စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, June 26, 2008

ကဗျာရွတ်ဆိုခြင်း


ကဗျာမရွတ်ဆိုခင် စကားလေး နည်းနည်းလောက် ပြောခွင့်ပြုပါခင်ဗျာ…….. စိတ်မီးအိမ် ဥယျာဉ်လေးထဲမှာ မွေးနေ့ပွဲကျင်းမတာ အခုဆိုရင် ဒုတိယအကြိမ် ရှိသွားပါပြီ။ ပထမအကြိမ် ကျင်းပတုန်းက အသုံးပြုခဲ့တဲ့ labels လေးကိုပဲ ပြန်ပြီးအသုံးပြုပြီး စိတ်မီးအိမ်မှ စိတ်တူကိုယ်တူ မောင်နှမတစ်စုရဲ့ မွေးနေ့ပွဲလေးတွေကိုလည်း အချိန်တွေသာပြောင်းလဲပေမယ့် တစ်စုတစည်းတည်းလေး ရှိစေလိုတဲ့ဆန္ဒကြောင့်သာပါ။ အစီအစဉ်(၁) အရ မကြီးပါချူးမှ အခမ်းအနား စတင်ကြောင်းကျေညာပေးမှာဖြစ်ပါတယ်။ ယခုလည်း အစီအစဉ်(၁)ကို မကြီးပါချူးမှ အခမ်းအနားစတင်ကြောင်း ကျေညာပေးပြီး ဖြစ်တဲ့အပြင် ကျွေးမွေးဧည့်ခံဖို့ အစီအစဉ်ကိုလည်း အစဉ်အလာမပျက် မကြီးပါချူးဘလော့ဒ်မှာ သွားရောက်သုံးဆောင်နိုင်ရန် ကြိုတင်စီစဉ်ထားမယ်လို့ မျှော်လင့်မိပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်သည်တော် မောင်နှမများက စိတ်မီးအိမ်ရဲ့ ဧည့်သည်တော်မှတ်တမ်း (Cbox) မှာလက်မှတ်ရေးထိုးပြီး မကြီးပါချူး ဘက်မှာ စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ မကြီးပါချူးနဲ့ စိတ်မီးအိမ်နဲ့က လည်း စွယ်တော်ရွက်ကလေးလိုပါပဲ။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သလိုပါပဲ။ ဘာမှအားနာစရာမရှိဘဲ သုံးဆောင်နိုင်ပါတယ်။ (ကောင်းတမန် နဲ့ ခိုင်မြဲ ထက်အရင်ရောက်မှ စိတ်ချရမယ်နော်)ဧည့်သည်တော်များ ကြွရောက်ချီးမြင့်ပေးပြီး ပြန်လည်ထွက်ခွာတဲ့ အခါမှာလည်း မကြီးပါချူးဘလော့ဒ် ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုး မှတ်တမ်းတင်သွားကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
ယခုမွေးနေ့ပွဲကို ထူးခြားစွာကျင်းပလိုတဲ့ မောင်နှမတွေရဲ့ဆန္ဒအရ အစီအစဉ်(၃)အနေနဲ့ ကဗျာရွက်ဆို ပေးသွားမှာဖြစ်ပါတယ်။ ရွက်ဆိုသွားမယ့် ကဗျာလေးများကတော့ နံပါတ်(၁) ကြေကွဲလွမ်းဆွမ်မှု အမှတ်တရ ဆိုတဲ့ မွေးနေ့ရှင် အရိပ်ရဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ကြေကွဲလွမ်းဆွမ်းမှု အမှတ်တရ ….ကွ ကွ…..ကွီ ကွီး ……….. (ကဗျာရွက်သံ) ကဗျာလေးကိုရွေချယ်ရတဲ့ အကြောင်းကတော့ မွေးနေ့ရှင်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ရော မိဘကိုဦးထိမ်ပန်ဆင် ထားတာရော ဖြစ်ပျက်တတ်တဲ့တရားလေးကို ကျေကွဲဝမ်းနည်းဖွယ် သင်ခန်းစာရယူနိုင်ရန် ရေးသားသီကုံးထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နံပါတ်(၂) ခြေရာ ဆိုတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ခြေရာ…….. ကွိ ကွီ………ကွ ကွ……….( ကဗျာရွတ်သံ) အဲဒီကဗျာလေးကို ရေးသားသီကုံးတဲ့သူကတော့ ကိုကြီးကျော် ဖြစ်ပါတယ်။ ကိုကြီးကျော်ရဲ့ကဗျာတွေဟာ အထူးကောင်းမွန်တဲ့အကြောင်း ပြောပြစရာမလိုလောက်ဘူးလို့ ပြောပါရစေ။ (ဟီဟိ မပြောတတ်တာလည်း ပါတာပေါ့နော) ဒီကဗျာလေးကို ရွက်ဆိုရတဲ့အကြောင်းကတော့ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိရှိ ရပ်တည်နေပြီး သည်းခံခွင့်လွတ် အနင့်နာခံ အကျိုးဆောင်ပေးမယ်၊ နောက်ဆုံးမှာ မရှောင်လွှဲနိုင်မဲ့လမ်းကို လျှောက်လှမ်းရင် ကဗျာဆိုတဲ့ ခြေရာလေးကို ကျန်ထားရစ်ခဲ့မယ်ဆိုပြီး ရေးဖွဲ့ထားလို့ပါ။ နံပါတ်(၃) ကဗျာကတော့ ရိုးသားချင်တယ် ဆိုတဲ့ သနပ်ခါးရေးတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ ရိုးသားချင်တယ်…………. ကွကွိ……………. ကွိကွ……… ( ကဗျာရွတ်သံ) သူ့ကဗျာကတော့ လူငယ်တွေ (အထူးသဖြင့် အနော်တို့လိုပေါ့ …ဟီဟိ ….ကိုကြီးကျော်တို့၊ ကောင်းတမန်တို့၊ ခိုင်မြဲတို့ ပါဘူး ) ဖြစ်ပျက်တတ်တဲ့ သဘောသဘာဝလေးကို သီကုံး ဖွဲ့ဆို ထားလို့ပဲဖြစ်ပါတယ်။ ကဗျာထဲက သူ့ရဲ့ ပွင့်လင်းမှုတွေ ဘယ်လိုပင် ရိုက်ချိုး ခံခဲရ ခံခဲရ၊ အဖြူရောင်နှလုံးသားကိုပဲ စိတ်အရောင်စုံထဲမှာ ဘယ်လောက်ပင် နစ်မွန်းခြင်း ခံခဲရ ခံခဲရ၊ သူဘယ်လိုပဲ ခံစားခံစားနေပါစေ သူ့ရဲ့စိတ်အစဉ်ကတော့ အေးမြတဲ့ အရိပ်စစ်ကိုပဲတမ်းတရင်း ရိုးသားမှုကို လက်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။ ကဗျာရှင်တမ်းတတဲ့ အရိပ်စစ်လေးကို ကဗျာရှင်နဲ့အတူ စိတ်မီးအိမ်က မောင်နှမများ (လာရောက်လည်ပါတ်သူများလည်း ပါဝင်ပါသည်) ကလည်း အရိပ်ရဲ့ မွေးနေ့ပွဲမှာ ပျော်ပျော်ပါးပါး ဆင်နွှဲ စားသောက်ရင် ဘဝအတွက် အရိပ်စစ်လေး လည်း တွေ့ဆုံနိုင်ပါစေ………..လို့ ဆုတောင်းမေတ္တာပို့သရင်း အနတ္တ ကဗျာရွတ်ခြင်း ပြီးဆုံးကြောင်း ကျေညာအပ်ပါတယ် ခင်ဗျာ…………….. ရွှီး………….. ဖြောင်း………… ဖြောင်း……………. ဖြောင်း....................
ခုမှပဲနားငြီးသက်သာသွားတော့တယ် ဥသြ လည်ပင်းနင်နေတဲ့အသံကြီးနဲ့ မျောက်အစာတောင်းနေတာလား ကျနေတာပဲ အောက်ကနေတဲ့သူတွေကိုမှ အားမနာ သူ့နာမည်ပါ တိုင်း အကောင်း အောင်းမေ့နေလာ မသိဘူးနော်….. (အစားအသောက်ဘက်ကို စိတ်ရောက်နေတဲ့ ခိုင်မြဲရဲ့ ငြီးတွားသံပဲဖြစ်ပါတယ်) ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

1 comment:

အရိပ် said...

အနတ္တရေ....ကြေကွဲလွမ်းဆွတ်မှုအမှတ်တရ ဆိုတဲ့ ကဗျာလေးအတိုင်းပဲ ဒီမနက် အိပ်ယာကနိုးတော့ အဖေ့ကို ပြင်းပြင်းပြပြ သတိရနေတယ်.... ဒါပေမဲ့ မဖြစ်နိုင်တော့တဲ့အရာကို တမ်းတနေတာလည်း စိတ်ပင်ပန်းရတာပဲလေ..အဲ့ဒါကြောင့် ကုသိုလ်ကောင်းမှုပဲလုပ်ပြီး အမျှဝေလိုက်တော့တယ်...ဒါပေမဲ့ ခံစားချက်တွေကို မျှဝေခံစားပေးတတ်တဲ့ သူငယ်ချင်းတွေနဲ့ ဘ၀လက်တွဲဖော်တစ်ယောက်ကြောင့် ဒီနေ့ ပျော်ရွှင်ရပါတယ်...