စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, June 15, 2009

အင်ဒိုနီးရှား ရောက်ခဲ့တုန်းက အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ။

ဂျော့ဂျာ ခရီးသည်

တက်ချည်တဲ့ သက်ချည်။
မှိုင်းညို့ရီ မရာပီနဲ့
ဂျော့ဂျာမြို့ဆီ။
တက္ကသိုလ် ရာချီတည် (တယ်)
ဂျာဗားနယ် အလယ်ပိုင်း။
ရှေးရိုးရာ အင်ဒိုနီးရှား
ကပွဲများ ခြိမ့်ခြိမ့်ညံ
ရောက်ခဲ့ပြန် သည်တိုင်း။

ဘောလုံးသင်း တစ်သင်းစာ။
ရိုင်းပင်းကာ စည်းလုံးကြ
ဂျော့ဂျာက မြန်မာ။

အဆောင်မှာ ပေါင်းစုချက်
ကမ်းခြေဘက် ပျော်ပွဲစား။
အမှတ်ရ နှစ်သစ်ပွဲ
နှဲသံမြိုင် အကင်စုံနဲ့
ဘင်တန်ဖွဲ့ ၀ိုင်းစကား။

ခန့်ညားလှ ဘိုရိုဗုဒေါ
ရှုမောခဲ့ အံ့စရာ။
မြစိမ်းရောင် ကမ္ဗလာထက်
မိုးထြက္တဲ့ ကမ ၻာ့မဟာ။
ရှုစားရ ရင်သပ်ပြန်
ပရမ်ဘာနန် လွန်ကျော်ကြား။
ကေအက်ဖ်စီ မက်ဒေါ်နယ်နဲ့
မြို့လယ်မှာ ပါတိတ်ရွေး
ညဈေးလဲ ရောက်သွား။

အဆုံးတော့ ခွဲခဲ့ပြီ
လွမ်းဆဲပင် စောင်းငဲ့လို့
ဂျော့ဂျာရဲ့ အဝေး။
ရည်မှန်းရာ လွန်ကြိုးစား
အားစိုက်ပါ့ ဂျော့ဂျာအဆွေ
မာပါစေ သာပါစေရယ်လဲ
စဉ်အမြဲ ဆုမွန်ကောင်း
တောင်းမိတယ်လေး။ ။
(ဆရာရေ ---
နောက် - တွေ့ကြသေး။)


ကိုညိမ်း

အညွှန်း -
ဂျော့ဂျာ - Jogja/Jogjakarta/Yogyakarta
မရာပီ - Merapi Volcano
ဂျာဗား - Java
ဘင်တန် - Bintang
ဘိုရိုဗုဒေါ - Borobudur
ပရမ်ဘာနန် - Prambanan
ကေအက်ဖ်စီ - KFC
မက်ဒေါ်နယ် - McDonald's

[+/-] အပြည့်အစုံသို့...