စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Information. Show all posts
Showing posts with label Information. Show all posts

Tuesday, November 27, 2007

WHY?????????????????

ကောင်းတမန်က ပိုကောင်းအောင်၊ ပိုအဆင်ပြေအောင်ဆိုပြီး အကျဉ်းချုံး၊ အပြည့်အစုံသို့ တွေတင်နိုင်အောင်ဖန်တီးထားတယ်။ ကိုတိုင်လဲတင်တယ်။ ဒါပေမယ့် အနတ္တတို့ ဘက်မှာတော့ အကျဉ်းချုံးရေးထားတာပဲ ဖတ်လို့ အဆင်ပြေပြီး၊ အပြည့်အစုံသို့ ကိုသွားလိုက်ရင် ( Page Not Found )
The requested URL was not found on this server. Please visit the Blogger homepage or the Blogger Knowledge Base for further assistance.

ဆိုပြီးပေါ်လာတယ်။ အစကို ပြန်ရောက်သွားတယ်ဆိုပါတော့။ အဲဒီတော့ ဖတ်လို့မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဖတ်လို့ရပါတယ်။ ဒါပေမယ့် နံပါတ်(၁) comments ကိုသွားလိုက်ရတယ်။ နောက်ပြီတော့မှ နံပါတ်(၂) ခေါင်းစဉ်ခွဲလေး(စိတ်မီးအိမ် မဟုတ်ပါ) ကိုနိုပ်ပြီးဆက်သွားလိုက်ရင်တော့ အပြည့်အစုံ ဖတ်လို့ရသွားတာပေါ့။ အကျဉ်းချုံး နဲ့ အပြည့်အစုံကို ခွဲတင်လို့်ကတော့ ဖတ်ရတဲ့သူအတွက် ရသနှစ်မျိုး ခံစားလို့ရသွားတာပေါ့။ ဒါပေမယ့် အနတ္တတို့ဘက်မှာရှိတဲ့ သူတွေအတွက် အချိန်ကိုချွေတာစွာအသုံးချနိုင်စေရန် အနတ္တအနေနဲ့ တခါတည်း အကျဉ်းချုံးမှာပဲ အပြည့်အစုံတင်ပေးလိုက်ပါတယ်။ အဲဒီလိုဖြစ်နေတာတွေကတော့ ကျော်ဆီသုံးနေရလို့ဖြစ်မယ်ထင်ပါတယ်။
မှတ်ချက်။ ။ အနတ္တတို့ဘက်မှ တစ်ခြားသူများ မည်သို့ ရင်ဆိုင်ရသည်မသိပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Wednesday, November 21, 2007

စိတ်မကောင်းခြင်း များစွာဖြင့်………….

သူငယ်ချင်းတို့ရေ …………..

ဝမ်းနည်းစရာ သတင်းလေးတခုကို ပြောပြချင်လို့ပါ

သူငယ်ချင်းဆိုတာ
ပျော်စရာဘဲဖြစ်ဖြစ်
ဝမ်းနည်းစရာဘဲဖြစ်ဖြစ်
မျှဝေခံစားရမယ်လို့ …
နားလည်ထားလို့ ပါနော်

ဒီနေ့ အရိပ်တို့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်အက်ဆီးဒင့်တခုနဲ့ 14 ရက်နေ့ကဘဲ ရုတ်တရတ်ဆုံးပါးသွားတယ်လို့ သိလိုက်ရတယ်လေ
သူကတော့ စောမင်းသန်းပေါ့ ကျောင်းတက်ခဲ့တဲ့ ကာလမှာတော့ 107 အဆောင်မှာ နေခဲ့တယ်လေ
ထိခိုက်မှုဖြစ်တာကတော့ ပခုက္ကူမှာပါ
မမျှော်လင့်ထားတဲ့ သတင်းတခုပေါ့နော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်
သခင်ဖိုးလှကြီးရဲ့ ရင်ခွင်ထဲက ထွက်လာခဲ့တဲ့ သားတစ်ယောက်ဆုံးရှုံးသွားပြီလေ……..
အရိပ်တို့လည်း အလုပ်တာဝန်အရ ကိုယ့်ကိုကိုယ်မပိုင်တော့ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရလိုက်ဘူးကွယ်…
ဆိုးဝါးလိုက်တဲ့ကံကြမ္မာပေါ့နော် ….. အခုချိန်မှာတော့ ကျောင်းတုန်းက ပျော်ခဲ့တာတွေကို မြင်ယောင်ရင်းနဲ့ဘဲ စိတ်မကောင်းဖြစ်နေရတော့တယ်လေ…
အင်းးးးးး ဥယျာဉ်ထဲမှာ ရှိနေတဲ့ ဥယျာဉ်မှူးတွေရော လာရောက်လေ့လာသူတွေရော စောမင်းသန်းဆိုတဲ့ မြို့ပြမေဂျာက သူငယ်ချင်းတစ်ယောက်ကို သိနေခဲ့မယ်ဆိုရင်တော့ သူက လောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို ၀မ်းနည်းမှုများစွာဖြင့် ပြောပြလိုက်တာပါ………….
အရိပ်တို့ သူငယ်ချင်းတွေလည်း လူ့ဘ၀မှာ ဘယ်အချိန်လောကကြီးထဲက ထွက်သွားရမယ်မှန်းမသိခင်မှာ ကောင်းတမန်ပြောသလိုပေါ့နော် ရတဲ့အချိန်လေးမှာ ဆုံတွေ့နိုင်ဖို့ ကြိုးစားကြပါလို့………. ဆန္ဒပြုပါတယ်နော်……………

အရိပ်

[+/-] အပြည့်အစုံသို့...

Sunday, November 18, 2007

"Light & Wave"

သူများတွေကတော့ အစားကောင်းစားရင် ကိုယ့်ချစ်သူကို သတိယတယ်တဲ့ အနတ္တကတော့ သတင်းကောင်းလေးကြာလိုက်ရရင် ကိုယ့်သူငယ်ချင်းတွေကို ပြန်မပြောပဲ မနေနိုင်လို့ပြောလိုက်ရအုန်းမယ်… အဲဒါကတော့….
အရင်တုန်းက စိတ်မီးအိမ်ဥယျာဉ်လေးထဲကို မိတ်ဆွေတွေကိုလာလည်စေချင်တယ်။ သစ်ပင်လေးတွေကူစိုက်ပေးစေချင်တယ်ပေါ့။ အဲဒါကြောင့်ဖိတ်လိုက်တာ ဒါပေမယ့် ၀င်ခွင့်ကဒ်ပြားတောင်းနေလို့ ၀င်လို့မရဘူးဖြစ်နေတာ။ အနတ္တလည်း မကျေနပ်တာနဲ့ တခြားနာမည်နဲ့ဝင်ကြည့်လိုက်တာ ဟုတ်တယ်ဗျို့ ဘယ်လိုမှ ကျော်ခွဝင်လို့ကိုမရဘူး ဖြစ်နေတာလေ… ကိုယ်ကတော့လာစေချင်လို့ဖိတ်လိုက်တာ၊ လာလဲလာရော(ဟင်း သိတဲ့အတိုင်းပဲ) တခါးကြီးပိတ်ထားလို့ ၀င်မရဘူးဖြစ်နေတာနဲ့ စိတ်ညစ်နေတုန်း…. လေလှိုင်းပေါ်ကဆက်သွယ်ရေး စီကသတင်းတစ်ခုကြားလိုက်ရတာ ဥယျာဉ်ထဲကို ၀င်ရောက်လေ့လာလို့ ရကြောင်းသိလိုက်ရတယ်ဆိုရင်ပဲ ဒိုင်ပင်ပစ်ဝင်လိုက်တာ ဥယျာဉ်ထဲရောက်ပြီး ဟိုရှောက်ကြည့် ဒီရှောက်ကြည့်နဲ့ အဆင်ကိုပြေလို့ပဲဗျ။ ဒီဥယျာဉ်ထဲရှောက်ကြည့်ရင်၊ကြည့်ရင် တခြားခြံအကျယ်ကြီးတွေကိုတွေ့တော့ ဆက်ဝင်လိုက်တာ တော့သားမြို့ရောက်သလားမှတ်ရတယ် အထူးအဆန်းတွေကြီပဲဗျ။ အချိန်ကုန်လို့ ကုန်မှန်းကိုမသိလိုက်ဘူး ဖြစ်နေတာဗျို့။ စိတ်ထဲကနေတော့ ပြောလိုက်သေးတာ လမ်းညွှန်တဲ့ကိုရင်နဲ့ တံခါးမကြီး ဖွင့်ပေးလိုက်တဲ့ မောင်မင်းကြီးသားတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဆထက်တန်ဖိုး ခေတ်မီတိုးတက်ပါစေလို့လေ…. (ဟဲ…ဟဲ ဆင်ဖြူတော်မှီပြီး ကြံစုပ်ရအောင်လို့ပါ) ကဲခြံကျယ်ကြီးတွေထဲ ရှောက်ကြည့်နေတာ ဆုံးမယ်ကို မထင်တော့တာနဲ့ ဥယျာဉ်လေးထဲပြန်ဝင်ပြီး အောက်မှာ သီးနေတဲ့ အသီးခိုင်လေးတွေနဲ့ ဘေးချင်းကပ်ရက် ခြံသေးသေးလေးတွေကို ထပ်သွားကြည့်လိုက်တာ ၀င့်ခွင့်မရတော့ဘူဗျို့ အဲဒီမှာစတွေ့တာပဲ။ ဒါပေမယ့်အထူးအဆန်းတော့ မဟုတ်ပါဘူး ဒါဟာထုံးစံအတိုင်းပါပဲ။ သွားခွင့်မရလဲ ထိုင်တယ်ကွာဆိုပြီး ထိုင်ချလိုက်တာ ဘေးမှာ စာတန်းလေးတွေ့တာ ဘာတဲ့….. အော်ချင်ရာ အော်ထားခဲ့ပါဆိုတော့..…. အင်း မထူးပါဘူးဆိုပြီး အော်ထားခဲ့လိုက်တယ်။ “အလင်းရောင်နဲ့ အသံလှိုင်းတွေကို သော့မခတ်ပါနဲ့ လို့”။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...