စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, December 12, 2007

ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ

လိုင်းပေါ်က ပထမဆုံး မွေးနေ့ပွဲလေး….။
မထင်မှတ်ဘူးဗျာ…။ ညက လိုင်းပေါ်တက်လာတော့ အစီအစဉ်မှုးကြီး အရိပ် က တကယ်ကို စနစ်တကျ မွေးနေ့ပွဲ ကို ဖွင့်နေတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း လိုင်းပေါ်မှာ ဆုံနေတဲ့ အနတ္တ၊ အိပ်မက်စိမ်း နဲ့ ရွှေအိမ်စည် တို့ နဲ့အတူ လက်ခုပ်တဖြောင်းဖြောင်းနဲ့ အရိပ် က ဟန်ကြီးပန်ကြီးနဲ့ ဆိုတဲ့ အဖွင့်စကား ကို တက်ရောက်အားပေးလိုက်တယ်ဗျာ။ ကျေးဇူးဗျာ အရိပ်..။ အဖွင့်စကား ပြောပေးတဲ့ အတွက် ရော…။ အစီအစဉ်မှုးကြီး လုပ်တဲ့ အနေနဲ့ရော..။ လက်ဆောင်ပို့စ်လေး တင်ပေးတဲ့ အနေနဲ့ရော..။
ဒါနဲ့ ဗျာ…ဥယျာဉ် ထဲ မှာ ဧည့်ခံရေးတာဝန်ကျတဲ့ ကိုအနတ္တ ဘာတွေ များ စီစဉ် ဧည့်ခံနေလဲသိချင်တာနဲ့ ဥယျာဉ် အနှံ့ လျှောက်လည်ကြည့်တာပေါ့။ တကယ်ပဲဗျာ……ဥယျာဉ်ထဲ မှာ မီးရောင်စုံတွေ၊ပန်းရောင်စုံတွေ နဲ့ အခမ်းအနားကို ပြင်ဆင် ထားတာ တွေ့လိုက်ရတယ်။ပြီးတော့ ကိုအနတ္တက ဥယျာဉ်အတွက် မြေနည်းနည်း ထပ်တိုးဝယ်ပြီး အပင်သစ်တွေကို ဖိတ်ခေါ်စိုက်ပျိုးထားတာလည်း တွေ့ရတယ်။ အဲဒီ အပင်သစ်လေးနာမည်က ရွှေအိမ်စည်တဲ့…..ဗျ။ ကောင်းတမန်တော့ မွေးနေ့ လက်ဆောင် ရလိုက်တဲ့ အပင်လေးရဲ့ အသီးအပွင့်တွေကို အကုန် လိုက်ပြီး ခံစားပစ်လိုက်တယ်ဗျာ။တော်တော်ချိုတယ်ဗျ။ အရသာကတော့ စံချိန်မှီပဲ..။ ဒီလို နဲ့ ကိုအနတ္တ လည်း မမောနိုင်၊ မပန်းနိုင် နဲ့ လာတဲ့ ဧည့်သည်တွေကို နှုတ်ဆက်၊ မလာသေးသူတွေကို မျှော်ရနဲ့ဗျာ…။တကယ်ကို မွေးနေ့ က စည်းစည်းကားကား ဖြစ်သွားတယ်။
ဒါပေမယ့် ဗျာ………….။
မကြီးရဲ့ ကျွေးမွေးပွဲက မလာသေးတော့ ဧည့်သည်တွေလည်း ခပ်တည်တည်ပဲပေါ့။ တချို့ က တော့ စားပွဲတွေမှာ နေရာ အကျသားယူပြီး မကြီးရဲ့ အစားအသောက်တွေ အလာကို ဗြောင် အော်ပြီး စောင့်နေတယ်။ တချို့ ကတော့ အစားအသောက် ကို စောင့်ရမှာ ရှက်သလိုလို နဲ့ ဥယျာဉ်ထဲ မှာ ဟိုလူနှုတ်ဆက်သလို ဒီလူ နှုတ်ဆက်သလို လုပ်နေတယ် (တကယ်က သူတို့ က ပိုပြီး မကြီးကို မျှော်နေတာ…အကြံတူချင်းဆိုတော့ ကောင်းတမန် က အကဲခတ်တတ်တယ်ဗျ..ဟဲ..ဟဲ)။ဥပမာ…အိပ်မက်စိမ်း…။ ရွှေအိမ်စည် ဆို လက်ဆောင်လေး ကို ကိုအနတ္တရဲ့ ဧည့်ကြိုစားပွဲ (တကယ်တမ်းက….မွေးနေ့ရှင်တွေ အတွက် သူတောင်းစား စားပွဲ) ပေါ်မှာ တင်ထားပြီး ခပ်တည်တည် နဲ့ ဥယျာဉ်ထဲ လျှောက်ဝင်သွားတယ်။ ပြီးမှာ အနတ္တက ရေးကြီးသုတ်ပျာ နဲ့ လိုက်တောင်းပန်သံကြားနေရတယ်။ မကြီးမလာသေးလို့ အစားအသောက် အတွက် စောင့်ပေးပါဦးတဲ့ဗျာ……။ ကျွန်တော်တို့ကတော့ ခပ်တည်တည်ပဲ။ မွေးနေ့ရှင်တွေလုပ်ပြီး ဘာတာဝန် မှ မယူတဲ့အပြင် အကြောင်းကြောင်းကြောင့် လစ်ဟင်းရတဲ့ အစီအစဉ် တွေ အတွက် မတောင်းပန် ပဲနဲ့ ရုပ်တည်ကြီးနဲ့ နေနေလိုက်တယ်ဗျာ…..။
ဒီလို နဲ့ လူတွေ တော်တော် များပြီး စည်ကားလာတဲ့ အချိန်မှ ကျွန်တော်အမှတ်ရလို့ တိုက်ပုံအင်္ကျီ ပြေးဝတ်လိုက်ရသေးတယ်။ ရခိုင်လုံချည် အသစ်က လမ်းလျှောက်တိုင်း တုတ်ပြီး တခွမ်းခွမ်းနဲ့။ တကယ် ကို ဟန်ကြီးပန်ကြီးပဲ…။ကိုယ့်ကိုယ်ကိုတောင် ကြိတ်ရယ်မိတယ်။ ဘာလိုလိုကြီးပေါ့ ဗျာ….။ဒါပေမယ့် မကြာဘူး……။ မျက်နှာပိုး ပြန်သတ်ပြီး ရုပ်တည် ပြန်လုပ်ရတယ်။ အင်း……..တိုက်ပုံဝတ်ထားတာ မှန်သွားတယ်ဗျ…။ကိုအနတ္တ က တော်တော်လေး impression ရ (တကယ်က အမြင်ကပ်တာနေမှာပါဗျာ..) ပြီး ကျွန်တော့် ဆီလာတိုင်ပင်တယ်။ ပိုစည်ကားအောင် မွေးနေ့ အမှတ်တရ ဧည့်ခံရေးမှာ ဖျော်ဖြေပွဲ တစ်ခုခု ထည့်ရမလားလို့ တဲ့။ ကျွန်တော်က နဂိုကတည်းက ရွာသားလေဗျာ။ ပြောလာတာ နဲ့ ကျွန်တော် သူ့ကို ချမ်းသာ တို့ ဇာတ်အဖွဲ့ငှားပြီး နှစ်ည လောက် ကခိုင်းမလားလို့ အကြံပေးတယ်။ ဘာပဲပြောပြော နည်းနည်း မြန်မာဆန် ရင် နည်းနည်းပေါ့။ သဘင် ကို မခံစားရတာလဲ ကြာပြီပေးကို။ ဒီလို နဲ့ အနတ္တ လည်း အစီအစဉ်မှုး(တယ်လီဖုန်း အော်ပရာ) အရိပ်ကို ချမ်းသာ တို့ ပွဲကန်ထရိုက်ဆီ ဖုန်းဆက်ခိုင်းတယ်။ အရိပ်က လည်း ခပ်သွက်သွက်ပဲ။ ဖုန်းခွက်ကို ကောက်ပြီး ချက်ချင်းပဲ ဆက်သံကြားလိုက်တယ်။ ဒါပေမယ့် ကိုချမ်းသာဆိုတာ နာမည် ကလည်း သိပ်ကြီးသမို့ ပွင့်လင်းရာသီမှာ ပွဲစိပ်နေလို့ မလိုက်နိုင်ဘူးတဲ့ဗျာ……။ ဆိုကရေးတီး မှာလည်းသူမှ သူပဲတဲ့ဗျာ……။
အင်း…….ဒီလိုဆိုတော့ လွယ်လွယ်လေးပဲဗျာ..။ ပိုမြူးအောင် ခေတ်လူငယ်တွေ ငှားမယ်ပေါ့။ ကျွန်တော် က အနတ္တကို အကြံပေးတယ်။ တင့်တင့်ထွန်း စတိတ်ရှိုးထည့်မလားပေါ့……(ဟီး…….ဟီ…….ကိုကို နဲ့ တွဲ ကလိုက်ချင်ရဲ့ လို သီချင်းထဲက လို ပြောမလားလို့……..)။ ဒီနေရာမှာတော့ ကိုအနတ္တ က ကောင်းတမန် ထက် ပြေးတယ်ဗျို့……….(ပြေးဆို မမှီလိုက်လို့ ဆိုက္ကားငှားပြီးလိုက်ရတယ်.)။ သူက တင့်တင့်ထွန်းက ဘွားတော် ဖြစ်နေပြီ..။ ခုခေတ် လူငယ်တွေဆို ပိုကောင်းတယ်ပေါ့။ ဧည့်သည်တွေအတွက် ပိုပျော်အောင် စီစဉ်ရတာပေါ့တဲ့။ (တကယ်ကတော့…..ဘယ်သူ့အတွက်လဲ ..သိဘူးဗျ)။ ဒီလို နဲ့ သူက အကြံပေးတယ် ..၀ိုင်းစုခိုင်းသိန်းတို့ နှင်းဆီနက် တို့ စတိတ်ရှိုးကို ကန်ထရိုက်ဆွဲမလားပေါ့.။ နိုးအဖွဲ့ဆို လည်း မဆိုးဘူးတဲ့။ လား……….လား……….မွေးနေ့ပွဲအတွက် အဲလောက် အကုန်ကျ ခံနိုင်ပါ့မလား။ လောလောဆယ် တော့ ကောက်ထားတဲ့ တခြား ရံပုံငွေထဲက ပဲ လူကြီးပီပီ ခဏလိုလို သုံးပြီး ပြန်မပေးပဲ ထားရမလားပေါ့။ အနတ္တ နဲ့ ကြိတ်ပြီး တိုင်ပင်တယ်။ ဒါမျိုးဆို အနတ္တ နဲ့ ကောင်းတမန် က ကျောင်းကတည်းက နှစ်ခါ မတိုင်ပင်ရဘူးလေ။
ဒါတောင် ဟို ဘုရားဒကာကြီး ခိုင်မြဲ က မလာသေးလို့။ သူက တိုက်ပုံ ပျောက်နေလား။ ဘာလားတော့ မသိဘူး။မွေးနေ့ရှင်လုပ်နေပြီး ခုထိ မလာသေးဘူးဗျို့ ။ စတာပါဗျာ။ ရံပုံငွေထဲက မသုံးပါဘူးဗျာ။ ဒီလို ပွဲရှိရင် သုံးဖို့ စုထားတာလေး ထုတ်သုံးမယ်ပေါ့။ လိုင်းပေါ်မှာ ဘယ်လောက် မှ ကုန်တာမှ မဟုတ်တာ.ဟဲ….ဟဲ။ ဒီတော့ အားလုံး ကိုမေးရတယ် ဒီကိစ္စ သဘောတူလားပေါ့။ ဒါပေမယ့် အရိပ် တို့ အဖွဲ့ကတော့ ခပ်ရှင်းရှင်းပဲ။ စိုင်းစိုင်း၊ကျားပေါက် နဲ့ ရဲလေး တို့ဘာတို့ မပါရင် ၀ိုင်းစု တို့ကို လည်း လက်မခံဘူးတဲ့ ကန့်ကွက်တယ်တဲ့။ ဒုက္ခပဲဗျာ…….။ အနီးဆုံးလူ အစီအစဉ် မှုးက အရင်ထောင်းနေပြီ။ ဒီတော့ လည်း ရုပ်တည်ပေါ့။ အစားအသောက် မှာရင်း ခရီးလွန်နေတဲ့ မကြီးကို ဆုံးဖြတ်ခိုင်းမယ် ဆိုပြီး ပုံချလိုက်တယ်။

သူ့ကို စောင့်နေတာ ခုထိပဲ။ မကြီးလာမှ သူ့ဆုံးဖြတ်ချက် အတိုင်း လုပ်ကြတာပေါ့။ မကြီးကို တွေ့ရင် ကိတ်မုန့် ၀ယ်ခဲ့ပါဦးလို့။ မေ့နေမှာစိုးလို့…..။ ခိုင်မြဲ နဲ့ သစ္စာ လည်း မြန်မြန် ထွက်ခဲ့ဗျာ.။ ဒီမှာ ဧည့်သည်တွေက စောင့်နေတာ။ ဆုတောင်းပေးချင်လို့တဲ့။ အင်း မလာသေးတဲ့ သူတွေ ဘယ်သူတွေကျန်သေးပါလိမ့်ဗျာ.။ မပိစ်၊မစံပယ်၊ကိုရေအိုးစင်၊ကိုငြိမ်းချမ်းရေး၊အိပ်မက်စိမ်း၊သနပ်ခါး၊ ညီငယ်သန့်စင်၊ ညီမငယ် သဇင်၊ ညီငယ်အုန်းဇင် နဲ့ အားလုံး လာလည် ဖို့ ဖိတ်ခေါ်တယ်ဗျာ။ တကယ် က မွေးနေ့ လက်ဆောင် ပို့စ် လိုချင်လို့.ဟဲ…..ဟဲ။ သူတို့တွေက အတွေ့အကြုံရှိသူပီပီ အစားအသောက်က နောက်ကျ တတ်မှန်း သိလို့ မကြီး နဲ့ ဆက်သွယ်ပြီးမှ မြန်းလာတော့မယ်ထင်တယ်။ နောက်အသစ်ရောက်တဲ့ ကိုကြီးကျော်ရော ကြိုဆိုပါတယ်ဗျာ။ စိတ်မီးအိမ် ကို ဥယျာဉ်မှုး လုပ်ပေးပါဦးဗျို့…။ လောလော ဆယ်တော့ မကြီးရေ ..မြန်မြန်လာ……ပါတော့……….။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

3 comments:

အရိပ် said...

ဟေးးးးးးးး ကောင်းတမန်ရေ မထူးတော့ပါဘူးဟာ ဘာမှ ဌားလို့မရရင်လည်း မွေးနေ့ရှင်ကိုယ်တိုင်ဘဲ တက်ပြီး လုပ်လိုက်စမ်းပါ.. ငါကတော့ အားပေးနေတယ်နော် ရေသန့်ဗူးအခွံတွေစုထားတယ်လေ ဟဲဟဲဟဲ

Thein Min Htike said...

ဟား........ဟား...

ပရိတ်သတ် က ခဲမလောက် အောင် အားပေးနေတော့လည်း လုပ်ရချီသတေးပေါ့ဟာ........။


"လွမ်းရိတ်ဝေ သော နွေဦးည များမှာ ကျောင်းနေတုန်းက မြသည်းညှာ၊
စိတ်မစွဲပါပဲ အတိတ်ထဲမှာလဲ ဝေခွဲ၍ပေါ်လာ၊
ထိုအခါ သူနေလည်း ကျောင်းနေစဉ်၊
သူစုထားတဲ့ မုန်းဖိုးလေးနဲ့ ၀ယ်ကျွေးတဲ့ အရသာ ကိုယ် မမေ့သည်၊
အဲဒီတုန်းက ခေတ်အစားဆုံး သီချင်းလေး တစ်ပုဒ် ကို ချစ်သူရှိရာ ညညခါ သွားသွားဆို ၊ ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ"




"ညနေခင်းရဲ့ လေပြေထဲမှာ
မင်းဆံနွယ် တွေ အတောင်ဖြန့်တဲ့အခါ၊
ပန်းပွင့်ကလေးတွေ ရှက်သွေးဖြာ၊
ကျေးငှက်ကလေး တွေ တေး မဆိုတော့ပါ ဟိုမှာမျက်ခင်းစိမ်းများ ဦးညွှတ်လို့
မေလာရာလမ်း ခင်းပေးကြမှာ ၊
စမ်းချောင်းကလေး တွေတောင် ငိုနေပြီကွာ၊
မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အ၀ါ"

အနတ္တ said...

ကောင်းလိုက်တဲ့သီချင်းဗျာ အသံမကြားရလို့လားမသိဘူး……… ဟီဟိ