စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

လှေပြိုင်ပွဲကို ဥပမာ ကြည့်ပေါ့.. ငါ့သား..။ သူနိုင်.. ငါနိုင် လှော်ကြတာ တစ်ယောက်နဲ့တစ်ယောက် သိပ်ကွာတာမဟုတ်ဘူး..။ ဒီနေရာမှာ ဇွဲ၊လုံ့လ၊ဝိရိယ လိုတယ်..။ ငါ့သား ဆယ်တန်းတုန်းက စာကျက်နည်းခဲ့လို့ ဝိဇ္ဇာတွဲမှာ အမှတ်နည်းခဲ့ရတာကို ဘယ်တော့မှ မမေ့ပါနဲ့။

ကောင်းတမာန်၏ အဖေ

Wednesday, August 26, 2009

စလင်းချောင်းသို့ တမ်းချင်း

 

စလင်းချောင်းနံဘေးက ငှက်တွေ

အသိုက်လိုက် ပျံဆင်းသွားကြတယ်

ဦးတည်ရာ ကိုယ်စီနဲ့ပေါ့။

 

နာကျည်းခံပြင်းရလွန်းတဲ့ ပန်းချီကားတချပ်ထဲက

သူတို့ ရုန်းထွက်လာခဲ့ရသလို ခံစားခဲ့ကြတယ်။

 

ဒါမှမဟုတ်

မယုံသင်္ကာမျက်လုံးတွေကို

သူတို့ နှုတ်ဆက်ခဲ့ရတယ်လို့ပဲ ဆိုမလား။

 

ဘာပဲပြောပြော သူတို့တောင်ပံတွေတော့

အလှီးမခံရတော့တာ သေချာပါတယ်။

 

ကျင့်ကွင်းလို့ သူတို့ခေါ်တဲ့

ဒီနေရာသစ်မှာ

ကိုယ့်နှုတ်သီးကို ကိုယ်တိုင်ဖဲ့ပြီး သွေးကြရပြန်တယ်။

 

အဲဒီ ကျင့်ကွင်းမှာ မြက်မနုပေမယ့်

ရေတော့ ကြည်နေလို့ တော်ပါသေးရဲ့။

 

နှုတ်သီးတွေ သွေးပြီးတဲ့ တနေ့

ဌာနေဟောင်းဆီ သူတို့ ပြန်(ပျံ)လိမ့်မလား။

 

အဲဒီတနေ့ အမှန်တကယ် ရှိခဲ့မယ်ဆိုရင်

သူ့တို့ နှုတ်သီးမြမြတွေနဲ့

သူ့တို့ ထားရစ်ခဲ့တဲ့ ပန်းချီကားဟောင်းလေးကို

အလှပဆုံး ပြန်ရေးဆွဲကြအုံးမလား။

 

အဲဒီနေ့ကျ

ဧရာဝတီရယ်

စလင်းချောင်းရယ်

ငှက်တွေရယ်

ဇာတ်ပေါင်းထုတ်ဖြစ်ကြရင်

ဒီရေတွေတောင် တကြိတ်ကြိတ်တိုးနေဦးမလား။

 

တကယ်ဆို

ဘာပဲဖြစ်ဖြစ်

စလင်းချောင်းဟာ

သူ့တာဝန်သူကျေလို့

ဧရာဝတီမြစ်ထဲကို

ဆက်လက်စီးဆင်းနေဆဲပါပဲ။

 

ကောင်းတမန်(သီရိကုက္ကို)
စလင်းချောင်းမှ ငှက်များ အားလုံးအတွက် လက်ဆောင်မွန်