာ သည်လိုပြောင်းလဲခြင်းဖြစ်စဉ်တွေကို ဖြတ်သန်းကြရ ပါတယ်။တခါတရံ..လိုအပ်လာတဲ့အခါမှာအမှတ်တရအဟောင်းတွေ၊ ၀ါသနာ အဟောင်းတွေနဲ့ထုံးတမ်းစဉ်လာအဟောင်းတွေကို သုတ်သင် ဖယ်ရှားပစ်ဖို့လိုပါတယ်။အတိတ်ရဲ့ဝန်ထုတ်ဝန်ပိုတွေကိုလွတ်မြောက်နိုင်မှသာပစ္စုပန်ရဲ့အသီးအပွင့်တွေကိုခံစားနိုင်မှာဖြစ်ပါတယ်။အသေခံ မလားအသက်ရှင် ရပ်တည်နိုင်မှု အတွက်ခဏတာ နာကျင်မှု အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား လင်းယုန်ငှက်တစ်ကောင်စာ
လောက်ရဲရင့်နိုင်ကြ မလား ??????????????

အရိပ်ရဲ့ သူငယ်ချင်းတစ်ယောက် ပြောထားဖူးခဲ့သော တန်းဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာလေးတခုပေါ့နော် ……….
လူဆိုတာ အကောင်းဆုံးကို မျှော်လင့်ခွင့်ရှိသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်ရမယ်လို့ လက်ခံထားပါတယ်။
ဖြစ်ပြီးသွားတာကိုနောင်တ ရနေမဲ့အစား ဖြစ်လာတာကို အကောင်းဆုံးရင်ဆိုင်ဖို့လိုပါတယ်။

အေးချမ်းလှတဲ့ ဒီဇင်ဘာလတွင် ကျရောက်သော မွေးနေ့ရှင်များနှင့် အတူ ဥယျာဉ်မှူးများအားလုံးလည်း ဘ၀မှာ ကြုံတွေ့လာနိုင်မဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး အောင်မြင်ပျော်ရွင်သော ဘ၀တခု ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့………… ဆန္ဒပြုပါတယ်။

အရိပ်

[+/-] အပြည့်အစုံသို့...

ဘ၀ မျှခြေ (သို့) ဘ၀ကို ဆန်းစစ်ခြင်း

ဘ၀မှာ...

ပျော်ရွှင်ခြင်းဆိုတာရှိသလို ၀မ်းနည်းခြင်းဆိုတာလည်း ရှိနေမှာပါ ။

ကြည်နူးမှုတွေရှိနေသ၍ ကြေကွဲခြင်း ဆိုတာလည်း ရှိနေမှာပါ ။
မွှေးဖွားခြင်းဆိုတာရှိနေသ၍ သေဆုံးခြင်းဆိုတာလည်းရှိနေမှာပါ ။
ကြုံဆုံမှုတွေရှိနေသ၍ ခွဲခွာခြင်းဆိုတာရှိနေမှာပါ ။


ဒီအခြေနေတွေကို ဘယ်လိုအင်အားတွေနဲ့ ကျော်ဖြတ်ရမလဲ ။ ငါ့ဘ၀အတွက် ဒီအခြေနေတွေကို ကျော်ဖြတ်ဖို့  တကယ့်တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်နိုင်ပါ.မလား ? အခုချိန်မှာ ခွဲခွာခြင်းကြောင့်ရခဲ့တဲ့
ဒဏ်ရာတွေတောင် မကျက်သေးဘူး ၊ နောက်ထပ် ငါဘာမှမခံစားနိင်တော.ဘူး.......တခါတလေ ငါလုပ်နိုင်ပါ့မလား ? ရင်ဆိုင်နိုင်ပါ့မလား ???? ဆိုတဲ့ မေးခွန်းတွေကို မဖြေနိုင်တဲ့ရက်တွေတောင် တော်တော်ကြာနေပြီ ...........

ခက်ခဲမှုတွေပြည့်နေပါတယ်ဆိုတဲ. နေရာတစ်ခုကို ငါစိန်ခေါ်ပြီးဝင်ခဲ့တယ်...ကျော်ဖြတ်ခဲ့တဲ့ တောင်တွေကလည်း နိမ့်လိုက်မြင်.လိုက်နဲ့  .....ဟိုး......အမြင်တဆုံးထိလဲ ငါ့ရှေ့ မှာ တောင်ကြီးတောင်ငယ်တွေ ပိတ်နေတုန်းပဲ.....တခါတလေ လဲကျတဲ့အခါ ငါ့ကိုငါ့ပြန်ထနိုင်အောင် ကြိုးစားရတာ အခါခါပဲ့ ....ဘယ်လိုအင်အားတွေနဲ ရှေ့ ဆက်ပြီး ကျော်ဖြတ်ရဦးမလဲ ငါမသိဘူး....................

သြော်..............ပန်းတိုင်တစ်ခုရောက်ဖို့  စိုက်ထုတ်ရတဲ့ အားတွေလဲ မနဲပါလားနော်.............
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, December 4, 2007

"ပုလဲလုံးလေးတွေမွေးဖွားခြင်း(သို့)လွန်ဆွဲခြင်း၏ရည်ရွယ်ချက်"

လွန်ဆွဲခြင်း(ငြင်းခုန်ခြင်း)ကို တော်တော်များများက မကောင်းတဲ့အမြင်နဲ့ သုံးသပ်ကြပါတယ်။ အဲဒီလိုမြင်ကြရတဲ့အကြောင်းကို စဉ်းစားကြည့်ရင် လွန်ဆွဲကြတဲ့ ရည်ရွယ်ချက်ခြင်း မတူလို့ပဲဖြစ်မယ်လို့ မှတ်ယူမိပါတယ်။ အနတ္တကတော့ လူတိုင်းလူတိုင်းမှာ မြင်နိုင်တဲ့ရှု့ထောက်တွေ မတူညီနိုင်ဘူး။ သူတို့တွေဘယ်လိုမြင်လဲ ဆိုတာကို သိချင်လို့ပါဘဲ။ နောက်ပြီး သူ့အမြင်နဲ့ ကိုယ်အမြင်နဲ့ ဖလှယ်ပြီး အကောင်းဆုံးတွေကို နာလည်သိရှိလာနိုင်လို့ပါ။ ကိုယ်မတွေးဖူး၊ မမြင်ဘူးတဲ့ အတွေးတွေ၊ အမြင်တွေကို သိရှိလာနိုင်လို့ပါ။ လွန်ဆွဲနည်း နှစ်နည်းရှိတယ်လို့ တွေးထင်မိပါတယ်။ တစ်နည်းက ပညာရှိလွန်ဆွဲနည်းနဲ့ နောက်တစ်နည်းက စစ်သူကြီးလွန်ဆွဲနည်းဆိုပြီးတော့လေ။ ပညာရှိလွန်ဆွဲနည်းက အနိုင်အရှုံးကို အဓိက မထားဘူး။ အကြောင်းအရာ ဟုတ်မှန်မှုအပေါ်ပဲမှုတည်ပြီး လွန်ဆွဲကြပြီး စစ်သူကြီးလွန်ဆွဲနည်းကတော့ အနိုင်ရလိုမှုကို ဦးတည်ချက်ထားပြီး ဖြစ်နိုင်ချေနည်းတာ များတာကိုထည့်မတွက်ဘဲနဲ့ ကိုယ်လိုချင်၊ ပြောချင်တာကို ဆက်စပ်ပြီး လွန်ဆွဲကြတယ်လို့ ထင်ပါတယ်။ ဘယ်နည်းနဲ့ ဆွဲဆွဲပါ ဆွဲတယ်ဆိုရင်ပဲ ဦးနှောက်ကို အလုပ်ပေးရတော့တာပဲလေ အဲဒီကနေ အတွေးအခေါ်တွေ၊ အမြင်သစ်တွေ ရရှိဖလှယ်နိုင်မယ်လို့ ယူဆမိပါတယ်။ အဲဒီလို ရရှိတဲ့ အတွေးအခေါ်တွေ၊ အမြင်သစ်တွေက တစ်နေရာရာမှာတော့ အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ…. မုဒ်ကောင်းလေးတွေဟာ အစားအစာထဲမှာ မကြေညက်နိုင်တဲ့ အရာဝတ္ထုလေး(ဂဲ)တွေပါသွားတဲ့အခါမှာ အစာကလဲမချေနိုင်။ ဗိုက်ထဲမှာလဲ ခိုးလိုးခုလုနဲ့ စူးရှနေတော့ ဗိုက်ထဲမှာရှိတဲ့ အရည်လေးတွေနဲ့ ဟိုဘက်တွန်းပို့၊ ဒီဘက်တွန်းပို့ လုပ်နေလိုက်တာ နောက်ဆုံးတော့ ပုလဲလုံးလေးတွေ ဖြစ်သွားတော့တာပဲမဟုတ်လား။ အဲဒီလိုပဲ လွန်ဆွဲကြမယ်ဆိုရင် လွန်ဆွဲကြတဲ့ သူတွေက မုဒ်ကောင်းလေးတွေလိုပဲ ခိုးလိုးခုလုနဲ့ ဦနှောက်တော့ အလုပ်ပေးရတာပေါ့ ဒါပေမယ့် လွန်ဆွဲလို့ ထွက်လာတဲ့ အကြောင်းအရာ၊ အတွေးအခေါ်လေးတွေဟာ ဆန်းသစ်နေမယ်ဆိုရင် အဲဒါလေးတွေဟာ ပုလဲလုံးလေးတွေလို တစ်နေရာရာမှာတော့ အသုံးဝင်သွားမယ်လို့ထင်ပါတယ်။ အဖိုးတန်၊ မတန်ဆိုတာကတော့ အသုံးချတဲ့သူအပေါ်မှာပဲ မူတည်မယ်ထင်တယ်။ အနည်းဆုံးတော့ ဦးနှောက်သံချေးမတက်တော့တာပေါ့။ ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, December 3, 2007

"ထမင်းလုံးတစ္ဆေ"

ရင်ခုန်သံတွေပုံမှန်မဟုတ်ဘူး

နည်းနည်းမြန်နေတယ်

စိတ်ကိုအတတ်နိုင်ဆုံး ငြိမ်အောင်ထားနေရတယ် ။

တခါတခါ အသက်ရှူဖို့မေ့နေတယ်

မျက်စိတွေေ၀၀ါးလားပြီ

အာရုံတွေက ကမောက်ကမ

ခန္ဓာကိုယ် က တောင့်တင်းနေတယ်

အကြောတွေ သေနေသလိုပဲ

အာခေါင်တွေ ခြောက်ကပ်နေတယ်

ရေခွက် ကိုလက်လှမ်းဖို့ အင်အားမရှိဘူး

စိတ်ကိုငြိမ်အောင်ထားပြီး ကြိုးစားတယ်

အားလုံး အချည်းအနှီး ပဲ

ကျယ်လောင်စွာ အော်ချင်တယ်

လည်ချောင်းမှာ တစ်ဆို့ နေတယ်

တစ်စုံတစ်ယောက် ရဲ့ ခြေသံကိုနားစွင့်နေမိတယ်

ဘာမှ မကြားရ ၊ အူနေတယ်

နောက်ဆုံး ပုတီးစိပ်ဖို့ ကြံတယ်

ပုတီး ကိုစမ်းလို့မရဘူး

ရသမျှ ဘုရားစာ ကိုစိတ်ထဲကဆိုမိတယ်

အာရုံတွေ ဘုရား မှာရောက်ချိန်

တဒုန်းဒုန်း တဒိုင်းတဒိုင်း အသံနဲအတူ

ကျွန်တော် လန့်နိုးခဲ့လေ ပြီ ။


Catoon101

[+/-] အပြည့်အစုံသို့...

Brain Work 2

အရိပ်က သယ်ရင်း….လွန်မဆွဲတော့ပါဘူးဟာ ဆိုပြီးတော့ Comment မှာလွန် ၀င်ဆွဲသွားတယ်။ မကြီးပါချူးကလည်း ခေါင်းစဉ်မဲ့ ကာရံမဲ့ဆိုပြီး မကြီး-ပါချူး ဘလော့မှာ ကဗျာတစ်ပုဒ်ရေးဖူးတယ်။ အင်းအဲဒါကို ဖတ်ပြီးတော့ ဒေါက်တာသန်းထွန်း ရေးတဲ့စာအုပ်တွေကိုသွားသတိယတယ်။ကျွန်တော်ဟာ စာရေးဆရာတစ်ယောက် မဟုတ်ပါ ဆိုပြီးရေးလိုက်တာ စာအုပ်တွေကိုမနည်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အရိပ်ဆွဲသွားတာလေးကို ပြန်ဆွဲကြည့်ရအောင်……..

အရိပ်ကလည်း…တဖူးဖူးမှုတ်တယ်လို့မပြောပါဘူးဟာ။ တဖူးဖူးလုပ်တယ်လို့ပြောတာပါ။ ငါကဥပမာပြောတာပါ။ တကယ်လို့ မေးတဲ့သူအနေနဲ့ ပြောရင်တော့ပါးစပ်က ပွစိပွစိနဲ့လုပ်နေတာကိုမြင်တယ်လို့ပြောရမှာပေါ့။ သူ့အနေနဲ့တော့ ပူလို့မှုတ်နေတာပဲ ဒါပေမယ့် ဘေးကမြင်တဲ့သူကတော့ ပါးစပ်က ပွစိပွစိပဲမြင်မှာလေ… ပါးစပ်ပွစိပွစိ လုပ်တာနဲ့တော့ ပူလို့ဆိုတာကို တန်းမသိနိုင်လောက်ပါဘူးနော်။

ခုဏက Comment ထဲမှာ အရှုံးပေးပါတယ်ဆိုတဲ့ စကားကိုကြားတော့… ကြားဖူးတာလေးတစ်ခုကို သွားသတိယတယ်။ အဲဒါကတော့….တစ်ခါက ကုလသမဂ္ဂမှာ နိုင်ငံနှစ်နိုင်ငံကမိတ်ဆွေနှစ်ယောက်ဟာတော်တော်လေး ရင်းနှီးခင်မင် ကြတယ်တဲ့။ ဒါပေမယ့် သူတို့နှစ်ယောက်ကိုကြည့်ရင် အမြဲတန်း ငြင်းခုန်နေကြတယ်တဲ့။ (ဒို့စကားနဲ့ပြောရင် လွန်ဆွဲတာပေါ့ဟာ ငြင်းခုန်တာကို လူတွေတော်တော်များများက မကောင်းတဲ့အမြင်နဲ့လက်ခံထားကြတာကို။)တစ်နေ့မှာနိုင်ငံတစ်နိုင်ငံကတစ်ယောက်ဟာ ငွေကြေးအခက်အခဲ ဖြစ်လို့ သူ့မိတ်ဆွေဆီကို အကူအညီတောင်ခံပြီးနောက်ပိုင်းမှာ ငွေကြေးကူညီတဲ့သူက ဘာလာပြောပြော အကူအညီရတဲ့သူက အမြဲတန်း အရှုံးပေးနေတော့ အရှုံးပေးတာကိုခံရတဲ့သူက သြော်…ငါမိတ်ဆွေတော့ ငါ့ကို ခင်မင်မှုနည်းသွားပါလားဆိုပြီး အရမ်းဝမ်းနည်းသွားတယ်တဲ့။ အရိပ်ရေ....... နင်လွန်မဆွဲချင်ရင်လဲ နေပါတော့ အရှုံးတော့မပေးပါနဲ့ နင်အရှုံးပေးတာက တစ်ဖက်လူဘယ်လိုခံစားရမလဲဆိုတာကို သတိမထားမိလို့ဖြစ်မှာပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, November 30, 2007

"BRAIN WORK @ လွန်ဆွဲကြရအောင်"

အရိပ်ရေ…
ဆုတောင်းတိုင်းတန်းပြည့်ရအောင် သီလ၊ သမာဓိ၊ ပညာ အားကောင်းနေမှဖြစ်မှာလေ။ အနတ္တက အဲဒီသုံးချက်အားကောင်းနေတယ်လို့ မခံယူထားဘူး။ အဲဒီတော့ ဆုတောင်းတိုင်တန်းပြည့်မှာ မဟုတ်တဲ့အတွက် မိုးရွာပါစေလို့ ဆုမတောင်းဘူးလေ။ မိုးရွာစေချင်ရင် တို့ တစ်ဖွဲ့လုံးလွန်ဆွဲကြမယ်လေ။ အခုတို့နှစ်ယောက်ကစပြီး(စဉ်းစားမှု)လွန်စဆွဲမယ်လေ။ အာလုံးပါဝင် ဆင်နွှဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ လွန်စဆွဲမယ့် အကြောင်းအရာလေကတော့ အရိပ် တင်ထားတဲ့ ဒုတိယမေးခွန်းလေကိုပဲ စလိုက်ကြရအောင်လေ။ အဲဒီမေးခွန်းတွေပါတဲ့ အမေးအဖြေ စာအုပ်ရှိရင်လဲ အဲဒီအဖြေမှန်တယ်ဆိုတာကိုအသာထားပြီး အဲဒီမေးခွန်းနဲ့ ဆိုင်တဲ့အဖြေတွေကို အကျိုးအကြောင်းနဲ့ စဉ်းစာကြည့်မယ်လေ။
“ပူသေးလို့” ဆိုတဲ့အဖြေကို စဉ်းစာကြည့်လိုက်တယ်။ ဘာမှမစားရခြင်း အကြောင်းပြချက် အတွက်တော့ခိုင်လုံပါတယ်။ဒါပေမယ့် စံပါယ်ပြောသလို မကြိုက်လို့တို့၊ မကြီးပါချူးပြောတဲ့ စားဖို့ရာ ဇွန်းရှာမတွေ့လို့ပါ တို့၊ အတူတူစားဖို့စောင့်နေတာတို့၊ အချိန်မကျသေးလို့ တို့ အားလုံးဟာ ဘာမှမစားပဲဒီအတိုင်းထိုင်နေတယ် ဆိုတဲ့အကြောင်းအတွက် ပြောလို့ရတာပဲလေ။ ပူသေးလို့ ဆိုတဲ့အဖြေနဲ့ပါတ်သက်ပြီးတော့ လက်မခံနိုင်စရာ အချက်တစ်ချက်ကတော့ အဲဒီလူနာတွေဟာ သူတို့ကိုဧည့်ခံတယ်ဆိုတဲ့အသိစိတ်လေ၀င်ပြီးတော့ မရှိကို အရှိထင်ပြီးစားနေတယ်စားမယ်….ဆိုရင် ပူသေးလို့ ဆိုတဲ့ အသိဝင်ရင် သူကဒီအတိုင်းထိုင်နေမယ်ထင်သလား။ ဘယ်လိုမှ ဒီအတိုင်းထိုင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပူနေတဲ့ဆန်ပြုတ်ကို အေးအောင်လို့ လေနဲ့မှုတ်နေမှာပေါ့။ ဒါဟာအမြဲတန်းဖြစ်လေ့ဖြစ်ထရှိတဲ့အလေးအကျင့်ပဲလေ။ အနတ္တနောက်ဆုံးဖြေတဲ့ အဖြေက အစားအသောက်ကိုအချိန်နဲ့စားတာ။ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီးဖြေခဲ့တယ်နော်….. အဲဒီလိုဖြေရတဲ့အကြောင်းကတော့… နံပါတ်တစ်… မေးခွန်မှာကို ပြောလိုက်တဲ့အချိန်မှာတို့၊ မေးလိုက်တဲ့အချိန်မှာတို့ဆိုပြီး နမိတ်ပြဆက်စပ်စကားလုံးတွေပါလို့ပဲ။ နံပါတ်နှစ် အရူးကတစ်မူးသာ ဆိုတဲ့စကားပုံနဲ့လဲညီညွတ်သွားအောင်… အစားကိုအချိန်နဲ့စားတာ၊ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီး သာမန်လူတွေထက်သာအောင်ဖြေလိုက်တာလေ။ အဲဒီအဖြေနဲ့ပါတ်သက်ပြီး အရိပ်ရဲ့အဖြေမှန်နဲ့ မကိုက်ညီဘူးဆိုရင်တော့ လက်ခံပါတယ်။(အဖြေမှန်တယ်ဆိုတာကိုလက်ခံတာမဟုတ်ပါ။) ဒါပေမယ့် အဖြေကမှားနေသေးတယ်ဆိုတာကို ဘယ်လိုအကြောင်းကြောင့်လဲဆိုပြီး အရိပ်လွန်ဆွဲမယ့် အကြောင်းအကျိုးလေးကို သိချင်ပါတယ်။

မှတ်ချက်။ ။ ဆရာဝန်တွေသွားမေးတဲ့လူနာက ဘာမှမစားပဲ ဒီအတိုင်းထိုင်းနေတယ် ဆိုတဲ့ နေရာမှာ ဘာမှမစားပဲတဖူးဖူးနဲ့ လုပ်နေတယ်ဆိုရင် အရိပ်ရေ…. နင်ပြောတဲ့ အဖြေကို လက်ခံပါတယ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

တောသားလူလည် …………………

တခါတုန်းကပေါ့ မြို့ထဲကို အထုပ်အပိုးတွေထမ်းပြီး ပင်ပင်ပန်းပန်းပုံစံနဲ့တက်လာတဲ့ တောသားတွေကို ကြည့်ပြီးတော့ မြို့သားတစ်ယောက်က ဘေးမှာရှိနေတဲ့သူကို ဘာပြောလိုက်လဲဆိုတော့ တွေ့လား တောသားတွေက ညံ့လွန်းလို့ တောမှာ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာစားနေကြရတာပေါ့ ဦးနှောက်ကလည်း အသိဥာဏ်နည်းပါးလွန်းတယ်လို့ ဝေဖန်ပြောဆိုလိုက်တာကို တောသားက ကြားသွားပြီးတော့ မခံမရပ်နိုင်ဖြစ်သွားတယ်ပေါ့နော် ….။ အဲ့လိုကြားသွားပြီးတော့ တောသားက အဲ့ဒီဝေဖန်ပြောဆိုတဲ့ မြို့သားရှေ့ကိုသွားပြီးတော့ ခင်ဗျားက ကျုပ်တို့ကို အဲ့လိုပြောတယ်ဆိုရင် ခင်ဗျားနဲ့ ကျွန်တော်နဲ့ မေးခွန်းတခုကိုမေးပြီး အလောင်းအစားလုပ်ကြမယ်ပေါ့ ခင်ဗျားသဘောတူလားဆိုတော့ မြို့သားက တောသားကို အထင်သေးပြီးတော့ မေးစမ်းပါ ခင်ဗျားမေးတဲ့ဘယ်မေးခွန်းကိုမဆို ကျုပ်ဖြေနိုင်တယ်ပေါ့ ပြီးတော့ အလောင်းအစားအနေနဲ့ ကျွန်တော်ဖြေနိုင်ရင် ခင်ဗျားက ကျွန်တော့ကို လောင်းတဲ့ငွေရဲ့ 1 ဆဘဲ ပေးပါပေါ့ ကျွန်တော်ရှုံးရင်တော့ ခင်ဗျားကို အဆ 100 ပေးမယ်ဆိုပြီး မေးခိုင်းတယ်တဲ့ အဲ့ဒါနဲ့ တောသားက (1) လေထဲမှာလည်း ပျံနိုင်တယ်၊ (2) ခြေထောက်တွေလည်း ပါတယ်ပေါ့ လို့ပြောတဲ့အချိန်မှာ မြို့သားက ဘာကို စဉ်းစားမိလဲဆိုတော့ အင်း ဒီကောင်တော့ လေယာဉ်ကို မမြင်ဘူးလို့ပြောနေတာဖြစ်မယ်ပေါ့ဆိုပြီး ရယ်နေတာပေါ့ အဲ့မှာ တောသားက ဘာဆက်ပြောလဲဆိုတော့ (3) မြက်လည်း စားတယ် နောက်ပြီး (4) အဲ့အကောင်က ၀ူး လို့လည်း အော်တယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ မြို့သား မှာ တွေဝေသွားတယ်တဲ့ အဲ့လိုပြောပြီးတော့ တောသားက အဲ့ဒါ ဘာကောင်လဲဗျာလို့ မေးလိုက်တော့ မြို့သားမှာ စဉ်းစားလို့ အဖြေမထွက်လာဘူးတဲ့ နောက်ဆုံးတော့ အရှုံးပေးပါတယ်ဆိုပြီးတော့ လောင်းကြေးငွေရဲ့ အဆ 100 ပေးလိုက်ရတယ်တဲ့ အဲ့ဒါနဲ့ တောသားက သူပေးတဲ့ငွေကိုယူပြီး လှည့်ပြန်မယ်လုပ်တော့ မြို့သားက ကဲ ခင်ဗျားပြောတဲ့အကောင်က ဘာကောင်လဲဆိုတာလေးတော့ ပြောခဲ့ပါဦးဆိုတော့ တောသားက…….. ကျွန်တော်လည်း မသိပါဘူးခင်ဗျာဆိုပြီး လောင်းကြေးငွေရဲ့ 1 ဆ ပြန်ပေးလိုက်တယ်တဲ့ ဟားဟားဟား…..
အင်း အရိပ်ကို လူကြီးတစ်ယောက်ပြောပြတဲ့ ဟာသလေးတခုပါ…. ဥယျာဉ်မှူးအားလုံးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်
အရိပ်ပြောချင်တာကတော့ လူတိုင်းကို စိတ်အထင် ဒါမှမဟုတ်ရင် အမြင်နဲ့ အထင်မသေးတတ်ဖို့ပါဘဲ ……
လူတွေမှာလည်း သူ့အစွမ်းအစနဲ့ သူရှိကြတာပါဘဲလေနော်
အားလုံးကို ကျေးဇူးတင်ပါတယ်………

အရိပ်

[+/-] အပြည့်အစုံသို့...

Wednesday, November 28, 2007

"ပတ္တမြား ရွှေဂူ"

မကြီးပါချူးက လ၀န်းဝိုင်းစက်လင်းထိန်နေတာကို ကြည့်ပြီး အိမ်ကိုလွမ်တယ်တဲ့။ အင်းအနတ္တကတော့ လမင်းနဲ့ ပါတ်သတ်တဲ့ ကိုးတန်းတုန်းက ကဗျာလေးကိုသတိရတာနဲ့ ပြန်လည်း ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။

“ပတ္တမြားရွှေဂူ”

ပြစ်မရှိ ပြစ်ရှာ……..
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
ပတ္တမြားရွှေဂူကိုလ
ဝက်များကညူစူစွာတိုက်နှဲ့
ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ်
ရှေ့ကထက်ကဲ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, November 27, 2007

WHY?????????????????

ကောင်းတမန်က ပိုကောင်းအောင်၊ ပိုအဆင်ပြေအောင်ဆိုပြီး အကျဉ်းချုံး၊ အပြည့်အစုံသို့ တွေတင်နိုင်အောင်ဖန်တီးထားတယ်။ ကိုတိုင်လဲတင်တယ်။ ဒါပေမယ့် အနတ္တတို့ ဘက်မှာတော့ အကျဉ်းချုံးရေးထားတာပဲ ဖတ်လို့ အဆင်ပြေပြီး၊ အပြည့်အစုံသို့ ကိုသွားလိုက်ရင် ( Page Not Found )
The requested URL was not found on this server. Please visit the Blogger homepage or the Blogger Knowledge Base for further assistance.

ဆိုပြီးပေါ်လာတယ်။ အစကို ပြန်ရောက်သွားတယ်ဆိုပါတော့။ အဲဒီတော့ ဖတ်လို့မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဖတ်လို့ရပါတယ်။ ဒါပေမယ့် နံပါတ်(၁) comments ကိုသွားလိုက်ရတယ်။ နောက်ပြီတော့မှ နံပါတ်(၂) ခေါင်းစဉ်ခွဲလေး(စိတ်မီးအိမ် မဟုတ်ပါ) ကိုနိုပ်ပြီးဆက်သွားလိုက်ရင်တော့ အပြည့်အစုံ ဖတ်လို့ရသွားတာပေါ့။ အကျဉ်းချုံး နဲ့ အပြည့်အစုံကို ခွဲတင်လို့်ကတော့ ဖတ်ရတဲ့သူအတွက် ရသနှစ်မျိုး ခံစားလို့ရသွားတာပေါ့။ ဒါပေမယ့် အနတ္တတို့ဘက်မှာရှိတဲ့ သူတွေအတွက် အချိန်ကိုချွေတာစွာအသုံးချနိုင်စေရန် အနတ္တအနေနဲ့ တခါတည်း အကျဉ်းချုံးမှာပဲ အပြည့်အစုံတင်ပေးလိုက်ပါတယ်။ အဲဒီလိုဖြစ်နေတာတွေကတော့ ကျော်ဆီသုံးနေရလို့ဖြစ်မယ်ထင်ပါတယ်။
မှတ်ချက်။ ။ အနတ္တတို့ဘက်မှ တစ်ခြားသူများ မည်သို့ ရင်ဆိုင်ရသည်မသိပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"အမေး၊ အဖြေ"

အနတ္တကြားဖူးတာကတော့ အမေးနွားကျောင်းသား၊ အဖြေပညာရှိ လို့။ အင်းအခုတော့ အရိပ်ကမေးတယ်။ အနတ္တတို့က မဖြေနိုင်။ ( သြော်… အရိပ်လည်း နွားကြောင်းသားမဟုတ်သလို၊ အနတ္တလည်း ပညာရှိ မဟုတ်သကို)
အမေး၊အဖြေ နဲ့ ပါတ်သက်စဉ်းစားလာရင် မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်း တို့ရဲ့ အမေး၊အဖြေ ကိုရေးထားတဲ့ မိလိန္ဒသညာ ကျမ်းစာအုပ်ကို အမြဲတန်း သတိယမိတယ်။ အဲဒီထဲက မှတ်မိတာလေးတစ်ခုလောက်ဆွေနွေးပါရစေ…
မိလိန္ဒမင်းကြီး။ ။ မြတ်စွာဘုရားဟာ အလုံးစုံကိုသိတော်မူတယ်၊ အနန္တမေတ္တာရှိတယ် ဆိုပြီး ဒေ၀ဒတ်ကို ဘာဖြစ်လို့ ရဟန်းဝတ်ဖို့ ခွင့်ပြုရတာလဲ။ ဒေ၀ဒတ် ရဟန်းဝတ်ရင် သံဃာတွေကို ဂိုဏ်းခွဲမယ်။ သံဃာတွေကိုဂိုဏ်းခွဲရင် ငရဲမှာ တစ်ကမ္ဘာ ၀တ်ခံရမယ်ဆိုတာကို မသိဘူးလား လို့မေးတယ်။ အဲဒီအခါမှာ
အရှင်နာဂသေန။ ။ မြတ်ဘုရားက အလုံးစုံကိုသိတော်မူတာ မှန်ပါတယ်။ ဒေ၀ဒတ်ကို ရဟန်းဝတ်ပေးတာကလည်း ငရဲကို တစ်ကမ္ဘာ ကာလပါတ်လုံး ၀ဋ်ဆင်းရဲ ခံရအောင်လို့၊ အနန္တမေတ္တာမရှိလို့ မဟုတ်ပါဘူးတဲ့။ ဖြည့်ကျင့်လာတဲ့ပါရမီနဲ့ ရဟန်း ၀တ်တဲ့ ကံ အဟုန်တွေကြောင့် ငရဲမှာ တစ်ကမ္ဘာ ၀ဋ်ဆင်းရဲခံရပြီတဲ့နောက်မှာ ပစ္ဆေကဗုဒ္ဓါဖြစ်ပြီး နိဗ္ဗါန်ရောက်မှာကိုသိလို့ ဖြစ်ပါတယ်တဲ့။ အကယ်၍ ရဟန်းဝတ်ခွင့်မပြုဘူးဆိုရင် သံဃာဂိုဏ်းခွဲတဲ့ကံ ဖြစ်မလာဘူး၊ တစ်ကမ္ဘာ ကာလပါတ်လုံး ငရဲမှာ ၀ဋ်ဆင်းရဲ မခံရဘူးဆိုပေမယ့် နောင် သံသရာမှာ ကမ္ဘာပေါင်းများစွာ ၀ဋ်ဆင်းရဲခံပြီး လည်ပါတ်နေရမှာကို မဟာ ဂရုဏာတော် ဖြစ်တော်မူလို့ ဖြစ်ပါတယ်ဆိုပြီး ဖြေပေးခဲ့ပါတယ်။ ( မှတ်မိသလို ရေးလိုက်ခြင်းဖြစ်ပါသည်။ အတိအကျကို မိလိန္ဒသညာ မှာ ဖတ်ရှု့နိုင်ပါသည်။) ဆရာတွေက တပြည့်တွေအပေါ်မှာ အပါယ်ဘုံကို လားရောက်စေချင်တဲ့ စိတ်ဆန္ဒ မရှိဘူးဆိုတာကို လောကနီတိမှာ ရေးသားထားတဲ့ ကဗျာလေးတစ်ပုဒ်ကို(မှတ်မိသလို) ဖောက်သည်ချပါရစေ….

အိုးထိန်းသည်ချိန့် အိုးကွဲစိမ့် ခတ်လိမ့်မည်မဟုတ်
တင်တယ်စိမ့်ငှါ ချင့်ချိန်ခါ သင့်စွာသူရိုက်ပုတ်
ဆရာသမား တပြည့်အား ပါယ်လားစိတ်မဟုတ်
အတတ်ပညာ ကြောင်းကြောင့်သာ သင့်စွာသူရိုက်ပုတ်

ဟဲ ဟဲ အဲဒီကဗျာလေးရပြီးတဲ့နောက်ပိုင်း စာမရလို့ ဆရာကရိုက်တဲ့အခါမှာ၊ အကြောင်းတစ်ခုခုကြောင့် ဆိုဆုံးမတဲ့အခါမှာ ဘယ်တော့မှ စိတ်မဆင်းရဲတော့ဘူး။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ဒီကဗျာလေးနဲ့ ဒီနေရာကနေ ကန်တော့လိုက်ပါရစေ……………


မှတ်ချက်။ ။ အရိပ် နွားကျောင်းသား ဟုတ်၊ မဟုတ် သေချာမသိပါ။ အနတ္တစိတ်အထင်ဖြင့် ရေးလိုက်ခြင်းဖြစ်ပါသည်။ သေချာသိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, November 23, 2007

ယာကန်သင်းတစ်ခု တည်ဆောက်ခြင်း (မြန်မာပြန်)

ယခုတလော စင်္ကာပူ မှာ မိုးခဏခဏ ရွာတတ်သည်။ စင်္ကာပူတွင် ရာသီဥတု ဘယ်နှစ်မျိုး ရှိမှန်း ကျွန်တော် မစူးစမ်းမိသေး။ ဒီတော့ ဒီမှာ ယခု ဘာရာသီရောက်နေတာလည်း ကျွန်တော် မသိ။ သို့ပေမယ့် ဒီရက်များအတွင်း နံနက်စောစော နှင့် ညပိုင်း တွင် မိုးများ ရံဖန်ရံခါ ဆိုသလို သည်းထန်လေ့ရှိပေသည်။

ယနေ့ နံနက်စောစောတွင် လည်း ကိုရွှေမိုးသည် နံနက်မင်္ဂလာကို သူ၏ မိုးစက်မိုးပေါက်များဖြင့် သွန်းဖြန်း ကြိုဆိုလိုက်ပြန်သည်။ မနက်က မိုးသည် တော်တော် တော့ သည်းထန်ပေသည်။ ရွာစကား နှင့် ပြောရလျှင်တော့ မိုးက တော်တော် အရည်ပါပေသည်။ မိုးအေးအေး ဆိုတော့ ကျွန်တော်လည်း လွတ်နေသော ခြုံစောင် ကို ပြန်ဆွဲခြုံပြီး နှပ်နေလိုက်သည်။ အမှန်ကတော့ ပျင်းနေတာလို့ လည်း ပြော၍ရမည်။ ဘာပဲ ပြောပြော မိုးအေးအေးမှာ စောင်ခြုံကွေးရသည့် အရသာ ကို ကျွန်တော် တော်တော်ကြိုက်သည်။

ကောင်းကင် မှ မိုးပုလဲလုံးများ ခေါင်မိုးနှင့် မြေပြင်များ ပေါ်တွင် တအုံးအုံး နှင့် ကြွေချနေသံများ ကြားနေရသည်။ သို့ပေမယ့် ဒီမှာ ကြားနေရသော မိုးပုလဲလုံးများ၏ အော်သံသည် ကျွန်တော် ရွာမှာရှိစဉ်က သယ်ကယ်မိုး ထားသည့် အမေ့အိမ်၏ အိမ်မိုးပေါ် သို့ ရိုက်ခတ်သော မိုးသံများလောက် မလှဟု ကျွန်တော်က ထင်သည်။ ကျွန်တော် ကြီးပြင်းခဲ့ရသော အမေ၏ အိမ်ရှိသော ကျွန်တော်တို့၏ ရွာလေးသည် မြန်မာပြည် အလယ်ပိုင်း က အညာမြေတွင် တည်ရှိပေသည်။ ထို အညာမြေကို ဖန်ခါး မြေဟု လည်း တင်စားတတ်ကြသေးသည်။ကျွန်တော်က မူ ဖန်ခါးမြေ၊ ဇီးဖြူမြေ၊ တမာမြေ၊ ရင်ခပ်ပန်းတို့ ပွင့်ရာမြေ၊ အင်ကြင်းမြေ၊ ရှားစောင်းမြေ စသဖြင့် ဝေဆာ နေအောင် ပေးမနေပဲ ပြေးပဲ ခံစားလိုက်ချင်သည်။ ထိုမြေသည် မြန်မာ နိုင်ငံ၏ မိုးခေါင်းရပ်ဝန်း။ နွေရာသီသည် ထိုနေရာ တွင် အပူဆုံး။ မိုးရေချိန်သည် မည်သည့် နှစ်မှ မလောက်ငှပေ။ ထို့ကြောင့် တောင်သူလယ်သမား တို့ အတွက် တခါတရံ မှသာ လာလည်တတ်သော ကိုရွှေမိုးသည် ပုလဲလုံးများကဲ့သို့ တန်ဖိုးကြီးမားကြပေသည်။

တောင်သူ လယ်သမားတို့သည် တနှစ်ပတ်လုံး အလုပ်လုပ်ကိုင်ကြရပေသည်။ နွေ၊မိုး၊ဆောင်းတို့သည် တစ်နှစ်တာ ကို လည်ပတ် ကုန်ဆုံးစေသကဲ့သို့ တောင်သူလယ်သမားတို့သည် လည်း တောင်ယာ လုပ်ငန်းကို မနေမနား လုပ်ကြရသည်။ ပညာရေးရည်မှန်းချက် အတွက် ဇာတိချက်ကြွေ မွေးရပ်မြေမှ မခွဲခွာမီအထိ ကျွန်တော်လည်း တောင်သူလုပ်ခဲ့ဖူးသည်။ ထိုတောင်သူလုပ်ငန်း အတွေ့အကြုံသည် ကျွန်တော့်ဘ၀ အတွက် တကယ် ပင် မမေ့နိုင်စရာ ဖြစ်နေတော့မည် သေချာသည်။ ထို အတွေ့အကြုံများထဲ မှာ တစ်ခု ကို စိတ်မီးအိမ် တွင် မျှဝေ ရန် ကျွန်တော် စောင်ခြုံထဲ မှာ ကွေးနေရငှ်း တွေးနေမိသည်။ မိုးရွာစဉ် တွေးနေသော အတွေးများကို အခြေခံသဖြင့် တောင်သူလယ်သမားတို့၏ မိုးကို မျှော်လင့်ကြရပုံ၊ မိုးပုလဲလုံး များကို မည်မျှ တန်ဖိုးထားရပုံ စသည့် အကြောင်းအရာများသည် ခေါင်းထဲသို့ အလျှို အလျှိ ၀င်ရောက်လာပေသည်။ ထိုအတွေးတို့သည် ကောင်းတမန် ကို စောင်ခြုံထဲတွင် ပို၍ အရသာ ရှိစေပြန်သည်။ လွတ်နေသော စောင်တဖက်ကို ဆွဲ ဖုံးလိုက်ရင်း ကျွန်တော် ဆက်တွေးမိပြန်သည်။

ထိုနေ့ရက်များကို “ကျွန်တော်၏ တောင်သူနေ့များ” ဟု ကိုယ့်ဘာသာ အမည်ပေးလိုက်ပြန်သည်။ တောင်သူလယ်မားတို့၏ သနားစရာ မိုးမျှော်ကြရပုံကို သရုပ်ဖော်လိုသည်။ ထိုနှစ်က မှတ်မှတ်ရရ ကျွန်တော် တို့ ယာတွေ ထဲမှာ ချောင်းကောက်ဟု အမည်ပေးထားသော ယာကွက် တစ်ခုတွင် ပဲတီစိမ်း (အညာအခေါ် ပဲနောက်) များစိုက်ထားသည်။ ပုံမှန်အားဖြင့် ပဲတီစိမ်းကို နယုန်လ မိုးများ ရွာပြီး၍ မိုးနူးလျှင် စိုက်တတ်ကြသည်။ ပဲတီစိမ်းသည် တစ်လ နှင့် တစ်ဆယ့်ငါးရက် အရွယ်ရောက်လျှင် အဖူးအပွင့်တို့ စထွက်လေသည်။ ထိုအချိန်သည် တောင်သူလယ်သမားတို့အတွက် အရေးအကြီးဆုံး အချိန်ပင်။ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင် ၊ သပြေသီးမှည့် ကောက်စို့ကွယ် စသဖြင့် ထိုရာသီ ထိုကာလအတွင်း မြန်မာနိုင်ငံ ၏ မိုးကောင်းလှပုံကို အမျိုးမျိုး တင်စားကြပေသည်။ သို့ရာတွင် ကောင်းတမန် တို့ အညာတွင် ထို လများတွင်ပင် မိုးမကောင်းတတ်ပေ။ မှတ်မှတ်ရရ ကောင်းတမန် ကိုးတန်းနှစ် က ၀ါဆိုဝါခေါင် ပဲနောက်များ ပွင့်ချိန်တွင် မိုးက မလာတော့ပေ။ အသီးအပွင့်တို့ ဝေဆာရန် တနည်းအားဖြင့် ပဲနောက် အထွက်ကောင်းရန် ကိုရွှေမိုးက သော့ချက်ဖြစ်ပေသည်။ သို့သော် လူကြီးမင်း က ထိုနှစ်တွင် ရောက်မလာပေ။ ကောင်းတမန် တို့ မောင်နှမသုံးယောက် လုံးဝ စိတ်မကောင်းကြ။ မိုးကောင်းကင် ကို မော့ကြည့်ရလွန်း၍ လည်ပင်းများပင် ညောင်းလှပေပြီ။ ထိုမျှ စိတ်မကောင်းရခြင်း အကြောင်းအရင်းကား ထိုနှစ်က ကောင်းတမန် တို့ မိသားစု ပေါ်တွင် တင်ရှိ ခဲ့သော အကြွေးများကြောင့်ပင်။ ကောင်းတမန် က ကိုးတန်း၊ အမက ဆယ်တန်း၊ ညီမလေးက ငါးတန်း တက်ခါစ။ ထိုသုံးယောက်၏ ကျောင်းစရိတ် နှင့် အခြားရွာတို့ သွားရောက်တက်ရသဖြင့် ၀ယ်ရသည့် စက်ဘီးဖိုးများ အတွက် အမေ့၏ နားနှစ်ဖက် လည်း မလှတော့။ အဖေ၏ ကျောတို့လည်း မအေးမြတော့။ ပေါင်နှံချေငှား၍ ကျောင်းစရိတ်ကို ရှင်းထားရသည်။ ထို အကြွေးများကို ကျေနိုင်ရင် ကယ်တင်ရှင် က ဒီ ပဲနောက်ခင်းများ။ ပဲနောက် မထွက်လျှင် အဖေ နဲ့ အမေ အကြွေးမကျေ သည့်အပြင် အကြွေးထပ်တင်ရပေမည်။ ထိုသို့ဖြင့် ကောင်းတမန်၏ အဖေ နှင့် အမေသည် ထို အကြွေးများ၊ ကျောင်းစရိတ်များကို ဂုဏ်ယူစွာ ရင်ဆိုင်၍ ကောင်းတမန် တို့ကို ပညာသင်ပေးခဲ့သည်။ ကျွန်တော် တို့ မောင်နှမ သုံးယောက် လည်း ထိုနှစ် တွင် မိုးပုလဲများကို အဖေ၊အမေ တို့ ထက် ပိုမျှော်မိသည်။ ယခင်နှစ်များက ကလေးစိတ်ဖြင့် ကောင်းစွာ နားမလည် ခဲ့သမျှ ဒီနှစ်မှ ကျောင်းစရိတ်၊ စားစရိတ်၊ အကြွေး စသည် တို့ကို နားလည် ခဲ့ပေသည်။ ထို့ကြောင့် မိုးသည် ကျွန်တော်တို့၏ ကယ်တင်ရှင်ပင် ဖြစ်သည်ဟု သိနားလည်လာသည်။

ဒီနှစ်တွင် မိုးငတ်နေချိန် မိုးများ ရွာချလိုက်လျှင် အဖေ အမေ တို့ကို မပင်ပန်းစေချင်သဖြင့် ကောင်းတမန် တို့ သုံးယောက် ချောင်းကောက်ထဲသို့ ပြေး၍ မိုးရေ ကို ဖမ်းမည် ဟု ဆုံးဖြတ်ထားသည်။ ချောင်းကောက်ဟု အမည်ပေးထားရခြင်းမှာ တောင်ကျ ချောင်း တစ်ခု ကောင်းတမန် တို့ ယာကွက် နားတွင် ကွေ့ကောက်လာ၍ ယာကွက်ကို ဖြတ်ပြီး စီးဆင်းတတ်သောကြောင့် ဖြစ်သည်။ အညာမြေတွင် မိမိတို့ ၏ ယာများကို ထိုကဲ့သို့ နာမည်ပေးလေ့ရှိသည်။ ကျွန်တော်တို့ ယာကွက်များ၏ အမည်မှာ ချောင်းကောက်ယာ၊ကန်တော်ယာ (ရေကန်အနီးတည်ရှိ၍)၊ သရက်ပင်ကွက်(သရက်ပင်ရှိ၍)၊ အနောက်ယာ (ရွာ၏ အနောက်ဘက်တွင်ရှိ၍) စသည်တို့ ဖြစ်သည်။

မိုးသည် မျှော်လေ မလာလေပင်။ ၀ါဆိုကျော်၍ ၀ါခေါင်ကူးလေပြီ။ အညာတွင် မိုးမရွာသေး။ ပဲနောက်ပင် တို့သည် ညှိုးနွမ်းပိန်ချိနေပေပြီ။ ထို့ထက် ကျွန်တော်တို့ စိတ်တွေသည် ပို၍် ညှိုးနွမ်းရပေသည်။ မိုးမရွာလွန်းသည့် အခါ ကျေးလက် ဓလေ့အရ ရွာဦးကျောင်းဆရာတော် နှင့် တောရကျောင်း ဆရာတော်ဘုရားတို့ ကို ပင့်ဖိတ်၍ ငရံ့မင်း ပရိတ် ရွတ်ကြသည်။ ပရိတ်ရေမိုး ရွာစေသည်။ လွန်ဆွဲ လျှင် မိုးရွာစေသည် ဟု အယူရှိသဖြင့် လွန်ကြိုးကို အပြိုင်အဆိုင် ဆွဲကြသည်။

ထို့ကြောင့်လား၊ သဘာဝ တရားကြောင့်လားတော့ မသိ ပရိတ်ရွတ် ၊လွန်ဆွဲပြီးမကြာမီ ထိုနှစ်က မိုးရွာပေသည်။ အဖေ၊ အမေ နှင့် ကျွန်တော် တို့၏ မျက်နှာများတွင် အပြုံးရိပ်များ ပြန်လည် ထင်ဟပ်လာပြန်သည်။ မှတ်မှတ်ရရ ထိုမိုးပုလဲများ ကျလာချိန်သည် ကျွန်တော်တို့ မောင်နှမတွေ ကျောင်းက ပြန်ရောက်ချိန်လေးပင်။ မိုးက တကယ် အရည်ပါမပါ ခဏစောင့်ကြည့်ကြသည်။ မိုးသည် သည်းသထက် ပို၍ သည်းထန်လာပေသည်။ နောက်ဆုံး အရည်ပါသည် ဟု သေချာ သော အခါ ကျွန်တော်တို့ သုံးယောက် ပေါက်ပြား၊ငန်းပြား နှင့် ဂေါ်ပြား တို့ ကိုယ်စီ ထမ်းကာ ချောင်းကောက် ယာသို့ ပြေးတော့သည်။ ကျွန်တော် က ငှက်ကြီးထောင်ဓားကို ခါးတွင် ထိုး၍ အပိုယူလာသည်။ အမေက အိုးထဲ က ထန်းလျက်ခဲများကို နှိုက်၍ ပလတ်စတစ်ဖြင့် ထုတ်ပေးလိုက်သည်။ မိုးရွာနေသဖြင့် ရေဗူး ထည့်မပေး။ အချိန်မရ၍ လည်း ဖြစ်သည်။

မိုးထဲတွင် ပုလဲလုံးများ အမှန်ခံရသည် မှာ တကယ် ပျော်စရာ ကောင်းလှသည်။ဒီလိုနှင့် မောင်နှမတွေ ပြေးလွှားဆော့ကစားရင်း ချောင်းကောက်ထဲသို့ ရောက်လေသည်။ တောင်ကျ ချောင်းရေသည် ချောင်းကောက်သို့ရောက်မလာသေးပေ။ ထို့ကြောင့် ကျွန်တော် တို့ သုံးယောက် အမြန်လုပ်ငန်းစသည်။ ချောင်းရေလာလျှင် ဖမ်းရန် အတွက် ယာကန်သင်းကို ပို၍ မြင့်အောင် ခိုင်ခံ့အောင် မံရမည်။ ကျွန်တော် က ပေါက်ပြားဖြင့် မြေကို တူးဆွသည်။ တူးထားသည့် မြေစာများကို အမ က ဂေါ်ပြားဖြင့် ကော်၍ ကန်သင်းပေါ်တွင် အုံသည်။ ညီမလေးက ငန်းပြားဖြင့် ထိုနည်းတူအုံသည်။ လိုအင်လျှင် ငန်းပြားဖြင့် ကန်သင်းကို ရိုက်၍ ပိုမို ခိုင်ခံ့စေသည်။ ဒီလိုနှင့် ကန်သင်း အရှည်တလျှောက် လိုက်လံ၍ မြေဖို့ပြီး ပိုမို မြင့်မား ခိုင်ခံ့စေသည်။ လုံလောက်ပြီ ဟု ထင်သည့် အချိန်တွင် ကျွန်တော်တို့ တော်တော် မောနေပြီ။ ပါလာသော ထန်းလျက်ခဲ များကို မိုးရေနှင့်အတူ လည်ချောင်းထဲ ပစ်သွင်း၍ ရွှံ့ထဲ မိုးထဲတွင် အားရပါးရ ထိုင်နားလိုက်သည်။

သိပ်မကြာပါ။ တောင်ကျ ချောင်းရေ သည် ကျွန်တော် တို့ ယာနား သို့ ရောက်လာသည်။ ကျွန်တော်တို့လည်း တော်တော် ပျော်နေသည်။ ချောင်းရေသည် ကန်သင်း အတားနှင့် တွေ့သောအခါ လာလှမ်းအတိုင်း မစီးနိုင်တော့ပဲ ကျွန်တော်တို့ ယာအနှံ့ စီးဝင် စိမ့်ဝင် တော့သည်။ ပျော်လိုက်သည့် ဖြစ်ခြင်း။ ပဲနောက်ဖူးတို့သည် ရုတ်တရက် ပွင့်အာလာသည်။ ပဲနောက်ရွက် ခပ်စိမ်းစိမ်း နှင့် ပဲနောက်ပွင့် ၀ါဖန့်ဖန့် တို့သည် လိုက်ဖက်ညီစွာ ပင် မိုးနဲ့ အတူ သဘာဝ ပန်းချီကားကို ရေးခြစ်ပြန်သည်။ နားနေရင်း ပဲနောက်ခင်း တစ်လျှောက် ချောင်းရေ စိမ့်ဝင် စီးဆင်းသည် ကို လိုက်ကြည့်ကြသည်။ အပေါ်က မိုးကလည်း ရွာနေသည်။ ချမ်းလှ၍ အားလုံး ခိုက်ခိုက်တုန်နေသည်။ သို့သော် ကျွန်တော်တို့ စောင့်ကြည့်မှ ဖြစ်မည်။ ရေများလာလျှင် ကန်သင်းသည် နိုင်မည်မဟုတ်။ ကျိုးနိုင်ပေသည်။

သို့သော် ကလေး အတွေးဖြင့် ကျွန်တော်တို့ သည် ယာကန်သင်းကို ရေမကြော်နိုင်ရန် ထပ်မံ ဖြည့်စွမ်းနိုင်မည်ဟု ထင်ထားပေသည်။ မိုးသည် ပို၍ပို၍ သည်းထန်လာသည်။ ချောင်းရေသည် ပို၍ အစီးသန်လာပေပြီ။ ယာကန်းသင်းကို ကျော်စပြုပြီ။ ကန်သင်းမြေစာသည် အသစ်ဖြစ်၍ ရေတိုးရေစိမ့်ဒဏ်ကို ကောင်းကောင်း မခံနိုင်ပေ။ ပေါက်သည့် နေရာ က ပေါက်သည်။ ရေကျော်သည့် နေရာက ကျော်နေပြီ။ ထိုအခါ ကျွန်တော်တို့ သုံးယောက် လုပ်ငန်းစရပြန်ပြီ။ မြေစာကို တူးဆွ၍ ယာကန်သင်းတွင် ထပ်မံ ဖို့သည်။ ဖာသည်။ သို့သော်မရ။ ယာထဲတွင် ရေက အပြည့်ဖြစ်၍ အီနေသည်။ နောက်ဆုံးတွင် ချောင်းရက အနိုင်ရသည်။ ကန်သင်းကို ကျော်၍ စီးဆင်းသွားလေပြီ။ကျွန်တော်တို့ လည်း ဘယ်လိုမှ မနိုင်သောအခါ မောမော နှင့် ထိုင်ကြည့်နေရသည်။ မိုးများတိတ်၍ ချောင်းရေ စဲသွားသောအခါ အိမ်သို့ ပြန်ခဲ့ကြသည်။ အိမ်ရောက်မှ ရေတွင်းမှာ ရေကို ငင်ကာ ရေချိုးလိုက်သည်။ ထို့နောက် ညနေစာ ကို စားကာ စောင်ခြုံထဲသို့ ၀င်၍ ကွေးလိုက်ကြသည်။

သို့သော် ထိုနှစ်တွင် ကျွန်တော်တို့ ယာက ပဲနောက် အများဆုံးရလိုက်ပေသည်။ အကြောင်းမှာ ချောင်းရေကို ယာကွက်ထဲတွင် အချိန် တော်တော်ကြာကြာ စိမ့်ဝင် စီးဆင်းစေပြီး မြေကြီး အနက်အထိ ရေကို ၀င်ရောက်စေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် မိုးများမရွာသောအခါ ထိုသို့ ပြုလုပ်မထားသော တောင်သူတို့၏ ယာများတွင် တစ်ကြိမ်သာ ပဲနောက် ကောက်လိုက်ရပြီး ကျန် အကြိမ်များတွင် ပဲနောက် မအောင်တော့ပေ။ ကျွန်တော်တို့ ယာတွင် ထိုသို့ ရေကို မြေကြီးအနက် အထိ စိမ့်ဝင် ထိန်းသိမ်းစေသဖြင့် မိုးမရွာသည့် ဒဏ်ကို ခံနိုင်စေကာ ပဲနောက် အကြိမ်ကြိမ် ကောက်လိုက်ရပေသည်။ ကံအားလျော်စွာ ပဲနောက်ဈေး တက်သည့် နှစ် နှင့် ကြုံသောအခါ ကျွန်တော်တို့ အကျွေးများ ဆပ်လိုက်နိုင်ပေသည်။ အမေ ၏ နားနှစ်ဖက် လည်း ပြန်လှလာပေပြီ။ အဖေ၏ ကျောသည်လည်း အေးမြပြန်ပြီ။ ကျောင်းစရိတ်လည်း ထိုနှစ်က မပူလိုက်ရ။

ထိုနှစ်သည် ကျွန်တော် တောင်သူ လုပ်ခဲ့သမျှ သက်တမ်းအတွင်း အပျော်ဆုံး နှစ်ဖြစ်ခဲ့သည်။ ထို ယာကန်သင်းတစ်ခု မောင်နှမတွေ ပေါင်း၍ မွမ်းမံ ခိုင်ခံ့စေခဲ့သော သင်ခန်းစာ သည် ကျွန်တော့် ဘ၀အတွက် မောင်နှမသုံးယောက် တို့၏ မေတ္တာ တရားကို ခိုင်ခံ့စေသာ ကန်သင်းတစ်ခု အလိုလို ဆောက်ပေးနိုင်ခဲ့သည် ဟူ ထိုအချိန်က မတွေးမိပေ။ နောက်နှစ်ပေါင်းများစွာ ကြာညောင်းခဲ့၊ မိဘ မောင်နှမ တွေ နှင့် ဝေးခဲ့ရမှ ထိုအချိန်က ဆောက်ခဲ့သော စိတ်ကန်သင်းသည် မည်မျှ ခိုင်ခံ့ကြောင်းသိလာရပေသည်။ အမ နှင့် ညီမလေးကို လွမ်းသည်။ မိုးရွာထဲတွင် ယာကန်သင်း အတူတူ ဆောက်ချင်သည်။ အမေ့ နားနှစ်ဖက် ကို ထိုထက်ပိုလှစေချင်သည်။ အဖေ ကျောနှစ်ခြမ်းကို ထိုထက်ပို အေးချမ်းစေချင်သည်။

ကျွန်တော်တို့၏ ထိုစိတ်ကန်သင်းသည် လောကဓံ ဆိုသည့် ချောင်းရေ မည်မျှ အားကောင်းပါစေ၊ ထိုချောင်းကို အံတု ခုခံ ကာကွယ် ပြီး ကျွန်တော်တို့ မောင်နှမတွေ၏ ဘ၀ ယာခင်းများကို ခိုင်မာတည်တံ့စွာ ထာဝရ ဘောင်ခတ် လှပစေ၍ ဘ၀အေးချမ်းသာယာမှု ဟူသော ပဲနောက်များကို အောင်မြင်စွာ ခူးကောက်ရမည်ဟု ရောက်သည့်နေရာမှ မိုးရွာတိုင်း ကောင်းတမန် လွမ်းဆွတ်တမ်းတစွာ တွေးတောနေမိပေသည်။

[+/-] အပြည့်အစုံသို့...

Letter from a friend

“It was a fun to climb up on foot. After I have covered about one mile, I found myself walking up through the deep forest. Sometimes I met the people who come down from pagoda. I occasionally hear sweet song of singing birds. Sometimes I hear the sound of water fall coming from the forest but I can't see it.”

This morning I got a letter from my friend. He shared his trip to Kyaikhtiyoe Pagoda with his Australian friend. Although it is a personal letter, it is worth sharing with you all so that you all can feel and enjoy his trip to the pagoda.

Dear friend,

I enjoyed our short time with Ken very much in Kyaikhtiyoe. We arrived at The Kin Pun Camp at 3:15pm and spend a night at Seasar Gust House. And Next morning at 7:00 o'clock we start our journey from the base camp to the top of Kyaikhteyoe. I climb up on foot and Ken on truck car because it's not easy to climb half and seven miles up for his age.

It was a fun to climb up on foot. After I have covered about one mile, I found myself walking up through the deep forest. Sometimes I met the people who come down from pagoda. I occasionally hear sweet song of singing birds. Sometimes I hear the sound of water fall coming from the forest but I can't see it. I often cross the small stream. The water in it is so clean and cool. After I walked up for two hours I found a quite big rock standing beside a stream and I sat on it and took a rest blowing burger a sweet song. Just a few minutes rest under a good shake of nice tree and breathing fresh air can make me refresh. I really felt the natural beauty of forest and ranges of mountains and sweet smell of wild flowers. I could see many shops which sell some drinks and food along the way. The meat of wild animals is available in every shop.

It took about four hours to get at the top of mountain. When I got there Ken had rent a room in Kyaikhto Hotel. After taking a rest for a few minutes we went out for lunch. After that I went to pay my respect to Kyaikhteyoe Pagoda and said my prayer. We spent one night and one day there and climb down to catch 1:00 bus to Yangon.

It was the first time and really enjoyable journey for me. I shared it with you and hope you can feel it.

Warmest regards

Aung

[+/-] အပြည့်အစုံသို့...

Thursday, November 22, 2007

"စိတ်မီးအိမ်မှ မောင်နှမများ"

နိပ်နိပ်ကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြောလည်း
နဂါးသေရုပ် သစ်ငုတ်တုပ်လို
နင်းဖန်များတော့ အတ္တမာန
ထိုးထက်ကြွလာ ဖြစ်လာပါလျှင်

ဆိုးကောင်းရောပြွန်း မလွတ်စတန်း
ပိုက်ချူးခူးသည့် ကံသစ္စာကို
ထွေးပိုက်လက်ငင်း နောင်တွင်ထင်းလျှက်
ခံစားမည့်ရေး မတွေးနိုင်အောင်
အမိုက်မှောင်ကျ လင်းမရဘဲ
ပြစ်မှားလွန်ကျူး ရှိခဲ့ပါမူ
လူဖြစ်လာရ ခုဘဝလည်း
မထူးစခန်း လူးခါလှမ်းခဲ့

မှောက်မိုက်ဘဝ မကြရောက်ခင်
သံသရာကျိုး မျှော်ကာကိုး၍
ပုညလယ်မြေ စိုက်ကြဲထွေလျှက်
ဆောင်ရွက်ပြုမူ ကုသိုလ်ယူပြီး
လမ်းပြရှေ့ဆောင် လှမ်းနိုင်အောင်လည်း
လှမ်းပါစေသား (စိတ်မီးအိမ်မှ) မောင်နှမများ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

မျှဝေခံစားခြင်း

အရိပ်ရဲ့ စိတ်မကောင်းခြင်းများစွာဖြင့် ကို ဖတ်လိုက်ရတဲ့ အခါမှာ အနတ္တ တို့ အဖွဲ့ထဲကမဟုတ်ပေမယ့် သခင်ဖိုးလှကြီးရဲ့သားတစ်ယောက် ထပ်မံဆုံးရှုံးမှုအတွက် အရိပ်နှင့်အတူမျှဝေခံစားရင်း အမှတ်တရ ကဗျာလေး ရေးဖွဲ့ပေးလိုက်ပါရစေ……..


"ဖြစ်ပါစေလား ဖြစ်စေလား"

ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်
ဖြစ်တည်လာရ လူ့ဘဝတွင်
ငယ်ရာကကြီး တစ်ခရီးတည်း
ကြိုးပန်းအားထုတ်၊ လောကီဒုက်ကို
မရပ်မနား တသွားတည်းသွား။

သွားဖန်များလာ ခရီးထွာလျှင်
ပေစာတစ်ထပ် ရင်မှာအပ်လို့
လောကအကျိုး ဒို့သယ်ပိုးစို့
စိတ်မှာတမ်းတ မှန်းဆရည်မျှော်
လှမ်းကာပျော်လျှက် ရှိသပလဲ။

မှတ်ထင်မထား မဲမိုက်မှောင်သွား
ဘဝကံကြမ္မာ ဇာတ်ဆရာရယ်
ကြွေချိန်မရောက် သက်မပျောက်ခင်
ဆင်ချင်သတိ အသိဝင်အောင်
ရှေ့ဆောင်လမ်းပြ ကူလှည့်ပါ့လား။

မတော်တဆ တွေ့ကြုံလာရ
ခုကိစ္စလည်း အိမ်မက်ပမာ
ဖြစ်ပါစေလား ဖြစ်စေလား...........

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Wednesday, November 21, 2007

Exam Weeks Here စာမေးပွဲတွင်း ပုံရိပ်များ

"အဲဒီမှာပဲ အိပ်ကြတယ်။ ခေါင်းအုံးတွေ စောင်တွေလည်း ယူလာကြတယ်။ အိမ်ကို မပြန်ကြတော့ဘူး။ ဟုတ်လို့ဗျို့။ အဲလို ခုံရှာနေလိုက်တာ တချို့ အားတဲ့ ခုံကြ ကွန်ပျူတာ ကြိုးထိုးဖို့ ပလပ်ဂ် ပေါက် မရှိပြန်ဘူး။ ဒီလို နဲ့ ရှာလိုက်ရတာ သနပ်ခါး နဲ့ အိပ်မက်စိမ်းဆို လျှာတွေ ထွက်တဲ့အထိပဲ။ ဖိုးသား က တော့ ယောက်ျားလေး ဆိုတော့ မမောပါဘူးဗျာ။ နောက်ဆုံး တော့ လက်ချာခန်း (၆)ထောင့်က တိတ်ဆိတ် တဲ့ ဒီခုံလေးကို ရလိုက်တာ။ ခု ဒီခုံလေးပေါ်က နေ ဒီပို့စ် ကို ရေးနေတာလေ။"

ဒီနေ့ တော့ ကောင်းတမန် တို့ သူငယ်ချင်း သုံးယောက် စာပေါင်းကြည့်ကြတယ်။
ကောင်းတမန် ရယ်၊ သနပ်ခါးရယ်၊ အိမ်မက်စိမ်းရယ် ပါ။ ခု ကျောင်းမှာစာမေးပွဲတွင်းဆိုတော့ ကျောင်းသားအားလုံး စာစု ကြည့်နေကြတာ ဟိုနား တစ်စု၊ဒီနားတစ်စု နဲ့ အုပ်စုတွေ တော်တော်များတယ်။

ကောင်းတမန် တို့ တွေ လက်ချာခန်း(၆) ရဲ့ ထောင့်က ခုံတန်းရှည်လေး ကို မောင်ပိုင်စီး ထားလိုက်တယ်။ ဒီခုံရှည်ကို ရဖို့ တော်တော် လဲ လျှောက်ပတ်ရှာလိုက်ရတယ်။ ကျောင်းက အင်ဂျင်နီယာ ဌာန အနှံ့ပဲဗျာ။ ခုံတွေက တော်တော် များများ မအားကြဘူး။ အားလုံး က စာမေးပွဲတွင်းဆိုတော့ ခုံပြည့် နီးပါး စာကြည့်နေကြတာ။ တချို့ဆို စားစရာ သောက်စရာ တွေ ပါ ယူလာပြီး အဲဒီခုံတွေပေါ်မှာ နေ့ရော ညပါ စာကြည့်ရင်း နေကြတယ်။ အဲဒီမှာပဲ အိပ်ကြတယ်။ ခေါင်းအုံးတွေ စောင်တွေလည်း ယူလာကြတယ်။ အိမ်ကို မပြန်ကြတော့ဘူး။ ဟုတ်လို့ဗျို့။ အဲလို ခုံရှာနေလိုက်တာ တချို့ အားတဲ့ ခုံကြ ကွန်ပျူတာ ကြိုးထိုးဖို့ ပလပ်ဂ် ပေါက် မရှိပြန်ဘူး။ ဒီလို နဲ့ ရှာလိုက်ရတာ သနပ်ခါး နဲ့ အိပ်မက်စိမ်းဆို လျှာတွေ ထွက်တဲ့အထိပဲ။ ဖိုးသား က တော့ ယောက်ျားလေး ဆိုတော့ မမောပါဘူးဗျာ။ နောက်ဆုံး တော့ လက်ချာခန်း (၆)ထောင့်က တိတ်ဆိတ် တဲ့ ဒီခုံလေးကို ရလိုက်တာ။ ခု ဒီခုံလေးပေါ်က နေ ဒီပို့စ် ကို ရေးနေတာလေ။

စာကြည့်ရင်း တချက်တချက် မထိန်းနိုင်လို့ စိတ်မီးအိမ် ဥယျာဉ် နဲ့ မကြီးပါချူး ဘလော့ဂ်ကို လည်ဖြစ်သေးတယ်။ မကြီးပါချူးက အမှတ်တရ တန်ဆောင်တိုင် ဆိုပြီး တင်ထားပြန်ပြီ။ မကြီးပါချူးရေ ကောင်းတမန် တော့ ဖတ်ရင်း မယ်ဇလီဖူးသုပ်ကို မြင်ယောင်ပြီး သားရေကျလာပြီ။ ဒါပေမယ့် မကြီးပါချူး သရုပ်ဖော်ထားတဲ့ ခု ဒို့ခေတ်မှာ သုပ်စားဖို့ အချိန်တောင် မရလို့ မသုပ်ကြတော့ ဘူး ဆိုတာ ကို ဖတ်ပြီး စိတ်မကောင်းဘူးဗျာ။ တကယ်ကို ကျွန်တော် အပါအ၀င် အဲလိုဖြစ်နေတာ။ မကြီး ပါချူးရေ ကျွန်တော် ရွာမှာရှိတုန်းကတော့ တော်တော် ပျော်စရာ ကောင်းခဲ့တယ်ဗျာ။ အမေ နဲ့ သူ့မွေးချင်း မောင်နှမတွေ သုပ်ကျွေးတာ ကျွန်တော် တို့ မောင်နှမတွေ အပြိုင်အဆိုင်လုစားရင်း ဝေဖန် အမှတ်ပေးခဲ့ကြာတာ မှတ်မိသေးတယ်။ တန်ဆောင်မုန်းရဲ့ တိမ်ကင်းည လပြည့်ဝန်းဆို တာ ရွာမှာပဲ ခံစားလို့ ကောင်းတယ်ဗျာ။ ဆေးစွမ်းထက်တဲ့ လပြည့်ည သန်းခေါင် ကို စောင့်ပြီး စားကြတာ တော်တော် ပျော်စရာကောင်းတယ်။ သန်းခေါင် မရောက်မချင်း ဖိုးသားတို့ တော့ ရွာကစားနည်း တွေ ကစားကြခဲ့ဖူးတယ်။ ခုတော့ ဒါတွေကို ဘယ်လို များ ခံစားနိုင်ဦးမလဲ။ ဘ၀ က ဒီလိုပဲလား။ ဘ၀ကို ကျေနပ် ပျော်ရွှင်ဖို့ အချိန် နည်းနည်း ပိုပေးနိုင်ဖို့ပဲ အများကြီးကြိုးစားရဦးမယ်။

ဒီလို နဲ့ ၁၂ နာရီ ခွဲမှာ သနပ်ခါး နဲ့ အိမ်မက်စိမ်း က ထမင်းသွားဝယ် ဖို့ နဲ့ စာကြည့် တိုက် မှာ စာအုပ်သွားငှါးဖို့ တာဝန်ကျ လို့ ထွက်သွားပြီ။ ကောင်းတမန် က ဒီခုံလေး သူများ ဦးမသွားဖို့ ခုံစောင့် နတ်မှုးလေး တာဝန်ကျတယ်။ ခု စောင့် နေရင်း ဒီပို့စ် ကို ရေးနေတာဗျ။

ဟော ပြောရင်းဆိုရင်း သူတို့ ပြန်လာပြီ။ ထမင်းလွေးလိုက်ဦးမယ်။
……………………………………………………………………………….
စားလို့ တော့ ပြီးသွားပြီဗျာ။ ငါးဟင်းနဲ့ အားလူးထောင်းကြော်၊ ပဲပင်ပေါက်ကြော်၊ ပြည်ကြီးငါး၊ ဆိတ်သားဟင်း၊ ဘာပဲမှန်းမသိတဲ့ ပဲတစ်မျိုး နဲ့စားတယ်။ အားလုံး ၀ယ်လာသမျှတွေကို မျှဝေ စားကြတယ်။ ဟင်းပို စုံသွားအောင်လို့ပါ။ စားလို့ အဆင်ပြေပါတယ်။ ထမင်းဝိုင်းကတော့ ဖိုးသားတို့ အဖွဲ့ရဲ့ ထုံးစံအတိုင်း မြန်မာပြည်က ဟင်းတွေကို လွမ်းတဲ့ အကြောင်းနဲ့ တန်ဆောင်မုန်းလပြည့် ည ရဲ့ လမင်းကြီးကို အပြည့်အ၀ မခံစားရမယ့် အကြောင်း၊ မယ်ဇလီ ဖူးသုပ် ကို စာမေးပွဲကြောင့် သုပ်မစားနိုင်တော့ တဲ့ အကြောင်းတွေကို လွမ်းဆွတ်စွာ လုယက်ပြောရင်း နဲ့ သုံးယောက်တည်း စည်ကားနေခဲ့ပြန်တယ်။

ခုတော့ သနပ်ခါး နဲ့ အိပ်မက်စိမ်းလည်း သူတို့ စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေထဲမှာ ခေါင်းဝင် ပြီး စာကြည့် နေကြပြန်ပြီ။ ကျွန်တော် လည်း ဇီဝ စက်မှု ဘာသာ အကြောင်း ကြည့် နေတယ်ဗျာ။

ထမင်းရှိန်ကြောင့် အိပ်ငိုက်လာရင်တော့ www.youtube.com က မြန်မာသီချင်းတွေကို ခဏ နားထောင်ဖြစ်ဦးမယ်ထင်တယ်။ မြန်မာပြည်ကို ခဏဖြစ်ဖြစ် စိတ်ကူးထဲမှာ ပြန်ရောက်ချင်လွန်းလို့ပါဗျာ။

[+/-] အပြည့်အစုံသို့...

စိတ်မကောင်းခြင်း များစွာဖြင့်………….

သူငယ်ချင်းတို့ရေ …………..

ဝမ်းနည်းစရာ သတင်းလေးတခုကို ပြောပြချင်လို့ပါ

သူငယ်ချင်းဆိုတာ
ပျော်စရာဘဲဖြစ်ဖြစ်
ဝမ်းနည်းစရာဘဲဖြစ်ဖြစ်
မျှဝေခံစားရမယ်လို့ …
နားလည်ထားလို့ ပါနော်

ဒီနေ့ အရိပ်တို့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်အက်ဆီးဒင့်တခုနဲ့ 14 ရက်နေ့ကဘဲ ရုတ်တရတ်ဆုံးပါးသွားတယ်လို့ သိလိုက်ရတယ်လေ
သူကတော့ စောမင်းသန်းပေါ့ ကျောင်းတက်ခဲ့တဲ့ ကာလမှာတော့ 107 အဆောင်မှာ နေခဲ့တယ်လေ
ထိခိုက်မှုဖြစ်တာကတော့ ပခုက္ကူမှာပါ
မမျှော်လင့်ထားတဲ့ သတင်းတခုပေါ့နော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်
သခင်ဖိုးလှကြီးရဲ့ ရင်ခွင်ထဲက ထွက်လာခဲ့တဲ့ သားတစ်ယောက်ဆုံးရှုံးသွားပြီလေ……..
အရိပ်တို့လည်း အလုပ်တာဝန်အရ ကိုယ့်ကိုကိုယ်မပိုင်တော့ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရလိုက်ဘူးကွယ်…
ဆိုးဝါးလိုက်တဲ့ကံကြမ္မာပေါ့နော် ….. အခုချိန်မှာတော့ ကျောင်းတုန်းက ပျော်ခဲ့တာတွေကို မြင်ယောင်ရင်းနဲ့ဘဲ စိတ်မကောင်းဖြစ်နေရတော့တယ်လေ…
အင်းးးးးး ဥယျာဉ်ထဲမှာ ရှိနေတဲ့ ဥယျာဉ်မှူးတွေရော လာရောက်လေ့လာသူတွေရော စောမင်းသန်းဆိုတဲ့ မြို့ပြမေဂျာက သူငယ်ချင်းတစ်ယောက်ကို သိနေခဲ့မယ်ဆိုရင်တော့ သူက လောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို ၀မ်းနည်းမှုများစွာဖြင့် ပြောပြလိုက်တာပါ………….
အရိပ်တို့ သူငယ်ချင်းတွေလည်း လူ့ဘ၀မှာ ဘယ်အချိန်လောကကြီးထဲက ထွက်သွားရမယ်မှန်းမသိခင်မှာ ကောင်းတမန်ပြောသလိုပေါ့နော် ရတဲ့အချိန်လေးမှာ ဆုံတွေ့နိုင်ဖို့ ကြိုးစားကြပါလို့………. ဆန္ဒပြုပါတယ်နော်……………

အရိပ်

[+/-] အပြည့်အစုံသို့...

Tuesday, November 20, 2007

တွေးစရာ၊မေးစရာ (၁)

"စင်္ကာပူကျောင်းဆိုတာများ မြန်မာကျောင်းလို့တောင် ထင်ရတယ်။ များလိုက်တဲ့ မြန်မာတွေဗျာ။ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့ အသံတွေပဲ။ မြန်မာတို့ လည်း စင်္ကာပူမှာ မြင့်မားတဲ့ ဘ၀ ကို ပျော်ပါးရင်း မြန်မာပြည်ကို မေ့သွားကြမှာ အလိုလို စိုးရိမ်မိနေတယ်ဗျာ။"


စာမေးပွဲ ဖြေဖို့ စာထိုင်ကြည့်နေတာဗျာ။ကျောင်းမှာ။
ကျွန်တော်က ပျင်းတာနဲ့ စာကို အခန်းထဲ မကြည့် ပဲ လက်ချာ ခန်း တစ်ခု ရဲ့ ရှေ့ က ခုံတန်းရှည်ပေါ်ကို ထိုင်ကြည့်နေတာ။
ကုလားတစ်ယောက် နဲ့ မြန်မာ နှစ်ယောက် လည်း မျက်နှာချင်းဆိုင် ခုံမှာ စာထိုင်ကြည့်နေကြတယ်။
ဘေးကပ်ရဲ့ ခုံကနေ အီညောင် အီညောင် နဲ့ ပြောနေတဲ့ အတွဲ ဖုန်းဆက်သံက လည်း ကြားနေရတယ်။ ကောင်မလေးက လည်း မြန်မာကပဲ။ ဒီမှာ မြန်မာစကား ကြားလိုက်ရရင် ကျွန်တော် တော့ တော်တော် ၀မ်းသာမိတယ်။ ကောင်မလေးက သူ့ကောင်လေး ဆီကို ဖုန်းဆက်နေတာ။ ဒီလို မြင်ကွင်း ကြားကွင်း မျိုးက ဒီမှာ အရှားကလား။ ကောင်မလေး က ကျွန်တော် ထိုင်တဲ့ နေရာ နဲ့ သိပ်မဝေးတဲ့ ခုံမှာထိုင်ပြီးပြောနေတာ။ သူ့ကိုယ် သူ လည်း "သက်"ကလေ၊ "သက်"ကလေ လို့ ညွှန်းပြီး ပြောနေသံ ကြားရတယ်။ ရယ်တော့ ရယ်ရ ကလား။ သူ့က ကျွန်တော် ကို လည်း မြန်မာမှန်းမသိဘူးထင်တယ်(ကျွန်တော် ရုပ်က ကုလားရုပ် ပေါက်နေလို့ လဲ ပါမှာပေါ့ ဗျာ၊ သူများမပြောခင် ကြိုပြောထားတာ။)။ ကျွန်တော် က တော့ အေးအေး ဆေးဆေး ထိုင်နားထောင်နေလိုက်တယ်။ အသံ ၀ဲတာက တော့ မြိတ်သံ (သို့) ထာဝယ်သံ ၀ဲသလိုမျိုးပဲ ဗျ။
ဒါပေမယ့် မကြာလိုက်ဘူး။ ကိုရွှေမိုးက ရုတ်တရက်ကြီး သွန်းချလိုက်တယ် ဗျ။
သဲကြီးမဲကြီးပဲ။ နေလို့ ထိုင်လို့ တော့ တော်တော် ကောင်းသွားတယ်။ မိုးသံ၊လေသံကြားမှာ ကောင်မလေးအသံကို မကြားရတော့ဘူး။
ကန်တီးဘက် အဆင်း လှေခါးပေါ်မှာ လည်း ကျောင်းသူကျောင်းသားတွေ ဥဒဟို သွားလာနေကြတယ်။ ကြားရတာ မြန်မာစကားတွေပဲ။
"စင်္ကာပူကျောင်းဆိုတာများ မြန်မာကျောင်းလို့တောင် ထင်ရတယ်။ များလိုက်တဲ့ မြန်မာတွေဗျာ။ ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့ အသံတွေပဲ။ မြန်မာတို့ လည်း စင်္ကာပူမှာ မြင့်မားတဲ့ ဘ၀ ကို ပျော်ပါးရင်း မြန်မာပြည်ကို မေ့သွားကြမှာ အလိုလို စိုးရိမ်မိနေတယ်ဗျာ။"
မကြာဘူး။ စောစော က ဖုန်းပြောနေတဲ့ မမလေး ဖုန်းပြောပြီးသွားတော့ ဖိုးသား မနေနိုင်တော့လို့ သွားမေးကြည့်တယ်။ သူက တကယ် မြိတ်သူ ဖြစ်နေတယ်ဗျို့။ကျွန်တော်ကို မြန်မာမှန်းသိသွားတော့ သူ နည်းနည်းတော့ ရှက်သွားရှာတယ်။ ဒါပေမယ့်ဗျာ နောက် တဖြည်းဖြည်းရင်းနှီးလာတော့ သူ့အကြောင်း သူသေချာ ပြောပြတယ်။ သူက ဒီမှာ ကျောင်းလာတက်တာ ဒီစာသင်နှစ် မှ စတာတဲ့လေ။
စောစော က မျက်နှာချင်းဆိုင် စားပွဲမှာ ကုလား တစ်ယောက် နဲ့ အတူ စာထိုင်ကြည့်နေတဲ့ မြန်မာအတွဲ ထဲက ကောင်လေး ဟာ စောစောက ရန်ကုန် က ကောင်လေးကို ဖုန်းဆက်နေတဲ့ မြိတ်သူ ကောင်မလေး ရဲ့ မောင် တစ်ဝမ်းကွဲတယ့်ဗျာ။ ကျွန်တော် တော်တော်တောင် အံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တနေ့လုံး မှာ မောင်နှမနှစ်ယောက် စကားပြောတာ တစ်ခါ ပဲ တွေ့ရတယ်။ပြီးတော့ ဒီနေရာ မှာ သူတို့ အမှတ်မထင်တွေ့ကြတာတဲ့လေ။ ကောင်လေးက ကောင်မလေး ကို "အမ ထမင်းစားပြီးသွားပြီလား" တဲ့။ ဒီတစ်ခွန်းပဲ။ ကောင်မလေး ကလည်း စားပြီးပြီတဲ့။ ဒီတစ်ခွန်း ပဲ ပြန်ဖြေတယ်။
ကျွန်တော်လည်း တော်တော် စိတ်ဝင်စားသွားလို့ မေးကြည့်မိတယ်။ အမ လုပ်သူ ပြောလိုက်တာက ခပ်ရှင်းရှင်းပဲ "သူတို့တွေက ရေကြည်ရာ မျက်နုရာ ကို ရှာရင်း နဲ့ စင်္ကာပူ မှာ အခြေချ နေထိုင်လာတာတော်တော် ကြာနေပြီ။ ဒါကြောင့် မောင်နှမတွေ သိပ်မရင်းနှီးဘူးတဲ့။ သူတို့ အိမ်ဆို သွားတောင် မလည်ဘူး။ငယ်ငယ် ကတည်း က သူတို့ ပြောင်းသွားကြတော့ မရင်းနှီးကြတော့ဘူးလေ။သူတို့ က လည်း အမျိုးမမက်ပါဘူး။ ခုတောင် မတော်လို့ မျက်နှာချင်းဆိုင် တွေ့လို့ နှုတ်ဆက်ဖော်ရတာလေ။" တဲ့လေ။
အင်း ကျွန်တော် စဉ်းစားကြည့်တယ်ဗျာ။ မြန်မာ့ လူအဖွဲ့အစည်း ဟာ အနည်းနဲ့ အများတော့ ပုံသွင်းခံနေရပြီဆိုတာ။ မောင်နှမဆို တာ နှစ်ဝမ်းကွဲ၊သုံးဝမ်းကွဲတောင် အရင်းချာလို ရင်းနှီးကြတာ ချစ်စရာ မြန်မာ့ ဓလေ့လေ။ ခုတော့ ဘယ်လိုများလဲဗျာ။
ဒါတွေ တွေးရင်း တွေးရင်း နဲ့..................................................။


[+/-] အပြည့်အစုံသို့...

Sunday, November 18, 2007

Making an embankment: ယာ ကန်သင်း တစ်ခု တည်ဆောက်ခြင်း

"More exactly, it is in an arid zone of our country. Summers are the hottest and rainfalls are the lowest in my village during the whole year around. Farmers in our area work all year around: winter, summer and rainy season. I did so too till I finally left my village for higher education. I would like to share one of my family activities on the farm during my farmer days in my village. Actually that instant of time I am going to share with you is my most missing part of life whenever I experience heavy rain in whatever place I am and however far I am from my native village. This morning rain here urged me to write this post to share my family farm life with you all."

There is a frequent rain here during these days. Actually I have not explored how many seasons they have here. But for this time of the year there is a random visit of rain here mostly during the night and in the early morning.

This morning the rain said its early-morning hello to us here again. It is quite a heavy rain. I felt the coldness by the rain when I wrapped up myself in my blanket. I could hear the sound of rainwater dropping on the roofs and ground. But this sound here is not so beautiful unlike the sound I had heard on my cottage house when I was in my village with my family. My native village is in the up country of Myanmar. More exactly, it is in an arid zone of our country. Summers are the hottest and rainfalls are the lowest in my village during the whole year around. Farmers in our area work all year around: winter, summer and rainy season. I did so too till I finally left my village for higher education. I would like to share one of my family activities on the farm during my farmer days in my village. Actually that instant of time I am going to share with you is my most missing part of life whenever I experience heavy rain in whatever place I am and however far I am from my native village. This morning rain here urged me to write this post to share my family farm life with you all.

When I am thinking to share that part of my life which I called as my farmer days, I have noticed that I should point out how rainwater is so important for the farmers in arid zone to get a successful cropping and harvesting. Since we have the lowest rainfall in our village, farmers always long for and value the rare heavy rain in our Anyar Myay ( the up country land). Some years we don't have any rainfall the whole year around. Some years, there are two or three times visit of rain, which are not enough to get a successful plantation and harvest. For the lower part of our village, we can still get some good harvesting seasons by the help of the River Irrawaddy sweeping its water to our fields and leaving enough layer of good-fertilizing soil on our fields and enough water content or moisture content in the soil to some depth of soil or ground, which can guarantee a successful harvest time for us. But the River Irrawaddy can never reach to the upper part of our village. Moreover during my farmer days, there was no technology yet to make effective use of underground water. Therefore the rainwater become the only source we have to rely on for getting a good seeding and planting of crops on our upper farms.

Therefore even one time heavy rain in our land is very important for us. No farmer will not let this water wasted. All have to capture the biggest amount of rainwater in their farm during this scarce coming of rain fall. Some years, when we have plantation ready to give its buds and flowers which will support us the good harvest time, no rain falls. As a result, there are no successful budding and flowering. Both we farmers and our friends plants are waiting for the rain to come and refresh us. If finally the rain come, all of the farmers from our village have to run to their farms with farm equipment on their shoulders to capture a stream of rainwater in their fields. That does not exclude me and my family. I want to recall my memories of that time with my two sisters. When there was a heavy rainfall after the continuous lack of rain, we ran to our fields to collect rainwater in our field.

Our field is located near the bottom of a small mountain ranges. So whenever there is a heavy rain, a stream of rainwater collected from each mountain passes through our farm. When we got to our farm, the stream had not reached to our farm. So we had enough time to prepare a bank of earth to intermit the flow when it came. The rain became heavier and heavier. We got so cold while we were trying to make a good embankment. We dug up the earth and put it on the embankment to make it stronger and stronger. As soon as we thought our embankment was strong and high enough to stop the flow of mountain water, the stream got at our farm. We excitingly waited for the stream to get at our embankment on a perpendicular line on our farm. Finally it arrived at our embankment. But since the flow encountered intermittence, the mountain water kept on flowing all around our farm sinking deeply to the underground. But the rain got even heavier to a greater degree. The stream of water became stronger and its speed became uncontrollable. This was demanding me and my two sisters to mend more earth to the embankment. So we dug more earth and mended the embankment. But when the water was so strong, we lost our control. Water level became higher than the height of embankment. Some leaked through the embankment. Some flowed over it. Finally we totally lost our control. Stronger stream of mountain water broke down our embankment finally at all places. But at least we had let the water be sipped in the deeper soil, which can guarantee us a good harvest time.

Plants immediately gave out their buds and flowers because of rain and rainwater. Forest on the mountain ranges became greener. Arid zone was totally changed into a green land for a very short part of the season. How beautiful this part of my life. I really did not notice at that time I did enjoy my family life and my farmer days fully to make an embankment that would strengthen the kinship between me and my sisters. But I hope and I will always try to make this embankment of our kinship never be broken down by the streams of life called stresses, strains, and Law-ka-Dan (sufferings from life).

Whenever it rains hard again, wherever I am, I want to get back to my village to make an embankment for our family farm to get a successful harvest of our new generations: my children and my two sisters' children.

[+/-] အပြည့်အစုံသို့...