စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
Friday, May 23, 2008
ခိုလှုံရာ နေရာမှန်
စန္ဒကူးသစ်ပင် အ၀ါ သို့မဟုတ် အနီ၏ အနံ့ကို စမ်းသပ်မိသူ ယောက်ျားသည်၊
အမြစ်၊ပင်စည်၊အကိုင်းအခက် နေရာအားလုံး၌ တူညီဆွတ်ပျံ့သော အမွှေးနံ့ကို ရသကဲ့သို့၊
ဗုဒ္ဓမြတ်စွာ၏ မည်သည့် ဓမ္မတရားတော် အစိတ်အပိုင်းကိုမဆို နာခံခွင့်၊ကျင့်သုံးခွင့် ကြုံရသူသည်
စိုးရိမ်ပူပန်မှု၊ ၀မ်းနည်းမှု၊ ဒုက္ခခံစားရမှု၊ ပူဆွေးသောကဖြစ်မှု၊ စိတ်အလိုမကျ၊အလိုမရမှု တို့မှ
ကင်းဝေးလျက် ကိုယ်၊စိတ် အေးချမ်းမှုကို ရရှိနိုင်ပေသည်။
သို့ဖြစ်ပါ၍ ပုထုဇဉ် အို ယောက်ျား၊ အို မိန်းမတို့ ယနေ့မှစ၍ ဘုရားရိပ်၊တရားရိပ်၊သံဃာအရိပ်၌ ခိုလှုံ၍ အေးချမ်းရာ ရှာကြပေလော့ [၁] ။
စာကိုး
[၁]။ Ven. S. Dhammika, Daily Readings from the Buddha’s Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p114 - 115.
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
Thein Min Htike
at
12:19 PM
1 comments Labels: ဗုဒ္ဓစာပေ, ကောင်းတမန်
----နွေအိမ်မက်---
>နွေရောက်လာပြန်ပြီ....
>
> ကျွန်တော်ဟာ ရွက်ခြောက်တွေကြွေနေတဲ့.....
>
> ရိုးတံပြတ်လမ်းမထက် အရင်လိုလျှောက်မြဲ။
>
> ဟိုး တောင်တန်းပြာပြာတွေပေါ်က
>
> ကောင်မလေးတစ်ယောက်ကို လွမ်းမောဆဲ....
>
> အမှည့်လွန်နေတဲ့ လေနီကြမ်းတွေထဲမှာ
>
> ကောင်မလေးတစ်ယောက်ကို ထပ်တူပြုပြီး
>
> အရင်လို သီချင်းတွေ မသစ်နိုင်တော့။ ။
>
> အရင်နွေတွေတုန်းက.....
>
> ရွှေရောင်ညနေခင်းမှာ ပျော်ခဲ့ဖူးတဲ့...
>
> ကောင်မလေးရဲ့ဆံနွယ်စတွေ
>
> ကျွန်တော် ဘာသာပြန်မတတ်ခဲ့တဲ့ သူမအပြုံးတွေ....
>
> အလွမ်းရဲ့ နိမိတ်ကိုဖေါ်ပြတဲ့ သူမမျက်လုံးအကြည့်တွေ...
>
> ပြီးတော့ သူမချန်ထားရစ်ခဲ့ခြေရာများ.....
>
> အရင်လို ကျွန်တော်လွမ်းနေရဦးမယ်....။
>
> သစ်ရွှက်တွေ ကြွေနေတုန်းပဲ.....
>
> ဟိုးတုန်းကတော့ ဒါတွေဟာ သိပ်လှတဲ့ကဗျာတစ်ပုဒ်ပေါ့၊
>
> ခုတော့.....
>
> နေ၀င်ချိန်တွေကို ကျွန်တော်နောက်ပြန်လှည့်ကြည့်ရဦးမယ်။
Posted by
ခေတ်လူ
at
3:51 AM
5 comments Labels: Poem