“ဝေးခဲ့ပြီ မောင်”
ဝင်ပါ လာပါ
လို့ဖိတ်ခေါ်ခဲ့တာလည်း
မင်းပါပဲ။
စားပါသောက်ပါ
ဖိတ်ခေါ်ခဲ့တာလည်း
မင်းပါပဲ။
မပြန်ချင်တော့တဲ့လမ်းကို
မင်းစိတ်နဲ့ကိုယ့်ကိုယ်
လျှောက်လှမ်းခဲ့ပြီးနောက်
မြိန်ယှက်စွာလှသောထမင်းဝိုင်းနဲ့
ဝေးခဲ့ရပြီ………….မောင် ။
Cartoon 101
စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
ဝင်ပါ လာပါ
လို့ဖိတ်ခေါ်ခဲ့တာလည်း
မင်းပါပဲ။
စားပါသောက်ပါ
ဖိတ်ခေါ်ခဲ့တာလည်း
မင်းပါပဲ။
မပြန်ချင်တော့တဲ့လမ်းကို
မင်းစိတ်နဲ့ကိုယ့်ကိုယ်
လျှောက်လှမ်းခဲ့ပြီးနောက်
မြိန်ယှက်စွာလှသောထမင်းဝိုင်းနဲ့
ဝေးခဲ့ရပြီ………….မောင် ။
Cartoon 101
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
11:38 PM
2 comments Labels: Poem
ချမ်းအေးလှတဲ့ ဒီဇင်ဘာလမှာ မွေးဖွားခဲ့ကြတဲ့ ဥယျာဉ်မှူးသုံးယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ “ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ” ဆိုတဲ့ Labels တပ်ပြီး ပို့စ်လေးတွေ ရေးကြရအောင်နော်….. အဲဒီ ပျော်ရွှင်စရာ…မွေးနေ့ကမ္ဘာ အစီအစဉ်မှာ အစီအစဉ်မှူးအဖြစ်..အရိပ်ကဆောင်ရွက်မှာဖြစ်ပြီး။ ကျွေးမွေးရေးအစီအစဉ်နဲ့ ပုံလေးတွေတင်ပေးဖို့အစီအစဉ်ကိုတော့ မကြီးပါချူးကဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ကျွန်တော်အနတ္တကတော့ ရောက်ရှိလာကြတဲ့ ဧည့်သည်တော်ကြီးများကို မှတ်ချက်ကလေးတွေရေးပြီး ဧည့်ခံဖျော်ဖြေပေးမှာဖြစ်ပါတယ်။ အဲဒီတော့… အစီအစဉ်မှူး အရိပ်ကနေပြီး ပျော်ရွှင်စရာ…မွေးနေ့ကမ္ဘာအစီအစဉ်ကို မွေးနေ့အမှတ်တရ ဆိုတဲ့ပို့စ်လေးကနေ စတင်ပြီးဖွင့်လှစ်ဖို့နဲ့ အစီအစဉ်များကို ကြိုးတင်ကြေငြာဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ နောက်ပြီးကြွရောက်လာကြတဲ့ ဧည့်သည်တော်များကလည်း မွေးနေ့လက်ဆောင်အဖြစ် သစ်ပင်လေးတွေစိုက်ပေးဖို့၊ တိုက်ရိုက်စိုက်ပျိုးရန်မဖြစ်နိုင်ရင်လဲ စိုက်ပျိုးစေချင်တဲ့ သစ်ပင်လေးတွေကို မေးလ်ပို့စ်ပေးထားဖို့၊ အနည်းဆုံး ကြွရောက်ချီးမြှင့်သွားကြောင်း ဧည့်မှတ်တမ်း(စီဘောက်)မှာ နှုတ်ခွန်းချွေသ သွားဖို့ တိုက်တွန်းမေတ္တာရပ်ခံအပ်ပါတယ်။ အထူးသဖြင့် စိတ်မီးအိမ် ဥယျာဉ်မှူးအားလုံး မွေးနေ့လက်ဆောင်အဖြစ် သစ်ပင်လေးတွေ စိုက်ပျိုးပေးဖို့ အထူးပဲ နှိုးဆော်အပ်ပါတယ်။ မွေးနေ့ရှင်များဖြစ်ကြတဲ့ ကောင်းတမန်၊ ခိုင်မြဲ၊ သစ္စာ တို့ကလည်း ကြွရောက်လာကြတဲ့ မိတ်သင်ဂဟအပေါင်းတို့ကို ဧည့်ခံသစ်ပင်လေးတွေစိုက်ပျိုးပေးထားဖို့နဲ့ စပါယ်၊ Peace၊ သနတ်ခါး၊ အိမ်မက်စိမ်း တို့ကလဲ တစ်ထောင့်တစ်ကဏ္ဍ အနေနဲ့ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်မိပါတယ်။ ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
11:25 PM
0 comments Labels: အနတ္တ, ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ