မျှမျှတတ ဖြစ်ချင်သူ
တရားသူကြီး ၀ိန်းအာသာမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး တရားလိုရှေ့နေတို့ကို အလွတ်သဘောခေါ်ယူတွေ့ဆုံ၏ ။ လူစုံသော် ရှေ့နေများက ၀ိန်းအာသာကို မေးခွန်းထုတ်သည် ။
ရှေ့နေများ ။        ။ ဆရာ ကျွန်တော်တို့ကို ခေါ်တဲ့ကိစ္စလေး အမိန့်ရှိပါဦး ။
ဝိန်းအာသာ ။       ။ ကမ်းပို့စ် ၊ မောင်ရင်ဟာ တရားလိုရှေ့နေ ။မင်းဘက်ကိုအနိုင်ရဖို့အတွက်  ကိုယ့်ကိုဒေါ်လာ ၁၅၀၀၀ လာကန့်တော့တယ် ။ လီယွန် မင်းကတော့ ကျွန်တော် တရားခံရဲ့ ရှေ့နေပါလို့ဆိုပြီး ကိုယ့်ကို ဒေါ်လာ ၁၀၀၀၀ ပူဇော်တယ် ။ ဟုတ်တယ်နော် ။
              ရှေ့နေများ မျက်နှာပျက်သွားကြသည် ။ ၀ိန်းအာသာကို အဖြေပေး၏ ။
ရှေ့နေများ။        ။ဟုတ်....ဟုတ်ပါတယ်ခင်မျာ ။ အဲ့ဒါ......။
ဝိန်းအာသာ။       ။ကိုယ်ဟာ တရားသဖြင့် လုပ်ရတာကိုပဲ နှစ်သက်တယ် ။ ဒီတော့.......။
              ရှေ့နေများ ခေါင်းစိုက်ကျသွားကုန်သည် ။ ၀ိန်းအာသာမှာ စကားမဆက်တော့ပဲ ၄င်း၏လက်ဆွဲအိတ်အတွင်းမှ ဒေါ်လာ ၅၀၀၀ ကို ရေတွက်ထုတ်ယူ၏ ။ ပြီးသော် ရှေ့နေကမ်ဒပို့စ်ထံ ကမ်းပေးရင်းပြော၏ ။
ဝိန်အာသာ ။       ။ ကိုယ်ဟာ မျှမျှတတသမားဆိုတာ မောင်ရင်တို့သိစေချင်လို့ခေါ်တွေ့တာ ။ ရော့ ကမ်းပို့စ်၊ မင်းက ၅၀၀၀ ပိုနေတယ် ။  ပြန်ယူလိုက် ။
 Atom Feed (xml)
 Atom Feed (xml)