စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

စနစ်တကျ ရှူပ်ပါ..။ ရုပ်ဝတ္ထုပစ္စည်းများ ရှူပ်ထွေးပြန့်ကျဲနေမှူသည်..ဘဝ၏ ရှူပ်ထွေးတင်းကြပ်မှူကို အားဖြည့်ပေးသည်။..သင်၏ အခန်းအတွင်း စနစ်ကျ သပ်ရပ်နေပါစေ။..သို့သော် ...သင်၏ ဖတ်လက်စ စာအုပ်ကိုတော့ မည်သည့်နေရာ မဆို..ရပ်တည်ခွင့်ပေးလိုက်ပါ..။..အဘယ့်ကြောင့်ဆိုသော် ...တခါတရံ၌ စနစ်မကျသော ရှူပ်ထွေးမှူသည်..စနစ်ကျသော သပ်ရပ်မှူထက်...နွေးထွေးမှူကို ပို၍ ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်..။

ဥယျာဉ်မှူးတစ်ဦး

Sunday, November 18, 2007

Making an embankment: ယာ ကန်သင်း တစ်ခု တည်ဆောက်ခြင်း

"More exactly, it is in an arid zone of our country. Summers are the hottest and rainfalls are the lowest in my village during the whole year around. Farmers in our area work all year around: winter, summer and rainy season. I did so too till I finally left my village for higher education. I would like to share one of my family activities on the farm during my farmer days in my village. Actually that instant of time I am going to share with you is my most missing part of life whenever I experience heavy rain in whatever place I am and however far I am from my native village. This morning rain here urged me to write this post to share my family farm life with you all."

[+/-] အပြည့်အစုံသို့...

"Light & Wave"

သူများတွေကတော့ အစားကောင်းစားရင် ကိုယ့်ချစ်သူကို သတိယတယ်တဲ့ အနတ္တကတော့ သတင်းကောင်းလေးကြာလိုက်ရရင် ကိုယ့်သူငယ်ချင်းတွေကို ပြန်မပြောပဲ မနေနိုင်လို့ပြောလိုက်ရအုန်းမယ်… အဲဒါကတော့….
အရင်တုန်းက စိတ်မီးအိမ်ဥယျာဉ်လေးထဲကို မိတ်ဆွေတွေကိုလာလည်စေချင်တယ်။ သစ်ပင်လေးတွေကူစိုက်ပေးစေချင်တယ်ပေါ့။ အဲဒါကြောင့်ဖိတ်လိုက်တာ ဒါပေမယ့် ၀င်ခွင့်ကဒ်ပြားတောင်းနေလို့ ၀င်လို့မရဘူးဖြစ်နေတာ။ အနတ္တလည်း မကျေနပ်တာနဲ့ တခြားနာမည်နဲ့ဝင်ကြည့်လိုက်တာ ဟုတ်တယ်ဗျို့ ဘယ်လိုမှ ကျော်ခွဝင်လို့ကိုမရဘူး ဖြစ်နေတာလေ… ကိုယ်ကတော့လာစေချင်လို့ဖိတ်လိုက်တာ၊ လာလဲလာရော(ဟင်း သိတဲ့အတိုင်းပဲ) တခါးကြီးပိတ်ထားလို့ ၀င်မရဘူးဖြစ်နေတာနဲ့ စိတ်ညစ်နေတုန်း…. လေလှိုင်းပေါ်ကဆက်သွယ်ရေး စီကသတင်းတစ်ခုကြားလိုက်ရတာ ဥယျာဉ်ထဲကို ၀င်ရောက်လေ့လာလို့ ရကြောင်းသိလိုက်ရတယ်ဆိုရင်ပဲ ဒိုင်ပင်ပစ်ဝင်လိုက်တာ ဥယျာဉ်ထဲရောက်ပြီး ဟိုရှောက်ကြည့် ဒီရှောက်ကြည့်နဲ့ အဆင်ကိုပြေလို့ပဲဗျ။ ဒီဥယျာဉ်ထဲရှောက်ကြည့်ရင်၊ကြည့်ရင် တခြားခြံအကျယ်ကြီးတွေကိုတွေ့တော့ ဆက်ဝင်လိုက်တာ တော့သားမြို့ရောက်သလားမှတ်ရတယ် အထူးအဆန်းတွေကြီပဲဗျ။ အချိန်ကုန်လို့ ကုန်မှန်းကိုမသိလိုက်ဘူး ဖြစ်နေတာဗျို့။ စိတ်ထဲကနေတော့ ပြောလိုက်သေးတာ လမ်းညွှန်တဲ့ကိုရင်နဲ့ တံခါးမကြီး ဖွင့်ပေးလိုက်တဲ့ မောင်မင်းကြီးသားတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဆထက်တန်ဖိုး ခေတ်မီတိုးတက်ပါစေလို့လေ…. (ဟဲ…ဟဲ ဆင်ဖြူတော်မှီပြီး ကြံစုပ်ရအောင်လို့ပါ) ကဲခြံကျယ်ကြီးတွေထဲ ရှောက်ကြည့်နေတာ ဆုံးမယ်ကို မထင်တော့တာနဲ့ ဥယျာဉ်လေးထဲပြန်ဝင်ပြီး အောက်မှာ သီးနေတဲ့ အသီးခိုင်လေးတွေနဲ့ ဘေးချင်းကပ်ရက် ခြံသေးသေးလေးတွေကို ထပ်သွားကြည့်လိုက်တာ ၀င့်ခွင့်မရတော့ဘူဗျို့ အဲဒီမှာစတွေ့တာပဲ။ ဒါပေမယ့်အထူးအဆန်းတော့ မဟုတ်ပါဘူး ဒါဟာထုံးစံအတိုင်းပါပဲ။ သွားခွင့်မရလဲ ထိုင်တယ်ကွာဆိုပြီး ထိုင်ချလိုက်တာ ဘေးမှာ စာတန်းလေးတွေ့တာ ဘာတဲ့….. အော်ချင်ရာ အော်ထားခဲ့ပါဆိုတော့..…. အင်း မထူးပါဘူးဆိုပြီး အော်ထားခဲ့လိုက်တယ်။ “အလင်းရောင်နဲ့ အသံလှိုင်းတွေကို သော့မခတ်ပါနဲ့ လို့”။

[+/-] အပြည့်အစုံသို့...