စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, June 30, 2008

မွေးနေ့ပိတ်ပွဲ.....

အားလုံး မင်္ဂလာပါခင်ဗျာ

(အသံက နာနေသေးတယ်။ မွေးနေ့တုန်းက မကြီးပါချူး ဘလော့ဂ်မှာ ကိုကြီးကျော်တို့၊ အနတ္တ တို့၊ ခမ တို့ နဲ့ ၀ိုင်းကောင်းလို့ ရေခဲစိမ်တာများသွားလို့ဗျာ..။)

မဟုတ်ပါဘူးဗျာ........။ မွေးနေ့ပွဲမှာ မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ အရိပ်မ ကို လိုက်အော်နေရတာနဲ့ အသံနာနေတာပါခင်ဗျာ....။ဒါတောင် မကြီးရှိနေလို့။ နို့မဟုတ်ရင် မလွယ်ဘူးဗျ....။ သူ့ချည်း ဓါတ်ပုံဝိုင်းရိုက်ရအောင် ရုပ်ရှင်မင်းသမီး မဟုတ်ဘူးဆိုလို့ မကြီး နဲ့ ကျွန်တော် ချော့လိုက်ရတာဗျာ.........။

ဒီလို နဲ့ လိုရင်းကို မရောက်တော့ဘူး။ ကောင်းတမန် တို့က စကားပြောရင် အဲလိုချည်းပဲ ဗျို့.......။ သည်းခံကြပါရှင်........။ အဲယောင်လို့ပါဗျာ......။ သည်းခံကြပါခင်ဗျာ....။

ပထမ ဦးစွာ မွေးနေ့မှာ သူငယ်ချင်းတွေ ဂုဏ်ပြုတာကို ကျေနပ်ပျော်ရွှင်စွာ လက်ခံပေးတဲ့ မလေးအရိပ် (သူများတွေခေါ်တာ အရိပ်လေးဆိုလား..ဘာလား ..ဟိုနေ့က ကြားလိုက်မိသလိုပဲ...ခင်ဗျားတို့ရော ကြားမိသေးလား) ကို အများကြီး ကျေးဇူးတင်ပါတယ်။

ဒုတိယက တော့ အလုပ်တွေ မအားမလပ်ကြတဲ့ ကြားထဲက မွေးနေ့ပွဲကို ကမကထ ပြု လုပ်ပေးသွားတဲ့ မကြီးပါချူး၊ ကဗျာတွေ ရွတ်ဆို လက်ဆောင်ပေးခဲ့ကြတယ့် စံပယ်၊peace၊ကိုကြီးအနတ္တ၊ကိုကြီးကျော် (လာရင်ကွယ် အရက်ပုလင်းကိုသာ ဆက်ကြပါ....ဟား.....ဟား စတာပါဗျာ.)၊ ရွှေအိမ်စည်၊ ကိုကောင်းတမန် (ဟာ..ကောင်းတမန် ဆိုတာ ငါပါလား.....ဟား......ဟား ..မေ့သွားလို့ပါဗျာ)၊ ဒေါက်တာဘေဘီ၊ ကိုခိုင်မြဲ (ခွက်ပုံးအမြဲ ခုတ်တတ်သူ.........မနေ့က တွေ့ခဲ့လို့.....ဟဲ....ဟဲ...) နဲ့ အခြား လာရောက်လည်ပတ်သူ အားလုံးကို ကျေးဇူးအထူးတကယ် တင်ရှိပါတယ်ဗျာ......။

တတိယ အနေနဲ့ကတော့ မလေးအရိပ်အတွက် အစစ အရာရာ မမောပန်းစွာ တက်ရောက်အားပေးသူတွေ နဲ့ မွေးနေ့ရှင် မလေး အရိပ်ဟာ ရှေးရေစက်ရှိသည်နှင့် အညီ စိတ်မီးအိမ်မှာ အဖွဲ့သားတွေအနေနဲ့ ဒီဘ၀မှာ တွေ့ဆုံခွင့်ရကြသလို၊ နောက်နောင်ဘ၀တွေမှာလည်း သံသရာဝဲထဲက မထွက်နိုင်ခင် (ဆရာကြီးလိုလို နဲ့ တရားစကားတွေ ပြောနေပြီ.....ကြည့်နေ....ကြည့်နေ...) ဘ၀ အားလုံးမှာ ပြန်လည် ဆုံဆည်းနိုင်ကြစေပြီး ဘ၀ခရီးလမ်းကို မိဘ၊မိတ်ဆွေသင်္ဂဟ တို့နှင့် သဟဇာတ ပြည့်စွာ ဖြတ်ကျော်နိုင်စေ၍ လောကီ၊လောကုတ် နှစ်ထုတ် သေချာအောင် တယောက်နဲ့ တယောက် ကူညီဖေးမ ရင်း မောင်နှမ မေတ္တာ တိုးပွားကာ အေးချမ်းပီတီ ဖြာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စတုတ္ထ အနေဖြင့် အခမ်းအနား အစီအစဉ် (၇) အရ မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, June 29, 2008

အခမ်းအနား အစီအစဉ် (၆) အရ

မကြီး နှင့် သူငယ်ချင်းတို့ရေ..

အခမ်းအနားမှူးကတော့ ကိုကြီးကျော်၊ ခိုင်မြဲ တို့နဲ့ ၀ိုင်းကောင်းပြီး ဘယ်နားမှာ မူးလို့အမှီးခွေပြီး အိပ်နေလဲမသိတော့ဘူး ..ဧည့်ပရိတ် သတ်များလည်း မကြီးပါချူး ဧည့်ခံကျွေးမွေးတဲ့ မုန့်နဲ့ မွေးနေ့ကိတ်ကို စားသောက်လို့ ပြီးစီးလောက်ပြီလို့ထင်ပါတယ်... တော်သင့် ပြီပေါ့နော် ... (ကုန်မှာဆိုးလို့ပါ..) အဲ့ဒါကြောင့် ရက်တွေလည်းလွန်နေပြီဖြစ်၍ မွေးနေ့ရှင်က အလိုက်တသိနဲ့ပဲ ကျေးဇူးတင် စကား လက်ဆောင်ပြန်လည်ပြောကြားလိုက်ပါတယ်နော်....

ဇွန်လ (28) ရက်နေ့မှာ ကျရောက်သော အရိပ်ရဲ့ …… နှစ်မြောက် (အသက်ကိုပြောရင် ရုပ်ကနုနေတော့ မယုံကြမှာဆိုးလို့ပါ ဟားဟား….) မွေးနေ့မှာ မမေ့နိုင်စရာ အမှတ်တရလေးတွေ ရင်ထဲကို ထည့်ပေးခဲ့တဲ့အတွက် မကြီးနဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်…အခုလိုမျိုး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရခဲ့တဲ့အတွက်လည်း ကံကြမ္မာကို အရမ်း ကျေနပ်မိ တယ်…. ဘာပဲဖြစ်ဖြစ် အသက်တစ်နှစ်ပိုကြီးလာတာနဲ့အမျှ ကိုယ့်ဘ၀ကိုသုံးသပ်ရင်း လိုအပ်ခြင်းတွေအတွက် ပြင်ဆင်ရဦး မယ် ဆိုတာကိုလည်း သတိထားမိပါတယ်…သေချာတာတခုကတော့ အသက်တစ်နှစ်ပိုကြီးလာတာပေါ့… ဟုတ်တယ်မို့လား…. ပြောတဲ့ထဲမှာ အဲ့ဒါတော့မမှားလောက်ပါဘူးနော် ဟီဟီ….တခုတော့ ရှိတယ် တ၀က်စီစားကြတာပေါ့နော့်…. အင်း………အရေးကြီးတာက Important လေ… အဓိက က Main ပေါ့နော့်….အဲ အပျော်တွေလွန်ပြီး ပြောနေရင်းနဲ့ ဘယ်တွေရောက်ကုန်ပြီလဲမသိဘူး… ဧည့်သည်တော်များ သီးခံကြပါနော်….အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါ….အမှန်တကယ်ကတော့ အကြံအဖန်တခုမှမပါပါဘူးလို့ …ဟဲဟဲ..
ကြွရောက်လာကြတဲ့ ဧည်သည်တော်များ ကောင်းတမန်၊အနတ္တ ၊ခိုင်မြဲ၊ ကိုကြီးကျော် တို့ကဲ့သို့ ဧည့်ခံကျွေးမွေးတဲ့ အစားအစာများကို အိတ်ဖြင့်ခိုးယူမသွားသောကြောင့်လည်း နိုင်ငံကြီးသားပီသမှုကြောင့် ကျေးဇူးအထူးတင်ရှိပါတယ်…သူတို့အကြောင်းကိုတော့ မွေးနေ့အမှတ်တရအနေနဲ့ လူစုံမှ ရှင်းပြရခြင်းဖြစ်ပါတယ်…ဒါပေမဲ့ အရိပ်သူငယ်ချင်းလေးတွေက မလစ်ရင်ဘာမှမလုပ်တာတော့ သေချာပါတယ်. …အဲ့ဒါကြောင့်လည်း သူတို့ကိုစောင့်ကြည့်ဖို့ ဂျိမ်းစဘွန်းကို စောင့်ခိုင်းထားရတယ်…. ဒါဆိုရင်တော့ မလစ်လောက်တော့ပါဘူးနော်… သူငယ်ချင်းတို့နော်……..သနားညှာတာသောအားဖြင့် သတင်းမဖွပါနဲ့နော်…..အော် ဒါနဲ့ နောက်ဆုံးသတင်တခုပြောရဦးမယ်….တချို့တွေကလည်း အရိပ်မွေးနေ့ကို အကြောင်းပြုပြီးတော့ အွန်လိုင်းမှာ တွေ့ဖို့ ချိန်းထားတယ်ဆိုပဲ… ဟားဟား… ၀ါသနာပါတဲ့သူတွေ လိုက်ချောင်းကြနော်….စိတ်မီးအိမ်က ဘယ်သစ်ပင်အောက်မှာ ထိုင်စကားပြောနေကြမလဲမသိဘူး … အရိပ် ထင်တာတော့ ဘ၀ခရီးသွားခြင်းဆိုတဲ့ သစ်ပင်အောက်မှာ စကားပြောနေကြမလားပဲ… စတာပါ ဒယ်ဒီနဲ့မာမီရေ…စိတ်မဆိုးကြနဲ့နော်…အားလုံးလည်း မွေးနေ့ပွဲအတွက် ပြင်ရဆင်ရ စားရသောက်ရတာ(အင်း သောက်တာက များမှာပါ… မကြီးဘလော့မှာ ဘီယာတွေ ဖြည့်မလောက်ဖြစ်နေတာတွေ့တယ်လေ.. ကိုကြီးကျော် ဦးဆောင်ပြီး ခိုင်မြဲက ထိပ်ဆုံးကပေါ့နော်) နဲ့ ပင်ပန်းနေကြပြီဆိုတော့ အားလုံးကို ပြန်လည်ဆုံတွေ့ကြဖို့ဆုတောင်းရင်းနဲ့ နှုတ်ဆက်ပါတယ်……။
အမှားအယွင်းလေးများပါသွားခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်....

အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Saturday, June 28, 2008

အရိပ်မွေးနေ့အတွက်.....

Happy Birthday

[+/-] အပြည့်အစုံသို့...

"နှစ်တစ်ရာတိုင်ပျော်ရွှင်ပါစေ"

နွေနှောင်းကုန်စ

ချိန်ခါပြောင်းစ

ခါဝသန်မိုး၊ ရွာသွန်းဖြိုး

ကာလချိန်ခါ၊ နယုန်လမှာ

မြင်မြင်သမျှ၊ အရာရာလှပ

ဖွဖွကြိုဆို၊ ပိုမိုချိုမြ

ထိုမှတစ်ဖန်၊ လူသူကြားက

မွေးဖွားသန့်စင်၊ သင့်လိုအင်သည်

ကြည်လင်အေးချမ်း ပန်းနှယ်လန်းလို့

စမ်းရေအေးအေး၊ ပန်းနှယ်မွှေးလို့

ရောက်ခဲ့ပြန်ပြီ၊ မွေးနေ့ချိန်မှာ

နွေးထွေးတက်လမ်း၊ တစ်သက်မှန်းဖို့

ဆက်လှမ်းကာချီ နှစ်တစ်ရာဆီ.....

ktmgkalay


မာမီရေ........မွေးနေ့အမှတ်တရကို ရောက်အောင်ပို့ပေးတဲ့အတွက် နောက်မှ ကျေးဇူးဆပ်တော့မယ်နော်.....ဘယ်လိုဆပ်မယ်ဆိုတာတော့ သိတယ်မို့လား.... ဟားဟား...
ကျန်းမာပျော်ရွှင်ပါစေနော်...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

တောင်းဆု

ဇာတာမှာဖွဲ့ လူ့အသက် ၁၂၀ တဲ့
အရိပ် အတွက် ဆုမွန်တောင်း
နှစ် ၁၂၀ ထက်ရှည်စေကြောင်း----------------------------------->

[+/-] အပြည့်အစုံသို့...

အရိပ်အတွက်

Happy Birthday

[+/-] အပြည့်အစုံသို့...

အရိပ် အတွက် မွေးနေ့လက်ဆောင်

happy birthday

[+/-] အပြည့်အစုံသို့...

အရိပ်အတွက်

HAPPY BIRTHDAY

[+/-] အပြည့်အစုံသို့...

မွေးနေ့ဆုတောင်း

မအရိပ် ရဲ့ ၂၈-၁၁၂၀၀၈ မှာကျရောက်တဲ့
မွေးနေ့မင်္ဂလာမှ နောင်နှစ်ပေါင်း ၁၂၀ကျော်တိုင်
စိတ်၏ကျန်းမာခြင်း-ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသာခြင်း-ကိုယ်၏ချမ်းသာခြင်း
များကို ပိုင်ဆိုင် ရှင်သန်နိုင်ပါစေ-------------->

[+/-] အပြည့်အစုံသို့...

အရိပ်မွေးနေ့ဝယ်.....

ဘော်ဒါတွေစုရုံး......
အပြုံးတွေဖလှယ်......
အရိပ်မွေးနေ့ဝယ်၊
စိတ်ညစ်စရာတွေမေ့ထား၊
အလုပ်တွေခတ္တရပ်၊
ယှဉ်တူကာမက်တပ်ရပ်လို့...
အရက်ခွက်ကိုယ်စီမြှောက်
ဆုတောင်းလိုက်ကြရအောင်......................
--------အရိပ်ရဲ့၂၈ရက်နေ့တွင်ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ချမ်းမြေ့သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ--------------------------

[+/-] အပြည့်အစုံသို့...

Friday, June 27, 2008

တရံရောအခါမှ တဘ၀စာသို့

တရံရောအခါ.
တပြည်တရွာမှ ပြည်မြန်မာပြန်
သူငယ်တယောက်သည်
နာကျင်ကိုက်ခဲ ပူပြင်းချမ်းတုန်
ဝေဒနာစုံကို မိဝေးဖဝေး
နယ်တကျေး၌ ခံစားနေခိုက်…….။

တရံရောအခါ
ထိုသူငယ်သည် မိခင်ဖခင်
အဆွေကြင်နှင့် နီးနာသူငယ်ချင်း
ဆရာရင်းတို့ များလှထွေစွာ
ပြည်မြန်မာဝယ် ပျော်ရွှင်မြူးထူး
ကူးလူးဆက်စပ် အပြုံးတပ်ရန်
ကြိုးစားခဲ့ဖူးလေ၏…….။

တရံရောအခါ.
ထိုနယ်မြေမှာ သူတော်တသိုက်
တူပျော်ပိုက်ဖို့ အိပ်မက်သော်ငြား
လက်တွေ့သော်ကား မစွမ်းသောခါ
ထိုသူငယ်သည် စိတ်ပါနာကျင်
ဝဋ်တွင်သမျှ ထိုဘ၀ကို
မေးမှိတ်အောင်းစက် ပြင်မထွက်ပဲ
ခံစားနေလေသတည်း…။

တရံရောအခါ
ထိုသူငယ်သည် စိတ်ရောကိုယ်ပါ
ထုကာထောင်းကာ မခံနိုင်အဆုံး
ဒုံး ဒုံးချမတတ် ခံစားမှတ်၍
နေပါသော်လည်း ဖြေနိုင်စရာ
မရှိကမ္ဘာဝယ် မသွေဖည်နိုင်စွာ
လူ့ခန္ဓာကို အားမာန်လျှော့ချ
ပျော့လျခွေကာ သေလုအောင်ပင်
မရှုမစိမ့် ကြိတ်မှိတ် ခံစားနေလေတော့၏။

တရံရောအခါ
လူသူမမြင် ထိုတခွင်တွင်
သတ္တ၀ါတစ်ခု ကံတစ်ခုဟု
မပစ်လျစ်လျူ ကူယူကယ်ဆယ်
အသက်ဝယ်ခြင်း အကြောင်းရင်းမှာ
မိတ်ဆွေမြတ်တို့ ပြုတတ်ဝန်တာ
တွေးကာပြေးမှ တွေ့လှ ထိုသူငယ်
သနားဖွယ်ကို ဆေးသမားကူ
ဆရာယူ၍ ကယ်တင်အသက်တချောင်း
စွမ်းဆောင်ဖူးသည် ထိုသူမည်သူဖြစ်မည်နည်း ….။

တရံရောအခါ
ဖိုးလှ၏ သခင်တိုးကာဝင်
အမေချစ်၏နို့ လှုကာစို့ဖူးသူ၊

တရံရောအခါ
မတဲ့အမြဲ တဲ့ အမြဲ
ရန်တကျက်ကျက် ထိုးကာနှက်
စကားလုံး သွက်သွက်သုံးကာပက်
ဟာသစွက်ကာ နှောတတ်သူ၊

တရံရောအခါ
အပြုံးတရိပ် ဝှေ့ကာတွေ့၍
မသေတသက် ဆက်ခဲ့ဖူးသူ၊

တရံရောအခါ
မိုးတမ နှင့် ဇွန်တပွင့်
ဟာသ နှင့် အပြုံးတပွင့်
ဆင့်ကာရောယှက် ချက်တိုင်ထွက်သော်
ထိုသူကို ဖွားမြင်ခဲ့၏။

ထိုသူသည်
တရံရောအခါ…
အဖကို လည်း မှန်းကာ ဆွေးဖူးသည်။

ထိုသူသည်
တရံရောအခါ…
အမိအတွက်လည်း တွေးကာ ပူဖူးသည်။

ထိုသူသည်
တရံရောအခါ…
အမကိုလည်း အချစ်ပိုဖူးသည်။

ထိုသူသည်
ယနေ့မှစ ဤဘ၀တွင်
အေးချမ်းအစဉ် တရားအလျင်နှင့်
ရွှင်မွှေ့နှလုံး ပိုက်ကာကျူံးလျက်
လောကီလောကုတ် အမြတ်ထုတ်ကာ
အောင်မြင် မုချရပါစေသတည်း….။


အရိပ်ရေ မွေးနေ့လက်ဆောင်အဖြစ် ငါ လည်း ကဗျာ ရွတ်သွားတယ်နော်။

[+/-] အပြည့်အစုံသို့...

Thursday, June 26, 2008

ကဗျာရွတ်ဆိုခြင်း


ကဗျာမရွတ်ဆိုခင် စကားလေး နည်းနည်းလောက် ပြောခွင့်ပြုပါခင်ဗျာ…….. စိတ်မီးအိမ် ဥယျာဉ်လေးထဲမှာ မွေးနေ့ပွဲကျင်းမတာ အခုဆိုရင် ဒုတိယအကြိမ် ရှိသွားပါပြီ။ ပထမအကြိမ် ကျင်းပတုန်းက အသုံးပြုခဲ့တဲ့ labels လေးကိုပဲ ပြန်ပြီးအသုံးပြုပြီး စိတ်မီးအိမ်မှ စိတ်တူကိုယ်တူ မောင်နှမတစ်စုရဲ့ မွေးနေ့ပွဲလေးတွေကိုလည်း အချိန်တွေသာပြောင်းလဲပေမယ့် တစ်စုတစည်းတည်းလေး ရှိစေလိုတဲ့ဆန္ဒကြောင့်သာပါ။ အစီအစဉ်(၁) အရ မကြီးပါချူးမှ အခမ်းအနား စတင်ကြောင်းကျေညာပေးမှာဖြစ်ပါတယ်။ ယခုလည်း အစီအစဉ်(၁)ကို မကြီးပါချူးမှ အခမ်းအနားစတင်ကြောင်း ကျေညာပေးပြီး ဖြစ်တဲ့အပြင် ကျွေးမွေးဧည့်ခံဖို့ အစီအစဉ်ကိုလည်း အစဉ်အလာမပျက် မကြီးပါချူးဘလော့ဒ်မှာ သွားရောက်သုံးဆောင်နိုင်ရန် ကြိုတင်စီစဉ်ထားမယ်လို့ မျှော်လင့်မိပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်သည်တော် မောင်နှမများက စိတ်မီးအိမ်ရဲ့ ဧည့်သည်တော်မှတ်တမ်း (Cbox) မှာလက်မှတ်ရေးထိုးပြီး မကြီးပါချူး ဘက်မှာ စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ မကြီးပါချူးနဲ့ စိတ်မီးအိမ်နဲ့က လည်း စွယ်တော်ရွက်ကလေးလိုပါပဲ။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သလိုပါပဲ။ ဘာမှအားနာစရာမရှိဘဲ သုံးဆောင်နိုင်ပါတယ်။ (ကောင်းတမန် နဲ့ ခိုင်မြဲ ထက်အရင်ရောက်မှ စိတ်ချရမယ်နော်)ဧည့်သည်တော်များ ကြွရောက်ချီးမြင့်ပေးပြီး ပြန်လည်ထွက်ခွာတဲ့ အခါမှာလည်း မကြီးပါချူးဘလော့ဒ် ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုး မှတ်တမ်းတင်သွားကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
ယခုမွေးနေ့ပွဲကို ထူးခြားစွာကျင်းပလိုတဲ့ မောင်နှမတွေရဲ့ဆန္ဒအရ အစီအစဉ်(၃)အနေနဲ့ ကဗျာရွက်ဆို ပေးသွားမှာဖြစ်ပါတယ်။ ရွက်ဆိုသွားမယ့် ကဗျာလေးများကတော့ နံပါတ်(၁) ကြေကွဲလွမ်းဆွမ်မှု အမှတ်တရ ဆိုတဲ့ မွေးနေ့ရှင် အရိပ်ရဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ကြေကွဲလွမ်းဆွမ်းမှု အမှတ်တရ ….ကွ ကွ…..ကွီ ကွီး ……….. (ကဗျာရွက်သံ) ကဗျာလေးကိုရွေချယ်ရတဲ့ အကြောင်းကတော့ မွေးနေ့ရှင်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ရော မိဘကိုဦးထိမ်ပန်ဆင် ထားတာရော ဖြစ်ပျက်တတ်တဲ့တရားလေးကို ကျေကွဲဝမ်းနည်းဖွယ် သင်ခန်းစာရယူနိုင်ရန် ရေးသားသီကုံးထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နံပါတ်(၂) ခြေရာ ဆိုတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ခြေရာ…….. ကွိ ကွီ………ကွ ကွ……….( ကဗျာရွတ်သံ) အဲဒီကဗျာလေးကို ရေးသားသီကုံးတဲ့သူကတော့ ကိုကြီးကျော် ဖြစ်ပါတယ်။ ကိုကြီးကျော်ရဲ့ကဗျာတွေဟာ အထူးကောင်းမွန်တဲ့အကြောင်း ပြောပြစရာမလိုလောက်ဘူးလို့ ပြောပါရစေ။ (ဟီဟိ မပြောတတ်တာလည်း ပါတာပေါ့နော) ဒီကဗျာလေးကို ရွက်ဆိုရတဲ့အကြောင်းကတော့ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိရှိ ရပ်တည်နေပြီး သည်းခံခွင့်လွတ် အနင့်နာခံ အကျိုးဆောင်ပေးမယ်၊ နောက်ဆုံးမှာ မရှောင်လွှဲနိုင်မဲ့လမ်းကို လျှောက်လှမ်းရင် ကဗျာဆိုတဲ့ ခြေရာလေးကို ကျန်ထားရစ်ခဲ့မယ်ဆိုပြီး ရေးဖွဲ့ထားလို့ပါ။ နံပါတ်(၃) ကဗျာကတော့ ရိုးသားချင်တယ် ဆိုတဲ့ သနပ်ခါးရေးတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ရိုးသားချင်တယ်…………. ကွကွိ……………. ကွိကွ……… ( ကဗျာရွတ်သံ) သူ့ကဗျာကတော့ လူငယ်တွေ (အထူးသဖြင့် အနော်တို့လိုပေါ့ …ဟီဟိ ….ကိုကြီးကျော်တို့၊ ကောင်းတမန်တို့၊ ခိုင်မြဲတို့ ပါဘူး ) ဖြစ်ပျက်တတ်တဲ့ သဘောသဘာဝလေးကို သီကုံး ဖွဲ့ဆို ထားလို့ပဲဖြစ်ပါတယ်။ ကဗျာထဲက သူ့ရဲ့ ပွင့်လင်းမှုတွေ ဘယ်လိုပင် ရိုက်ချိုး ခံခဲရ ခံခဲရ၊ အဖြူရောင်နှလုံးသားကိုပဲ စိတ်အရောင်စုံထဲမှာ ဘယ်လောက်ပင် နစ်မွန်းခြင်း ခံခဲရ ခံခဲရ၊ သူဘယ်လိုပဲ ခံစားခံစားနေပါစေ သူ့ရဲ့စိတ်အစဉ်ကတော့ အေးမြတဲ့ အရိပ်စစ်ကိုပဲတမ်းတရင်း ရိုးသားမှုကို လက်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။ ကဗျာရှင်တမ်းတတဲ့ အရိပ်စစ်လေးကို ကဗျာရှင်နဲ့အတူ စိတ်မီးအိမ်က မောင်နှမများ (လာရောက်လည်ပါတ်သူများလည်း ပါဝင်ပါသည်) ကလည်း အရိပ်ရဲ့ မွေးနေ့ပွဲမှာ ပျော်ပျော်ပါးပါး ဆင်နွှဲ စားသောက်ရင် ဘဝအတွက် အရိပ်စစ်လေး လည်း တွေ့ဆုံနိုင်ပါစေ………..လို့ ဆုတောင်းမေတ္တာပို့သရင်း အနတ္တ ကဗျာရွတ်ခြင်း ပြီးဆုံးကြောင်း ကျေညာအပ်ပါတယ် ခင်ဗျာ…………….. ရွှီး………….. ဖြောင်း………… ဖြောင်း……………. ဖြောင်း....................
ခုမှပဲနားငြီးသက်သာသွားတော့တယ် ဥသြ လည်ပင်းနင်နေတဲ့အသံကြီးနဲ့ မျောက်အစာတောင်းနေတာလား ကျနေတာပဲ အောက်ကနေတဲ့သူတွေကိုမှ အားမနာ သူ့နာမည်ပါ တိုင်း အကောင်း အောင်းမေ့နေလာ မသိဘူးနော်….. (အစားအသောက်ဘက်ကို စိတ်ရောက်နေတဲ့ ခိုင်မြဲရဲ့ ငြီးတွားသံပဲဖြစ်ပါတယ်) ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

မွေးနေ့ အမှတ်တရ....

ရက်ပေါင်း နှစ်ရာခုနှစ်ဆယ်ကျော်
အကျဉ်းအကြပ်ထဲမှာ
ပျော်ပိုက်ခဲ့ပြီးမှ
လွတ်လပ်ပြီဟေ့… လို့
အသံကုန် ဟစ်ပြီး..
လောကကြီးကို မိတ်ဆက်ရင်းနဲ့
အမေ့ အမောတွေ
ပြေစေခဲ့ပြီပေါ့….

အပြောကျယ်တဲ့ လောကအလယ်မှာ
ပျော်စရာလည်း ကြုံရသလို
ညစ်လိုက် လစ်လိုက်နဲ့
တလှည့်တပြန်
အလှည့်အခံနဲ့ပေါ့…..

ဖြစ်မြဲ ဓမ္မတာ လောက၀ိဟာမှာ
သင်အံလေ့ကျက်
တိုးတက်သိဥာဏ်
စိတ်ကြံ့ခိုင်ရင်း
သာယာငြိမ်းအေး
ဘ၀လေးကို
သူငယ်ချင်း အရိပ်လေးပိုင်ဆိုင်နိုင်ပါစေ…..

အခြေအနေအရ စိတ်မီးအိမ်သို့ မ၀င်ရောက်နိုင်သော သူငယ်ချင်း ဒီဒီ (Peace) မှ ပေးပို့ထားသော မွေးနေ့အမှတ်တရ ကဗျာလေးအား သူငယ်ချင်းများအားလုံး ခံစားနိုင်ရန်အတွက် မျှဝေလိုက်ပါတယ်…..
မွေးနေ့လက်ဆောင်နှင့် မွေးနေ့ဆုတောင်းပေးပို့သည့်အတွက် မယု (jasmine) ၊ ဒီဒီ (peace) အား ကျေးဇူးတင်ရှိပါသည်။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

အခမ်းအနားအစီအစဉ်(၃)

အခမ်းအနား အစီအစဉ် (၁) အရ …
မကြီး ပါချူး ခေါင်းပေါင်း တကားကားဖြင့် အပြေးအလွှား (အလုပ်များ၍ နောက်ကျ နေသဖြင့်) ၀င်ရောက်လာပါပြီခင်ဗျာ…..။
မကြီးပါချူး စင်ပေါ်ကို အမြန်တက်သွားပြီး မိုက်ခရုန်းဖုန်းမှတဆင့် အခမ်းအနား ဖွင့်လှစ်ပေါတော့မယ် ခင်ဗျ..။
……………………………………………………………………………………………………….
စိတ်မီးအိမ်က သူငယ်ချင်းတို့ရေအရိပ်ရဲ့ မွေးနေ့ပွဲ အခမ်းအနားလေးကို ဖွင့်လိုက်ကြရအောင်နော်၁၉…….. ခုနှစ် မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းမဲ့ ဇွန်လရဲ့ မိုးရာသီအချိန် ၂၈ ရက်နေ့ စနေနေ့မှာ လူ့ပြည်ကို ပျော်ရွှင်မြူးတူ ခုန်ပေါက်ပီ ညီမငယ်လေးတစ်ယောက် ရောက်ရှိလို့ လာခဲ့ပါတယ်။ (အူဝဲ မအော်ဘဲ ဟား ဟား ဟား….. လို့များ ရီလာမလားဘဲ… :P)အဲဒီညီမလေးကို မကြီး စပီး သိလိုက်တာက အရိပ်ဆိုတဲ့ နာမည်ကလေးကို စသိတာပါ။ စိတ်မီးအိမ် ဘလော့ဂ်မှာ သွက်လက်တဲ့ စကားလုံး အသုံးအနှုံးနှင့် ရိုးရှင်းတဲ့ ၀ါကျ ဖွဲ့တည်မှုတွေကို မကြီးစပီး သတိထားခဲ့မိတယ်။စကားပြောဖြစ်ကြ၊ တွေ့ဖြစ်ကြတော့လဲ ပြုံးချိုတဲ့ မျက်နှာကလေးဟာ တစ်ခါတွေ့ပီးရင် နောက်ထပ် ဘယ်တော့မှ မေ့မရတဲ့ မျက်နှာပိုင်ရှင် ကလေးပါ။ ရိုးရှင်းတဲ့ စိတ်ထားလေးရှိပီး ဟာသကလေးတွေနဲ့ သူများမတွေးဖြစ်တဲ့ ဘက်ကနေ တွေးပီး ပြောတတ်တဲ့ ဟာသမင်းသမီးလေးလဲ လုပ်တတ် သေးတယ်။အရိပ်အကဲ သိတတ်ပီး သူများကို အဆင်ပြေအောင် ကူညီဘို့ ၀န်မလေးတဲ့ လိမ္မာတဲ့ ညီမငယ်လေး တစ်ယောက် ဆိုတာကို မကြီးသိလိုက်ရတယ်။ မကြီးအတွက်တော့ သူငယ်ချင်းကောင်း တစ်ယောက် ညီမကောင်း တစ်ယောက် ရလိုက်တယ်လို့ ခံစားမိပါတယ်။၂၀၀၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ အရိပ် ရဲ့ ………… နှစ်မြောက် ( သည်းခံပါ မွေးနေ့ရှင်မှ ပိတ်ပင်ထားပါသဖြင့်…. :P )မွေးနေ့မှာ စိတ်မီးအိမ်က သူငယ်ချင်းတစ်စု စုပေါင်းလုပ်ကြမယ်လို့ သိလိုက်ရတော့ မကြီး ၀မ်းမြောက် ကြည်နူးဖြစ်မိပါတယ်။ စိတ်မီးအိမ် သူငယ်ချင်း တစ်စုရဲ့ သူငယ်ချင်းမ အရိပ်အပေါ်မှာ သံယောဇဉ် ဖွဲ့တည်မှုလေးကို အကောင်အထည် ဖေါ်လိုက်ကြရအောင်နော်………….မကြီးဘလော့ဂ်မှာလဲ အရိပ်ရဲ့ မွေးနေ့ပွဲလေးကို မကြီး စဉ်းစားထားသမျှ မကျန်ရအောင် လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ သူငယ်ချင်း အားလုံးကို မကြီး ဒီနေရာကနေ ဖိတ်လိုက်ပါတယ်။မွေးနေ့ရှင် အရိပ် (အေးအေးသိန်း) ဟာ…. စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ဘ၀တစ်လျှောက်လုံး အခက်အခဲမရှိ အားလုံးကို ပြုံးရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ။ လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံတဲ့သူ ဖြစ်ပါစေလို့ ဒီနေရာကနေ စိတ်မီးအိမ် သူငယ်ချင်း တစ်စုနဲ့အတူ မကြီးပါချူး ဆုတောင်းပေးလိုက်ပါတယ်။
…………………………………………………………………………………………………………………….

မကြီး ပါချူးမှ အရိပ် ခေါ် အေးအေးသိန်း ခေါ် မလေး ပေါကြည်မ (အဲယောင်လို့ ငယ်နာမည်ပါခင်ဗျ..ကျေးဇူးပြု၍ ပြန်မမေးကြပါနဲ့။) ၏ မွေးနေ့ အခါတော် မင်္ဂလာ ကို ဖွင့်လှစ်ပေးသည့်အတွက် အထူးပင် ၀မ်းမြောက်ကျေးဇူးတင်ပါသည် ခင်ဗျာ..။

ရွှီး………….
ဖြောင်း……..ဖြောင်း……….ဖြောင်း……..
……………………………………………….
………………………………………………..
၎င်းနောက်……………….

ဟဲ့ အရိပ် အရေးတည်းဆို…..။ တက်လေ…စင်ပေါ်…….။ နင်ကလည်းမွေးနေ့ကို ပေါ့ပေါ့ပါးပါးလေး ၀တ်လာပါဆို။ အချိတ်ထမီ ကြီး တခွမ်းခွမ်းနဲ့။ တော်ကြာ….ချော်လဲဦးမယ်။ ပရိသတ်တွေ စောင့်နေပြီ…။ ပရိသတ်တွေကို လှမ်းပြီး မျက်စ လဲ ပစ်မပြနဲ့ဦးနော်…။ငါ အော်လိုက်တော့မယ်..။ နင် အဖွင့်အမှာစကား ပြောဖို့…….။
သြော်…..အရေးထဲမှ……နင် အပျော်လွန်ပြီး ခုန်မနေနဲ့လေ…………….။
မကြီးရေ အရိပ်ကို ထိန်းပါဦး…………………………။

၎င်းနောက် အစီအစဉ် (၂) အရ မလေး အရိပ်မှ မွေးနေ့ အဖွင့်အမှာစကား ပြောကြားပေးသည်ကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ..။ သြော်…ဟဲ…ဟဲ…. ယောင်လိုပါ ဧည့်သည်တော်များခင်ဗျာ…….။ ကျွန်တော် အစားအသောက်တွေဆီ စိတ်ရောက်သွားလို့ပါခင်ဗျာ.။ သြော်….ဟုတ်ပေါင်……
မလေး အရိပ် အဖွင့်အမှာစကား မပြောရသေးပါဘူးခင်ဗျာ…..။ မလေး အရိပ်မှ မွေးနေ့ အဖွင့်အမှာစကား ပြောကြားပေးပါရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်အပ်ပါတယ်။

အဟမ်း……အဟမ်း ………….
ဟဲ့ အရိပ်မ……ခုန်ပေါက်မနေနဲ့လေ။ မိုးပျံပူဖောင်းတွေ ခေါင်းနဲ့ ဆောင့်လို့ ပေါက်ကုန်မယ်။
စတော့ အဖွင့်အမှာစကား…..။
……………………………………………………………………………………………………………………
အဟမ်း…….အဟမ်း……… (Clearing throat)
စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူးဘလော့တွင် ကျင်းပပြုလုပ်ပေးသော မွေးနေ့ပွဲအစီအစဉ်သို့ တက်ရောက်အားပေးကြသော သူငယ်ချင်းများအားလုံးနှင့် အခြေအနေအရ မတက်ရောက်နိုင်သော သူငယ်ချင်းများအားလုံး ကို ဒီနေရာကနေ ပထမဆုံးအနေဖြင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်….ဘ၀ပေးကံအရ လူ့လောကထဲသို့ မွေးဖွားရောက်ရှိလာခြင်းအတွက် ကောင်းမှုကုသိုလ်လုပ် အသိအမှတ်ပြုကြတဲ့ မွေးနေ့မွေးရက်လေးမှာ မိဘနှစ်ပါးရဲ့ ကျေးဇူးတရာများကို အောက်မေ့တမ်းတရင်း စိတ်တူကိုယ်တူ သူငယ်ချင်းများရဲ့ မွေးနေ့ဆုတောင်းအမှတ်တရလေးတွေကို ပိုင်ဆိုင်ခွင့်ရချင်ပါတယ်… တာဝန်ကိုယ်စီနဲ့ ဘ၀လမ်းခရီးလျှောက်လှမ်းနေကြရပေမဲ့ မအားလပ်တဲ့ကြားက သူငယ်ချင်းများရဲ့ ရင်ထဲက အမှတ်တရပိုစ့်လေးတွေ တင်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်နော်… နောက်တချိန်မှာ အခွင့်အရေးပေးခဲ့မယ်ဆိုရင်တော့ မကြီးပါချူးအပါအ၀င် စိတ်မီးအိမ်မှ မောင်နှမများနှင့် နေရာတခုမှာ စုံစုံညီညီ ဆုံတွေ့ခွင့်ရချင်ပါတယ်…. ဖြစ်ခွင့်ရှိမယ်လို့လည်း မျှော်လင့်ပါတယ်… မဆုံနိုင်ကြသေးတဲ့ ကာလတွေမှာ ကိုယ်စီဘ၀တွေအတွက် အဓိပ္ပာယ်ရှိအောင် နေထိုင်ဖို့ ကြိုးစားရင်း ဘယ်တော့မှမပြောင်းလဲတဲ့ နွေးထွေးမှု သံယောဇဉ်တွေနဲ့ စိတ်မီးအိမ်ဥယျာဉ်လေးမှာ ဒီ့ထက်ပိုပြီး စိမ်းလန်းစိုပြေသာယာလာအောင် ဥယျာဉ်မှူးများအနေဖြင့် အမှတ်တရသစ်ပင်လေးတွေ စိုက်ထူပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ်… အထီးကျန်မှုတွေဖြင့်မိသားစုနဲ့ဝေးနေတဲ့အချိန်လေးမှာ စိတ်မီးအိမ်ဥယျာဉ်နဲ့ မကြီးပါချူးဘလော့မှာ ရင်းနှီးနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့အတွက်လည်း အတိုင်းအဆမရှိ ၀မ်းမြောက်ကြည်နှူးမိပါတယ်….လို့အမှာစကားပြောကြားရင်း 28.6.2008 ( စနေနေ့ ) မှာ မွေးနေ့ကိတ်လာစားကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်….မှတ်ချက်။ ။ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ပေးခဲ့တဲ့ မကြီး မှ အလိုက်သိစွာဖြင့် မွေးနေ့ရှင်၏ အသက်အား မဖော်ပြပေးသောကြောင့် မွေးနေ့ကိတ်များများကျွေးပါမည်။ :P
…………………………………………………………………………………………………………………..
မလေးအရိပ် အဖွင့်အမှာစကား ပြောကြားပေးသည်ကို အထူးကျေးဖူးတင်ရှိပါတယ်ခင်ဗျာ.။

ပရိသတ်များမှ အသက်မေးမြန်းခြင်း မရှိသည့်အတွက်လည်း ကျေးဇူးတင်ပါသည်ခင်ဗျာ..။

အခမ်းအနား အစီအစဉ် (၃) အရ မွေးနေ့ရှင်အရိပ်အတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
………………………………..
ပို့စ်များ စောင့်ဆိုင်းလျက်ရှိ…………..။

ဟေ့……အနတ္တ…..ဒီဘက်ကို လာ…………။
သြော်.ဒီကောင် ခေါ်နေတာ ကို အရိပ် ရှိတဲ့ ဘက်ပဲ ပြေးကပ်နေတယ်။
မင်း နောက်ကျ နေတာလား………………။
ကိုကြီးကျော်တို့၊ ခိုင်မြဲ တို့ ရော လှမ်းမှာ မတွေ့ခဲ့ဘူးလား……….။
မကြီးဘက်မှာ ခဏနေ သွားစားရအောင်……………။

ကဗျာရွတ်ကြဖို့လည်း ပြင်ထားကြဦး……………………။
…………………………………………………………………………………………………………….။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

မွေးနေ့ရှင်မှ အဖွင့်အမှာစကားပြောကြားခြင်း..

စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူးဘလော့တွင် ကျင်းပပြုလုပ်ပေးသော မွေးနေ့ပွဲအစီအစဉ်သို့ တက်ရောက်အားပေးကြသော သူငယ်ချင်းများအားလုံးနှင့် အခြေအနေအရ မတက်ရောက်နိုင်သော သူငယ်ချင်းများအားလုံး ကို ဒီနေရာကနေ ပထမဆုံးအနေဖြင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်….

ဘ၀ပေးကံအရ လူ့လောကထဲသို့ မွေးဖွားရောက်ရှိလာခြင်းအတွက် ကောင်းမှုကုသိုလ်လုပ် အသိအမှတ်ပြုကြတဲ့ မွေးနေ့မွေးရက်လေးမှာ မိဘနှစ်ပါးရဲ့ ကျေးဇူးတရာများကို အောက်မေ့တမ်းတရင်း စိတ်တူကိုယ်တူ သူငယ်ချင်းများရဲ့ မွေးနေ့ဆုတောင်းအမှတ်တရလေးတွေကို ပိုင်ဆိုင်ခွင့်ရချင်ပါတယ်…

တာဝန်ကိုယ်စီနဲ့ ဘ၀လမ်းခရီးလျှောက်လှမ်းနေကြရပေမဲ့ မအားလပ်တဲ့ကြားက သူငယ်ချင်းများရဲ့ ရင်ထဲက အမှတ်တရပိုစ့်လေးတွေ တင်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်နော်…

နောက်တချိန်မှာ အခွင့်အရေးပေးခဲ့မယ်ဆိုရင်တော့ မကြီးပါချူးအပါအ၀င် စိတ်မီးအိမ်မှ မောင်နှမများနှင့် နေရာတခုမှာ စုံစုံညီညီ ဆုံတွေ့ခွင့်ရချင်ပါတယ်…. ဖြစ်ခွင့်ရှိမယ်လို့လည်း မျှော်လင့်ပါတယ်…

မဆုံနိုင်ကြသေးတဲ့ ကာလတွေမှာ ကိုယ်စီဘ၀တွေအတွက် အဓိပ္ပာယ်ရှိအောင် နေထိုင်ဖို့ ကြိုးစားရင်း ဘယ်တော့မှမပြောင်းလဲတဲ့ နွေးထွေးမှု သံယောဇဉ်တွေနဲ့ စိတ်မီးအိမ်ဥယျာဉ်လေးမှာ ဒီ့ထက်ပိုပြီး စိမ်းလန်းစိုပြေသာယာလာအောင် ဥယျာဉ်မှူးများအနေဖြင့် အမှတ်တရသစ်ပင်လေးတွေ စိုက်ထူပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ်…

အထီးကျန်မှုတွေဖြင့်မိသားစုနဲ့ဝေးနေတဲ့အချိန်လေးမှာ စိတ်မီးအိမ်ဥယျာဉ်နဲ့ မကြီးပါချူးဘလော့မှာ ရင်းနှီးနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့အတွက်လည်း အတိုင်းအဆမရှိ ၀မ်းမြောက်ကြည်နှူးမိပါတယ်….လို့အမှာစကားပြောကြားရင်း 28.6.2008 ( စနေနေ့ ) မှာ မွေးနေ့ကိတ်လာစားကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်….

မှတ်ချက်။ ။ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ပေးခဲ့တဲ့ မကြီး မှ အလိုက်သိစွာဖြင့် မွေးနေ့ရှင်၏ အသက်အား မဖော်ပြပေးသောကြောင့် မွေးနေ့ကိတ်များများကျွေးပါမည်။ :P

Photobucket

အရိပ်

[+/-] အပြည့်အစုံသို့...

မွေးနေ့ပွဲ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း ....

စိတ်မီးအိမ်က သူငယ်ချင်းတို့ရေ
အရိပ်ရဲ့ မွေးနေ့ပွဲ အခမ်းအနားလေးကို ဖွင့်လိုက်ကြရအောင်နော်

၁၉…….. ခုနှစ် မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းမဲ့ ဇွန်လရဲ့ မိုးရာသီအချိန် ၂၈ ရက်နေ့ စနေနေ့မှာ လူ့ပြည်ကို ပျော်ရွှင်မြူးတူ ခုန်ပေါက်ပီ ညီမငယ်လေးတစ်ယောက် ရောက်ရှိလို့ လာခဲ့ပါတယ်။ (အူဝဲ မအော်ဘဲ ဟား ဟား ဟား….. လို့များ ရီလာမလားဘဲ… :P)

အဲဒီညီမလေးကို မကြီး စပီး သိလိုက်တာက အရိပ်ဆိုတဲ့ နာမည်ကလေးကို စသိတာပါ။ စိတ်မီးအိမ် ဘလော့ဂ်မှာ သွက်လက်တဲ့ စကားလုံး အသုံးအနှုံးနှင့် ရိုးရှင်းတဲ့ ၀ါကျ ဖွဲ့တည်မှုတွေကို မကြီးစပီး သတိထားခဲ့မိတယ်။

စကားပြောဖြစ်ကြ၊ တွေ့ဖြစ်ကြတော့လဲ ပြုံးချိုတဲ့ မျက်နှာကလေးဟာ တစ်ခါတွေ့ပီးရင် နောက်ထပ် ဘယ်တော့မှ မေ့မရတဲ့ မျက်နှာပိုင်ရှင် ကလေးပါ။ ရိုးရှင်းတဲ့ စိတ်ထားလေးရှိပီး ဟာသကလေးတွေနဲ့ သူများမတွေးဖြစ်တဲ့ ဘက်ကနေ တွေးပီး ပြောတတ်တဲ့ ဟာသမင်းသမီးလေးလဲ လုပ်တတ် သေးတယ်။

အရိပ်အကဲ သိတတ်ပီး သူများကို အဆင်ပြေအောင် ကူညီဘို့ ၀န်မလေးတဲ့ လိမ္မာတဲ့ ညီမငယ်လေး တစ်ယောက် ဆိုတာကို မကြီးသိလိုက်ရတယ်။ မကြီးအတွက်တော့ သူငယ်ချင်းကောင်း တစ်ယောက် ညီမကောင်း တစ်ယောက် ရလိုက်တယ်လို့ ခံစားမိပါတယ်။

၂၀၀၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ အရိပ် ရဲ့ ………… နှစ်မြောက် ( သည်းခံပါ မွေးနေ့ရှင်မှ ပိတ်ပင်ထားပါသဖြင့်…. :P )မွေးနေ့မှာ စိတ်မီးအိမ်က သူငယ်ချင်းတစ်စု စုပေါင်းလုပ်ကြမယ်လို့ သိလိုက်ရတော့ မကြီး ၀မ်းမြောက် ကြည်နူးဖြစ်မိပါတယ်။ စိတ်မီးအိမ် သူငယ်ချင်း တစ်စုရဲ့ သူငယ်ချင်းမ အရိပ်အပေါ်မှာ သံယောဇဉ် ဖွဲ့တည်မှုလေးကို အကောင်အထည် ဖေါ်လိုက်ကြရအောင်နော်………….

မကြီးဘလော့ဂ်မှာလဲ အရိပ်ရဲ့ မွေးနေ့ပွဲလေးကို မကြီး စဉ်းစားထားသမျှ မကျန်ရအောင် လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ သူငယ်ချင်း အားလုံးကို မကြီး ဒီနေရာကနေ ဖိတ်လိုက်ပါတယ်။

မွေးနေ့ရှင် အရိပ် (အေးအေးသိန်း) ဟာ…. စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ဘ၀တစ်လျှောက်လုံး အခက်အခဲမရှိ အားလုံးကို ပြုံးရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ။ လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံတဲ့သူ ဖြစ်ပါစေလို့ ဒီနေရာကနေ စိတ်မီးအိမ် သူငယ်ချင်း တစ်စုနဲ့အတူ မကြီးပါချူး ဆုတောင်းပေးလိုက်ပါတယ်။



Posted by parchuu to စိတ်မီးအိမ် at June 26, 2008 3:33 PM

[+/-] အပြည့်အစုံသို့...

Wednesday, June 25, 2008

မွေးနေ့ပွဲ ဖိတ်ကြားလွှာ

စိတ်မီးအိမ်၏ ဥယျာဉ်မှုး တစ်ဦးဖြစ်သော အရိပ်၏ မွေးနေ့သည် ဇွန်လ ၂၈ ရက်နေ့တွင် ကျရောက်မည် ဖြစ်ပါသည်။

ထိုမွေးနေ့မင်္ဂလာ အခါတော်မြတ် ကို အောက်ပါ အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိတ်မီးအိမ် မှ မောင်နှမ အားလုံးနှင့် နီးစပ်ရာ သူငယ်ချင်း၊ မိတ်ဆွေအားလုံး တက်ရောက်အားပေးကျရန် ဖိတ်ခေါ်အပ်ပါသည်။

မွေးနေ့အစီအစဉ် ကျင်းပမည့် နေ့ရက် ….. 26.06.2008 – 28.06.2008
မွေးနေ့ အစီအစဉ် ကျင်းပမည့် အချိန် …… အဆင်ပြေသောအချိန် (ကန့်သတ်ချက်မရှိပါ)
မွေးနေ့ အစီအစဉ် ကျင်းပမည့်နေရာ ……. စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူး ဘလော့ဂ်

အစီအစဉ် (၁) ။ မကြီးပါချူးမှ မွေးနေ့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း။
အစီအစဉ် (၂) ။ မွေးနေ့ရှင် အရိပ်မှ တက်ရောက်အားပေးကြသော စိတ်တူကိုယ်တူ သူငယ်ချင်းများအား အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ် (၃) ။ မွေးနေ့ရှင်အရိပ်အတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
အစီအစဉ် (၄) ။ မွေးနေ့ရှင်မှ မွေးနေ့ကိတ်လှီးခြင်း (28-062008)။
အစီအစဉ် (၅) ။ စိတ်မီးအိမ် နှင့် မကြီးပါချူးမှ ကျွေးမွေးဧည့်ခံခြင်း ။
အစီအစဉ် (၆) ။ မွေးနေ့ရှင် အရိပ်မှ ကျေးဇူးတင်စကား လက်ဆောင်ပြန်လည်ပြောကြားခြင်း။
အစီအစဉ် (၇) ။ မွေးနေ့အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်း။

မွေးနေ့ပွဲကို အထက်ပါ အစီအစဉ်များ အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသဖြင့် မနက်ဖြန် ၂၆.၀၆.၂၀၀၈ မှ စ၍ အစီအစဉ် (၁) အရ မကြီးပါချူးမှ အခမ်းအနား ဖွင့်လှစ်ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

မကြီးပါချူး မှ အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် မွေးနေ့ရှင် အရိပ်မှ အဖွင့်အမှာစကားပြောကြားပေးပါရန်။

စိတ်မီးအိမ်မှ ဥယျာဉ်မှုးများမှ မွေးနေ့လက်ဆာင် ပို့စ်များ ကြိုတင်ပြင်ဆင်ထားရန် နှင့် တည်ခင်းဧည့်ခံသည်များ စားသုံးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားကြပါရန်။

မွေးနေ့ရှင် အရိပ်၏ တောင်းဆို ချက်အရ နံနက်ဖြန် မနက်မှ စ၍ လက်ဆောင် ပို့စ်များ တင်ပေးကြပါရန်။

မွေးနေ့ အခမ်းအနား လိုအပ်သည်များ တည်ခင်းဧည့်ခံ ရန် နှင့် စီစဉ်ညွှန်ကြားရန် ကိုကြီးအနတ္တ အား တောင်းဆိုပါတယ် ခင်ဗျာ.။

အရိပ်၏ မွေးနေ့ပွဲကို ထူးဆန်း အံ့သြဖွယ်ရာများဖြင့် စီစဉ်တင်ဆက်မည်ဖြစ်ရာ အရိပ်မှ အဖွင့်မှာစကား ပြောကြားပြီးသည်နှင့် စိတ်မီးအိမ်၏ ပင်တိုင် ကဗျာ ဆရာများဖြစ်ကြသော အနတ္တ၊ ကိုကြီးကျော် နှင့် ရွှေအိမ်စည် တို့မှ ဂုဏ်ပြု ကဗျာ များ ရွတ်ဆိုပေးပါရန်..

သို့ဖြစ်ပါ၍ အားလုံး အစီအစဉ်များအတွက် မနက်ဖြန်မှ စ၍ အဆင်သင့် စတင်ကြပါရန် တောင်းဆို အပ်ပါသည်ခင်ဗျာ။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Tuesday, June 24, 2008

ဘ၀ ခရီးသွားခြင်း

(၁)
တခါတလေကျတော့ ရင်ထဲမှာ ဘာမှ မခံစားမိတော့သလို ဖြစ်နေတတ်သည်။
အရင်တုန်းက သူနှင့် မတွေ့ရရင် ခံစားမိဖူးသည့် အလွမ်းတို့သည်လည်း ယခုအခါ သတိရခြင်းအဖြစ်သာ ပြောင်းလဲ နေတတ်ပြန်သည်။
ဘာပဲပြောပြော သေချာတာတခုက ကျွန်တော် သူ့ကို ရင်ထဲမှာ လှိုက်၍ချစ်နေဆဲဖြစ်သည်။ ထိုသို့ တွေးမိလျှင် မျက်နှာပေါ်တွင် အပြုံးတို့ ထင်ဟပ်လာစေဆဲဖြစ်သည်။
အရင်တုန်းကလို အချစ်ကြောင့် ရူးသွပ်တတ်သည့် အရွယ်ကို ကျော်ဖြတ်လာခဲ့မှန်း မိမိကိုယ်ကိုတိုင် သတိမထားမိသေးခင် ကျွန်တော်တို့ အသက်တွေကြီး၍လာပေပြီ။
အနှစ်ချူပ်လျှင်…..
မလွမ်းတတ်တော့ဘူး။
တခါတလေ သတိရတယ်။
အရမ်းချစ်မှန်းသိတယ်။
ဒီလောက်ပါပဲ။
အရွယ်လွန် အချစ်ဆိုတာ ဒါပဲဖြစ်မယ်ထင်သည်။
ရထား ဥသြဆွဲခါနီးမှ ဘူတာရုံမှားမှန်း သိသလိုပေါ့။
တဘက်က ကြည့်ရင် သူ့အတွက် ကျွန်တော်ဟာ ရက်စက်နေသလို လည်း ဖြစ်ချင်ဖြစ်နေမည်။
ဘယ်လိုပဲ ဖြစ်ပါစေ့....။
ရင်ထဲမှာ သေချာတာ အချစ်ရှိနေသေးပါသည်။
သူငယ်ချင်းတွေက ပြောသည်။
အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲသွားတာဖြစ်မှာပါတဲ့။
ဟုတ်ချင်ဟုတ်မည်။
ဒါပေမယ့် ခုလို မျိုး ပြောင်းလဲမှုကို
ကျွန်တော် မတောင့်တခဲ့သလို
ရလည်း မရသင့်ခဲ့။

(၂)
တချိန်က သူနှင့် ကျွန်တော် ပေါင်းလျှင် လှပသည့် အိပ်မက် တစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုအိပ်မက်သည် အေးချမ်းသည့် နေရာလေးတခုတွင် ကျွန်တော် တို့ နှစ်ယောက် အနေချရန် ဖြစ်သည်။ထိုနေရာလေးကို ရှာဖွေရန် စိတ်စောနေတတ်ခဲ့ကြဖူးသည်။ သို့ဖြင့် ထိုနေရာလေးကို ရှာဖွေရန် ခရီးနှင် ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြသည်။
တယောက်လက်ကို တယောက် ဆွဲ၍ အေးချမ်းမှု သို့ ဆိုသည့် လမ်းညွှန်မြေပုံလေး အတိုင်း လမ်းကွေ့လေးတလျှောက် လျှောက်လာခဲ့ကြသည်။ ထို လမ်းကွေ့လေးအဆုံးတွင် အေးချမ်းမှု သို့ သွားသော ခရီးသည်များ ဒီဘူတာ မှ ရထားကို စီးပါဟု ဆိုသော ဘူတာလေးတခု ကို တွေ့ရသည်။ ကျွန်တော်တို့ နှစ်ယောက် တော်တော် အပျော်လွန်သွားသည်။ ရှာနေသော အေးချမ်းမှုကို တိုက်ရိုက်ရောက်နိုင်ရန် စီစဉ်ပေးထားသော ထိုဘူတာလေးကို ကျေးဇူးတင်မိသည်။ ထိုဘူတာ နာမည်က တမာမြေ ဟုဖြစ်သည်။ တမာမြေမှ ထွက်သော ထိုရထား၏ အမည်သည် စိတ်တူကိုယ်တူ ဟုဖြစ်နေပြန်သည်။ ကျွန်တော်တို့ နှစ်ယောက် ထို စိတ်တူ ကိုယ်တူ ရထားပေါ် အပြေးတက်ခဲ့ကြသည်။ ရထားစထွက်ပေပြီ။ အားလုံးကို လက်ပြ နှုတ်ဆက်ရင်း တောင့်တမိသော အေးချမ်းမှု ဆိုသည့် နေရာသို့ ရောက်ချင် လွန်းနေပေပြီ။

(၃)
သို့ရာတွင် စိတ်မကောင်းစရာ တခုမှာ လမ်းခရီး တ၀က် မရောက်မီ ကျွန်တော်တို့ အေးချမ်းမှု ဆိုသော နေရာလေးသို့ရောက်လျှင် ထုတ်သုံးရန် စီစဉ်ထားသော အမှန်တရား သေတ္တာလေး ခါးပိုက်နှိုက် နောက်ပါသွားသည်။
ထိုထက် ကံဆိုးသည်မှာ ခရီးတ၀က် အပြောင်းအလဲဟူသော ဘူတာမှာ ရထားပျက်သွားပြန်သည်။ အခြေအနေက မကောင်း။
စိတ်တူကိုယ်တူ ရထားသည် ပြင်ဆင်ရန် ခဲယဉ်းလွန်းသဖြင့် ရက်ပေါင်းများစွာ ကြာမြင့်မည်ဟု သိရသည်။ ထိုသို့ဖြင့် သည်းညည်းခံ စောင့်ရင်း စိတ်တူကိုယ်တူ ရထား အခြေအနေ မကောင်းသောအခါ၊ နောက်ထပ် အချိန် နဲ့ အမျှ မောင်းခုတ်နေသော ရထားတစ်စင်းဆီ ကျွန်တော်တို့ ပြောင်းတက်ခဲ့ရသည်။ ရောက်ချင်စောဖြင့် ရထားအမည် ကို မစစ်ဆေးမိ။
ရထားပေါ်ရောက်မှ ရထားနာမည် ကို စစ်ဆေးကြည့်သောအခါ “နားလည်မှုလွှဲခြင်း” ဟူသော ရထားဖြစ်နေသည်။ မတတ်နိုင်။ ရထားက စထွက်နေပြီ။ ခုန်ဆင်းရန် မဖြစ်နိုင်တော့ပေ။ ထူးဆန်းစွာ တိုက်ဆိုင်လွန်းသော ဘူတာရုံနှင့် ရထားနာမည် များကို ဘ၀နှင့် ရင်းရမည်မှန်း ထိုစဉ်က ကျွန်တော်တို့ နှစ်ယောက် လုံး မသိခဲ့သေးပေ။
ကံကို မယုံနိုင်တော့သောအခါ ရထားလမ်းညွှန် ကို မဖတ်ရဲတော့ပေ။ အကြောက်တရားက အေးချမ်းမှု ဟူသော ဘက်သို့ မရောက်မည်ကို တွေးပူနေမိစေပြန်သည်။

သို့ရာတွင် ရထားပြတင်းမှ လှမ်းမြင်နေရသော ရထားလမ်းတလျှောက် ဘူတာများမှာ သံသယ၊လွှဲချော်ခြင်း၊ ပုစ္ဆာ၊ တင်းမာမှု၊ အမြင်မကြည်ခြင်း၊ ကံဆိုးအိပ်မက် စသည့် ဘူတာများဖြစ်နေပြန်သည်။
မတတ်နိုင်။ အံသြစရာ ကောင်းသည်မှာ ရထားသည် မည်သည့် ဘူတာမှ မရပ်နားပဲ တောက်လျှောက် ခုတ်မောင်းနေပြန်သည်။
အချိန်အတော်ကြာ ခုတ်မောင်းမိစဉ် ဆန့်ကျင်ဘက်သို့ ခုတ်မောင်းနေသည့် ရထားတစင်းအား အပြိုင် သံလမ်းတွင် တွေ့လိုက်ရသည်။ ထိုထဲမှ သူငယ်ချင်း တချို့ ပျော်ရွှင်စွာလက်ရမ်း နှုတ်ဆက်သွားသည်။ သူတို့ ကို ငေးနေမိရင်း ကျွန်တော် တို့ မြင်တွေ့လိုက်ရသည့် သူတို့ရထား၏ လမ်းညွှန်ကြောင့် ကျွန်တော် တို့ အံ့အားသင့်သွားရပြန်သည်။ ထိုလမ်းညွှန်မှာ အေးချမ်းမှု သို့ ဟု ဖြစ်နေသည်။
ထိုအခိုက် တပြိုင်နက်တည်းပင် ကျွန်တော်တို့၏ အသိများ၏ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ ကျွန်တော်တို့ကို ဂရုဏာသက်စွာ ကြည့်နေသည်မှာ ကျွန်တော်တို့ ကိုယ်တိုင်ပင် ကိုယ့်ကိုယ့်ကို သနားမိလာသည်။ အဘယ်ကြောင့် သူတို့ ကျွန်တော်တို့ကို ခုလို ကြည့်နေကြသနည်း……။
စဉ်းစား နားလည်နိုင်မှု ကင်းမဲ့စွာ အဖြေကို အပြေးအလွှား ရှာမိသည်။

(၄)
တွေ့ပါပြီ။ ထိုအဖြေသည် မိမိတို့ ရထား၏ လမ်းညွှန်ပင် ဖြစ်သည်။ ထိုလမ်းညွှန်က မျှော်လင့်ချက်မဲ့ ကြိုးစားခြင်း သို့ဟု ဆိုပြန်သည်။

ဘုရား…..ဘုရား…….။
ကျွန်တော် တို့ ပြိုင်အော်မိသည်။
မဟုတ်ဘူး။ မဟုတ်ဘူး။

ဒါ သက်သက်မဲ့ တိုက်ဆိုင်တာ။
ကျွန်တော်တို့ သွားတာ အေးချမ်းမှုသို့....
ဟု အတင်း ပြောမိသည်။
သို့ရာတွင် သေချာသည်မှာ အပြောင်းအလဲဘူတာတွင် အေးချမ်းမှု သို့ ရောက်လိုစောဖြင့် တခြားတဖက်သို့ ခုတ်မောင်းသည့် ရထားသို့ မှား၍ ပြောင်းတက်ခဲ့မိခြင်းဖြစ်မည်။
ဒါပေမယ့် ကျွန်တော်တို့ အမှန်တရား သေတ္တာ ကို ဖြေပြလျှင် လူအားလုံး နားလည် မည်။ အမှန်တရား သေတ္တာသည် အစွမ်းထက်ဆုံး အရာဟု ယုံကြည်ကြသည်။
ထိုသို့နားလည်လျှင် မျှော်လင့်ချက်မဲ့ ကြိုးစားခြင်း ဆိုသော နေရာ ရှိ လူများက ကျွန်တော်တို့ကို လက်ခံမည်။ အမှန်တရား သေတ္တာကို မြင်လျှင် အေးချမ်းမှုသို့ ပြန်လွှတ်နိုင်မည်။
သို့ရာတွင်……….
ထို အမှန်တရား သေတ္တာသည် ခါးပိုက်နှိုက်နောက် ပါသွားလေပြီ။

(၅)
ဘာပဲပြောပြော…..။
ကျွန်တော် သူ့ကို ချစ်နေသေးသည်။
ထို ထူးဆန်းသော စကားလုံးများ နှင့် ဘူတာများကို ဒီဘ၀ တွင် ပြောင်းပြန် ခုတ်မောင်းကျော်ဖြတ်နိုင်ဦးမည်ဆိုလျှင် ကျွန်တော်တို့ နှစ်ယောက် အေးချမ်းမှုကို ရောက် နိုင်ဦးမည် မဟုတ်လား။
သို့မဟုတ်………..
ခါးပိုက်နှိုက် ခံလိုက်ရသော အမှန်တရား သေတ္တာ ပြန်ရနိုင်လျှင်……..

အေးချမ်းမှုသို့………………………..


ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ……
ကျွန်တော် သူ့ကို အေးချမ်းနေစေချင်သည်။

ကျွန်တာ် သူ့ကို အရမ်းချစ်နေသေးသည်။



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"မွေးနေ့မှတ်တိုင်"


အခါတန်ခူး နွေအဦးမှာ
မောင်နှမတစ်စု ပေါင်းစုပျော်မြူး
စိတ်မှာကူးပြီး တိုင်ပင်ဆွေးနွေး
လွမ်းရက်လေးတွေ လက်ချိုးရေတွက်
ကုန်လွန်ခဲ့လည်း…………..

နွေအတိတ်က ရွှေအရိပ်မှာ
ဖြေသိပ်ခဲ့ရ စိတ်ဆန္ဒတွေ
မိုးအကူးမှာ တမျိုးထူးပြီး
ပိုမိုမြူးအောင် အတူတကွ
လျှောက်လှမ်း ကြမယ်
အရိပ်မယ်ရဲ့ မွေးနေ့ပွဲဝယ်။

ဆောင်းတဖန် ပြောင်းပေမယ့်
နှောင်းကံက မပြောင်းလည်းနိုင်တော့
တို့တစ်တွေရဲ့ သံရောဇဉ်တွေကို
ဘယ်လိုပင် ကြမ္မာရိုင်းရိုင်း
မယိုင်မလဲ အမြဲရှင်သန်အောင်
( စိတ်မီးအိမ်မှာ )
မှတ်တိုင် စိုက်ထူကြမယ်နော်။

နွေမိုးဆောင် ဘယ်လိုပင်ပြောင်းသော်လည်း
တို့တတွေရဲ့ ရင်ထဲက
ခင်မင်မှု သံရောဇဉ်ကိုတော့
ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးနော်။


သံရောဇဉ် အမှတ်တရ မွေးနေ့ မှတ်တိုင်လေးနဲ့အတူ
အရိပ်လည်း သက်တော်ရာကျော် ရှည်စေသောဝ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Wednesday, June 18, 2008

လှေခွင်းတောင်သမိုင်း

မန္တလေးတိုင်း ၊ ရမည်းသင်းခရိုင် ၊ ပျဉ်းမနားမြို့နယ် ၊ ကျည်တောင်ရွာအနီးတွင် တည်ရှိသော လှေခွင်းတောင်ဘုရားမှာ သမိုင်းဝင် တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်ပါသည်။ ရှေးလွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သော အယူဝါဒများ လွှမ်းမိုးနေခဲ့သည်။ အနော်ရထာမင်းကြီး နန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက်သဖြင့် စစ်မှန်သော သာသနာကို တောင့်တလျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ ရှင်အရဟံသည် သာသနာပြုရန် ပုဂံပြည်သို့ ကြွလာ၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏။ ပုဂံပြည်၌ သာသနာပြုရန် လျှောက်ထား တောင်းပန်၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့် အရည်းကြီး များအယူဝါဒကို ဖယ်ရှားသုတ်သင်သည်။
ထို့ပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သော နေရာများသို့ ဓားရေး ၊ လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍ အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာဝန်ပေးအပ်ခဲ့ရာ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ စစ်သည်ညီအစ်ကိုနှစ်ဦးမှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နင်းရန် တာဝန် ပေး စေလွှတ်ခြင်း ခံရလေသည်။
၎င်းညီအစ်ကိုနှစ်ဦးမှာ တာဝန်ပေးအပ်သည့်အတိုင်း ရမည်းသင်းခရိုင်အတွင်း လှည့်လည်၍ မစစ်မှန်သော အရည်းကြီးတို့၏ အယူဝါဒများကို စစ်သေနင်္ဂဗျူဟာနည်း များအရ ရှင်းလင်းသုတ်သင်ပြီး အရည်းကြီးများအား လူဝတ်လဲစေ၍ နိုင်ငံတော်အတွင်း သင့်လျှော်သောအလုပ်အကိုင်များပေးကာလုပ်ကိုင်စေခဲ့သည်။ယင်းတို့လက်ထက်တွင်ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ မြို့စားများအဖြစ် ပေးသနားရန် အမိန့်ချမှတ်၍ အစ်ကိုဖြစ်သူ ရဲသီဟ မှာ ရမည်းသင်းမြို့စားအဖြစ် ခန့်အပ်ခြင်းခံရလေသည်။
ပျဉ်းမနားမြို့၏အနောက်ဘက်ကြက်ဆူအိုင်သိုက်မှ သိုက်စောင့်ညီအစ်မနှစ်ယောက်သည် လမ်းပျဉ်းမနားရွာ ဦးဖြိုး+ဒေါ်မယ်သာတို့၏ ၀မ်းတွင် လူဝင်စားအမွှာ ညီအစ်မ အဖြစ် မွေးဖွားခဲ့သည်။ အကြီးမမှာ အသားဖြူသူဖြစ်၍ မဖြူဟုအမည်ပေးပြီး အငယ်မမှာ အသားညိုသူဖြစ်၍ မညိုဟု အမည်ပေးခဲ့သည်။ ဦးဖြိုး+ဒေါ်မယ်သာတို့သည် ဈေးရောင်းဈေးဝယ် လုပ်ကိုင်စားသောက်ရင်း သမီးနှစ်ယောက်အရွယ်ရောက်သောအခါ ရေကြည်ရာ မြက်နုရာဖြစ်သည့် ကျည်တောင်ရွာကလေးသို့ ပြောင်းရွေ့နေထိုင်စားသောက်ရင်း တောင်သူလုပ်ငန်းပါ တွဲဖက်လုပ်ကိုင်ကြသည်။
ထိုအချိန်တွင် ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းတောင်ခြေတ၀ိုက်၌ တောင်သူလယ်သမားများစိုက်ပျိုးထားသော ကောက်ပဲသီးနှံများအား ဆင်ဖြူတော်သုံးစီး ရံဖန်ရံခါ ၀င်ရောက်ဖျက်စီးလျှက်ရှိသည်။ ၄င်းသတင်းစကားအား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံသို့ ပေါက်ကြားသောအခါ မရမနေဖမ်းဆီးရန် မင်းမိန့်ဖြင့် ရမည်းသင်းမြို့စား ရဲသီဟနှင့် ညီဖြစ်သူအား တာဝန်ပေးစေလွှတ်ရာ ထိုညီအစ်ကို နှစ်ဦးသည် ကျည်တောင်ရွာသို့ ရောက်ရှိလာပြီး ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်းသို့ကူး၍ ဆင်ဖြူတော်များ သွားလာလှုပ်ရှားမှု သတင်းအား စုံစမ်းရင်း လိုက်လံရှာဖွေဖမ်းဆီးရာ ဆင်ဖြူတော်များမှာ ယခုဆင်ဖြူတောင်ဟုခေါ်ဆိုသောတောင်တော်၌ မြေကိုခွင်း၍ ၀င်ရောက်ပျောက်ကွယ်သွားပြီး မြေကိုခွင်း၍ ၀င်သွားသော တွင်းသာလျှင်တွေ့ရလေသည်။၎င်းဆင်ဖြူတွင်းမှာ ယခုအချိန်ထိအထင်အရှားရှိခဲ့ပေသည်။ ထိုကဲ့သို့ ဆင်ဖြူတော်များ ၀င်ရောက်ပျောက်ကွယ်သောတောင်အား ယခုအခါ ဆင်ဖြူတောင်ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။ ရဲသီဟနှင့်ရဲဒိဗ္ဗတို့ညီအစ်ကို နှစ်ဦးသည် ဆင်ဖြူတော်များ ပြန်လည်ထွက်ခွာ လာမည့် အချိန်ကိုစောင့်ဆိုင်းရင်း ကျည်တောင်ရွာလေးသို့ ပြန်လည်ရောက်ရှိစခန်းချနေထိုင်ကြစဉ် မဖြူ၊ မညိုနှင့် ရင်းနှီးကျွမ်းဝင်မေတ္တာမျှခဲ့ကြလေသည်။
ထိုအချိန်တွင် တိုင်းရေးပြည်ရေးအခြေအနေအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ ရဲသီဟတို့ညီအစ်ကိုနှစ်ယောက်အား အမြန်ပြန်လာရန် အမိန့် တော် ရောက်ရှိလာ၍ ပြန်ရမည်ဖြစ်သောကြောင့် သုံးလကြာလျှင် ပြန်လာပြီး လက်ထပ်ထိမ်းမြားပါမည်ဟု ကတိပြုကာ ပုဂံနေပြည်တော်သို့ ပြန်သွား ကြလေသည်။
ကြက်ဆူအိုင်သိုက်မှ သိုက်နန်းရှင်များသည်သိုက်ဆရာများ၏အန္တရာယ်ကြောင့် ရွှေလှေ ငွေလှေများ လှော်ခတ်၍ အရှေ့စူးစူးအတိုင်း နေရာင်ပြအင်း ကိုဖြတ်ပြီး ထွက်ခွာ လာကြရာ ကျည်တောင်ကျေးရွာ၏ အနောက်ဖက် ယခု ကြာကန်ကြီးဟု ခေါ်သော ရေကန်သို့အရောက်တွင် ခေတ္တနားနေ၍ ငုတ်လျှိုးပျောက် ကွယ်ခဲ့လေသည်။ ကြက်ဆူအိုင်ကျေးရွာမှ သိုက်ဆရာ ဦးကံဝသည် သိုက်စာအရ ဦးပဉ္ဖင်းဝတ်၍ ကျည်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး တပည့်ဖြစ်သူ မောင်ကျော်ဖားဆိုသူနှင့် သိုက်တူးရန် စီစဉ်ကြလေသည်။

သိုက်စာမှာ-
ကျည်တောင်ရွာ အနောက်ဖက်ညောင်လန်းပင်ကြီးအနီး ဘီလူးမကြီးတွေ့လိမ့်မည်။ ချည်မန်းကွင်းစွပ်ဖမ်းထားလေ… ဘီလူးမကြီးအနီးရေကန်တခုရှိသည်။ ဂါထာမန္တန်စုတ်က ကျွဲရုပ်ကြီးပေါ်လာလိမ့်မည်။ ကျွဲရုပ်ကြီးအား ချည်မန်းကွင်းနှင့် ဖမ်းချုပ်ပြီးဆေးကြိမ်တုတ်နှင့် ရွယ်ရုံသာရွယ်ပါ။ မရိုက်လေနဲ့ ၊ ရိုက်ပါက ဂါထာ မန္တန်ပျက်လိမ့်မည်။ ဖမ်းချုပ်ထားသော ကျွဲရုပ်ကို (၇) ကြိမ် ဂါထာမန္တန်မန်းမှုတ်ပါက ရေကန်အတွင်းမှ ရွှေသားအတိပြီးသော လောင်းလှေတစင်းပေါ်လာလိမ့်မည်။ ၄င်းအတွင်းမှ ရွှေကြုတ်ငယ်နှင့် ထည့်ထားသော ပြဒါးမှာ အသက်ကမ္ဘာတည်နိုင်သည်အထိ ယူငင်စားသုံးပါလေ။
အဆိုပါသိုက်စာအရဦးကံဝသည် တပည့်ဖြစ်သူ မောင်ကျောက်ဖားကိုခေါ်သွားပြီး ဘီလူးမရုပ်ကို ဂါထာမန္တန်မန်းမှုတ်ကာ ချည်မန်းကွင်းနှင့်လည်ပင်း ကို စွပ်ထားလေသည်။ ရေကန်ပေါ်မှနေ၍ ဂါထာမန္တန်စုတ်သောအခါ မကြာမီ ကျွဲရုပ်ကြီးပေါ်လာလေသည်။ လည်ပင်းကို ချည်မန်းကွင်းနှင့်စွပ်ထားပြီး တပည့်ဖြစ်သူအား မည်မျှ လှုပ်လှုပ်မရိုက်လေနဲ့၊ ရွယ်ရုံသာရွယ်ဟု ဆေးကြိမ်တုတ်ကို မောင်ကျောက်ဖားအား ပေးထားကာ ရွှေသားအတိပြီးသော လောင်းလှေပေါ်လာရန် သိုက်ဆရာက ဂါထာမန္တန်စုတ်၍နေလေသည်။
ဦးဖြိုး+ဒေါ်မယ်သာတို့မှာ လယ်ယာလုပ်ငန်းခွင်သို့ သမီးဖြစ်သူ မဖြူ-မညိုတို့နှင့်အတူလာရောက်သည့်အခါတိုင်း ကျောက်ဘီလူးမကြီးအား စားဦးသောက်ဦး တင်မြှောက်လေ့ရှိရာ ထိုနေ့တွင် ကျောက်ဘီလူးမရုပ်ကြီးမှ ချည်မန်းကွင်းဖြုတ်ပေးရန် အော်ဟစ်အကူအညီတောင်းနေသဖြင့် ဦးဖြိုး+ဒေါ်မယ်သာ တို့မှာ ကြောက်ရွံ့သောစိတ်နှင့် သနားဂရုဏာသက်သော စိတ်တို့ဖြင့် အရဲစွန့်ကာ ချည်မန်းကွင်းကို ဖြုတ်ပေးလိုက်ရာ ဘီလူးမကြီးမှာ နေရာမှ ထပြီး “ နင်တို့ကို ငါ ကျေးဇူးတင်တယ်၊ ငါထိုင်တဲ့နေရာအောက်မှာ ရွှေ၊ငွေ ကျောက်သံပတ္တမြားတွေအများကြီးရှိတယ်၊ နင်တို့အကုန်ယူတော့ ” ဟုပြောပြီး သိုက်ဆရာများရှိရာ ရေကန်ဆီသို့ လျှင်မြန်သောခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။
သိုက်ဆရာဦးကံဝ၏ ဂါထာမန္တန်တို့ကြောင့် ငုတ်လျှိုးနေသော ရွှေလှေကြီးသည် ရေပေါ်သို့ ပေါ်လာချိန်၌ ကျောက်ဘီလူးမရုပ်ကြီးသည် ၄င်းတို့အနီး သို့ရောက်ရှိလာသောအခါ တပည့်ကျော် မောင်ကျောက်ဖားမှာ ကြောက်စိတ်၊ ဒေါသစိတ်များဖြင့် ကျွဲရုပ်ကြီးအား ဆေးကြိမ်တုတ်ဖြင့် တအားကြုံး၍ ရိုက်လိုက်ရာ စူးစူးဝါးဝါးအသံ များအော်ဟစ်ပြီး ကျွဲရုပ်ကြီးမှာ ရေထဲသို့ ငုတ်လျှိုးပျောက်ကွယ်သွားလေသည်။ သိုက်ဆရာမန္တန်ကြောင့် ရေပေါ်ပေါ်လာသော ရွေလှေကြီးသည် အရှေ့ဘက်စူးစူးရှိ တောင်တော်ဆီသို့ ထွက်ခွာသွားပြီး ကြီးမားခိုင်မာလှသည့် ကျောက်တောင်ကြီးအားခွင်းကာ ငုပ်လျှိုးပျောက်ကွယ်သွားလေ သည်။သိုက်ဆရာဦးကံဝနှင့်တပည့်မှာလည်း အလိုအလျှောက်မြေပေါ်တွင် ပျော့ခွေ လဲကျပြီး အသက်ပျောက်ကွယ်သွားလေသည်။














ရွှေလှေ၊ငွေလှေများ ခွင်းဝင်ပျောက်ကွယ်သွားသည့်ကျောက်ကွဲကြီးမှာ ဖြောင့်တန်းစွာ ပိုင်းဖြတ်ထားသကဲ့သို့ အကျယ် (၃)ပေခန့် ၊ အမြင့် (၂၅)ခန့်၊ အလျား (၄၀)ပေခန့် မှာ ယခုအချိန်ထိ အထင်အရှားရှိခဲ့ပေသည်။ ရှေးအခါက အဆိုပါ ကွဲအက်နေသော ကျောက်ကွဲကြားမှ လေမှုတ်ထုတ်ခြင်း၊ အတွင်းပိုင်းသို့ လေစုတ်ယူခြင်းများရှိခဲ့ကြောင်း ၊ ၄င်းကျောက်ကွဲ ကြောင်းထဲသို့ လက်ကိုင်ပုဝါချကြည့်ပါက မှုတ်ထုတ်သည့်လေအားကြောင့် မည်သို့ပင် အောက်သို့ပစ်ချစေကာမှု အထက်သို့ပြန်တတ်လာကြောင်း လှေခွင်းတောင်တန်ခိုးကြီးကျောင်း၌ ယခင်သတင်းသုံးခဲ့သော ဘရသေ့ကြီး ဦးဣန္ဒ၏ မိန့်ဆိုပြောကြားချက်အရ သိရှိရပေသည်။
ယင်းကဲ့သို့ သိုက်နန်းရှင်များနှင့် ရွှေလှေ၊ငွေလှေများ ခွင်းဝင်ပျောက်ကွယ်သွားသည်ကို အကြောင်းပြု၍ ထိုတောင်တော်အား လှေခွင်းတောင် ဟူ၌၄င်း၊ ရွှေလှေ၊ငွေလှေများ ထွင်းဝင်သွားရာ ကျောက်ကွဲကြီးမှာ ညီညာဖြောင့်တန်းစွာ ပိုင်းဖြတ်ထွင်းဖောက်ထားသည့်အလား တည်ရှိနေသည်ကို အကြောင်း ပြု၍ လှေထွင်းတောင် ဟူ၍ ၄င်း၊ တောင်တော်နှင့် (၂) မိုင်ပတ်လည်တွင် ဆောင်းရာသီ၌ အခြားအရပ်ဒေသများနှင့်မတူ ထူးခြားစွာ လေတိုက်ခတ်ခြင်းကို အကြောင်းပြု၍ လေတွင်းတောင် ဟူ၍၄င်း ခေါ်ဝေါ်သမုဒ်ကြလေသည်။
ဦးဖြိုး+ဒေါ်မယ်သာတို့မိသားစုမှာ ကျောက်ဘီလူးမကြီးမှပေးခဲ့သော ရတနာပစ္စည်းများဖြင့် ကြီးပွားချမ်းသာလာပြီး မိမိသဘောဆန္ဒအရ စိတ်တိုင်းကျ သာသနာ ပြုနိုင်ရန်အတွက် ပစ္စည်းများကိုခွဲဝေယူကြကာ ဦးဖြိုး+ဒေါ်မယ်သာတို့ဇနီးမောင်နှံကမူ ကျည်တောင်ရွာ၏ အနောက်၌ “ရှင်ပင်တုတ်ဖြိုး ” ဟူသော ဘွဲ့တော်နှင့်ဘုရားတဆူ တည်ထား ကိုးကွယ်ခဲ့လေသည်။ မဖြူက ဆင်ဖြူတောင်ပေါ်တွင် ဘုရားတစ်ဆူတည်ရန် ရည်ရွယ်စိတ်ကူး၍ မညိုက လှေခွင်းတောင်ပေါ်ရန် ဘုရားတစ်ဆူတည်ရန်ရည်ရွယ်စိတ်ကူးထားကြပြီး အချစ်ဦးများဖြစ်ကြသော ရဲသီဟတို့ညီအစ်ကိုနှစ်ဦး အလာကိုသာ စောင့်မျှော်နေကြသည်။ရဲသီဟတို့ညီအစ်ကိုနှစ်ဦးမှာ သုံးလကြာပြန်လာခဲ့ပါမည်ဟု ဂတိများပေးထားခဲ့သော်လည်း ရက်၊လ၊နှစ်တို့ ကူးပြောင်းလာခဲ့သော်လည်း ပေါ်မလာခဲ့ပေ။
ထိုအချိန်တွင် ရှမ်းစော်ဘွားတစ်ဦးသည် ကျည်တောင်နယ်မြေအတွင်းသို့ ရောက်ရှိလာပြီး မဖြူ၊မညို ညီအစ်မနှစ်ဦးကို တွေ့မြင်သောအခါ နှစ်ဦးလုံးအပေါ်တွင် မေတ္တာညွတ်၍ ဇွတ်အတင်းကြံစည်လေသည်။ မဖြူတို့ညီအစ်မနှစ်ဦးသည် ရှမ်းစော်ဘွားရန်မှ ကင်းဝေးအောင် ဆင်းရဲသားအသွင်ဆောင်၍ ကျည်တောင်ရွာ၌ မနေဘဲ အနီးအနားရှိ ရွာငယ်များသို့ ပြေးလွှားပုန်းအောင်းနေကြရလေသည်။ ရဲသီဟတို့ညီအစ်ကိုမှာ ကျည်တောင်ရွာသို့ပြန်ရောက်၍ အကြောင်းစုံကို သိရသောအခါ စော်ဘွားဘက်တော်သားများနှင့် တိုက်ပွဲဖြစ်ပွားလေသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် မဖြူတို့ညီအစ်မမှာ ပုန်းအောင်းနေရာမှ တိတ်တဆိတ်ရောက်ရှိလာပြီး ရဲသီဟတို့အားသွားရောက်တွေ့ဆုံစဉ် တိုက်ပွဲပြင်းထန်၍ ရန်သူဘက်မှ ပစ်ခတ်လိုက်သော အဆိပ်လူးမြှားသည် မဖြူတို့ညီအစ်မ အား ထိမှန်ပြီး ၄င်းနေရာတွင်ပင် ညီအစ်မနှစ်ယောက်လုံး သေဆုံးကြရလေသည်။
မဖြူသည် ဆင်ဖြူတောင်တွင် ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် ဆင်ဖြူတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်လျှက် ၊ မညိုမှာ လှေခွင်းတောင်၌ ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် လှေခွင်းတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်ကာ “ မယ်ဖြူ ၊ မယ်ညို ” တို့အား နတ်ကွန်း ၊ နတ်နန်းများ ဆောက်လုပ်၍ ယနေ့အချိန်ထိ နှစ်စဉ်ထာဝရ ပူဇော်ပသခဲ့ကြလေသည်။


ကိုးမုဒ်ပြန် တန်ခိုးကြီးဘုရားသမိုင်း



ရှေးအခါက လှေခွင်းတောင်တော်နှင့်ပတ်ဝန်းကျင်၌ သစ်တောများထူထပ်လျှက် ညို့မှိုင်းစွာ တည်ရှိသောကြောင့် တောင်ထိပ်အနီး၊ တောင်စော်းများတွင် အရိယာ နွယ်ဝင် သူတော်စင်များ ကိန်းအောင်းမွေ့လျော်ရာ ကျောက်လှိုဏ်ဂူငယ်ကိုးခုခန့်မှာ သဘာဝအလျှောက် တည်ရှိလျှက်ရှိပေသည်။ ၄င်းကျောက်လှိုဏ်ဂူငယ်များသို့ ရံဖန်ရံခါ အနယ်နယ်အရပ်ရပ်မှ ရသေ့၊ရဟန်း ပုဂ္ဂိုလ်များလာရောက်တရားအားထုတ် နေထိုင်ကြလေသည်။
တနေ့သောအခါ ဦးဓမ္မသာမိ ဘွဲ့အမည်ရ ရဟန်းပုဂ္ဂိုလ်တစ်ဦးသည် ယခုကိုးမုဒ်ပြန်စေတီတည်ရှိရာ နေရာနှင့်မနီးမဝေးတွင်တည်ရှိသော ကျောက်လှိုဏ်ဂူငယ်တခုတွင် ရောက်ရှိ သတင်းသုံးနေထိုင်လျှက်ရှိလေသည်။ ယင်းကဲ့သို့နေထိုင်ရင်း တရားဘာဝနာ ကျင့်ကြံကြိုးကုတ်အားထုတ်လေရာ တညသော အချိန်တွင် ယခုကိုးမုဒ်ပြန်ဘုရားတည်ထားရာနေရာ မှ အရောင်တဖိတ်ဖိတ်တောက်ပလျှက်ရှိသော ပတ္တမြားလုံးကြီးကို မြင်တွေ့ရပြီး၊ ၄င်းပတ္တမြားကြီးအား ဌာပနာပြု၍ နတ်၊သကြား၊ဗြဟ္မာများမှ ဘုရားတည်နေသည်ကို တရားအာရုံ၌ ပေါ်ပေါက်လာပြီး တွေ့မြင်ဖူးမျှော်လိုက်ရလေသည်။
ယင်းသို့ ထူးခြားအံ့သြဖွယ်ဖြစ်ရပ်ကြောင့် နံနက်မိုးသောက်လင်းသောအခါ ယမန်နေ့ညက တရားအာရုံ၌ မြင်တွေ့ဖူးမျှော်လိုက်ရသောကြောင့် လိုက်လံရှာဖွေရာ ခြုံနွယ် ပိတ်ပေါင်းများအတွင်းမှ မုဒ်ကိုးမုဒ်နှင့် ဥာဏ်တော်ကိုးမိုက်ခန့်ရှိ စေတီတစ်ဆူကို ပထမဦးဆုံးတွေ့မြင်ဖူးမျှော်လိုက်ရလေသည်။ ဆရာတော်သည် ၀မ်းမြောက်စွာဖြင့် အများပြည်သူများ တွေ့မြင်ဖူးမျှော်နိုင်ရန် ရည်ရွယ်၍ စေတီပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရင်း ဆရာတော်ကြီး၏ အာရုံ၌ နတ်သကြား၊ ဗြဟ္မာများမှ တည်ထားကိုးကွယ်ခံသည့် ဤတန်ခိုးကြီးဘုရားအား သတ္တ၀ါများ ကပ်သုံးပါးမှ ကျော်နင်းနိုင်စေရန် ရည်သန်လျှက် ကိုးတောင်ပြည့်ဘုရားအဖြစ် ဆက်လက်မွမ်းမံတည်ထားရန် စိတ်အာရုံ ကျရောက်လာခဲ့သောကြောင့် ရဟန်းဝတ်ဖြင့် ဘုရားတည်ရန် ၀ိနည်းတော်နှင့် မညီအခက်အခဲရှိမည်စိုးသဖြင့် ရဟန်းဘ၀မှ သိက္ခာချ၍ ရသေ့အဖြစ်ဖြင့် အသွင်ပြောင်းပြီး ကိုးတောင်ပြည့်ဘုရားအဖြစ် ဆက်လက် ပြုပြင်မွမ်းမံတည်ထားတာ သတ္တ၀ါအများ ကပ်သုံးပါးမှ ကျော်နင်းနိုင်စေရန် အဓိဋ္ဌန်ဖြင့် စေတီတော်၏ ဘွဲ့အမည်အား “ကိုးမုဒ်ပြန် ကပ်ကျော်ပတ္တမြားစေတီ ” ဟု အမည်ပေးလျှက် ကိုးန၀င်းကျေစေရန် အတွက် မန်ကျည်းကိုးပင်၊ ထန်းကိုးပင် ၊ ပိတောက်ကိုးပင်တိုးအား စေတီတော်ရင်ပြင်တွင် အဓိဌာန်ဖြင့် စိုက်ပျိုးခဲ့လေသည်။
ယခုအချိန်ထိ သာသနာ့အလင်းရောင် လှေခွင်းတောင်တန်ခိုးကြီး ကိုးမုဒ်ပြန်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် နှစ်စဉ်တန်ခူးလဆန်း (၃) ရက်နေ့မှ (၈)ရက်နေ့အထိ ပွဲလမ်းသဘင်များ ပူဇော်ကျင်းပလျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ လေ့လာသူများ ကြည်ညိုသဒ္ဒါပွားများလိုသူများအနေနှင့် သာသနာ့အလင်းရောင် လှေခွင်းတောင်သို့ လာရောက်ဖူးမျှော် ကုသိုလ် ယူနိုင်ရန် အတွက် ဖိတ်ခေါ်တင်ပြရေးသားလိုက်ရပါသည်။
မှတ်ချက်။ ။ လှေခွင်းတောင်သမိုင်းစာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်သည်။




“ လှေခွင်းတောင်ပေါ်မှာ ပေါင်းလောင်းမြစ်အား မြင်တွေ့ရသော ရှုခင်း”

[+/-] အပြည့်အစုံသို့...

Tuesday, June 17, 2008

= ရင့်ကျက်ခြင်း =

ကြေကွဲနေတာလားတဲ့....
အသိတစ်ချက် ချွတ်ယွင်းခဲ့တာလေးကို၊
အားနည်းချက်ထဲ အစာသွပ်လိုက်ကြတယ်။
တစ်ခါတစ်လေဆိုတဲ့ စကားကို
အကြိမ်ပေါင်းများစွာ ရဲဝံ့ခဲ့ဖူးပြီပဲ။
နှလုံးသားမှာရခဲ့တဲ့ ဒီဒဏ်ရာတွေအတွက်...
ငိုကြွေးနေမယ် ထင်နေကြလား...။
အကြိမ်ပေါင်းများစွာ ကျင့်သားရပြီးသားပါ။
ခေါက်တွန့်ကြေနေတဲ့
ငါ့ရဲ့ဒီအချစ်ဇာတ်လမ်းတွေမှာ...
ငါ့အသဲတွေ အထပ်တစ်ရာမုန့်တစ်ချပ်လို၊
တစ်ထပ်ချင်း ခွာလို့တော့ရပါတယ်...။
ဒါပေမယ့်...ငါမကြေကွဲသေးဘူး။

[+/-] အပြည့်အစုံသို့...

ခေတ်ပေါ်မြန်မာကဗျာသစ်စီးကြောင်း....

ဒီနေ့မြန်မာကဗျာတွေကို ကြည့်ရင်း စီးကြောင်းသုံးသွယ်နဲ့စီးေ မျာနေတာ တွေ့ရပါတယ်။
(၁) ရှေးရိုးစဉ်လာကဗျာစီးကြောင်း(ဂန္ထ၀င်ကဗျာပုံသ ဏ္ဍာန်)
(၂) လွတ်လပ်ကာရန် ကဗျာစီးရေကြောင်း (တချို့က မိုးဝေကဗျာလို့ ဆိုကြပါတယ်။)
(၃) ဒီနေ့ ခေတ်ပေါ်မြန်မာကဗျာ သစ်စီးကြောင်းစတာတွေဖြစ်ကြပါတယ်။
ဒီအထဲ နောက်ဆုံးဖြစ်ပေါ် တိုးတက်လာနေတဲ့ ခေတ်ပေါ်မြန်မာကဗျာသစ်ကိစ္စ ကိုပဲ ဦးတည်ပြောချင်ပါတယ်။ခေတ်ပေါ်မြန်မာကဗျာသစ်ကို တချို့က 'မော်ဒန်' ကဗျာလို့ဆိုပြီး၊တချို့က ' ကာရန်မဲ့ကဗျာ ' လို့ဆိုကြ ပါတယ်။ Modern ဆိုတဲ့ စကားလုံးကို မြန်မာလို 'ခေတ်ပေါ်' လို့လည်း ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် 'ကာရန်မဲ့ကဗျာ' ဆိုတာကိုတော့ ကျွန်တော်တို့ လည်း ဆန်းစစ်ဖို့လိုမယ် ဖြစ်ပါတယ်။ကာရန်မဲ့ကဗျာဆိုပြီး ကျွန်တော် စတွေ့မိတာက
ဆရာ ဒေါင်းနွယ်တွေရဲ့ 'ကဗျာပုလဲကုံး' ကဗျာစာ အုပ် ထဲက
‘ စောင်းသမား လေမုန်တိုင်း’ ကဗျာပါပဲ။
‘ မင်းနဲ့ငါ မတွေ့နိုင်တော့ဘူး အချစ်ရယ်။
လှေပျက်ခဲ့ပေါင်းလည်း များလှပါပြ
ီမုန်တိုင်းဟာ အရက်မူးနေတ
ဲ့ မျောက်သိုးရိုင်းကြီး လိုပါပဲကွယ်။
-------------------...........................
သူတေးဆိုနေသတဲ့ကွယ်
မောင်တော့၊ကမ္ဘာဆယ်ကု ဋေ
ကမ္ဘာအဆုံး မယုံနိုင်ဘူး မောင့်သဲရယ်’
ကဗျာရဲ့ အောက်ခြေမှာ ဆရာ ဒေါင်းနွယ်ဆွေက ဒီလို မှတ်ချက်ပေးထားပါတယ်။
(ကာရန် မပါသော ကဗျာနု စာညွန့်ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့အပ်သဖြင့်ထိုစပ်နည်းက
ို ‘ကာရန်မဲ့ကဗျာ’ ဟုစမ်းသပ်အမည် ပေးရခြင်း ဖြစ်လေသည်) တဲ့။
ဆရာဒေါင်းနွယ်ဆွေတို့ခေတ် (၁၉၅၀ လွန်စာပေ သစ်၊ကဗျာသစ်ခေတ်) က
တချို့ကဗျာ ဆရာတွေဟာ ကဗျာပုံ သဏ္ဍာန် အသစ်ဆန်းတွေကို စမ်းသပ်ခဲ့ကြ ပါတယ်။ (တီထွင်နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။)
ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ဆွေရဲ့ ဒီ ကဗျာကတော့ ကာရန်လုံးဝ မပါသလောက်ပါပဲ။
ဒီတော့ မြန်မာကာရန်မဲ့ ကဗျာအစ ဒေါင်းနွယ်ဆွေက လို့ပြောရမှာ ဖြစ်နေပါတယ်။
ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ကိုယ်တိုင်က ဒီကာရန် မဲ့ကဗျာပုံသဏ္ဍာန် ကိုစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပြီး ကဗျာပုံသဏ္ဍာန် တစ်ခု အဖြစ် ဆုပ်ကိုင်ပြီး ဆက်လက်မရေးခဲ့ပါဘူး။ ဒီကဗျာတွေစတင်ဖြစ်ထွန်းခါစက ကျွန်တော်တို့ကဗျာလောကမှာ တော်တော်ကို လှုပ်ခက်သွားပါတယ်..။
ကဗျာဆရာတွေ အငြင်းပွားမှုတွေဖြစ်ကြပါသေးတယ်။
နောက်ဆုံးတော့ ခေတ်ပေါ်ကဗျာဟာ
တစ်ဖြည်းဖြည်းလူငယ်တွေကြား နေရာယူလာပါတော့တယ်။
(၀န်ခံချက်)----------ကဗျာဆရာကြီးများ၏ ဆောင်းပါးများကို လေ့လာပြီး မော်ဒန်ကဗျာ ၀ါသနာရှင်လူငယ်များ အတွက် ရေးလိုက်ပါတယ်ခမျာ.........

[+/-] အပြည့်အစုံသို့...

Saturday, June 7, 2008

မိုးတွေ ရွာတဲ့အခါ…..

Photobucket



မိုးရေ…

ဘယ်အငြိုးနဲ့ ရွာနေတာလဲဟာ..

မိုးရွာတာကို ချစ်တဲ့သူရှိသလို

မုန်းတဲ့သူတွေလည်း ရှိနေတယ်လေ...

ငါလည်း ဘာမှန်းမသိတဲ့ ခံစားချက်တခုနဲ့အတူ

မိုးရွာတာကို ထိုင်ကြည့်ရင်းနဲ့

ချစ်သူကို

တမ်းတစွာ လွမ်းမိတဲ့အခါတော့

ငါ ရင်ထဲမှာလည်း

အလွမ်းမိုးတွေရွာချနေခဲ့မိတယ်...

တချို့တချို့ဟာ

မိုးရွာတာကို မနှစ်သက်ပေမဲ့

ငါ့ရင်ထဲက ရွာနေတဲ့

အလွမ်းမိုးတွေကိုတော့

မဆုံနိုင်သေးတဲ့ ဘ၀တွေအတွက်

ငါကျေကျေနပ်နပ်ခံယူချင်ပါတယ် မိုးရယ်…

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Sunday, June 1, 2008

*အကြင်နာတွေနဲ့ဖေးကူပါ*

နာဂစ်မုန်တိုင်း နဲ့ အတူ သေဆုံးသွားတဲ့ ဘ၀ တွေ ကျန်ရစ်သူ ဒုက္ခသည်တွေ အတွက်
လေးဖြူ၊ မျိုးကြီး၊ ဆုန်သင်းပါရ်၊ ဟယ်ရီလင်း စတဲ့ အဆိုတော်တွေတော်တော်များများ
ဝမ်းနည်းပက်လက် သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။



ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင်
ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား

(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော်
မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး..
အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ
တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ
နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ
နာကြင်အဖေါ်မဲ့ ဘ၀တွေ….

မကြီးပါချူး ပေးပို့ချက်အရ..


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...