စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, March 30, 2008

“ ဝန်ခံပါသည် ”

တနေ့က ...
ယဉ်ယဉ်ဟု သူ့ကိုယ်သူခေါ်သော၊ ကျနော် တစ်ခါမှ မမြင်ဘူးသော ကောင်းမလေး တစ်ယောက်က စိတ်မီးအိမ်ကို ဝင်လည်ပြီး .. ကျွန်တော့်ကို မေးပါသည် ... “ ဒီစာတွေက ကိုခိုင်မြဲရေးတာတွေလားတဲ့” ..။
“ ဟုတ်လည်းဟုတ်တယ်.. မဟုတ်လည်း မဟုတ်ဘူး ” လို့ ပြန်ဖြေလိုက်ပါသည်.။

အမှန်လည်း ဤအတိုင်းပင်ဖြစ်ပါ သည်။ ရှင်းပြပါမည်..။ ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ စာအုပ်တစ်အုပ်ကို ကြိုက်မိပြီဆိုလျှင် .. အကြိမ်ပေါင်းများစွား ဖတ်လေ့ရှိပါသည်..။ ကျွန်တော့် အကြိုက်ဆုံးစာအုပ်များထဲတွင်
ဆရာ မောင်ပေါ်ထွန်း ဘာသာပြန်ထားရေသားထားသော.. “ စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ” ဆိုသော စာအုပ်မှာ ရှေ့ဆုံးမှပါဝင်ပါသည်.။ မူရင်း အင်္ဂလိပ်စာအုပ် အမည်မှာ "Calm" ဟူ၍ဖြစ်သည်။ နှစ်လက်မ ပတ်လည် အိတ်ဆောင်စာအုပ်လေးဟု ဆိုပါသည်..။ ထိုစာအုပ်ကို ကြိုက်လွန်းသဖြင့် သုံးအုပ်ဝယ်ပြီး နှစ်အုပ်ကို သူငယ်ချင်းနှစ်ယောက်ကို လက်ဆောင် ပေးခဲ့ပါသည်..။ ကျန်တစ်အုပ်ကိုတော့ အိပ်ယာဘေးမှာ ထားပြီး ညအိပ်ယာဝင်တိုင်း ဖတ်သည်..။ မနက်အိပ်ယာထ အိပ်ယာထဲမှာပင် ဖတ်သည်..။ သည်လိုနှင့် စာတွေလည်း အလွတ်နီးပါ ရလာပြီး .. နောက်ပိုင်း စာအုပ်ကို သွားလေရာ သယ်သွားရင်း နှင့် ဘယ်နေရာတွင်မေ့ကျန်မိခဲ့မှန်း မသိတော့ပေ ..။ စိတ်မကောင်းစရာပင် .။
သွားတိုင်း သယ်သည်ဆိုသည်မှာ ညအိပ်ခရီးကို ဆိုလိုပါသည်..။
ဤစာအုပ်ကို စာအုပ်ဆိုင်တွေရောက်တိုင်း ပြန်ရှာနေသည်မှာ တစ်နှစ်ကျော်ခဲ့ပါပြီ ..။ အသစ်ပြန်မထွက်တော့ပေ..။

သို့သော် ..
စာအုပ်ပျောက်သွားသော်လည်း .. စာများကို ပြန်လည် အမှတ်ရနေဆဲပင်..။ ထို့ကြောင့် စိတ်မီးအိမ်မှာ မူလစာအုပ်အမည်အတိုင်း “စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ” ဟူ၍ပြန်လည်ဖေါ်ပြပါသည်..။
“လက်ပတ်နာရီကို ရောင်းပစ်လိုက်ပါ၊”၊ “ဖိနပ်ချွတ်ထားပါ” နှင့် “ချစ်တင်းနှောပါ” စသော စာသားများမှာ မူလအတိုင်း မှတ်မိသမျှ ပြန်လည် ဖေါ်ပြပါသည်.။ ထို့ကြောင့် .. “ဟုတ်လည်းဟုတ်တယ်” ဟု ပြောရခြင်းဖြစ်သည်..။ “ မဟုတ်လည်း မဟုတ်ဘူး” ဆိုသည်မှာ .. “ငှက်လိုကျင့်ပါ”၊ “ဖြေးဖြေးလျှောက်ပါ” နှင့် “စနစ်တကျရှုပ်ပါ” စသည်တို့မှာ ကိုယ်တိုင်ကြုံတွေ့ရသည်တို့မှ ရေးသားထားခြင်းဖြစ်သောကြောင့်ပင်..။


ခိုင်မြဲ

မှတ်ချက်။ ။ အကယ်၍များ စာဖတ်သူမိတ်ဆွေ တစ်နေရာရာတွင် မောင်ပေါ်ထွန်း၏ “ စိတ်တည်ငြိမ်မှု စိတ်ချမ်းသာမှူနှင့် ဘ၀အောင်မြင်မှူ ” စာအုပ်ကို တွေ့ရှိခဲ့ပါက ... ကျွနိုပ်အား တစ်အုပ်လောက် လက်ဆောင်ပေးပါရန် .. မေတ္တာရပ်ခံအပ်ပါသည်..။ ကျေးဇူး အထူးတင်ပါမည် ..။

[+/-] အပြည့်အစုံသို့...

Wednesday, March 26, 2008

ကိုယ့်ကိုယ်ကို လိမ်ပါ

တဏှာရာဂသည် မေတ္တာရောင်ဆောင်ပြီး လူကို လိမ်သည်။
မေတ္တာ နှင့် တဏှာ ဟာ ခြားနားပေမယ့်
လူဟာ အတူတူပဲ လို့ ယူဆပြီး ကိုယ်ချစ်တဲ့ သူ့အတွက်ထားတဲ့
တဏှာကို မေတ္တာလို့ လိမ်ထားလိုက်တယ်..။
လိမ်မယ်ဆိုလည်း လွယ်လွန်းလှသည်..။
ကိုယ်ချစ်တဲ့သူ အတွက်ဘာမဆို ပေးချင်တယ်။
စေတနာပိုတယ်..။ သူ့အကျိုးကို လိုလားတယ်..။
ဤစိတ်သည် မေတ္တာနှင့် ဆင်တူနေသောကြောင့်ဖြစ်သည်..။
ထို့ကြောင့် မေတ္တာအရောင်ဆောင် စကားလိမ်များကိုသာ သုံးနေကြလေသည်..။
သို့သော်လည်း ...
ကျွနိုပ်တို့ လူသားများသည် ဤစကားမျိုးကိုသာ နှစ်သက်ကြပါသည်..။


ခိုင်မြဲ

စကားချပ်။ ။ကျွနိုပ်ကိုယ်တိုင် လိမ်ဖို့ အကြိမ်ကြိမ် ကြိုစားခဲ့ ရာ မအောင်မြင်သေးပါ..။

[+/-] အပြည့်အစုံသို့...

Thursday, March 20, 2008

“ မကြာခဏ ခေါင်းဖြီးပါ


ခေါင်းဖြီခြင်းဖြင့် ....
သင်၏ အမြင်အာရုဏ်တွင် ရှင်းသန့် သွားသကဲ့သို့
ခေါင်းဖြီးစဉ် ဦးခေါင်းပေါ်ရှိ အနှိပ်ခံပွိုင့်များကို
ဖြတ်သန်းသွားသောကြောင့် ..
သင်၏ ဦးနှောက်လည်း ကြည်လင်လန်းဆန်းလာပေမည်။
ဦးခေါင်းပေါ်ရှိ အနှိပ်ခံပွိင့်များကို နှိပ်နှယ်ပေးခြင်းဖြင့် ..
သင်၏ တစ်ကိုယ်လုံးထူးခြားစွာ အားပြည့်လန်းဆန်းလာပေမည်..။

ခိုင်မြဲ

စကားချပ်။ ။ သင်စိတ်ဖိစီးမှူဒဏ်ခံစားရသော အခါ ဦးခေါင်းကို လက်ဖြင့် ကုတ်၍ ပွတ်သပ်ခြင်းများပြုလုပ်မိလေ့ရှိသည်။ ၄င်းသည် စိတ်ဖိစီးမှူဒဏ်ပြေပြောက်စေရန် အတွက် မသိစိတ်၏ စေ့စော်မှူဖြင့် ဦးခေါင်းပေါ်ရှိ အနှိပ်ခံပွိုင့်များကို လိုက်လံနှိပ်နှယ်နေခြင်းသာဖြစ်သည်ကို လူအများ သတိမပြုမိပေ...။





[+/-] အပြည့်အစုံသို့...

Tuesday, March 18, 2008

လောကဓံ




လေတိုက်တိုင်းသာ ပန်းတွေကြွေရင်..

ဘယ်မှာပန်းတွေကျန်တော့မလဲ။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုမယ်ဆိုရင်..

ဘယ်မှာမြေကြီးကျန်တော့မလဲ။

ဆုံးရှုံးတိုင်းသာ ငိုရမယ်ဆိုရင်...

ဘယ်မှာ မျက်ရည်ကျန်တော့မလဲ…

အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, March 16, 2008

ဘာကြောင့်လဲ (သို့ / or ) Why ?


ဘာကြောင့်လဲ (သို့ / or ) Why ?

သန့်စင်ခန်း သွားပါရစေလို့ ရိုးရိုးလေး ပြောမယ့်စကား ..
ဘာ့ကြောင့် Toilet သွားမယ် လို့ ပြောနေကြတာလဲ။
တောင်းပန် ပါတယ် လို့ ပြောမယ့်အစား ..
ဘာ့ကြောင့် Sorry ဖြစ်နေတာလဲ။
ရပါတယ် အစ်ကို လို့ပြောမယ့် အစား...
ဘာ့ကြောင့် Brother ဖြစ်သွားတာလဲ။
အဲဒီလို ဆိုရင်.....
ပိုပြီး ယဉ်ကျေးလာလို့လား..
ဒါမှ မဟုတ် ပိုပြီး ပညာတတ်တယ်လို့ အထင်ခံရလား..။
ကျွန်တော် .. မှားသွားရင် ..
Sorry ပါ.. Brother ရာ..။
ကျွန်တော် Toilet ခဏသွားချင်လို့..
Bye Bye...
ခိုင်မြဲ


[+/-] အပြည့်အစုံသို့...

Wednesday, March 12, 2008

“ အကသင်ပါ”



“ အကသင်ပါ ”
ကခုန်ခြင်းသည် .....
ရူးမိုက်ခြင်းတစ်ခု ဖြစ်သော်လည်း
မဖြစ်မနေ ကခုန်ရန် လိုအပ်လာသောအခါ
အကောင်းဆုံးကတတ်ရန် အရေးကြီးလေသည်။
တခါတရံ ...
ကြမ်းကြမ်းရမ်းရမ်း လှည့်ပတ်ကခုန်ခြင်းသည်
အပြင်းထန်ဆုံးသော ..
သောကစိတ်ကိုပင် ပြေပျောက်စေပါသည် ..။
ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Thursday, March 6, 2008

“ စနစ်တကျ ရှူပ်ပါ”


“ စနစ်တကျ ရှူပ်ပါ”
ရုပ်ဝတ္ထုပစ္စည်းများ ရှူပ်ထွေးပြန့်ကျဲနေမှူသည်
ဘဝ၏ ရှူပ်ထွေးတင်းကြပ်မှူကို အားဖြည့်ပေးသည်..။
သင်၏ အခန်းအတွင်း စနစ်ကျ သပ်ရပ်နေပါစေ။
သို့သော် ...
သင်၏ ဖတ်လက်စ စာအုပ်ကိုတော့ မည်သည့်နေရာ မဆို
ရပ်တည်ခွင့်ပေးလိုက်ပါ..။
အဘယ့်ကြောင့်ဆိုသော် ...
တခါတရံ၌ စနစ်မကျသော ရှူပ်ထွေးမှူသည်
စနစ်ကျသော သပ်ရပ်မှူထက်
နွေးထွေးမှူကို ပို၍ ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်..။
ခိုင်မြဲ

စကားချပ်၊။ ။ ငယ်ငယ်က စာသင်ခဲ့ရသော လေးစားကြည်ညိုရသော ဆရာတစ်ယောက် ပြောသော စကားတစ်ခွန်းကို ပြန်သတိရမိပြီး ဤစာကို ရေးခြင်းဖြစ်ပါသည်။ ဆရာ ပြောပုံမှာ .. “ ငါ ကို ငါ့ဆရာ ကပြောဖူးတယ်.. ငါတို့က အရမ်းစည်းကမ်းရှိချင်တာ.. ဘယ်လောက်ထိအောင် စည်းကမ်းရှိချင်လည်းဆိုတော့ ငါတို့ ပစ်လိုက်တဲ့ အမှိုက်ကိုတောင် အမှိုက်ပုံးထဲကို စီစီလေး ရောက်သွားစေချင်တာ .. လို့ပြောတယ်ကွ။”
ကဲ .. စာဖတ်သူမိတ်ဆွေ..
သင်ရော ... သင့်ဘဝမှာ အဲဒီလို ဆရာမျိုးနဲ့ ကြုံခဲ့ရဖူးလား..။

[+/-] အပြည့်အစုံသို့...

Wednesday, March 5, 2008

ငှက် လိုကျင့်ပါ



“ ငှက် လိုကျင့်ပါ ”
သင်သည် ....
အတောင်ပံတစ်စုံသာလျှင် ဝန်ရှိသော ငှက်ကဲ့သို့သာ
ပေါ့ပါးနေခဲ့ပါလျှင်...
လောကတွင် ....
သင် ... မရနိုင်သော အရာ ..
သင် ... မရောက်နိုင်သော နေရာဟူ၍ ..
ရှိတော့မည် မဟုတ်ပေ..။

ခိုင်မြဲ
စကားချပ်။ ။ ပုံတွင်ဖော်ပြပါ ငှက်မိခင်သည်၎င်း၊ ငှက်ဖခင်သည်၎င်း၊ ငှက်သားငယ်သည်၎င်း အဝေးသို့ ပျံသန်း မသွားနိုင်ပါ..။ အဘယ့်ကြောင့်ဆိုသည်ကို ..... စာဖတ်သူမိတ်ဆွေကို သိနိုင်ပါလိမ့်မည်။ သိပြီဆိုလျှင် .. သင်လည်း အဝေးသို့ မကြာမီ ပျံသန်းသွားနိုင်ပါတော့မည်။

[+/-] အပြည့်အစုံသို့...

Tuesday, March 4, 2008

ကာရာအိုကေ နဲ့ ကြီးမိုက်များ

အူကြောင်ကြောင်နဲ့
မြူမှောင်ဝေကင်း သီချင်းဆိုသူကဆို---
သူ့ကြောင့်လွမ်းတယ်နဲ့
ရူးကြောင်ကြောင်အချစ်သီချင်းဆိုသူကဆို-
အနီးနားကလူ ဇနီးမယားကြောင့်ဆိုပြီး
သူဆိုတဲ့သီချင်းက ----ဂုဏ်----တဲ့ဗျာ----
ကုန်လိုက်တဲ့ပိုက်ဆံတွေက များမှများ
ငါမှသုံးတက်တယ်မထင်နဲ့
ရယ်လျှက်ပြုံနေသူကဆိုင်ပိုင်ရှင်-----
အိုက်တင်ကြီးနဲ့ ဘီယာသောက်တော့
တော်တော့လို့တားမဲ့သူမရှိလို့
ပါသမျှပိုက်ဆံကုန်ခဲ့လေပြီ---------။

[+/-] အပြည့်အစုံသို့...

သခ်ာၤ

သခ်ာၤ တဲ႕ သခ်ာၤ
သင်တိုင်သာချာလေပေါ့
ကြာလေတော့ရူးမှာ ။

ထူးတာကွယ် အနားလတစ်
များမချစ် ဒီဖရင်ရှယ်
ဒီတာမရင့် အင်တီဂရယ်
စီစီကွယ် ဆုံရပေါလေး---။

ကြုံရလို့တွက်ခါကြံရင်
ရက်ကြာတာရှည်မလွဲ
ဝေခွဲလို့ရနိုင်ပေါင်ဗျာ
ချမှိုင်ကာ ရူးပြီထင့်လေး-----။

[+/-] အပြည့်အစုံသို့...

ခက်သည်မလွယ်

ကန်သာလယ်မှ မာလာငယ်ကို
ရင်မှာထွေးရန် ဒီမောင်ကြံလည်း
အဟန်အရေး အလှမ်းဝေးသည်
ဆွတ်ရေးမှာတကယ် မလွယ်တကား----။

ပင်မြင့်သက်မှ ဇင်ပွင့်ခက်ကို
မက်လှစိတ်မော လိုချင်ဇော၍
ဇောကြွရင်ဖို လှမ်းလိုသော်လည်း
ပင်ပျိုထိပ်ထက် သူနွယ်တက်သည်
ခက်ပြီဆွတ်ရေး ဝေးတကား-------------။

[+/-] အပြည့်အစုံသို့...