စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Question. Show all posts
Showing posts with label Question. Show all posts

Saturday, November 17, 2007

စိတ်ဝင်စားရင်ပေါ့........

သူငယ်ချင်းတို့ရေ…….
နောက်ထပ်မေးခွန်းတခုကိုလည်း စိတ်ပါဝင်စားတယ်ဆိုရင်ပေါ့နော် ဖြေပေးကြပါလို့ တောင်းဆိုပါတယ်…

စိတ္တဇဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေက အဲ့ဒီမှာ ရှိနေတဲ့ လူနာတွေအတွက် ဆေးဖော်စပ်ခဲ့ကြတယ်တဲ့
ဖော်စပ်ပြီးတဲ့နောက်မှာ သူတို့က အဲ့ဒီဆေးကို အသုံးပြုပြီးတော့ ဆေးကုသလာခဲ့ကြတယ်ပေါ့နော်
အဲ့လိုနဲ့ တနေ့ကျတော့ သူတို့ဖော်စပ်တဲ့ဆေးဟာ လူနာတွေရဲ့ ရောဂါအခြေအနေတိုးတက်မှု ရှိ/မရှိ စစ်ဆေးချင်တာနဲ့ဘဲ
လူနာတွေအားလုံးကို နေရာတခုမှာ စုပြီး ခေါ်လိုက်တယ်တဲ့ လူနာအားလုံးရောက်လာတဲ့အချိန်မှာ ဆရာဝန်ကြီးတစ်ယောက်က ဘယ်လိုပြောလိုက်လဲဆိုတော့
ကဲ ဒီနေ့ လူကြီးမင်းများကိုခေါ်ယူရတဲ့အကြောင်းကတော့ ဆန်ပြုတ်နဲ့ ဧည့်ခံကျွေးမွေးမလို့ပါပေါ့နော် အဲ့ဒါကြောင့်မို့လို့ လူကြီးမင်းများရဲ့ ရှေ့မှာ ရှိနေတဲ့ ဆန်ပြုတ်တွေကို ကိုယ့်ဘာသာစိတ်ကြိုက်ထည့်ယူသုံးဆောင်နိုင်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာ စိတ္တဇဝေဒနာသည်တွေဟာ ဘာမှမရှိနေတဲ့ စားပွဲပေါ်ကနေ ရှိနေသလိုမျိုးပုံစံနဲ့ ထည့်ယူစားသောက်နေကြတယ်တဲ့
ဒါပေမဲ့ ရောဂါသည်တစ်ယောက်ကတော့ ဘာမှ မစားဘဲဒီတိုင်းထိုင်နေတာကို ဆရာဝန်တစ်ယောက်ကမြင်လိုက်တဲ့အချိန်မှာ ဟာ ဒီရောဂါသည်ကတော့ ဘာမှမရှိနေဘူးဆိုတာ သိတဲ့ အသိနဲ့ ဒီတိုင်းနေတာဖြစ်မယ်ပေါ့လို့ ထင်ပြီးတော့ အားတက်သွားတယ်တဲ့
အဲ့ဒါနဲ့ ဆရာဝန်က သူတို့ဖော်စပ်တဲ့ဆေးနဲ့ ဒီလူနာနဲ့တော့ တည့်သွားပြီးတော့ ရောဂါသက်သာသွားပြီဆိုပြီး အားတက်သရောနဲ့ အဲ့ဒီလူနာကို ဟိုလူကြီးမင်းက ဘာလို့မစားတာလဲလို့မေးလိုက်တဲ့အချိန်မှာပေါ့နော် ….. အဲ့ဒီလူနာက ဘာပြန်ပြောလိုက်သလဲ ဆိုတာကို …. အားရင် စဉ်းစားပြီးဖြေပေးကြပါလို့နော် ဥယျာဉ်ထဲမှာ သစ်ပင်လေးတွေစိုက်ရင်း ဒါမှမဟုတ် စိမ်းလန်းနေတဲ့ သစ်ပင်လေးတွေကို ကြည်နှူးစွာခံစားရင်းပေါ့နော် အဖြေလေးကို စဉ်းစားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, November 8, 2007

အားလုံး စဉ်းစားပေးပါ

သူငယ်ချင်းတို့။
ဥာဏ်စမ်း တစ်ခုမေးမယ်။အရိပ်မလာဘူးလို့ ပြောနေသူတွေ အရင် အဖြေပို့ရမယ်နော်။
ပုံပြင်လေးကို အရင်နားထောင်ကြ။
အင်း..တခါက စိတ်တဇဆေးရုံတခုမှာတဲ့ စိတ်ရောဂါသည်တစ်ယောက်က ရေနစ်သွားတယ်တဲ့။
အဲ့ဒါနဲ့ ဘဲ နောက်ထပ် စိတ်တဇဝေဒနာရှင်တစ်ယောက်က ရေနစ်တဲ့သူကို ကယ်ဆယ်လိုက်တယ်တဲ့သိလား။
အဲ့လို ကယ်လိုက်တော့ ဆရာဝန်ကြီးက ကယ်လိုက်နိုင်တဲ့ ရောဂါသည်ကို ခေါ်ပြီးတော့ ခင်ဗျားမှာ လူတစ်ယောက်ကို အချိန်မှီကယ်ဆယ်လိုက်နိုင်တဲ့ အတွေးအခေါ်ကောင်းတွေရှိလာပြီဆိုတော့ ခင်ဗျားအခြေအနေတိုးတက်လာပြီပေါ့နော်။ အဲ့ဒါကြောင့် ခင်ဗျားကို ဆေးရုံကနေဆင်းခွင့်ပေးမယ်ပေါ့။ အဲ့လိုပြောရင်းနဲ့ ဘဲ ဆရာဝန်က သူ့ကိုမေးလိုက်တယ်တဲ့။ စိတ်မကောင်းစရာတခုက ခင်ဗျားကယ်လိုက်တဲ့ လူက ဆွဲကြိုးချပြီး သတ်သေသွားတယ်လို့ သိရတယ်ပေါ့နော်။ အဲ့ဒါဘာဖြစ်လို့လဲလို့မေးလိုက်တယ်တဲ့။
အဲလို့ အမေးခံရတဲ့ အခါ ရေနစ်သူ ကို ကယ်ခဲ့တဲ့ စိတ်တဇရောဂါသည် ဘယ်လို ဖြေခဲ့ပါသလဲ။
သူငယ်ချင်းတို့ အဖြေကို စဉ်းစားပြီး Comment မှာ ပို့ထားပေးနော်။
အကောင်းဆုံး အဖြေရသူကို ဆုပေးဖို့ အစီအစဉ် ရှိပါတယ်။

[+/-] အပြည့်အစုံသို့...