မ (သို့) .......
မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
တောက ကိုရင်
စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
မို့ ပါးပြင် လေးမှာ
သနပ်ခါးလေးဖွေး
ပါးကွက်ကြားလေးနှင့်
တဖက်သား အငေးပိုအောင်
ပြုစားနေ သယောင်ယောင်…..။
ရှက်စနိုးပြုံးရယ်ရင်
ပါးချိုင့်လေး ပါးမှာ ထင်
ပါးကွက်လေးနှင့် တစ်မျိုးပင်
တစ်ပါးသူရင်ခွင် ကို
ကြည်နူးမှူ့ တွေ ပေးသလိုလို …..။
ရွှန်းလဲ့ တဲ့ အကြည့်
သွယ်လျှတဲ့ ဟန်ပန်
နှစ်လိုဖွယ်အိနြေ္ဒတွေနှင့်
ညင်သာစွာလျှောက်အလှမ်းမှာ
ဘယ်ပန်းတွေ ဦးမော့ ထားနိုင်မှာလဲ……….။
တောက ကိုရင်
Posted by
တောက ကိုရင်
at
10:28 PM
2 comments Labels: Poem
နှစ်တစ်နှစ်ကုန်ဆုံးတော့မှာကိုစဉ်းစားရင် လွန်ခဲ့တဲ့ ကိုးနှစ်၊ဆယ်နှစ်လောက်က
နေရာလေးတွေကို ပြန်ပြီးလျှောက်သွားနေရင်ကနေ ခလုပ်တိုက်လို့ ငုံ့ကြည့်လိုက်တဲ့အခါမှာ သစ်ပင်လေးတစ်ပင်ကို တွေ့မိတာနဲ့ စိတ်မီးအိမ်ဥယျာဉ်ထဲမှာ ချစိုက်လိုက်တာပါ။ တချို့သူငယ်ချင်းတွေဆိုရင် ဒီအပင်လေးကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။
“အတိတ် နှင့် ပစ္စုပ္ပန်”
နေ့လည်နှစ်ချက်ကျ
‘မ’ကံမကောင်းသမျှ
ဘုရားထံနားပူနားစာတိုက်
ငိုက်ခနဲဖြစ်သွား။
တိမ်တိုက်ကိုစီး
မေဘရဏီလေးလား
သူလေးပြေးအလာ
လေဟုန်ကိုစီး
သိန္ဓောအလား
ကိုယ်ကအပြေး။
ဒီဘ၀တော့ အမေ့သားကံကောင်းပြီ
နှစ်ကိုယ်တူပျော်မြူးကြမည်
စိတ်မှာတွေးရင်
လက်တကမ်းအကွာ………….
ဟေ့ကောင် အနတ္တ
ထတော့ ထတော့
ညစာဟင်းချက်ဖို့…….. တဲ့။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
Posted by
အနတ္တ
at
7:21 PM
3 comments Labels: Poem, အနတ္တ
လမ်းမတွေ အေးစက်နေပြီ
ငါတို့ရဲ့မှတ်တိုင်တွေ အချိန်ဖြုန်းနေကြဦးမလား
အဝေးက တောင်တန်းပြာပြာတွေ မျက်ရည်ယို လို့
ဆီနှင်းများစွာ ။
အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံးပေါ့- - - - - - - ။
မျှော်လင်းခြင်း မျက်လုံးများနဲ့
ငါရင်ဘက် အက်ကြောင်းထဲက
သွေစိမ်းစိမ်း ရွှင်ရွှင် တွေ စိမ့်ထွက်လာတုန်း
ရာသီစာ အလွမ်း တွေ ကို
ကျောပိုးအိတ် ထဲ ထည့်ပြီး
တိမ်တိုက် တွေ ကိုငေးကြည့် နေမိတယ်
ဝေးကွာခြင်းများနောက် ။
စူရှ ကျယ်လှောင်တဲ့ အသံတွေရဲ့နောက်
အမှီလိုက်ရင်း
နောက်ကျကျန်ရစ်ခဲ့
အဖြူ အမဲ တွေကြား လည်ပတ်ရင်း
ခြေထောက်တွေ အသားမာတက်ခဲ့
ရှုပ်ထွေးခြင်း များ။
ငါပြေးထွက်ခဲ့
ငါရုန်းထွက်ခဲ့မိပါတယ်
မလွတ်မြောက်နိုင်တဲ့ ဘ၀သံသရာထဲက
အေးစက်စက် အကြည့်တွေနဲ့ ဝေးရာ ကို
ရောက်လိုရောက်ငြားပေါ့- - - - - - - -။
Posted by
ခေတ်လူ
at
5:46 PM
1 comments Labels: Poem
ကျွန်တော် ဘ၀ကို
သုည ကစခဲ့ပါတယ်- - - - -၊
ခုလည်း
သုည- - - ပါပဲ- - - - - - -- - ။
Posted by
ခေတ်လူ
at
5:44 PM
0 comments Labels: Poem
ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင်
ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့
အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ
အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ......
ကဗျာတွေနဲ့သာ။...........။
Posted by
ခေတ်လူ
at
5:43 PM
0 comments Labels: Poem, ခေတ်လူ
မင်းရဲ့ အသိုက်မှာ....
ငါ့ခြေလှမ်းတွေ ထစ်ခဲ့။
ရင်ခပ်ကြမ်းကြမ်းနဲ့
ဥပက္ခာတရား...
လမ်းတွေ မှော်ဝင်နေတုန်းပေါ့။ ။ ။။
Posted by
ခေတ်လူ
at
5:40 PM
0 comments Labels: Poem, ခေတ်လူ
ဖူးပွင့်စ အလှတရားလေးနဲ့....
ဦးခေါင်းထက် အလံစိုက်ခဲ့သူရေ...
မင်း အနံ့တွေ စူးရှလွန်းပါတယ်။
ခုတော့....မကြွေခင်
မြေပြင်ရဲ့ ဆီးကြိုခြင်းကို
ခံနေရပေါ့
Posted by
ခေတ်လူ
at
5:11 PM
0 comments Labels: Poem, ခေတ်လူ
တွန့်ခနဲ ဖြစ်သွာခြင်းရဲ့နောက်မှာ....
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။
Posted by
ခေတ်လူ
at
4:31 AM
0 comments Labels: Poem, ခေတ်လူ
ခိုးကိုးရာမဲ့ မျက်လုံးလေးတစ်စုံ၊
အတတ်ပညာတစ်ခုရဲ့ အနိမ့်အမြင့်တွေကြားမှာ
အေ၇ာင်မှိန်ခဲ့ဖူးတယ်။
ဘ၀ရယ်....
အရောင်တွေ များလိုက်ပုံများ...
စွဲစွဲမြဲမြဲ မ၀ံ့ထည်တော့တဲ့
တုန်ရီ ခြေနှစ်ချောင်းလို.....
လမ်းမှားတွေဘက် တိမ်းစောင်ခဲ့ဖူးတယ်။
ငယ်ငယ် က......
ဖားခြေထောက်ကို ကြိုးနဲ့ချည်၊
ခုန်ခိုင်းခဲ့သလိုမျိုး
ငါ့ရဲ့အားထုတ်မှုတွေ...
နောက်ပြန် ရောက်ရောက်နေခဲ့။
အသုံးမတည့်တော့တဲ့..
အသီးအပွင့်တွေလို...
ပုပ်အဲ့အဲ့ လက်သီးဆုပ်ထဲက၊
ဘ၀တွေ ဆုပ်ချည်ဖြန့်ချည်.....
ဒီလိုနဲ့ပဲ ဘ၀ဟာ......
နောက်ထပ်တဖန်
အရောင် မှိန်ခဲ့ရပြန်ပြီ။ ။
Posted by
ခေတ်လူ
at
2:06 AM
1 comments Labels: Poem, ခေတ်လူ
အခွံတွေ မမာသေးခင်...
အတောင်ပံတွေ တပ်ဆင်နေကြ၊
ဘ၀ကမပေးသေးတဲ့...
သင်ခန်းစာတွေ ရယူဖို့။
Posted by
ခေတ်လူ
at
2:05 AM
1 comments Labels: Poem, ခေတ်လူ
အဲ့ဒီ့နေ့ကိုမုန်းတယ်.....
မီးတောက်များနဲ့
သာယာနေသော
ခါးသက်သက် အလှတရား၊
ငါ့ရဲ့ဖြစ်တည်မှု အလုံးစုံကို
နာကျည်းစေခဲ့တယ်။
အဲ့ဒီနေ့ကိုမုန်းတယ်......
ကဗျာဆန်ဆန်
လှုပ်လီလှုပ်လဲ့ လှမ်းလျှောက်လာတဲ့
ဖြေလှမ်းများနဲ့
အရောင်တွေဖြာထွက်နေသော မိန်းကလေး
ငါ့ရဲ့တစ်နေရာစာမှာ အရိပ်မထင်ခဲ့ဘူး။
အဲ့ဒီနေ့ကိုမုန်းတယ်.....
မှောင်မိုက်နေသော
အလုံပိတ်ထားတဲ့အခန်းထဲ
ငါ့ကဗျာတွေ အစာငတ်ခဲ့၊
လရောင်ရဲ့ အေးစက်စက်အနမ်းတွေက
ထပ်ခိုးထောင့်တစ်နေရာကနေ
ငါ့ကိုနမ်းရှိုက်နေတယ်...ဒီလိုနဲ့
ငါဆိုတာ ငါမှန်းမသိလိုက်တဲ့အချိန်မှာ
ဆေးလိပ်မီးခိုးတွေ
တစ်ခန်းလုံးအူနေခဲ့ပေါ့။
အဲ့ဒီနေ့ကိုမုန်းတယ်.....
ခက်ပြင်းပြင်း ခြေသံများ...
ခွေးအူသံများ.....
အတင်းပြောသံများ....
သက်ပြင်းချသံများ..
အမည်မသိ လှောင်ရယ်သံများ။
အဲ့ဒီနေ့ကိုမုန်းတယ်.....
အဟောင်းတကာ့အဟောင်းများ
စုပုံရောင်းချခဲ့မိသော ငါ့ဒေါသများ။
အဲ့ဒီနေ့မှာပဲ..
စူးရှမာကြောသော သံမဏိမြားသံတစ်ချောင်း
ငါ့ရင်ဘက်ထဲ စိုက်ဝင်ခဲ့တယ်။
နောက်ထပ်..
အဲ့ဒီနေ့တွေမှာပဲ.....
သူတို့ငါ့ကိုမုန်းသွားကြတယ်............။
......တောက်........၊
အဲ့ဒီနေ့တွေကို.......
အမှန်တကယ်ပဲ မုန်းခဲ့ပါတယ်.......။။။
Posted by
ခေတ်လူ
at
2:03 AM
0 comments Labels: Poem, ခေတ်လူ
ငါသောက်သုံးခဲ့တဲ့ အရာတွေပါပဲ......
ခုတော့..........
သူတို့က ငါ့ကိုသောက်သုံးနေကြပြီ။ ။
Posted by
ခေတ်လူ
at
1:57 AM
0 comments Labels: Poem, ခေတ်လူ
မင်းကျောခိုင်းခဲ့တဲ့ အိပ်မက်တွေပါပဲ......
ငါ ရူးသွပ်ခြင်းတွေထဲ မင်းရယ်သံတွေ....
ထစ်ချုန်း နေဦးမှာလား။
ဘ၀ရဲ့ အရသာမှာ.....
အချစ်ဟာ ပျော်ဝင်ပစ္စည်းတွေပဲလား...
အိပ်မက်ဆန်ဆန် ဖြက်သန်းခြင်းတွေအတွက်၊
မင်းရယ်သံတွေထဲ...ငါရူးသွပ်နေတုန်းပါပဲ။
ဘ၀ရယ်....အရောင်တွေများလိုက်ပုံများ....
ပင်လယ်ရေအလယ်မှာ ဗဟိုပြုလို့....
အချစ်ဟာ...ဒီရေအတက်ကြမ်းခဲ့ပြီ။
စိုစိုစွတ်စွတ် စိတ်ဓါတ်တွေနဲ့..
ထုံထိုင်းခဲ့တာ ငါမဟုတ်ရပါဘူး။
ငုံ့ကြည့်နေတဲ့ ကောင်းကင်အောက်မှာ
ငါ...ဒီညတွေကို..
ယိုင်နဲ့နဲ့ ....ဖြက်သန်းဆဲ.....
မင်းရယ်သံတွေကြာမှာ။........။
Posted by
ခေတ်လူ
at
1:41 AM
0 comments Labels: Poem, ခေတ်လူ