စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, April 25, 2008

ECOLOGY

ဂေဟဗေဒ
ဂေဟဗေဒ ကို အင်္ဂလိပ်လို Ecology လို့ ခေါ်ဆိုပြီး မြန်မာလိုတော့ အပင်တွေ၊သတ္တဝါတွေ ရဲ့ဆက်နွယ်မှုကို လေ့လာသော ဘာသာရပ်လို့ အကျဉ်းချုန်းခေါ်ဆိုလို့ရမယ်ထင်ပါတယ်။
အနတ္တ ကတော့ အပင်တွေအကြောင်းလည်း မသိပါဘူး။ သတ္တဝါတွေ အကြောင်းလည်း မသိပါဘူး။ ဂေဟဗေဒ အကြောင်းလည်း မသိပါဘူး။ ဒါပေမယ့် အပင်တွေ၊ သတ္တဝါတွေ နဲ့လည်း ကင်းကွားပြီး မနေပါဘူး။ ဆက်နွယ်ပါတ်သက်ပြီး နေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အနတ္တဟာလည်း အပင်တွေနဲ့ဆက်နွယ်ပါတ်သက်နေတဲ့ လူဆိုတဲ့ သတ္တဝါ ဖြစ်နေလို့ပါပဲလေ။ အဲဒီမှာ အပင်တွေရယ်၊ သတ္တဝါတွေရယ်ကို နည်းနည်းလောက် စဉ်းစား ကြည့်ရအောင်ဗျာ။
အပင်နဲ့ပါတ်သက်ပြီး ကြားဖူးတာလေးတစ်ခုကို ပြန်ပြောကြည့်မယ်ဗျာ ဂေါတမဘုရားရှင်လက်ထက်မှာ ဆေးဖက်မဝင်တဲ့အပင်ရှိတယ်ဆိုရင် ရှာယူခဲ့ပါ မသေဆေးဖော်ပေးမယ်ဆိုပြီးရှာခိုင်းတာ အပင်တိုင်းအပင်တိုင်းဟာ ဆေးဖက်ဝင်နေသတဲ့ ဆေးဖက်မဝင်တဲ့အပင်ရယ်လို့ ရှာမရဘူးဆိုပဲ။ အပင်တိုင်းဟာ ဆေးဖက်ဝင်တယ်ဆိုပေမယ့် အသုံးချတတ်အုန်းမှကို။ အသုံးမချတတ်ရင် ကောင်းကျိုးတဲ့ဆိုးကျိုးကများ နေမလားပဲ။ ဥပမာ ဒိုင်းနမိုက် လိုမျိုးပေါ့။
အခုတစ်ခါ အပင်တွေရယ်၊ သတ္တဝါတွေရယ် သဘာဝကျကျ တည်ရှိနေတဲ့ နေရာလေးတစ်ခုကို သွားကြည့်ရအောင်။ အဲဒီနေရာလေးကို တောတစ်တော အဖြစ်ယူဆကြပါစို့။ အဲဒီတောလေးထဲမှာ ယုန်တို့၊ သမင်၊ဒရယ်တို့ စတဲ့ အသားမစားတဲ့ သတ္တဝါလေးတွေကို တစ်ဘက်မှာဖယ်ထားပြီးတော့ ကျားတို့၊ ကျားသစ်တို့၊ ခြေင်္သေ့တို့စတဲ့ အသားစား သတ္တဝါတွေအကုန်လုံးကို တစ်ခြားတစ်ဘက်မှာ ဖယ်ထုတ်ထားမယ်ဆိုရင် အဲဒီတောလေးထဲမှာ အသားစားသတ္တဝါတွေပဲ ရှိတဲ့ဘက်အခြမ်းမှာတော့ ဘယ်လိုမှ သာယာချမ်းမြေ့နေမှာမဟုတ်လောက်ဘူး။ နောက်ပြီးရေရှည်တည်တံ့နေမှာလဲ မဟုတ်လောက်ဘူး။ တစ်ကောင်းနဲ့တစ်ကောင်းဟာ ကိုက်ဖြတ်စားသောက် ပြစ်တာနဲ့ သေကျေပျက်ဆီးကုန်မှာပဲလေ။ နောက်ဆုံး သစ်ပင်ချုံနွယ်တွေကပဲတော တစ်ခြမ်းလုံး နေရာယူသွားမှာပဲလေ။ အသားစားသတ္တဝါတွေ မရှိကြတဲ့ ကျန်တဲ့တောတစ်ခြမ်းဟာလည်း အသားစားသတ္တဝါတွေမရှိကြတော့ ကျန်တဲ့သတ္တဝါလေးတွေဟာ ပျော်ရွှင်မြူးတူးပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာမယ်။ အဲဒီလိုတိုးပွားလာတာနဲ့အမျှ သူတို့ရဲ့စားကျက်တွေ ဟာလည်း လုံလောက်မှုမရှိနိုင်တော့ဘူး။ အစာရေစာတွေ တဖြည်းဖြည်းရှားပါလာမယ်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုကဒ်တွေဆိုက်မယ်။ ရောဂါဘာယဘေးတွေ ဆိုက်ရောက်လာမယ် ဆိုရင်လည်း အဲဒီဘက်အခြမ်းမှာလဲ မရှေးမနှောင်းပဲ ပျက်ဆီးခြင်းဆုံးခန်းတိုင် သွားကြမှာပဲလေ။ အဲဒီလို ပျက်ဆီးခြင်းဆုံးခန်းတိုင်မှုကို အနှေးဆုံးဖြစ်အောင် သဘာဝတရားက ဖန်တီးထားတာပဲလေ။ သဘာဝကဖန်တီးထားတဲ့ အပင်တွေ၊ သတ္တဝါတွေရဲ့ ဆက်နွယ်ပါတ်သက်နေမှုကိုပဲ ဂေဟဗေဒ လို့ခေါ်ကြတာပဲမဟုတ်လား။ အဲဒီလိုစဉ်းစားလိုက်မယ်ဆိုရင်ပဲ ဂေဟဗေဒ ဆိုတဲ့အကြောင်းအရာလေးက ကျွန်တော်တို့ကို ဘာပြောနေသလဲဆိုရင်……
(၁) အကောင်းတွေကိုချည်ပဲလည်း မမျှော်လင့်ပါနဲ့
(၂) အဆိုးတွေကိုချည်ပဲလည်း မကြောင့်ကျနေပါနဲ့
(၃) အကောင်း၊အဆိုး မညီမျှမှုတွေကိုလည်း မဆိုးရိမ်နေပါနဲ့
(၄) အဆိုးတွေမရှိဘဲနဲ့ အကောင်းတွေဆိုတာမဖြစ်နိုင်သလို
အကောင်းတွေဟာလဲ အဆိုးတွေကြောင့်သာ ထင်ပေါ်လာတာပါတဲ့
(၅) သဘာဝဟာ သဘာဝအလျှောက် သဘာဝအတိုင်းဖြစ်နေတာပါတဲ့
သဘာဝကို ကျော်လွန်ပြီး တည်ရှိနေချင်တယ်ဆိုရင် အရင်ဆုံး သဘာဝကို သဘာဝအတိုင်းပဲ အမှန်တကယ်အဆက်မပြတ် ကိုယ်တိုင်မြင်အောင်၊ ကိုယ်တိုင်သိအောင် ကြည့်နိုင်ရမယ်ဆိုပဲ………

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...