စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label Website Review. Show all posts
Showing posts with label Website Review. Show all posts

Thursday, November 1, 2007

WEb site review (2)

အခု တလော သိပ်မအားလို့ စိတ်မီးအိမ်ကို သိပ်ဂရုမစိုက်ဖြစ်ဘူး။ Engineering Forum ကို လည်း တစ်ယောက်ယောက် က စဆွေးနွေးရင်တော့ ပါဝင်ဆွေးနွေးဖို့ စောင့်နေတာ။ လာမတင်ကြသေးလို့။

အနတ္တ ရဲ့ MIND WASHING 2 အမှတ်မှားကို သန့်စင်ခြင်း အစီအစဉ်လေးကို အတော်လေးကို နှစ်ခြိုက်မိပါတယ်။ နောက် အပိုင်းတွေ စောင့်နေမယ်ဗျာ။ ဆက် စီစဉ်ပေးပါဦးဗျို့။

အဲလို မအားနေတဲ့ ကြားကပဲ စိတ်မီးအိမ်ကို မလာရရင် မနေတတ် ဖြစ်နေတော့ ထမင်းစားချိန်တိုင်း အနည်းဆုံး (၁၅) မိနစ်လောက် အချိန်ယူပြီး တိုတိုလေးဖြစ်ဖြစ် တင်မယ်ဆိုပြီး စိတ်ကူးထားတယ်။ နည်းနည်းပါးပါး စိတ်ကူးရတာလေးတွေပေါ့။

ဒီနေ့ကစပြီး အဲဒီအစီအစဉ်စလိုက်ပြီဗျာ။ ခု  (၁၂)နာရီခွဲ က စရေးတာ။ (၁) နာရီထိုးရင် ရပ်တော့မယ်။ မပြီးရင်တော့ နောက်နေ့မှပဲ ဆက်ရေးမယ်။

Web Site Review ကို ဆက်ချင်တယ်ဗျာ။ ဒီနေ့တော့ အားလုံး အသုံးဝင်မယ့် ဆိုက်ဒ် နှစ်ခု ကို မိတ်ဆက်ပါရစေ။

၁။ www.dictionary.com

တခါတလေ မှာ လိုင်းပေါ်ရောက်လို့ လျှောက်မွှေတုန်း မသိတဲ့ အင်္ဂလိပ်စကားလုံးတွေ့ရင် အဲဒီဆိုက်မှာ သွားရှာလို့ရတယ်ဗျ။ အလွယ်တကူပါပဲ။

စကားလုံးတစ်လုံးကို အဓိပ္ပာယ်တူ (synonym)၊ ဆန့်ကျင်ဘက် (antonym) တွေကို ရှာဖို့ Thesaurus ဆိုတာလေး လည်း ပါတယ်။

အသေးစိတ် အကိုးအကား ရှာချင်သူတွေအတွက် Reference ဆိုတာလေးလည်း ပါတယ်လေ။

စွယ်စုံကျမ်း (Encyclopedia) လည်း ထည့်ပေးထားတယ်။ 

ကိုယ့်ဘာသာ ၀င်မွှေလိုက်ဗျာ။

ဘယ်လောက်ကောင်းလဲ သိသွားအောင်။

၂။ www.howstuffworks.com

ဘယ်အစိတ်အပိုင်း၊ဘယ်စက်၊ဘယ်ပစ္စည်း တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ဒီမှာ ရှာနိုင်ပါတယ်။

တော်တော်ကြီးကို ကောင်းတဲ့ ဆိုက်ဒ်ပါ။ ရှာဖွေနေတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ လင့်ခ်တွေ အများကြီးလည်း ဆက်ချိန်ပေးထားပါတယ်။ ကြော်ငြာတွေကို မသွားမိဖို့တော့ သတိပြုကြပါ။ သင့်အချိန်ဟာ မလိုအပ်ပဲ လစ်သွားလိမ့်မယ်။

သူ့မှာ ရှာဖွေဘား လေး ပါတော့ ရှာချင်တာကို ဟန်ကျ ရိုက်ထည့် ရှာလိုက်ရုံပါပဲ။ ရှာထားတဲ့ ရလာဒ်တွေကို ရှာဖွေဘား ရဲ့ အောက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ရလာဒ် နဲ့ ရှာဖွေဘား ကြားမှာ ကြော်ငြာ တွေ ထည့်တတ်တာမို့ "HowStuffWorks Explanation Results for:" ဆိုတဲ့ စာ မပေါ်မချင်း မောက်စ် ဘီးကို လှိမ့်ပါ။ ၄င်းအောက်မှာမှ ရလာဒ်များပါ။ ရာလဒ် များကို တခုချင်း စိတ်ကြိုက်ဖွင့်ကာ ကြည့်ရှုနိုင်ပါပြီ။ ပုံနှင့်တကွ အစီအစဉ်တကျ တက်လာပါလိမ့်မယ်။

လက်တွေ့စမ်းသပ်ကြည့်ကြပါ။ အင်ဂျင်နီယာများအတွက် တော်တော် အသုံးတဲ့မယ့်ဆိုက်ဒ်လေးမို့ ဖြန့်ဝေလိုက်တာပါ။

 

ကိုင်း..အားလုံး တော်ပြီးဗျာ။ ခု (၁၂) နာရီ (၅၁) မိနစ်ရှိနေပြီ။ မလွန်ခင် ဘရိတ်အုပ် မှ တန်ကာကျမှာမို့ နားပါစေ။

အစစ အရာရာ အဆင်ပြေကြပါစေ။

[+/-] အပြည့်အစုံသို့...

Friday, October 19, 2007

လိုချင်တာလေးတွေ ရှာမယ် ဆိုရင် Practice English and Find All You Want with Experts' Answers

ဒီနေ့ တော့ ပျင်းပျင်းရှိတာနဲ့ အင်တာနက်မှာ လျှောက်မွှေတာ။ စိတ်ဝင်စားစရာ ဆိုက်ဒ် လေးတွေ တွေ့လို့ ပြန်လည် ဖြန့်ဝေပေးလိုက်တယ်ဗျာ။

၁။ http://www.expertvillage.com/
သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူ ပညာရှင်တွေ က သင်သိချင်တာ ကို တိကျသေချာ စွာ လိုရင်း တိုရှင်း ရှင်းလင်းပြဆိုပေးပါတယ်။ ဗွီဒီယို လေးတွေနဲ့ လည်း သရုပ်ဖော်ပေးပါတယ်။
ဒီဆိုက်ဒ် လေးမှာ သင်အလိုရှိရာ ကိုရှာဖို့ Search Engine လည်း ပါပါတယ်။ ဥပမာ - အလုပ်အင်တာဗျုး ကို ဘယ် လို ထိုင် မလဲ သိချင်ရင် Job Interview ဆို ပြီး ရိုက်ထည့်လိုက်တာနဲ့ Link တွေ တက်လာပါတယ်။ ဖွင့်ကြည့်ရုံပါပဲ။
သိချင်တဲ့ နယ်ပယ်အတွကိ လည်း ဗဟုသုတ ရှာမှီးနိုင်၊ အင်္ဂလိပ်စာ Listening လည်း ကျင့်လို့ဖြစ်၊ ဗွီဒီယို နဲ့ ပါ သရုပ်ဖော်ပေးထားတော့ တော်တော်လေးကို ဇိမ်ရှိပါတယ်။ ဗွီဒီယို ဖိုင်တွေ ကလည်း အပိုင်းခွဲပေးထားတာမို့ လိုင်းဆွဲတာလည်း မနှေးစေပါဘူး။
လိုချင်တာ ကို ထည့်ရှာပြီး နည်းလမ်းရှာလို့ လွယ်စေတဲ့ ဒီဆိုက်ဒ် လေး ကတော့ အင်တာနက် ဂျိုးတွေ အကြိုက်ဖြစ်မယ်ထင်လို့ ဖြန့်ဝေလိုက်ပါတယ်။

၂။ http://www.5minuteenglish.com/
ဒီဆိုက်ဒ် မှာတော့ အင်္ဂလိပ်စာ အရေး၊အဖတ်၊အပြော အကုန် ၀င်ကျင့်လို့ရပါတယ်။ နားထောင်ဖို့ လုပ်ထားတဲ့ အပိုင်းလေးတွေ ဟာ အရမ်းကို အဆင်ပြေပါတယ်။ ၅ မိနစ် စာ ခွဲထားတဲ့ အတွက် အားလပ်ချိန်လေးတွေ (ဥပမာ - နေ့ခင်းစား စာချိန်) မှာ ခဏတဖြုတ် အပြင်းပြေ ၀င် နားထောင် လေ့ကျင့် လို့ ရပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာ လေ့လာသူတို့ အတွက် ဆိုက်ဒ်ကောင်းတခု ဖြစ်တာကြောင့် ပြန်လည် ဖြန့်ဝေပေးလိုက်တာပါ။

၃။ http://www.china232.com/
အင်္ဂလိပ်စာ လေ့ကျင့် ဖို့ အတွက် အရမ်းကို အထောက်အကူ ဖြစ်တဲ့ ဆိုက်ဒ်လေးပါ။ တကယ် ကို ပထမနေရာ ပေးလောက်ရအောင် ကောင်းနေလို့ ပြန်လည် ဖြန့်ဝေလိုက်ပါတယ်။
သင်ခန်းစာဖိုင်တွေ ကို mp3 ဖိုင်တွေ နဲ့ download လုပ် သိမ်းထားလို့ ရတဲ့ အတွက် တော်တော် လေးကို အဆင်ပြေပါတယ်။ IPods နဲ့ Memory Stick နဲ့ သိမ်းထားချင်သူတွေ အတွက်ပေါ့။
Job interview, Romance, Office English, Special English Phrases စတာ တွေ အားလုံးကို ရှင်းလင်းတဲ့ စကားပြောခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်အောင် တင်ပြထားတဲ့ နေရာလေးပါ။
အင်္ဂလိပ်စာ အပြောနဲ့ နားထောင် စွမ်းရည် တိုးတက်ဖို့၊ ဝေါဟာရ တိုးတက်ဖို့ ကြိုးစားနေသူတိုင်း သွားရောက်လေ့လာသင့်တဲ့ နေရာလေးမို့ ဖြန့်ဝေပေးလိုက် တယ် ဗျာ။

ကောင်းတမန်

[+/-] အပြည့်အစုံသို့...