စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, November 8, 2007

အားလုံး စဉ်းစားပေးပါ

သူငယ်ချင်းတို့။
ဥာဏ်စမ်း တစ်ခုမေးမယ်။အရိပ်မလာဘူးလို့ ပြောနေသူတွေ အရင် အဖြေပို့ရမယ်နော်။
ပုံပြင်လေးကို အရင်နားထောင်ကြ။
အင်း..တခါက စိတ်တဇဆေးရုံတခုမှာတဲ့ စိတ်ရောဂါသည်တစ်ယောက်က ရေနစ်သွားတယ်တဲ့။
အဲ့ဒါနဲ့ ဘဲ နောက်ထပ် စိတ်တဇဝေဒနာရှင်တစ်ယောက်က ရေနစ်တဲ့သူကို ကယ်ဆယ်လိုက်တယ်တဲ့သိလား။
အဲ့လို ကယ်လိုက်တော့ ဆရာဝန်ကြီးက ကယ်လိုက်နိုင်တဲ့ ရောဂါသည်ကို ခေါ်ပြီးတော့ ခင်ဗျားမှာ လူတစ်ယောက်ကို အချိန်မှီကယ်ဆယ်လိုက်နိုင်တဲ့ အတွေးအခေါ်ကောင်းတွေရှိလာပြီဆိုတော့ ခင်ဗျားအခြေအနေတိုးတက်လာပြီပေါ့နော်။ အဲ့ဒါကြောင့် ခင်ဗျားကို ဆေးရုံကနေဆင်းခွင့်ပေးမယ်ပေါ့။ အဲ့လိုပြောရင်းနဲ့ ဘဲ ဆရာဝန်က သူ့ကိုမေးလိုက်တယ်တဲ့။ စိတ်မကောင်းစရာတခုက ခင်ဗျားကယ်လိုက်တဲ့ လူက ဆွဲကြိုးချပြီး သတ်သေသွားတယ်လို့ သိရတယ်ပေါ့နော်။ အဲ့ဒါဘာဖြစ်လို့လဲလို့မေးလိုက်တယ်တဲ့။
အဲလို့ အမေးခံရတဲ့ အခါ ရေနစ်သူ ကို ကယ်ခဲ့တဲ့ စိတ်တဇရောဂါသည် ဘယ်လို ဖြေခဲ့ပါသလဲ။
သူငယ်ချင်းတို့ အဖြေကို စဉ်းစားပြီး Comment မှာ ပို့ထားပေးနော်။
အကောင်းဆုံး အဖြေရသူကို ဆုပေးဖို့ အစီအစဉ် ရှိပါတယ်။

2 comments:

Thein Min Htike said...

အရိပ်
မပေါ်တော့လည်း မပေါ်လာဘူး။

ပေါ်တော့လို့ မှတ်လောက်အောင် လုပ်တာလား။

အမှန်အတိုင်းပြောရရင် အဖြေကို စဉ်းစားလို့ မရဘူး။

စိတ်ပညာ စဉ်းစားရင် ကိုယ်ပါ ဂေါက်ချင် လာတတ်လို့ အများကြီး မစဉ်းစားရဲဘူး..ဟဲ....ဟဲ........။

သူများဖြေတာ စောင့်ကြည့်လိုက်ဦးမယ်ဗျာ။

အနတ္တ said...

ဥယျာဉ်ထဲမှာ အရိပ်ရောက်လာတာ ဝမ်းသာပါတယ်။ တံခါးပိတ်နေလို့ မဝင်ဖြစ်တဲ့အချိန်မှာ ဖုန်းနဲ့ အမေးအဖြေ လုပ်ကြည့်တာ အဖြေမှန်လို့ဆိုပြီတော့ ဆုနှစ်ဆု ပေးပါတယ်။ တန်းဖိုးမဖြတ်နိုင်ပါ။ ဆုတွေကိုစိတ်ဝင်စားရင် ဆုချီးမြှင့်သူ အရိပ်ကိုသာ မေးကြည့်ကြပေတော့။ ဒါပေမယ့် အကောင်းဆုံးဆုကို ဘာပေးမယ် ဘယ်သူရတယ်ဆိုတာကိုတော့ မရွေးချယ်ရသေးပါ။ အားလုံးဝိုင်းဖြေကြည့်ကြပေးမယ်လို့ မျှော်လင့်ပါတယ်။