စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး
၁။ သူက အများကို မြင်နိုင်တယ်။
၂။ သူ့ကို အများကမြင်နိုင်တယ်၊
၃။အများကိုလည်း အများက မြင်နိုင်စေတယ်။
ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။
စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်
ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...
Thursday, November 19, 2009
လူ့ဘဝ ရဟန္တာ
ဆရာဦးသော်ဇင် ရေးသားထားတဲ့ “ဧတဒဂ်ဝတ္ထု“ စာအုပ်ကလေးကို ဖတ်လိုက်တဲ့အခါမှာ အနတ္တ အမှတ်မှားနေတာလေး နှစ်ခုကို သွားပြီး သတိပြုမိလိုက်တယ်။ နံပါတ်(၁) အမှတ်မှားတာကိုတော့ ဒုက္ခ၊ သုခ ဆိုပြီးတော့ သစ်ပင်လေး တစ်ပင် စိုက်ပျိုးပြီးပါပြီ။ နံပါတ်(၂) အမှတ်မှားတာကတော့ လူ့ဘဝအနေဖြင့် သူတော်ကောင်းတရား၊ နိဗ္ဗာန်ရောက်ကြောင်းတရား၊ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ပြီး လူ့ဘဝအနေဖြင့် ရဟန္တာဖြစ်သွားလျှင် လူတို့၏အပူကြောင့် ချက်ချင်း လက်ငင်း ခန္ဓာဝန်ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် ၀င်စံတော်မူရတယ်လို့မှတ်ယူထားတာ ယခုဧတဒဂ်ဝတ္ထုလေးကို ဖတ်လိုက်ရမှပဲ မိမိအမှတ်မှားတာကို သတိပြုမိတော့တယ်။ အကြောင်းအရာတွေကတော့ မဂ်ဖိုလ်ကို လျှင်မြန်စွာရသော ခိပ္ပ ဘိညအရာ၌ ဧတဒဂ် ထားတော်မူသော ဗာဟိယ ဒါရုစိယ နှင့် မဟာပညာအရာ၌ ဧတဒဂ်ထားတော်မူသော ခေမာထေရီ တို့တွင် ဖတ်ရူသိရှိနိုင်ပါသည်။ ၄င်းအကြောင်းအရာတို့ကို ယခုသိရှိရအောင် အကြောင်းအရာအချို့ကို ထုတ်နှုတ် ဖော်ပြရသော် ………………..
စာမျက်နာ(၁၂၆) - ဗာဟိယ ဒါရုစိယသည် မြတ်စွာဘုရား ဆွမ်းခံဝင်နေစဉ်အတွင်း မြို့တွင်းသို့လိုက်ပြီး တရားဟောကြားပေးပါရန် လျှောက်ထားတောင်ပန်၏ ပထမအကြိမ်နှင့်ဒုတိယအကြိမ်တို့တွင်ပါယ်ပြီး တရားသက်ဝင် ဆင်ခြင်နိုင်သောဥာဏ် ထက်သန်ရင့်သန်လာသည့်အချိန်ကို စောင့်ဆိုင်းပြီး တတိယအကြိမ် လျှောက်ထားတောင်းပန်ခါမှ ဤသို့တရားဟောကြားတော်မူပါသည်……
”သို့ဖြစ်လျှင် ဗာဟိယ သင် ဤသို့ ကျင့်၊ မြင်ရာ၌ မြင်ကာမျှဖြစ်မည်၊ ကြားရာ၌ ကြားကာမျှ ဖြစ်မည်၊ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်မည်၊ သိရာ၌ သိကာမျှ ဖြစ်မည်ဟု ကျင့်ပါဘိ၊ ဗာဟိယ သင်ဤသို့ကျင့်လျှင် ရာဂစသည်နှင့်တကွ ဖြစ်တော့မည် မဟုတ်၊ ဗာဟိယ ထိုအခါ သင်သည် ရူပါရုံ စသည်တို့၌ နှစ်သက်တော့မည် မဟုတ်၊ ပြစ်မှားတော့မည် မဟုတ်၊ တွေဝေတော့မည် မဟုတ်၊ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝလည်း ဖြစ်တော့မည် မဟုတ်၊ တမလွန်ဘဝလည်း ဖြစ်တော့မည် မဟုတ်၊ ဘဝနှစ်မျိုးလုံး ဖြစ်တော့မည် မဟုတ်၊ ယင်းသည်လျှင် ဆင်းရဲ၏ အဆုံးတည်း”
ဗာဟိယသည် ဒေသနာကို အစဉ်လျှောက်၍ ဉာဏ်ကို စေလွှတ်၏ ဒေသနာ၏အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်သွား၏ ။ ထိုအခါ မြတ်စွာဘုရားအား လျှောက်ကြား၏ -
”မြတ်စွာဘုရား ကျွန်ုပ်အား အစဉ်သနားသဖြင့် ရဟန်းပြုပေးပါ”
”ဗာဟိယ သပိတ်သင်္ကန်း မရှိသူအား ဗုဒ္ဓတို့ ရဟန်းပြုပေးခြင်း မရှိပါ၊ သင် ရဟန်းပြုလိုက သပိတ်သင်္ကန်း ရှာလေဦး”…………. စသည်နှင့်
စာမျက်နှာ (၁ဂ၂၊ ၁၈၃) - ရုပ်အဆင်းလှ၍ ရုပ်အဆင်း၌ မာန်ယစ်တော်မူသော ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီ ခေမာ မိဖုရားသည် ဘုရားသခင် သီတင်းသုံးတော်မူရာ ဝေဠုဝန် ဥယျာဉ်သို့ လှည့်လည် ပျော်ပါးကစားပြီး ညချမ်းအခါ ဘုရားရှင်၏ တရားတော်ကို နာကြား၏ ……………..
“ထိုအခါ ခေမာမိဖုရားသည် ယုံမှားခြင်း ကင်းကွာလျှက် သောတာပတ္တိမဂ်မစ၍အစဉ်အတိုင်းအားဖြင့် အရဟတ္တဖိုလ်သို့ရောက်လေ၏”…………
ခေမာမိဖုရားသည် မြတ်စွာဘုရားအား ကန်တော့ပြီးလျှင် နန်းတော်သို့ပြန်၏………………
”အဘယ်မိဖုရား ဘုရားသခင်ကို ဖူးမြင်ခဲ့ပါသလော”
”မင်းကြီး သင်တို့၏ ဘုရားသခင်ကို ဖူးရခြင်းမှာ သေးငယ်ပါသည်။ ကျွန်ုပ်၏ဖူးမြင်ရခြင်းမှာ ကြီးမားလှပါသည်။ ယနေ့ပင် ကျွန်ုပ် ရဟန်းပြုချင်ပါသည်”
”မင်းကြီးလည်း အားရဝမ်းသာစွာ ရတနာအတိပြီးသော ရွှေထမ်းစင်ဖြင့် ဆောင်စေ၍ တစ်ထောင်မျှလောက်သော ဘိက္ခုနီတို့ထံ၌ ရဟန်းပြုပေး၏ ထို့နောက် မြတ်စွာဘုရားသည် လူ့အဖြစ်ကပင် ရဟန္တာဖြစ်သော ခေမာထေရီအား မဟာပညာအရာ၌ ဧတဒဂ် ထားတော်မူ၏ ။
မှတ်ချက်။ ။ ဘုရားပွင့်တော်မူစဉ်ကာလမှ ရှေ့ကမ္ဘာတစ်သိန်း အတွင်း၌ ရဟန်းမဝတ်ဘူးသူ၊ သပိတ်၊သင်္ကန်း မလျှူဘူးသူကို ဘုရားရှင်သော်မှ ဧဟိဘိက္ခူ ခေါ်ပြီး ရဟန်းပြုပေး၍ မရကြောင်း မှတ်သားဘူးပါသည်။ အကြောင်း မှန်သည်၊ မှားသည်ကို သေချာမမှတ်မိပါ။ (မည်သူမဆို အမှန်၊အမှား မှတ်ချက်ရေးပါက ကျေးဇူးတင်ပါသည်)
အမှန်တရားကို သိနိုင်ကြပါစေ……
အနတ္တ (စလင်း)
[+/-] အပြည့်အစုံသို့...
Wednesday, November 18, 2009
ဒုက္ခလား၊ သုခလား
ဆရာဦးသော်ဇင် ရေးသားထားတဲ့ “ဧတဒဂ်ဝတ္ထု“ စာအုပ်ကလေးကို ဖတ်လိုက်တဲ့အခါမှာ အနတ္တ အမှတ်မှားနေတာလေး နှစ်ခုကို သွားပြီး သတိပြုမိလိုက်တယ်။ နံပါတ်(၁) အမှတ်မှားတာကတော့ ဒုက္ခကို ဆင်းရဲခြင်း၊ သုခကို ချမ်းသာခြင်းဆိုပြီးတော့ အမြဲတမ်း မှတ်ထားတာလေ…. အရှင်ဂေါတမဘုရားလက်ထက်မှာပဲ သာဝိကာဘိက္ခုနီတို့၌ ဓမ္မကထိကအရာတွင် အမြတ်ဆုံး ဧတဒဂ်ရရှိသူ ဓမ္မဒိန္နာ(ရဟန္တာ) နှင့် ၄င်း၏ ခင်ပွန်းတော်စပ်ဖူးသူ ဝိသာခသူဌေး(အနာဂါမ်) တို့ အမေးအဖြေလေးကို ဖတ်လိုက်ရတဲ့ အခါမှာ မိမိမှတ်ထားတဲ့ဟာတွေဟာ မမှန်ပါ့လားဆိုတာကို သတိထားလိုက်မိပါတယ်။ ၄င်းတို့ကတော့ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၁၉၆) နှင့် (၁၉၇) မှာ ပါပါတယ်။ မှားတဲ့ အကြောင်းကို စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းလေးပဲ ကူးထည့်ပေးလိုက်ပါ့မယ်။ အဲဒါကတော့…..
“ အရှင်မ ခံစားမှု ဝေဒနာတို့သည် အဘယ်နည်း“ (ဟု ဝိသာခါ သူဌေးကမေးလိုက်တဲ့အခါ ဓမ္မဒိန္နာက ပြန်ဖြေလိုက်တာကတော့….. )
“ ဒါယကာ ကိုယ် စိတ်၌ဖြစ်သည့် ချမ်းမြေ့သာယာစွာခံစားခြင်းသည် သုခဝေဒနာ၊ ဆင်းရဲငြိုငြင်စွာ ခံစားရခြင်းသည် ဒုက္ခဝေဒနာ၊ သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်သော ခံစားခြင်းသည် ဥပေက္ခာဝေဒနာ မည်ပါသည်။“
“အရှင်မ ယင်းဝေဒနာတို့ကို မည်သို့ ခံစားပါသနည်း“
“သုခဝေဒနာသည် တည်နေဆဲအားဖြင့် ချမ်းသာ၏၊ ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏၊ ဒုက္ခဝေဒနာသည် တည်နေဆဲအားဖြင့် ဆင်းရဲ၏၊ ပြောင်းလဲသောအားဖြင့် ချမ်းသာ၏၊ ဥပေက္ခာဝေဒနာသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏ ။“
တဲ့ ဘယ်လောက်ကောင်းတဲ့ အဖြေလည်းဆိုတာ တွေးရင်းတွေးရင် တော်တော် အရသာရှိလာတယ်လေ နောက်ပြီး အကြောင်းအရာတစ်ခုကို တသတ်မှတ်တည်း မှတ်ထားရင် အဖြေဟာလည်း အမြဲမမှန်နိုင်ဘဲ အခြေအနေကို အချိန်အခါပေါ်လိုက်ပြီး အဓိပ္ပါယ်လည်း ပြောင်းလဲနိုင်တယ်ဆိုတာကို သိလိုက်ရပါတယ်။
အမှတ်မှားတာ နောက်တစ်ခုကတော့ နောက်တနေ့မှပဲ ထပ်စိုက်တော့မယ်နော် ……
အမှန်တရားကို သိနိုင်ကြပါစေ……
အနတ္တ (စလင်း)
[+/-] အပြည့်အစုံသို့...
Saturday, October 3, 2009
သီတင်းကျွတ်ပြန်ပြီ Thadigyut, Time for offering light to Buddha
သီတင်းကျွတ်ပြန်ပြီ ဆိုတော့ လွန်ခဲ့တဲ့ သီတင်းကျွတ်တွေတုန်းက စိတ်မီးအိမ်မှာ တင်ခဲ့တဲ့ ပို့စ်လေးကိုပဲ ထပ်တင်ပေးလိုက်ပါတယ်။
စိတ်မီးအိမ် နှင့် သီတင်းကျွတ်
လူမှန်းသိစ၊ ငယ်ဘ၀မှသည်
ဤပျော်ရွှင်မြူး၊ သီတင်းကျွတ်ဦးကို
ပူဇော်အထူး၊ဆီးမီးဖူးဖြင့်
တာဝတိံသာ၊နတ်ရွာမှဆင်း
လူ့ပြည်ဝန်းကို၊ ဆင်းသက်ပြန်လာ
မေတ္တာအနန္တ၊ ဖြန့်ကာချသည့်
ဗုဒ္ဓမဟာ၊ မြတ်လှစွာအား
ငါးပါးမာန်ချ၊ ၀တ်တွားခသည်၊
ပီသညီညာ၊ပြည်မြန်မာ ဓလေ့
မမေ့မှန်စွာ၊ ယနေ့တာထိ။
မြတ်သောဘုရား၊ ၀တ်တွားပြီးသော်၊
အော် မိအဖ၊ ဆရာနှင့်တကွ
ဘိုးဘွားမကျန်၊လူကြီးမှန်ကို
ဝန်ချတောင်းပန်၊ကန်တော့ပြန်သည်
ချစ်စရာ့မြန်မာ့ ဓလေ့ပါတကား။
အခ်ါသမယ၊ ဤကာလသည်
တမျိုးတမည်၊ထူးခြားပြန်၏်။
အကြောင်းမူကား၊ငယ်ပေါင်းကြီးဖော်
အဆွေတော်တို့၊မွေးမြေရပ်ရွာ
ချက်ကြွေမှာစု၊လူမှုဘဝ
ငယ်ဘ၀ကြောင်း၊နှောင်းကြောင်းမကျန်
ပြန်ပြောင်းအောက်မေ့၊ ခွင့်ခါတွေ့သည့်
အခါသမယပါတကား။
ထိုမှတဖန်၊ကြည့်ပြန်လတ်သော်
ဖော်ကောင်းဆွေမြတ်၊ လက်တွဲထပ်ယူ
တူညီဘ၀၊စိုက်ထူကြရန်
ရည်သန်စူးထား၊ထိုဆွေနှစ်ပါး
မင်္ဂလာတရား၊ထိပ်တင်ထားကာ
ထိမ်းမြားပြန်သည်၊မင်္ဂလာခါညီ
ပီသပြန်သည့်၊ဤသီတင်းကျွတ်ပါတကား။
ထိုမျှမြတ်လှ၊ခါသမယ၌
မြတ်သထက်မြတ်၊အမြတ်ထပ်ရန်
ရည်သန်ကြိုးကုတ်၊အင်းအားထုတ်၍
ဖော်ပေါင်းတစ်အုပ်၊စုဆောင်းလုပ်ကာ
အင်တာနက်လိုင်း၊ဘလော့ဂ်တိုင်းတွင်
ဆီးမီးတထိန်၊မီးတစ်အိမ်ကို
စိတ်ပေါင်းများစွာ၊စုစည်းလာ၍
ညီညာပြုံးပြုံး၊ထွန်းကာရုံးသည်
နာမသညာ၊ခေါ်ဆိုရကား
စိတ်မီးအိမ်ဟု အစုပြု။
စိတ်မီးအိမ်ဟု၊အစုပြုထား
ဥယျာဉ်ဖွားက၊သီတင်းကျွတ်ခါ
အချိန်သာတွင်၊လေးနက်မှန်စွာ
ဘုရား တရားသံဃာ၊အမြတ်ဆုံးရတနာ
မိဘ၊ဆရာပါမကျန် ငါးဖြာအနန္တအား
မီးအိမ်တခု၊သူတို့ပြု၍
လွန်စွာရိုကျိုး၊ရှိခိုးပါ၏။
ဤကျိုးအားကြောင့်၊ စိတ်မီးအိမ်သည်
ကမ္ဘာတည်သရွေ့၊တည်ပါစေသား၊
တည်စေသား။ ။
ကောင်းတမန်
[+/-] အပြည့်အစုံသို့...
Sunday, September 13, 2009
အကျဉ်းစံ
ဝေဒနာသည်တစ်ယောက်ရဲ့
အလွမ်းပွင့်ကြွေသံတွေရယ်ပါ....။
လမ်းတွေမဆုံးသေးဘူး၊
တစ်ထောင့်တစ်ညပုံပြင်လို
ဘ၀ကိုအခါခါငိုကြွေးနေရ။
ဘယ်တော့မှ ပြန်မဆုံနိုင်ခြင်းတွေက
အလွမ်းကိုဖြားယောင်နေကြ။
ကြေကွဲလွမ်းဆွတ်လိုက်တာ
ဘယ်လိုမှမေ့ဖျောက်မရနိုင်တော့
တစ်ယောက်တည်း
ကြေကွဲအခန်းကျဉ်းထဲမှာ
အလွမ်းသံစဉ်တွေညည်းတွား.....။
ခြောက်ကပ်ကပ်ပါပဲ....
ခြောက်ကပ်ကပ်နဲ့ပါပဲ........။
[+/-] အပြည့်အစုံသို့...
Wednesday, August 26, 2009
စလင်းချောင်းသို့ တမ်းချင်း
စလင်းချောင်းနံဘေးက ငှက်တွေ
အသိုက်လိုက် ပျံဆင်းသွားကြတယ်
ဦးတည်ရာ ကိုယ်စီနဲ့ပေါ့။
နာကျည်းခံပြင်းရလွန်းတဲ့ ပန်းချီကားတချပ်ထဲက
သူတို့ ရုန်းထွက်လာခဲ့ရသလို ခံစားခဲ့ကြတယ်။
ဒါမှမဟုတ်
မယုံသင်္ကာမျက်လုံးတွေကို
သူတို့ နှုတ်ဆက်ခဲ့ရတယ်လို့ပဲ ဆိုမလား။
ဘာပဲပြောပြော သူတို့တောင်ပံတွေတော့
အလှီးမခံရတော့တာ သေချာပါတယ်။
ကျင့်ကွင်းလို့ သူတို့ခေါ်တဲ့
ဒီနေရာသစ်မှာ
ကိုယ့်နှုတ်သီးကို ကိုယ်တိုင်ဖဲ့ပြီး သွေးကြရပြန်တယ်။
အဲဒီ ကျင့်ကွင်းမှာ မြက်မနုပေမယ့်
ရေတော့ ကြည်နေလို့ တော်ပါသေးရဲ့။
နှုတ်သီးတွေ သွေးပြီးတဲ့ တနေ့
ဌာနေဟောင်းဆီ သူတို့ ပြန်(ပျံ)လိမ့်မလား။
အဲဒီတနေ့ အမှန်တကယ် ရှိခဲ့မယ်ဆိုရင်
သူ့တို့ နှုတ်သီးမြမြတွေနဲ့
သူ့တို့ ထားရစ်ခဲ့တဲ့ ပန်းချီကားဟောင်းလေးကို
အလှပဆုံး ပြန်ရေးဆွဲကြအုံးမလား။
အဲဒီနေ့ကျ
ဧရာဝတီရယ်
စလင်းချောင်းရယ်
ငှက်တွေရယ်
ဇာတ်ပေါင်းထုတ်ဖြစ်ကြရင်
ဒီရေတွေတောင် တကြိတ်ကြိတ်တိုးနေဦးမလား။
တကယ်ဆို
ဘာပဲဖြစ်ဖြစ်
စလင်းချောင်းဟာ
သူ့တာဝန်သူကျေလို့
ဧရာဝတီမြစ်ထဲကို
ဆက်လက်စီးဆင်းနေဆဲပါပဲ။
ကောင်းတမန်(သီရိကုက္ကို)
စလင်းချောင်းမှ ငှက်များ အားလုံးအတွက် လက်ဆောင်မွန်
[+/-] အပြည့်အစုံသို့...
Saturday, July 25, 2009
စဉ်းစားမိသော အတွေးများ
စိတ်ကူးတခုခုပေါက်လာတိုင်း၊ စိတ်ထဲ တခုခုတွေးမိတိုင်း ကျူပ်က အဲဒီအတွေးတွေကို စာအဖြစ် ချချရေးထားတတ်တယ်။ ဒီနေ့တော့ ကျူပ်အဲဒီလို ချချရေးထားဖူးတဲ့ အတွေးတွေထဲက တချို့ကို စိတ်မီးအိမ်မှာ မျှဝေလိုက်ပါတယ်။ သဘောထားတိုက်ဆိုင်ရင်လည်း ၀မ်းသာမိပါတယ်။ သို့ပေမင့် ဂေါက်ကြောင်ကြောင်အတွေးတွေလို့ ထင်ရင်လည်း ထင်ခွင့်ရှိသလို၊ သဘောမတူနိုင်ကြရင်လည်း ကွဲလွဲခွင့် အပြည့်ရှိသည်ဟုသာ ကြိုတင်ထောက်ပြထားလိုပါကြောင်း။
အတွေး(၁)
လောဘ လား၊ လောကလား
လောကတိုးတက်လာခြင်းဟာ လောဘကိုအရောင်ဆိုးမှုလား။ လောဘကြောင့် ပျက်သုဉ်းလာတဲ့အရင်းအမြစ်တွေ ကာကွယ်ဖို့ သုတေသနတွေ လုပ်ရပြန်တယ်။ လုပ်တော့ရော ကုန်သွားပြီးဖြစ်တဲ့ ဒီအရင်းအမြစ်တွေ ပြန်ဖြစ်လာနိုင်မလား..။ တကယ်ဆို… ဘုရားဟောအတိုင်း ရုပ်ပိုင်းဆိုင်ရာ လန်းနေမှုနောက် မလိုက်ပဲ စိတ်ပိုင်းဆိုင်ရာ လန်းနေမှုအောက်မှာ အစကတည်းက သဘာဝကြီးကို အတူတူ တန်ဖိုးထားပြီး ထိန်းထိန်းသိမ်းသိမ်းသာ နေနိုင်ခဲ့ကြမယ်ဆိုရင်..။
ခုတော့ဗျာ ဟိုးကမ္ဘာ့တဘက်ခြမ်းမှာ သဘာဝအရင်းအမြစ်တွေကို ဗုံးဗောလအော ဇွတ်သုံးချင်တိုင်း သုံးပြီး တီထွင်ထားတဲ့ ဇိမ်ခံကားပေါ်မှာတောင် ထမင်းချက်လို့ရနေတဲ့အချိန် ကျူပ်တို့ဒီဘက်ခြမ်းမှာတော့ သဘာဝတရားကို ချွေတာရလွန်းလို့ တနေ့စာ သောက်ရေသန့် နဲ့ ၀မ်းစာလေး အတွက်တောင် ပြေးလွှားနေကြရဆဲပဲဗျာ။
တကယ်ဆို ဒီကမ္ဘာကြီးကို ဘယ်သူမှ မပြုပြင်ကြပါဘူး…။ဘယ်သူမှ မကယ်တင်ကြပါဘူးလို့ ကျူပ်တော့ ထင်တယ်။
အတွေး(၂)
ဘုရင်နှင့် သခင်
ငါသာလျှင် ငါ၏ဘုရင်
ငါ၏သခင်
သို့သော်
ငါသည် သူ့များ၏ သခင် မဖြစ်ချင်။
(အလဟဿ ဆရာလုပ်ချင်သူများကို တွေ့လျှင် ထိုသို့ တွေးတတ်ပါသည်။)
အတွေး(၃)
ဘာမှမရှိ
ဤလောက၌ ရန်သူ၊မိတ်ဆွေ၊အသိ၊သူစိမ်း၊ဆရာ၊တပည့်၊ သခင်၊ကျွန်၊ဘုရင်၊လက်အောက်ငယ်သားတို့ မရှိပြီ။ အားလုံးသည် ခရီးသွားဖော်များဖြစ်၏။
(ဘုရားဟော၊လူတိုင်းသိ အတွေးစများ ဖြစ်သော်လည်း ကိုယ့်ဘာသာ ဆင်ခြင်မိမှ ပိုလို့ မြင်သည်ဟု ထင်မိပါသည်။)
အတွေး(၄)
လူဆိုတာ ဘာလဲ။
ငိုခြင်း၊ရယ်ခြင်း၊တမ်းတခြင်းများ ခန်းခြောက်သောနေ့..
အဲဒီနေ့မှာ လူ့အဓိပ္ပာယ်ကို ကျူပ်လိုက်ရှာနေမိတယ်ဗျာ။
(ဘာဆိုဘာမှ မခံစားချင်၊မလုပ်ချင်တော့သောအခါ လူ့အဓိပ္ပါယ်ကို ကျူပ်တကယ် ရှာနေမိတတ်ပါတယ်။)
အတွေး(၅)
ကလေးတယောက်လို ကျူပ်ငိုတတ်ပါရစေ
တခါတလေကျ
တွေးတတ်အောင် ဆုံးမပေးခဲ့တဲ့ လူတွေကို ကျေးဇူးမတင်ဘူး။
ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေကိုလည်း ကျေးဇူးမတင်ဘူး။
ကျူပ်ကို ထိန်းချူပ်တတ်အောင် သင်ပေး၊လုပ်ပေးတဲ့ အရာအားလုံးကို ကျေးဇူးမတင်ဘူး။
ကျူပ်ငိုနေရင် အားပေးနှစ်သိမ့်စကားတွေ တဖွဖွပြောမနေပဲ၊ ကလေးတယောက်လို  ရှိုက်ကြီးတငင် ကူငိုပေးတတ်တဲ လူတွေကို လိုချင်မိတယ်။
(တကယ်ပါ…။ တခါတလေ အဲလို လူမျိုး ဖြစ်ချင်သလို၊ အဲလို လူမျိုးတွေလည်း ရချင်တယ်။)
ကောင်းတမန်(သီရိက္ကို)
[+/-] အပြည့်အစုံသို့...
Tuesday, July 21, 2009
လပေါ်ကယုန်ရုပ်လေး
လပေါ်မှာ ယုန်ရုပ်နဲ့ပါတ်သက်ပြီးတော့ ငယ်ငယ်ကတော့ ပုံပြင်တွေ၊ ကဗျာတွေ ကြားဖူးပါတယ်။ ဒါပေမယ့် စာရေးဆရာတွေ စိတ်ကူးယဉ်ပြီး ရေးကြတယ်ဆိုပြီး မှတ်ထားမိတာ... ဟိုတလောက ရွှေကျီးမြင် ဘုရားပါတ်ဖူးရင်း ပညာပျိုးခင်းကနေပြီး ဓမ္မဒါနအဖြစ်စာအုပ်တွေ အခမဲ့ဖတ်စေတာ တွေ့ခဲ့ရပါတယ်။ အနတ္တလည်း (အလကားရတယ်ဆိုပြီး.. ဟုတ်ပါဘူး) အချိန်ရတယ်ဆိုပြီး ဓမ္မဗျူဟာ စာစောင်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ တစ်ကမ္ဘာကြာသည့်တိုင်အောင် မပျက်မဆီး တည်ရှိနေမယ့် အရာလေးခုကို ပြန်လည်ဖတ်ခဲ့ရ ပါတယ်။ အဲဒီအရာလေးခုကို အနတ္တကပို့စ်တင်ဖို့ရန်အတွက် နာမည်တွေအတိအကျကူးရေးမယ်ဆိုပြီး ပြန်ရှာခဲ့ ပေးမယ့် အဲဒီစာအုပ်ကိုရှာလို့မတွေ့ဘူးဖြစ်နေလို့ မှတ်မိတဲ့အတိုင်းပဲ တင်ပေးလိုက်ပါတယ်။
ကမ္ဘာတည်သမျှတည်ရှိနေမယ့် အရာလေးခုကတော့.......
(၁) ဘုရားအလောင်းငုံးမင်းဘဝ မီးကွင်းတဲ့နေရာ
(၂) အဆစ်မပါတဲ့ ကျူပင်
(၃) လပေါ်က ယုန်ရုပ်
(၄) မိုးကွင်းတဲ့နေရာ တို့ပဲဖြစ်ပါတယ်။
(၁) ဘုရားအလောင်းတော် ငုံးမင်းဘဝမှာတုန်းက သစ္စာစွမ်းအားကြောင့် မီးကွင်းခဲ့တဲ့နေရာဟာ ကပ်တစ်ကမ္ဘာ ကြာသည့်တိုင်အောင် မီးမလောင်တော့ဘူးတဲ့။ မီးကွင်းအောင်ရွတ်ဖတ်ရတဲ့ ငုံးမင်းပရိတ်တော် ရှိနေတာကြောင့် ယခုအကြောင်းအရာက ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနားဝ ရှိနေတဲ့အကြောင်းအရာပါပဲ။
(၂) ဘုရားအလောင်းတော် မျောက်မင်းဘဝမှာ မျောက်အပေါင်း ငါးရာကို ခေါင်းဆောင်ပြီး နေထိုင် သွားလာတယ်တဲ့။ ခရီးသွားတဲ့အခါမှာလည်း သူအောက်ကမျောက်အပေါင်းကို မမြင်ဘူးတဲ့ အသီး၊ မသောက်ဘူးတဲ့နေရာကရေ မစား၊မသောက်ဖို့မှာထားတယ်တဲ့။ အဲဒီလိုနဲ့ ခရီးတစ်ခုလည်းရောက်ရော မျောက်အပေါင်းက ရေစာနေတဲ့အချိန်မှာ အသားစားဘီလူးစောင့်တဲ့ ရေအိုင်တစ်ခုကိုတွေ့သတဲ့။ ရေအိုင်ကရေကို သောက်ဖို့ မျောက်မင်းထံ ခွင့်တောင်းတဲ့အခါ မျောက်မင်းက ရေအိုင်ရဲ့ပါတ်လည်မှာ လိုက်ကြည့်လိုက်တဲ့အခါမှာ ရေကန်ထဲကို ဆင်းသွားတဲ့ခြေယာသာတွေ့ပြီး ပြန်တက်လာတဲ့ခြေယာကို မတွေ့ရဘူးတဲ့။ အဲဒါကြောင့် မျောက်မင်းက ရေဆင်းသောက်ဖို့ခွင့်မပြုဘဲ အနီးအနားမှာရှိတဲ့ ကျူပင်းတစ်ပင်ကို နုတ်ခိုင်းပြီး ဘဝအဆက်ဆက်ကဖြည့်ခဲ့တဲ့ ပါရမီတွေကို တိုင်တည်ပြီးဆုတောင်းလိုက်သတဲ့ အဲဒီလိုဆုတောင်ပြီး ကျူပင်ကို နှုတ်ခမ်းမှာတွေ့ပြီး မှတ်ထုတ်လိုက်သတဲ့ အဲဒီကျူပင်နဲ့တပြိုင်တည်း တခြားကျန်တဲ့ကျူပင်တွေ အားလုံးပါ အဆစ်တွေပြုတ်ထွက်ကုန်တယ်တဲ့။ အဲဒီအချိန်ကနေစပြီး ဒီတစ်ကမ္ဘာတိုင်အောင်ကျူပင်တွေဟာ အဆစ်မပါတော့ဘူးတဲ့။ ကျူပင်တွေအဆစ်တွေလည်းပြုတ်ရော ဘုရားလောင်းမျောက်မင်းက ကျူပင်ကို ရေထဲချပြီး ကုန်ပေါ်ကနေ ရေစုပ်သောက်စေသတဲ့။ အဲဒီတော့မှပဲ တခြားမျောက်တွေက အနားကကျူပင်တွေကိုနှုတ်ယူပြီး ရေစုပ်သောက်ကြသတဲ့။ အဲဒီရေအိုင်မှာစောင့်တဲ့ ဘီးလူးကလည်း သူ့ရေအိုင်ထဲကိုဆင်းလာတဲ့ သတ္တဝါအားလုံး စားသောက်ဖို့ နတ်မင်းကြီးတွေကခွင့်ပြုထားသတဲ့။ အခုမျောက်မင်းနဲ့အပေါင်းအပါမျောက်တွေက ကုန်ပေါ်ကနေပဲ ရေသောက်ကြတာဆိုတော့ ဘီးလူးအစား မခံရဘဲ မျောက်တစ်ကောင်မှ အသက်မဆုံးရှုံးတော့ဘူးပေါ့လေ။
(၃) ဘုရားအလောင်း ယုန်မင်းဘဝမှာ တောထဲမှာ တခြားတိရိစ္ဆာန်နှစ်ကောင်းနဲ့ မိတ်ဆေဖွဲပြီး နေထိုင်သတဲ့။ အဲဒီလိုနေထိုင်ရင်းနဲ့ ယုန်မင်းဟာစဉ်းစားတဲ့အခါ သူတို့တိရိစ္ဆာန်သုံးကောင်းဟာ အစားစားတဲ့သူ မပါကြဘူးတဲ့။ အဲဒီတော့ သူတို့ဆီမှာ အသားတစုံတရာမရှိကြဘူးလေ။ ယုန်မင်းဟာ အလျှူဒါနမှာ စံပြုလောက်အောင်ကိုပဲ သဒ္ဒါတရာထက်သန်တယ်လေ။ သူတို့ဆီကိုများ အလျှူခံပုဂ္ဂိုလ်လာပြီးအလျှူခံရင် ဘုရားအလောင်းယုန်မင်းဟာ သူ့အသက်အသေခံပြီး သူ့အသားကိုလျှူဒါန်းဖို့ ဆုံးဖြတ်ထားသတဲ့။ အဲဒါကြောင့်ပဲ သိကြားမင်းရဲ့ ကျောက်ဖျာဟာ ပူပြီး တင်းလာသတဲ့။ သိကြားမင်းလည်း လူ့ပြည်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ ယုန်မင်းရဲ့သဒ္ဒါတရားကို တွေ့ရှိသွားတာနဲ့ သူတော်စင်ယောင်ဖန်ဆင်းပြီး ယုန်မင်းတို့ အဖွဲ့ဆီကိုသွားပြီး အလျှူခံသတဲ့။ အဲဒီအခါမှာတခြားနှစ်ကောင်ဟာ သူတို့ဆီမှာရှိတဲ့ မုံလာဥတို့၊ တခြားသစ်ဥ၊ သစ်ဖုတို့ အသီးအနှံတို့ကို လျှူလိုက်သတဲ့။ သူတော်စင်ယောင်ဆောင်ထားတဲ့ သိကြားမင်းကလည်း ယုန်မင်းဆီကိုသွားပြီး အလျှူခံသတဲ့။ အဲဒီအခါမှာ ယုန်မင်းက သူတော်စင်ကိုမေးတော့ ဒီတော၊ဒီတောင်မှာ တရားအားထုတ်ဖို့ လာခဲ့တာပါလို့ဖြေလိုက်တဲ့အခါမှာ ဘုရားအလောင်းယုန်မင်းက သူတော်စင်ကို မီးဖိုတစ်ဖို ပြင်ဆင်ခိုင်းသတဲ့။ မီးဖိုလည်းအဆင်သင့်ဖြစ်ရော ယုန်မင်းဟာ အသင်သူတော်စင် အသင်ဟာသူတော်ကောင်းဖြစ်တဲ့အတွက် သူများအသက်ကို သတ်ဖြတ်ဖို့ လုပ်မှာမဟုတ်တဲ့အတွက် သူ့အသက်ကိုသူပါသာသူ မီးထဲကိုခုန်ချပြီး အဆုံးစီရင်မယ် သူ့အသားကျက်ခါမှ အသင်အနေနဲ့ ယူငှင်ပြီး စားသုံးပါ။ စားသုံးပြီး သူတော်ကောင်းတရားကို ကျင့်ကြံအားထုတ်ပါဆိုပြီး သူ့အမွေးတွေကြားမှာ ကပ်ညှိနေနိုင်တဲ့ပိုးမွှားတွေကို သုံးကြိမ်သုံးခါ ခါထုတ်ပြီး မီးထဲကို ခုန်ချသွားသတဲ့။ အဲဒီအချိန်မှာ ယုန်မင်းရဲ့ အမွေးကလေးကိုမှ မီးမလောင်တဲ့အပြင် အေးမြခြင်းကို ခံစားနေရသတဲ့။ အဲဒီအချိန်မှာ သူတော်စင်က သူဟာ သိကြားမင်းဖြစ်ကြောင်း၊ ယုန်မင်းရဲ့သဒ္ဒါတရားကို စမ်းသပ်လိုသည်အတွက်ကြောင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်သည်ဖြစ်ကြောင်း ပြောပြသောအခါ ယုန်မင်းက အသင်ဟာ သိကြားမင်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သူ့အသက်နဲ့အသားကို ပေးလျှူမည်ဖြစ်ကြောင်း ပြောပြလိုက်သောအခါ သိကြားမင်းက အနားမှာရှိတဲ့တောင်တစ်လုံးကို အဆီညှစ်ထုတ်ပြီး လပေါ်မှာ တောင်ကထွက်တဲ့အဆီနဲ့ ယုန်ရုပ်ရေဆွဲလိုက်သတဲ့ အဲဒီယုန်ရုပ်ဟာ ကပ်တစ်ကမ္ဘာကြာသည့်တိုင်အောင် တည်ရှိနေမယ်လေ။
(၄) မြတ်ဗုဒ္ဓ ဘုရားရှင် တစ်ပါးလက်ထက်မှာ သူဆင်းရဲတစ်ဦးဟာ မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးပြုစု နေသတဲ့ ဘုရားရှင်ဟာ သူဆင်းရဲကို ချီးမြှောက်လိုတဲ့အတွက်ကြောင့် သူဆင်းရဲရဲ့အိမ်ကိုသွားပြီး အိမ်မိုး သက်ကယ်တွေကို အလျှူခံခိုင်းလိုက်သတဲ့။ မျက်မမြင်မိဘနှစ်ပါးဟာ ဘုရားသားတော်တွေမှန်းသိတော့ လျှူဒါန်လိုက်သတဲ့။ သူဆင်းရဲသားပြန်ရောက်လာတဲ့အခါ ဘုရားရှင်ရဲ့ချီးမြှင့်မြှောက်စားမှုကို ဝမ်းသာပီတိ ဖြစ်နေတာ (၁၄)ရက်တိုင်တိုင် ကြာသည့်တိုင်အောင်ဆိုပဲ။ သူရဲ့ စေတနာ၊ သဒ္ဒါတရားအဟုန်ကြောင့် အဲဒီ သူဆင်းရဲ နေတဲ့နေရာဟာ အဲဒီအချိန်ကနေစပြီး တစ်ကမ္ဘာကြာသည့်တိုင်အောင် မိုးရွာလည်း မိုးမစိုဘူးတဲ့လေ.
အဲဒီအကြောင်းအရာတွေကတော့ ကောင်းတဲ့ တစ်ကမ္ဘာကြာတဲ့အရာတွေပေါ့၊ နောက် တစ်ကမ္ဘာ ကြာအောင် အဝီစိငရဲမှာ ခံနေရတာကတော့ ကံကြီးငါးပါးထိုက်တဲ့သူတွေပေါ့လေ......
[+/-] အပြည့်အစုံသို့...
Tuesday, June 30, 2009
itb သို့မဟုတ် အီတေဘေ သို့မဟုတ် ဘန်ဒွန်းနည်းပညာတက္ကသိုလ်(၁)
ဒီတပတ်တော့ စိတ်ထဲ လွမ်းလွမ်းရှိတာနဲ့ ကျူပ်တက်ဖူးခဲ့တဲ့ အင်ဒိုနီးရှားက တက္ကသိုလ်တစ်ခုအကြောင်း မိတ်ဆက် ပေးပါရစေ။
ကျူပ်နဲ့အတူ အဲဒီမှာ တက်ဖူးခဲ့ကြတဲ့ ညီငယ်လေးတွေဆီကလည်း ဆွေးနွေးတုံ့ပြန်ချက်များ ကြားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
တက္ကသိုလ်နာမည်က ဘန်ဒွန်းနည်းပညာတက္ကသိုလ် လို့ခေါ်တယ်။ နည်းပညာနဲ့ အင်ဂျင်နီယာအပိုင်းမှာတော့ အင်ဒိုရဲ့ နာမည်အကြီးဆုံး တက္ကသိုလ် တစ်ခုပေါ့။
တည်နေရာက ဂျာဗာကျွန်းပေါ်က ဘန်ဒွန်းမြို့။ ဘန်ဒွန်းမြို့ဆိုတာ ဂျာဗာအနောက်ပိုင်းရဲ့ တောင်ထူထပ်တဲ့ဒေသမှာ တည်ရှိပါတယ်။ အဲဒီမြို့ကြီးက ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၀ မီတာ အမြင့်မှာ ရှိပြီး လူဦးရေက ၁သန်းခွဲမက ထူထပ်တဲ့ မြို့ကြီးပါ။ ဘန်ဒွန်းမြို့က ရာသီဥတုကသမ၊ သဘာဝပန်းမာန်တွေက အင်မတန်လှ၊စီးပွားရေးက အချက်အချာကျ၊ မြို့သူမြို့သားတွေက အသားရေစိုပြေ၊ ရုပ်ဆင်းရူပကာက ချောမွေ့ နဲ့၊ နိုင်ငံရဲ့ထိပ်သီးနည်းပညာတက္ကသိုလ်ကြီးကလည်း ခန့်ခန့်ထည်ထည် ရှိနေပြန်တဲ့ တောင်ပေါ်မြို့ပေါ့။ အင်ဒိုလူမျိုးတွေ အင်မတန် နေချင်ကြတဲ့ မြို့စာရင်းထဲမှာ ထိပ်ဆုံးကပါတယ် ထင်ရဲ့။ ဘန်ဒွန်းဟာ အင်မတန်လှလွန်းတော့ ဦးနုတို့လက်ထက် ၁၉၅၅ ခုနှစ်က ပထမဆုံး အာရှ-အာဖရိက ကွန်ဖရင့်ကို အဲဒီမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ခုထိအဲဒီ ကွန်ဖရင့် အမှတ်တရ အာရှ-အာဖရိကပြတိုက်ကြီးက ခမ်းခမ်းနားနား ရှိနေသေးလေရဲ့။ အဲဒီတော့ ဘန်ဒွန်းလို့ပြောလိုက်တာနဲ့ အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ မြို့မှန်း လူတိုင်းသိကြတဲ့မြို့ပေါ့။ အဲဒီတော့ ဘန်ဒွန်းမှာ မွေးပြီး ဘန်ဒွန်းနည်းပညာတက္ကသိုလ်မှာများ ကျောင်းတဲ့နေတဲ့ ကျောင်းသူတွေဆိုတာ အင်ဒိုသားကိုကိုတိုင်း လိုချင်ကြတဲ့ အင်မတန်မွှေးတဲ့ ဘန်ဒွန်းပန်းလေးတွေပေါ့လေ။ဒါက မြို့အကြောင်းပါ။ သူ့အကြောင်း နောက်မှ ရေးပါဦးမယ်။
ဘန်ဒွန်းနည်းပညာတက္ကသိုလ်ကတော့ ဘန်ဒွန်းမြို့လယ်ခေါင်ရဲ့ မြောက်ဘက်သိပ်မဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ကျောင်းဝန်းအကျယ်က ၇၇၀၀၀၀ စတုရန်းမီတာ ကျယ်သတဲ့။
အဲဒီကျောင်းကို ၁၉၂၀ ခုနှစ်က စတင်တည်ထောင်ခဲ့သတဲ့။ကျူပ်တို့ဆီမှာ အမျိုးသားကျောင်းတွေ ပေါ်ကစ အချိန်နဲ့ အတူတူပေါ့။ စဖွင့်တုန်းက အင်ဂျင်နီယာကျောင်းလို့ ရိုးရိုးပဲ နာမည် ခေါ်သတဲ့လေ။နောက်တော့ ကြားထဲမှာ ခေတ်အဆက်ဆက် နာမည်အမျိုးမျိုးပြောင်းလဲခဲ့ရပြီး နောက်ဆုံး ၁၉၅၉ ခု မတ်လ ၉ ရက်နေ့ကစလို့ ဘန်ဒွန်းနည်းပညာတက္ကသိုလ်ဆိုပြီး နာမည် တွင်ခဲ့သတဲ့။ ခုလက်ရှိ အာရှအဆင့်မှာတော့ အဆင့် ၇၁ မှာ ပြေးနေတဲ့ တက္ကသိုလ်ကြီးပါ။အရှေ့တောင်အာရှ အဆင့် မှာတော့ အဆင့် ၁၀ မှာ ရှိပါတယ်။ အင်ဒိုမှာတော့ ဘန်ဒွန်းနည်းပညာတက္ကသိုလ်ကို အီတေဘေ(Institut Teknologi Bandung) (အင်္ဂလိပ် အိုင်တီဘီကို အင်ဒိုဘာသာဖြင့် ထွက်ဆိုသောအသံ) (ဤနေရာမှစ၍ အီတေဘေဟု သုံးစွဲခေါ်ဝေါ်ပါမည်။) လို့ အတိုကောက် ခေါ်ကြတယ်။
ကျောင်းဝန်းထဲမှာတော့ ဗိသုကာလက်ရာမြောက် အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာပဲဗျ။
clip_image002
ပုံ၁။         ။အီတီဘေ ကျောင်းဝန်း အလယ်ပိုင်း ကို အပေါ်စီးမှ မြင်ရစဉ်
clip_image004
ပုံ၂။        ။ဗိသုကာ လက်ရာမြောက်လှသော ဌာနတစ်ခု
ပန်းမာန်တွေကလည်း နေရာတိုင်းနီးပါး စိုက်ထားတယ်။ ကျောင်းဝန်းအနီးမှာ ရေကူးကန်၊တင်းနစ်ကွင်း၊ဘောလုံးကွင်း စတာတွေပါတဲ့ ဆာဗူဂါအားကစားကွင်း အကျယ်ကြီးလည်း ရှိသေးရဲ့။
image
ပုံ၃။        ။Google Earth မှ မြင်ရသော အီတေဘေ ဘွဲ့နှင်းသဘင်ခန်းမ၊တင်းနစ်ကွင်း၊ ဘောလုံးကွင်း နှင့် ရေကူးကန်၊ ထိုတကွင်းလုံးကို ခြုံ၍ ဆာဗူဂါဟု ခေါ်ဆိုသည်။
ထင်ရှားပြီး ဗိသုကာ လက်ရာမြောက်တဲ့ နေရာတွေကတော့ ဗဟိုစာကြည့်တိုက်၊တက္ကသိုလ်အနောက်ခန်းမ၊အနုပညာဌာန နဲ့ ကျောင်းအ၀င် အနောက်ဘက်ဂိတ်ပေါက် တို့ ပဲ။
clip_image006
ပုံ၎။           ။အီတေဘေ ဗဟိုစာကြည့်တိုက်
image
ပုံ၅။           ။အီတေဘေ အနောက်ခန်းမ
clip_image010
ပုံ၆။           ။အီတေဘေ အနောက်ဘက်အ၀င်ဂိတ်
ကျောင်းအလယ်တည့်တည့်လောက်မှာ အင်ဒိုမြေပုံပါတဲ့ အင်ဒိုနီးရှားတန်ဂလန် လို့ ခေါ်တဲ့ ရေကန်လေးထဲက ရေပွားလေးတွေ ပန်းနေလေရဲ့။ အဲဒါကို ကျောင်းက စနောက်တတ်တဲ့ အင်ဒိုသား သူငယ်ချင်းတွေက အီတေဘေကြောင့် အင်ဒိုရေထဲ မြှုပ်နေပြီလို့ ဆိုလေရဲ့။ အဲ..ဆရာ၊ဆရာမတွေကတော့ အင်ဒို တချိန်တုန်းက ရေနှစ်သလိုဖြစ်နေတာကို အီတေဘေတက္ကသိုလ်ကြီးက ရေတွေ ရေပန်းနဲ့ မှုတ်ပြီး ထုတ်ပေးနေလို့ ခု တိုးတက်နေပြီလို့ ပြောကြတယ်။
clip_image012
ပုံ၆။        ။အီတေဘေ ကျောင်းအလည် အင်ဒိုနီးရှားတန်ဂလန်ရေကန် နှင့် ရေပန်း (ရေကန်ထဲ၌မြင်ရသော အစိမ်းပုပ်ရောင် အကွက်များမှာ အင်ဒိုမြေပုံ ဖြစ်ပါသည်။)
နောက် တက္ကသိုလ်ဆိုတဲ့ အင်္ဂါရပ်နဲ့ အညီဘာသာရေးအတွက် ကျောင်းသားတွေ ဘုရားရှိခိုးနိုင်မယ့် သူတို့နိုင်ငံဘာသာဖြစ်တဲ့ မူဆလင်ဘာသာ ဗလီတွေလည်း ကျောင်းနားမှာပဲ ဆောက်ပေးထားလေရဲ့။ 
ဆက်သွယ်ရေးအတွက်ကတော့ တက္ကသိုလ်စာတိုက်က လည်း ကျောင်းအနောက်ဘက်ဂိတ်မှာ ကပ်လျက်ရှိတာမို့ ဆက်သွယ်ရေးအဆင်ပြေချောမောလှပါတယ်။ ဖုန်းဆိုင်တွေ၊ ဖုန်းကဒ်ဆိုင်တွေကလည်း ကျောင်းပတ်ဝန်းကျင်မှာပဲ ရှိပါတယ်။
ငွေရေးကြေးရေးအတွက် ကျောင်းထဲမှာ BNI ဘဏ်ရှိပြီး အလိုအလျောက်ငွေထုတ်စက်တွေလည်း ကျောင်း အနောက်ဘက်ဂိတ်နားမှာပဲ ထားထား ပေးပါတယ်။
စားရေးသောက်ရေးအတွက် ကျောင်းဝန်ထမ်း၊ဆရာ၊ဆရာမ၊ကျောင်းသားကျောင်းသူတွေ အဆင်ပြေစေဖို့ ကျောင်းထဲမှာပဲ ကန်တီး ၅ခု ရှိတဲ့အပြင် ကျောင်းလေးဘက်လေးတန် ပတ်လည်မှာ အပြင်ဆိုင်တွေလည်း ပေါများလှလို့ ဈေးအသင့်အတင့်နဲ့ စားသောက်နိုင်ကြပါတယ်။
ကျန်းမာရေးအတွက် နာမကျန်းဖြစ်လာခဲ့ရင်လည်း ကျောင်းဆေးခန်း မှာ ဈေးနှုန်းချိုသာစွာ ပြလို့ရပါတယ်။ တကယ်လို့ အရေးပေါ် ဆေးရုံတင်ဖို့ လိုအပ်ခဲ့ရင် အနောက်ဂိတ်နဲ့ တခေါ်သာသာလောက် အဝေးမှာ ဘန်ဒွန်းမြို့ရဲ့ အကြီးဆုံး ဘိုရိုးမြူးယပ်စ် ဆေးရုံကြီးလည်း ရှိပါတယ်။
သီတင်းတစ်ပတ်ကုန်တဲ့ သောကြာနေ့မှာတော့ အနားယူအပန်းဖြေနိုင်ဖို့ ကျောင်းသားကပွဲတွေ၊ နိုင်ငံတကာသင်တန်းတွေ၊ သိုင်းသင်တန်း၊ ဘာသာရေးတွေ့ဆုံ ဆုတောင်းပွဲတွေ၊အလွတ်တန်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ကစားပွဲတွေ နဲ့ မြိုင်ဆိုင် စည်းကားလှသလို သောကြာနေ့တိုင်း ဖွင့်တဲ့ ပါဆာဂျွန်အပ်တ် မှာလည်း စိတ်ကြိုက်ပစ္စည်းတွေကို ဈေးဆစ် ၀ယ် နိုင်ပါသေးတယ်။
ဘာသာရပ်သင်တန်းတွေကလည်း အများကြီးပါ။ ဌာနကြီးတွေကတော့
    Faculties and Schools
    [1] Faculty of Earth Sciences and Technology
    [2] Faculty of Mathematics and Natural Sciences
    [3] Faculty of Art and Design
    [4] Faculty of Industrial Technology
    [5] Faculty of Mechanical and Aerospace Engineering
    [6] Faculty of Civil and Environmental Engineering
    [7] Faculty of Mining and Petroleum Engineering
    [8] School of Architecture, Planning, and Policy Development
    [9] School of Business and Management
    [10] School of Life Sciences and Technology
    [11] School of Electrical Engineering and Informatics
    [12] School of Pharmacy
ဆိုပြီး ဌာနကြီး ၁၂ ခု ရှိပါတယ်။ အဲဒီဌာနကြီးတွေ အောက်မှာမှ ဌာနလေးတွေ ထပ်မံခွဲထားပါသေးတယ်။
၁။ Faculty of Earth Sciences and Technology အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
  • Geological Engineering
  • Meteorology
  • Oceanography
  • Geodetic and Geomatic Engineering
၂။ Faculty of Mathematics and Natural Sciences အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
  • astronomy
  • Chemistry
  • Mathematics
  • physics
၃။ Faculty of Art and Design အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
  • Art
  • Craft
  • Interior Design
  • Industrial Design
  • Visual Communication Design
  • Art and Design
၎။ Faculty of Industrial Technology အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
  • Chemical Engineering Program
  • Chemical Engineering Graduate Program
  • Engineering Physics Program
  • Engineering Physics Graduate Program
  • Instrumentation & Control Program
  • Industrial Engineering Program
  • Industrial Engineering & Management Graduate Program
၅။ Faculty of Mechanical and Aerospace Engineering  အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
  • Mechanical Engineering
  • Materials engineering
  • Aeronautics & Astronautics
၆။ Faculty of Civil and Environmental Engineering အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
  • CIVIL ENGINEERING
  • ENVIRONMENTAL ENGINEERING
  • OCEAN ENGINEERING
  • HIGHWAY ENGINEERING AND DEVELOPMENT
  • PROFESSIONAL MASTER PROGRAM IN WATER RESOURCES MANAGEMENT
  • ၇။ Faculty of Mining and Petroleum Engineering အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
    • Mining Engineering
    • Petroleum Engineering
    • Geophysicist Engineering
    • Metallurgy Engineering
    • Geothermal
    • Mining Engineering
    • Petroleum Engineering
    • Applied Geophysics
    ၈။ School of Architecture, Planning, and Policy Development အောက်တွင် သင်ယူနိုင်သော ဘာသာရပ်များမှာ
    • Regional And City Planning
    • Architecture
    • Urban Design
    • Development Studies
    ၉။ School of Business and Management အောက်တွင်လေ့လာနိုင်သော ဘာသာရပ်များမှာ
    • Transportation
    • Business Ethics and Law
    • Operations Management
    • Business Economics
    • Accounting
    • Business Leaderships
    • Marketing Management
    • Finance
    • Strategic Decision Making and Negotiation
    • Knowledge and Innovation
    • Business Strategy
    • International Business
    ၁၀။ School of Life Sciences and Technology  အောက်တွင် လေ့လာနိုင်သော ဘာသာရပ်များမှာ
    • Biology
    • Microbiology
    ၁၁။ School of Electrical Engineering and Informatics အောက်တွင် လေ့လာနိုင်သော ဘာသာရပ်များမှာ
    image
    ၁၂။ School of Pharmacy  အောက်တွင် လေ့လာနိုင်သော ဘာသာရပ်များမှာ
  • Study Program of Pharmaceutical Science and Technology
  • Study Program of Clinical and Community Pharmacy
    ကဲတွေ့တဲ့ အတိုင်းပါပဲ။ နည်းပညာတက္ကသိုလ်သာ ပြောတယ် ဘာသာတော်တော်များများ ရှိပါတယ်။
    ပညာရေးအတွက်လည်း လက်တွေ့၊စာတွေ့၊သုတေသန စတာတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားလုပ်ဆောင်ကြနေလေရဲ့။ကိုယ်စာကြိုးစားနိုင်လို့ ကျောင်းကို နှစ်တိုတိုနဲ့ ဖြတ်ချင်သေးတယ်ဆိုရင် နွေရာသီရက်ရှည်ကျောင်းပိတ်ရက်မှာ ဖွင့်တဲ့ Short Semester ခေါ် သင်တန်းတိုလေးတွေလည်း တက်နိုင်ပါသေးတယ်။ ဒါဆို ကိုယ်က သူများထက် စာသင်နှစ် တစ်နှစ်စာ စောပြီးကျောင်းပြီးနိုင်ပါတယ်။ တချို့များဆို ၂ နှစ်ခွဲ၊ ၃ နှစ် နဲ့ အပြီးဖြတ်တဲ့သူတွေလည်း ရှိလေရဲ့။
    ဆိုခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံ၊ တက္ကသိုလ် အင်္ဂါရပ်နဲ့လည်း ကိုက်ညီ၊ ကျောင်းဝန်းကလည်း လှပစိမ်းမြ၊ ဘာသာရပ်တွေကလည်း အဆင့်မီ၊ ကျောင်းသားတွေကလည်း တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနဲ့ အင်မတန်ပျော်စရာကောင်းတဲ့ တက္ကသိုလ်ကြီးပါ။
    ဒါတခြား ကမ္ဘာတဘက် မဟုတ်တဲ့ ကိုယ့်ကမ္ဘာခြမ်း အရှေ့တောင်အာရှက အာရှအဆင့် ၇၁ သာရှိသေးတဲ့ တက္ကသိုလ်တစ်ခုရဲ့ အကြောင်းပါဗျာ။
    တကယ်လို့ ကိုယ့်ဆွေမျိုးသားချင်း၊တူသားနောင်မယ်လေးတွေကို စင်္ကာပူလို၊သြစတြေးလျလို နိုင်ငံတွေက ကျောင်းတွေမှာ ဈေးသိပ်ကြီးလို့ မပို့နိုင်၊မထားနိုင်ဘူးဆိုရင် ဈေးသင့်၊ပညာလည်းမြင့်တဲ့ အင်ဒိုက ဘန်ဒွန်းနည်းပညာတက္ကသိုလ်လိုကျောင်းမျိုးမှာ ထားနိုင်ရင်လည်း အဆင်ပြေနိုင်မယ် ထင်ပါတယ်။ ကုန်ကျစရိတ် နည်းနည်း နဲ့ နိုင်ငံတကာ လက်ခံနိုင်တဲ့ အဆင့်ရှိတဲ့ ပညာတွေကို သင်ယူနိုင်ခွင့်ရနိုင်တာမို့ အစားထိုး စဉ်းစားသင့်ပါတယ်။ စိတ်ဝင်စားသူများရှိပါက လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များကို အောက်ပါလင့်ခ် တွင် ရယူနိုင်ပါကြောင်း။
    http://usm.itb.ac.id/SMI/IndexFolder.htm
    © ကောင်းတမန်(သီရိကုက္ကို)
    ၂၀၀၉ခုနှစ် ဇွန်လ ၃၀ရက်
    စင်္ကာပူစံတော်ချိန် ည၉နာရီ ၄၅ မိနစ်
  • [+/-] အပြည့်အစုံသို့...
    Tuesday, June 16, 2009
    ကိုညိမ်းကဗျာထဲက ဘော်ရိုဘူဒေါ ဘုရား
    အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်းပေါ်က ဂျော့ဂျာမြို့ရှိ ရှေးဟောင်း ကမ္ဘာကျော် ဘော်ရိုဘူဒေါ် ဘုရား ပုံတွေပါ။
    ကိုညိမ်းရဲ့ ကဗျာလေး နဲ့ တွဲခံစားလို့ရအောင် တင်ပေးလိုက်တာပါ။
    ဓါတ်ပုံတွေကို ညီငယ် ဘုန်းကြီးဆီက ခွင့်တောင်း ကူးယူထားတာပါ။
    ဘုန်းကြီးရေ ကျေးဇူးပါပဲ။
    ကောင်းတမန် (သီရိကုက္ကို)
    [+/-] အပြည့်အစုံသို့...
    Monday, June 15, 2009
    အင်ဒိုနီးရှား ရောက်ခဲ့တုန်းက အမှတ်တရ ကဗျာလေးတစ်ပုဒ်ပါ။
    ဂျော့ဂျာ ခရီးသည်
    တက်ချည်တဲ့ သက်ချည်။
    မှိုင်းညို့ရီ မရာပီနဲ့
    ဂျော့ဂျာမြို့ဆီ။
    တက္ကသိုလ် ရာချီတည် (တယ်)
    ဂျာဗားနယ် အလယ်ပိုင်း။
    ရှေးရိုးရာ အင်ဒိုနီးရှား
    ကပွဲများ ခြိမ့်ခြိမ့်ညံ
    ရောက်ခဲ့ပြန် သည်တိုင်း။
    ဘောလုံးသင်း တစ်သင်းစာ။
    ရိုင်းပင်းကာ စည်းလုံးကြ
    ဂျော့ဂျာက မြန်မာ။
    အဆောင်မှာ ပေါင်းစုချက်
    ကမ်းခြေဘက် ပျော်ပွဲစား။
    အမှတ်ရ နှစ်သစ်ပွဲ
    နှဲသံမြိုင် အကင်စုံနဲ့
    ဘင်တန်ဖွဲ့ ၀ိုင်းစကား။
    ခန့်ညားလှ ဘိုရိုဗုဒေါ
    ရှုမောခဲ့ အံ့စရာ။
    မြစိမ်းရောင် ကမ္ဗလာထက်
    မိုးထြက္တဲ့ ကမ ၻာ့မဟာ။
    ရှုစားရ ရင်သပ်ပြန်
    ပရမ်ဘာနန် လွန်ကျော်ကြား။
    ကေအက်ဖ်စီ မက်ဒေါ်နယ်နဲ့
    မြို့လယ်မှာ ပါတိတ်ရွေး
    ညဈေးလဲ ရောက်သွား။
    အဆုံးတော့ ခွဲခဲ့ပြီ
    လွမ်းဆဲပင် စောင်းငဲ့လို့
    ဂျော့ဂျာရဲ့ အဝေး။
    ရည်မှန်းရာ လွန်ကြိုးစား
    အားစိုက်ပါ့ ဂျော့ဂျာအဆွေ
    မာပါစေ သာပါစေရယ်လဲ
    စဉ်အမြဲ ဆုမွန်ကောင်း
    တောင်းမိတယ်လေး။ ။
    (ဆရာရေ ---
    နောက် - တွေ့ကြသေး။)
    ကိုညိမ်း
    အညွှန်း -
    ဂျော့ဂျာ - Jogja/Jogjakarta/Yogyakarta
    မရာပီ - Merapi Volcano
    ဂျာဗား - Java
    ဘင်တန် - Bintang
    ဘိုရိုဗုဒေါ - Borobudur
    ပရမ်ဘာနန် - Prambanan
    ကေအက်ဖ်စီ - KFC
    မက်ဒေါ်နယ် - McDonald's
    [+/-] အပြည့်အစုံသို့...
    Saturday, June 13, 2009
    လုပ်သင့်တာတွေ လုပ်နိုင်ဖို့၊ စိတ်ဆန္ဒအလိုတွေ ဦးစားမပေးမိဖို့ လိုအပ်တဲ့ သမာဓိလေး
    တွေးကြည့်ရင် ကိုယ်ကိုယ့်ကို မကျေနပ်ဘူးဗျာ။
    လောကမှာကျွန်တော် အဖြစ်ချင်ဆုံးက လက်ရှိအချိန်လေးမှာ သတိလေးနဲ့ နေပြီး သမာဓိအားကောင်းသူ ဖြစ်ချင်တယ်။ ဒါဟာ ထင်သလောက် တကယ် ကို မလွယ်တဲ့ကိစ္စပါ။
    စိတ်ဆိုတာလည်း လွင့်ပါးတတ်တဲ့ သဘာဝ ရှိတော့ ခက်သား။ လွင့်ပါးတဲ့ စိတ်ကို စိတ်နဲ့ပဲ ပြန်ထိန်းရတယ်လို့ အဆုံးအမတွေ ရှိတာသိနေပါလျက်နဲ့ကို မထိန်းနိုင်ဘူး ဖြစ်နေတာပါ။
    ဥပမာ....ခု ကျွန်တော် စာတမ်းတခု ရေးစရာ ရှိတယ် ပဲ ဆိုပါတော့။ အစကတော့ ရေးနေတာပဲ။ အဲ..ရေးရင်း ခက်တဲ့နေရာ၊ စဉ်းစားရမယ့် နေရာလေးတွေ ရောက်လာတော့ မစဉ်းစားချင်တော့ဘူး။ ဦးနှောက်ကို အလုပ်မပေးချင်ပြန်ဘူး။ ပြောရရင် ဒါ အပျင်းစိတ်ဝင်လာတာပါ။ ဒီအချိန်မှာ သတိ နဲ့ သမာဓိ လွတ်သွားရင် ဘာမှကို မထိန်းနိုင်တော့ပဲ တခြား စိတ်ဆန္ဒက လိုလားနေတဲ့ တခုခု ကောက်လုပ်မိတော့တာပဲ။ ဥပမာ အင်တာနက်လိုင်းပေါ်တွင် သူငယ်ချင်းတွေနဲ့ စကားပြောခြင်း၊ အင်တာနက်စာမျက်နှာများ ကို လိုက်လံဖတ်ရှုခြင်း စတာတွေ လုပ်ဖြစ်မှာပါ။
    အဲလို စိတ်ဆန္ဒတွေက တောင်းဆိုနေတာကို လိုက်လျောမှုမပေးပဲ တိုက်ခိုက်ပြီး လုပ်စရာရှိတာ၊လုပ်သင့်တာကို ပြန်လုပ်နိုင်ဖို့ သမာဓိအား အလွန်လိုပါတယ်။ စိတ်ဆန္ဒစေခိုင်းရာနောက်ကို လိုက်မိပြီဆိုရင် လိုက်မိမှန်း သိပြီး ခဏအတွင်း အမြန်ပြင်သင့်ပါတယ်။ တကယ် လုပ်စရာရှိတဲ့ဟာ ကို ပြောင်းလုပ်နိုင်ရပါ့မယ်။ မဟုတ်ရင် လုပ်သင့်တာ အချိန်မီမလုပ်၊ ပြီးသင့်တာ အချိန်မီမပြီး ဖြစ်လာပြီးလူကို အင်မတန် စိတ်ဖိအားတွေ ဖြစ်လာစေပါမယ်။ ဒါဆို စိတ်ဖိအားဖြစ်လာလေ ပိုမလုပ်ချင်လေ။ ပိုမလုပ်ချင်လေ စိတ်ထဲရှိတာတွေ လျှောက်လုပ်လေ ဖြစ်ရင်းကနေ လူပျင်း၊ လူဖျင်း တယောက် ဖြစ်သွားနိုင်ပါ။
    ဒါကြောင့် အရေးကြီးဆုံးက ကြားထဲမှာ စိတ်ဆန္ဒက တောင်းဆိုနေတာတွေ လျှောက်မလုပ်ပဲ၊ တကယ်လုပ်မှ ပြီးမယ့် ဟာကို အကြွေးမထားပဲ ထိထိရောက်ရောက် နေထိုင် ကျင့်သုံး လုပ်ဆောင်ရပါမယ်။
    ဒါမှ ကိုယ်ဟာ တာဝန်ကျေသူ၊ စိတ်ဖိစီးမှု ကင်းသူ၊ ဘ၀ကို ပျော်ရွှင်စွာ နေထိုင်နိုင်သူ ဖြစ်လာမှာပါ။
    ကဲ..ပြောနေကြာပါတယ်။ ကျွန်တော် အခု စိတ်ဆန္ဒတောင်းဆိုမှုအရ လုပ်နေတဲ့ ဒီစာရေးတာကို ခုပဲ ရပ်ပြီး တကယ် လုပ်ရမယ့် စာတမ်းရေးတာ အပြီးဆက်ရေးလိုက်ပါဦးမယ်။
    ကောင်းတမန် (သီရိကုက္ကို)
    စင်္ကာပူစံတော်ချိန် မွန်းလွှဲ ၁ နာရီ ၄၆ မိနစ်
    ၂၀၀၉-၀၆-၁၃
    [+/-] အပြည့်အစုံသို့...
    Friday, June 12, 2009
    အောင် မြန်မာထမင်းဆိုင် မကြာမီလာမည်
    စင်္ကာပူက မြန်မာအသိုက်အ၀န်းလေးက တော်တော်ကျယ်ပြန့်လာပါပြီ။
    ၁။ ရထားဘူတာတိုင်းနီးပါးမှာ မြန်မာစကားသံတွေ ကြားရတတ်ပါတယ်။
    ၂။ တခါတလေ သနပ်ခါးပါးပါးလေးနဲ့ မဒီတွေ၊ ပုဆိုး၊ ထဘီ၊ လွယ်အိတ်တွေ ၀တ်ထားတဲ့ ကိုကို၊မမတွေကိုလည်း တွေ့နိုင်ပါသေးတယ်။
    ၃။ ပြီးတော့ စင်္ကာပူရဲ့ လူနေထူထပ်တဲ့ မြို့နယ်တွေမှာ မြန်မာထမင်းဆိုင်တွေလည်း အတော်များနေပါပြီ။
    ကျွန်တော်နေသော မြို့နယ်တွင် သိသလောက် လက်ရှိ နှစ်ဆိုင် ရှိပါတယ်။
    ၄။ အဲ…အဓိကကတော့ မြန်မာဆိုင်တွေပေါပြီး၊ မြန်မာများစုဝေးလေ့ ရှိတဲ့ ပင်နီစူလ ပလာဇာကိုတော့ စင်္ကာပူနိုင်ငံသားတွေကိုယ်တိုင် ဘားမားမောလ် လို့ နာမည် ပေးထားလေရဲ့။
    ခုလည်း လာပြန်ပါပြီ နောက်တစ်ဆိုင်…။
    ကျွန်တော့အတွက်တော့ ကံကေင်းတယ်လို့ ဆိုရမှာပဲ။ မြန်မာအစားအစာ အင်မတန် ငတ်တတ်တဲ့ ကျွန်တော့်အတွက် ကျွန်တော့် အိမ်အောက်က ထမင်းဆိုင်တန်းမှာ အောင်..မြန်မာစားသောက်ဆိုင် မကြာမှီ ဖွင့်တော့မည် ဖြစ်သည်။
    ဆိုင်မဖွင့်သေးပါသော်လည်း အငမ်းမရ ဖြစ်နေပါ၍ ဆိုင်ကို ဓါတ်ပုံသွားရိုက်ယူထားခဲ့ ရာ အောက်တွင်တင်ပေးလိုက်ပါသည်။
    12062009(001)
    12062009
    ကောင်းတမန်(သီရိကုက္ကို)
    စင်္ကာပူစံတော်ချိန် နံနက် ၇ နာရီ ၂၂ မိနစ် (၂၀၀၉-၀၂-၀၆)
    [+/-] အပြည့်အစုံသို့...
    Wednesday, June 10, 2009
    မြန်မာမှု ပြုလိုက်ပြီဖြစ်သော OpenOffice
    ၁။ ဆော့ဖ်ဝဲ တခုလုံး မြန်မာမှု ပြုထားသဖြင့် မြန်မာများ စာစီ၊စာရိုက် နဲ့ တခြားအရာများကို လွယ်ကူစွာ သင်ယူလေ့ကျင့်နိုင်ခြင်း။
    ၂။ ၎င်းမှ အခြေခံ၍ တခြား ဆော့ဖ်ဝဲများကိုပါ (ဥပမာ - Microsoft Office) မြန်မာမှု ပြုလာနိုင်ပါက ပို၍ အကျိုးများနိုင်ခြင်း။
    ၃။ ထို့ထက်တဆင့်ပိုတက်၍ မြန်မာများရေးသော မြန်မာဆော့ဖ်ဝဲများ ဖန်တီး ထုတ်ဝေလာနိုင်ခြင်း။\
    အခု ဒီစာမျက်နှာကို ရေးနေတာ OpenOffice Burmese version ကို သုံးပြီးရေးနေတာပါ။
    OpenOffice ကို မြန်မာမှု ပြု ထားတာ တော်တော် စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ OpenOffice ဟာ Microsoft Office လိုပါပဲ။
    ၁။ စာရွက်၊စာတမ်း ပြုစုရေးသားဖို့
    ၂။ စာရင်းဇယားတွေ ပြုစုဖို့
    ၃။ ပုံတွေဆွဲဖို့
    ၄။ သချာင်္ပုံသေနည်းတွေ ရေးဖို့ နဲ့
    ၅။ အစည်းအဝေးအတွက် ဆွေးနွေးတင်ပြချက်တွေ ရေးဖို့
    စသည်တို့ အတွက် အသုံးဝင်ပါတယ်။
    ဒီလို ဆော့ဖ်ဝဲ ကို မြန်မာမှု ပြုပေးလိုက်တာကတော့ http://my.openoffice.org/ ဆိုတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နေသူတွေပဲ ဖြစ်ပါတယ်။
    အခု ဒီစာမျက်နှာဟာ သူ့ကို သုံးပြီး ပထမဆုံး ရေးထားတဲ့ စာပါ။ အားလုံးကို မြန်မာပြုထားတဲ့ ဆော့ဖ်ဝဲရဲ့ Screenshot ပုံလေးကို တွဲတင်ပေးလိုက်ပါတယ်။
    image
    အထက်ပါပုံမှာ မြင်ရတဲ့ အတိုင်း Menu bar, title bar, toolbar, status bar အစရှိတာတွေကို မြန်မာလိုမြင်ကြရပါတယ်။ တခြား လုပ်ဆောင်ဖို့ သုံးတဲ့ အရာတွေကို လည်း မြန်မာဘာသာ နဲ့ တွေ့ရပါတယ်။
    ကျွန်တော် ဒီကောင်ကို သုံးတာ ဒါ ပထမဆုံး အကြိမ်ပါ။ နည်းပညာပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို မလေ့လာရသေးသဖြင့် မဆွေးနွေးနိုင်ပါ။ သို့ရာတွင် ၎င်း၏ ကောင်းကျိုးများကိုတော့ ခန့်မှန်းကြည့်မိပါတယ်။
    ၁။ ဆော့ဖ်ဝဲ တခုလုံး မြန်မာမှု ပြုထားသဖြင့် မြန်မာများ စာစီ၊စာရိုက် နဲ့ တခြားအရာများကို လွယ်ကူစွာ သင်ယူလေ့ကျင့်နိုင်ခြင်း။
    ၂။ ၎င်းမှ အခြေခံ၍ တခြား ဆော့ဖ်ဝဲများကိုပါ (ဥပမာ - Microsoft Office) မြန်မာမှု ပြုလာနိုင်ပါက ပို၍ အကျိုးများနိုင်ခြင်း။
    ၃။ ထို့ထက်တဆင့်ပိုတက်၍ မြန်မာများရေးသော မြန်မာဆော့ဖ်ဝဲများ ဖန်တီး ထုတ်ဝေလာနိုင်ခြင်း။
    စတ့ ကောင်းကျိုးများ မြင်မိပါသည်။
    အနာဂတ် ကွန်ပျူတာ ပရိုဂမ်ဆိုင်ရာ နည်းပညာ တိုးတက်ရေးအတွက် အထောက်အကူ ပြုသည်ဟု ထင်မြင်မိပါသည်။
    စမ်းသုံးလိုသူများ အပေါ်တွင် ဖော်ပြခဲ့သော ၀ဘ်ဆိုက်ဒ် စာမျက်နှာတွင် ဆော့ဖ်ဝဲကို လမ်းညွှန်နှင့်တကွ ဒေါင်းနိုင်ကြပါကြောင်း..။
    ကောင်းတမန် (သီရိကုက္ကို)
    [+/-] အပြည့်အစုံသို့...
    Saturday, May 23, 2009
    DOCTOR ( ဆရာဝန် )
    ခေါင်းစဉ်ကိုကြည့်ပြီး အနတ္တကတော့ မူလတန်းကစာတွေကို ပြန်ပြီးလေ့လာနေပြီလို့ ထင်ကြလိမ့်မယ်။ အမှန်တော့လည်း ဟုတ်ပါတယ်လို့ ပြောရမလိုပါပဲ။ မူလတန်းကစာတွေကိုတောင် မမှတ်မိတော့လို့ပါ။ ဥယျာဉ်ထဲကို ဝင်လို့မရတာကြာနေတော့ ရောက်ရောက်ခြင်း ပြောချင်တာတွေ လျှောက်ပြောနေမိပြီနော်....
    အားလုံး မင်္ဂလာပါ... အနတ္တကြားဖူးတာလေးကို ပြန်ပြီးမျှဝေ လိုက်တာပါ မှားနေတာ၊ လိုနေတာ လေးများတွေ့ရင် အမှန်ရောက်အောင် ပြန်ပြီးမျှဝေပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ....... အဲဒါကတော့.....
    မင်းတုန်းမင်းတရာကြီး လက်ထက်အခါမှာ အင်္ဂလိပ်ဆေး ကုတဲ့ DOCTOR တစ်ယောက်လာရောက်ပြီး အမှုထမ်းရင်း ဆေးကုသပေးနေတယ်တဲ့.... အဒီအချိန်တုန်းကတော့ လူနာတွေကရော Doctor နဲ့ဆက်ဆံတဲ့သူတွေကရော Doctor ကို ဆရာလို့ပဲခေါ်ကြတယ်တဲ့ ... မြန်မာလိုတိုက်ရိုက်အဓိပ္ပါယ် မရှိသေးဘူးတဲ့ မြန်မာမင်းမှုထမ်းတွေထဲကလည်း ဆေးပညာတတ်ကျွမ်းတဲ့သူတွေက အဲဒီဆရာဆီမှာ တပည့်ခံပြီး ပညာသင်ယူကြသတဲ့... အဲဒီလို လက်ဆင့်ကမ်းသင်ယူပြီး မင်းမှုထမ်းလာရင်းနဲ့ ဘုရင်က ဝန်မင်း တစ်နေရာ ချီးမြှင့်မြှောက်စားလိုက်သတဲ့... အဲဒီနောက်ပိုင်းကစပြီး... Doctor ကို ဆရာလို့တင်မခေါ်ကြတော့ပဲ ဆရာဝန်လို့ ပြောင်းလဲခေါ်ဝေါ်လာကြသတဲ့.... အဲဒီအချိန်ကနေပြီး အခုအချိန်အထိ Doctor ကို ဆရာဝန်လို့ မြန်မာလို တရားဝင် သုံးစွဲလာကြတယ်ဆိုပဲ.....
    ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
    [+/-] အပြည့်အစုံသို့...
    Friday, May 15, 2009
    တောက foreigner သာအေး
    တောမှာ ၁၆ တန်းအောင်တဲ့ သာအေးတစ်ယောက်......အဆက်အသွယ်ကောင်း agent ဆိုလား ဘာ ဆိုလား နဲ့ နိုင်ခြံကားကိုရောက်ခဲ့တယ်ပေါ့။ဟိုရောက်ရင်ဘဲသာအေးတစ်ယောက်အရင်ရွာမှာတုန်းက မြို့ကိုတောင် မရောက်ဖူးတဲ့ သာအေး အခုတော့ စိုင်ကော်လို့ချုံပေါ်ကငုတ်နဲ့တွေ့တော့တာပေါ့။နိုင်ငံခြား က အဆောက်အအုံ တွေကို ကားတိုက် မတတ် .....နောက်စိနဲ့ မြေကြီး ထိ မတတ် ကြည်ပြီး.......သူ့ကို သူ ဘဝင်လေဟတ်တာပေါ့။ နိုင်ငံခြားကို ရောက်စကဆိုရင်သာအေး ..ညနေစောင်းတာနဲ့.......စာဥကို လွမ်းချင်းတေးတွေ ဆိုတယ်။ မိုးထိမြင့်တဲ့ တိုက်ခေါင်မိုးပေါ်တက်......ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ပြီး......ရွာအနောက်ဘက်က.....တောင်တန်းတွေကြားကနေ တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ နေမင်းကြီးကို တမ်းတတယ်။ ရွာအပြင်က....ထန်းရေ...အကြွေးသောက်လို့ရတဲ့ ထန်းတဲ နဲ့ ထန်းတောတွေ ကို အမှတ်ရတယ်။ ခုတော့ သာအေးတစ်ယောက်....aircon မရှိရင် မနေတတ်.....နေကာမျက်မှန်မပါရင် ..နေပူထဲ မသွားတတ်တော့.....ဒါပေမဲ့......မျက်မှန်ကို ....ခေါင်းမှာပဲ........စွတ်တာများသည်.။
    ဒီလိုနဲ့.....အမေ့အိမ်နဲ့ဝေးတဲ့ညတွေ......လချီ...နှစ်ချီဖြတ်သန်းပြီး.....တစ်နေ့တော့ သာအေးတစ်ယောက်.......ရွာကို .....အပြီးပြန်ခဲ့တော့တာပေါ့။ ရွာပြန်ရောက်ပြီဆိုကတည်းက....သာအေး လူလိုသူလိုမနေတတ်တော့......အရင်က....လူတိုင်းနဲ့...ပေါင်းသင်းတတ်တဲ့ သာအေး......ခုလူတိုင်းနဲ့ စကားပြောလို့ အဆင်မပြေ........အများပြောတာ သူနားလည်သော်လည်း......သူပြောတာကို အများက.........နားမလည်......အတော်လေး...သာအေး ခေါင်းရှုပ်တာပေါ့။ ရွာရောက်စက...ထောင်ထောင်နဲ့ ..သာအေး.....အိမ်ထဲကနေ...အပြင်မထွက်ရဲ.....လုပ်တာတွေက...အလွဲလွဲ။ လူတွေမြင်ရင် သူကြောက် သလို.......သူ့ကို လူတွေကလည်း မြင်မှာ ပိုပြီးကြောက်ကြသည်။ ဒီလိုနဲ့......ရွာမှာ သူမပျော်.....နိုင်ငံခြားကို ပြန်တမ်းတနေတော့သည်။ ဘာလုပ်လုပ် ဒီစိတ်ဖြစ်နေလေတော့သည်။ တစ်နေ့တော့ အိမ်သာတက်ဖို့.....လာရင်း....နိုင်ငံခြားမှာ...ဗိုလ်ထိုင်တက်ရတာကို ....စဉ်းစား စိတ်ကူးယင် ရင်း.....အားရပါးရ .....ပစ်ထိုင်ပစ်လိုက်တာ........သာအေးတစ်ယောက်....နောက် ကျွမ်းပြန်ပြီး....အိမ်သာထဲ ကျလေတော့ သည်။(၅) ညအိပ် (၆)ရက်လောက်....သာအေး ရေချိုးလိုက်ရသည်။ ထိုနေ့မှစပြီး...သာအေး...နောင်တကြီးစွာရလေ တော့သည်။ "ဘယ်နေရာပဲ ရောက်ရောက်.....ဘဝမမေ့သင့် ပေ"...။
    ကောင်းသော စိတ်စေတနာဖြင့်
    နတ်နွယ်လင်း (စလင်း)
    [+/-] အပြည့်အစုံသို့...
    Friday, May 1, 2009
    ပန်းနှင့်ပျား
    တကယ်ဆို.
    မင်းက ပန်းလေးတပွင့် နဲ့ တူတယ်…။
    ဒါဆို.
    ကိုယ်ကတော့ ပျားလေးတကောင်ပေါ့။
    နိယာမက..
    အဲဒီပန်းလေးရဲ့ ၀တ်မှုံတွေကြောင့်
    အဲဒီပျားလေးကို အသက်ဆက်ခွင့်ပေးတယ်….။
    အဲဒီနိယာမအရပဲ..
    အဲဒီပျားလေးရဲ့ ကြိုးစားသယ်ယူမှုကြောင့်
    အဲဒီပန်းလေးလည်း ၀တ်မှုံကူးနိုင်တယ် မဟုတ်လား..။
    စဉ်းစားကြည့်ရင်
    ပန်းမရှိလို့ ပျားမဖြစ်သလို၊ ပျားမရှိလည်း ပန်းမဖြစ်နိုင်ဘူးလေ..။
    အဲဒီလိုပါပဲ
    တယောက်မရှိလို့ တယောက်မဖြစ်တဲ့ အချစ်နဲ့
    ကိုယ်တို့ ချစ်ခဲ့ကြပြီးသလို
    ကိုယ်တို့ဆက်ချစ်နေသမျှ ဘာလိုသေးလဲလို့ ပြောပါရစေ ချစ်သူ…။
    တခါတလေကျ
    ပျားလေးက ပန်းလေးဆီမှာ အမြဲရှိမနေနိုင်သလို
    တခါတလေလည်း
    ပျာလေးလာတိုင်း ပန်းလေးမှာ ၀တ်မှုံပြည့်နေမှာ မဟုတ်ဘူးနော်။
    တခါတခါကျ
    မုန်တိုင်းထန်ရင် ပန်းလေရဲ့ ပွင့်အိမ်ထဲမှာ
    ပျားလေကို ခိုလှုံခွင့်လည်းပေးသေးတယ် မဟုတ်လား။
    တခါတရံဆို
    ပိတုန်းတွေ ပန်းလေးကို လာတွယ်ဖို့ ကြိုးစားရင်
    ပျားလေးက ကာကွယ်ပေးတတ်သေးတယ်နော်..။
    ဘာပဲဖြစ်ဖြစ် ပန်းလေးမင်းက
    ပျားလေးကိုယ့်အတွက် ၀တ်မှုံတွေ ၀ှက်ထားပေးဆဲပဲဆိုရင်
    ကိုယ်ကျေနပ်ပါပြီ..။
    ဒါပေမယ့် မင်းတခုတော့ သိထားစေချင်တယ်..
    အချိန်တန်လို့ ကိုယ်ပြန်လာပြီဆိုရင်
    ကိုယ့်ရဲ့ နောက်ဆုံးပျံသန်းမှုလားရာက
    ဟို..အဝေးက ကိုယ့်ပန်းလေး မင်းဆီကိုယ်ပါပဲ ချစ်သူ..။
    ©ကောင်းတမန် (သီရီကုက္ကို)
    စင်္ကာပူစံတော်ချိန် ၁ နာရီ ၄၅ မိနစ်
    ၂၀၀၉-၀၅-၀၁
    [+/-] အပြည့်အစုံသို့...
    Saturday, April 25, 2009
    ဘယ်သူ.ကို အရင်ဖိတ်မလဲ ( Blog တခုတည်းကတွေ.လို.ပါ )
    တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
    ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
    "အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
    အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
    "အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။
    "မရှိဘူး...အပြင်သွားလိုက်တယ်"
    "ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
    ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
    "ကိုယ်အိမ်ရောက်နေပြီပဲ...သူတို
့ကို ပြန်သွားဖိတ်လိုက်ပါဦး"
    အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
    "အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
    "ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
    "သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
    "သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
    အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
    "အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
    "ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
    "ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
    ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
    ချွေးမဖြစ်သူက အကြံပြုသည်။
    "အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
    သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
    ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
    အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
    " သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
    အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
    "တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
    ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
    သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
    ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
    အဘိုးအို တဦးက ရှင်းပြသည်။
    သူတို့နေရာမှာ သင်သာဆိုရင် ဘယ်သူ့ကို အရင်ဆုံးဖိတ်မလဲ.....ဟဲဟဲ
    [+/-] အပြည့်အစုံသို့...
    Thursday, March 26, 2009
    ထူးအိမ်သင်ရေးဖွဲ.ခဲ.တဲ.ကဗျာလေးပါနှစ်သက်မယ်ထင်မိပါတယ်
    အိမ်မက်သည်သူ
    သူသည် အသက်ဖြစ်စေ
    ဆောင်းနှောင်းလျှင်
    နွေဦး၏။
    နွေဦး၌ နှင်းကြွင်းသည်။
    နှင်းကြွင်းပြယ်သော်လည်းသစ္စာကြွင်းစေ။
    မြတ်နိုးခြင်း ကြွင်းစေ။
    သျှပ်မှူးကျော်
    [+/-] အပြည့်အစုံသို့...
    Sunday, March 22, 2009
    ဥယျာဉ်မှူး အနတ္တ နှင့် အရိပ် သို့ ...
    ပျော်စရာတွေကို သိမ်းဆည်းပါ။
    မိတ်ဆွေ ...
    ပျော်စရာ ဆိုသည်မှာ သင်သိမ်းဆည်းမထားလျှင်
    အချိန်ကြာလာသည်နှင့်အမျှ မေ့ပျောက်သွားလေ့ရှိပါသည်။
    သင့်ရဲ့ ပျော်စရာတွေကို သိမ်းဆည်းဖို့ သတိရပါ။
    ထို့နောက် ပျော်စရာတွေကို မကြာခဏပြန်လည်
    ဖော်ထုတ်ကြည့်ရှူပါ။
    ထိုအချိန်က ..
    သင် ပျော်ရွှင်ခဲ့သည်ထက် ပိုမိုပျော်ရွှင်ရပါလိမ့်မည်။
    ခိုင်မြဲ
    [+/-] အပြည့်အစုံသို့...
    Friday, March 20, 2009
    အနတ္တ နှင့် အရိပ်တို့အတွက် မင်္ဂလာလက်ဆောင်
    ထူးမြတ်မင်္ဂလာ အနတ္တ နှင့် အရိပ် ကမ္ဘာ
    image
    ၂၀၀၉ ခုနှစ်
    မတ်လ ၂၉ ရက်နေ့
    မဏ္ဍပ်ထိုးတက်ဟေ့ လို့
    မောင်းတွေတကျော်ကျော်
    ခေါင်းတွေတဖေါ်ဖေါ် နဲ့
    ပေါင်းဆွေတပျော်ပျော် ဖြစ်လို့
    ကောင်းတွေတမျှော်မျှော် လင့့််ရော့ထင့်။
    ၁၃၇၀ ပြည့်တဲ့နှစ်
    တန်ခူးလဆန်း ၄ရက်မှာ
    အထူးလှ (ပိတောက်) ပန်းလေး တခက်နဲ့
    သမုဒယ အနမ်းလေး ပါစွက်လို့
    အယုအယ ပဌာန်းရှေး ရေစက်ကပါလာတော့
    အခုကစ အလှမ်းမဝေး ဆွေဆက်ကမ္ဘာထိ
    အနေတက်အောင် သပြေနှက်လို့
    အောင်လဖက် နဲ့ အောင်ရက်တွေလည်း
    ဝေနေကြရော့ထင့်။
    အနှီမင်္ဂလာမောင်နှံ အနတ္တ နဲ့ အရိပ်ဆိုတာ
    ကြင်သူနှစ်ဦး အဆင်တူထူးပုံများ
    သခင်ဖိုးလှကြီးရဲ့ သား နဲ့ သမီး ဆိုလည်းဟုတ်
    စိတ်မီးအိမ် ရဲ့ အား နဲ့ ထီး ဆိုလည်း ဟုတ်ပဲလေ။
    ဖော်ရွေမှုက သဒ္ဓါတူ
    စာနာမှုက သမာယူ လောက်ကြတယ်။
    ဇာတိ ဟိုအညာက ဆိုပြန်တော့
    အပိုအထာတွေလည်း မလိုပြန်ဘူးလေ။
    သမိုင်းဝင် ဟို…စလင်းမြို့ က
    အမှတ်အသဲဥာဏ်အလျင်နဲ့
    သစ္စာထိုးမယ့် အနတ္တ………..။
    အညာတပြင်…..ထို … ပခုက္ကူက
    သမိုင်းဝင် သီဟိုဠ်ရှင်ဘုရားမှာ
    တူနှစ်ကိုယ်ယှဉ်သွားလို့
    အသဲရင်ကြားက
    အကြင်နာအားနဲ့
    မေတ္တာပွားမယ့် အရိပ်………။
    ထို အနတ္တ နဲ့ အရိပ် ရေ
    တသက်စာအတွက် လက်ထပ်ယူတဲ့
    ရက်မြတ်တန်ခူးမှသည်……
    အသက်နဲ့ထပ်တူ ချစ်ကြည်နူးလို့
    ချစ်ခြင်းမှသည် ချစ်ခြင်းဆောက်၍
    ချစ်ခြင်းတွေဆင့် ချစ်ခြင်းတွေပဲပွင့်ကာ
    ချစ်ခြင်းအနှစ်တွေနဲ့
    မုန်းခြင်းမပါ
    အပြုံချင်းသာ ဖလှယ်လို့
    အဆုံးစာရင်းမရှိ ၊ နှလုံးချင်းထိ၍
    ထင်းပုံခေါင်းချတဲ့အထိ
    ပေါင်းရပါစေသား
    စိတ်မီးအိမ်ဖွားမှ
    ဆုတောင်းမေတ္တာ ပို့သလိုက်သည်
    မင်္ဂလာချိန်ညီ အခါတော်မီ။
    © ကောင်းတမန်
    စင်္ကာပူစံတော်ချိန် ညနေ ၆ နာရီ ၁၂ မိနစ်
    ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်
    [+/-] အပြည့်အစုံသို့...
    Friday, March 13, 2009
    ဖွင့်ဟ၀န်ခံချက်
    စိတ်မီးအိမ်မှ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။
    အခြေအနေအရပ်ရပ်ကြောင့် စိတ်မီးအိမ် နဲ့ ကာလအတန်ကြာ ဝေးကွာနေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်နော်။
    အခြေအနေ အရပ်ရပ်ဆိုတဲ့ အထဲမှာ မင်္ဂလာကိစ္စတော့ မပါဘူးပေါ့ (ဟဲ……ဟဲ….)။
    ဘာလို့လဲဆိုတော့ ကိုအနတ္တက အားလုံး စီစဉ်ပေးနေတာဆိုတော့ အရိပ်ကလည်း အလုပ်ကိစ္စတွေ အကြောင်းပြုပြီး လစ်နေလို့ ရတာပေါ့လေ…ဟီ…ဟိ။
    အနတ္တကိုတော့ သွားမပြောကြနဲ့နော်။ သွားပြောလို့ကတော့ မင်္ဂလာဆောင်ကြရင် မုန့်မကျွေးတော့ဘူး။
    အင်း အနတ္တ နဲ့ အရိပ်တို့က သခင်ဖိုးလှကြီးရဲ့ ရင်ခွင်အောက်မှာ အတူတူ ခိုလုံနေတုန်းကတော့ မဆုံဖြစ်ခဲ့ကြဘူးလေ…။ အဲဒီတုန်းက အနတ္တကလည်း သူ့ကိစ္စတွေနဲ့ ရှုတ်နေတယ် ထင်ပါရဲ့။
    ဒါပေမယ့် ဒီလောက် နာမည်ကြီးတဲ့ အရိပ်ကို တွေ့အောင်မရှာနိုင်ခဲ့တဲ့ အနတ္တကို စိတ်တော့ ဆိုးချင်သားပဲ..။ နောက်ပြီး အရိပ်ကိုလည်း အထင်ကြီးမနေနဲ့ဦးနော်။ နာမည်ကြီးတယ်ဆိုတာ ကျောင်းလစ်တဲ့ နေရာမှာ ပြောတာပါ..။
    နောက်တော့မှ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဆုံဆည်းခွင့်ရအောင် ဖန်တီးထားတဲ့ စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေးထဲကျမှပဲ ဆုံတွေ့ရတော့တယ်။ ဖူးစာပဲ နေမှာပေါ့နော်…။ဟဲ……………….ဟဲ….။အဲဒီအတွက် အနတ္တ နဲ့ အရိပ်ကို ဆုံတွေ့အောင် ဖန်တီးပေးခဲ့တဲ့ ကိုကြီးကောင်းတမန် ကို မေ့ပစ်လို့မရနိုင်တော့မယ့် အကြောင်းအရာတွေနဲ့အတူ စိတ်မီးအိမ်ထဲမှာ ထာဝရ ကျေးဇူးတင်နေမှာပါ။ ဘ၀ တသက်တာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်းတစ်ခု ပေးခဲ့လို့ပေါ့။
    အနတ္တကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက်လည်း ပျော်ရွင်ကျေနပ်မိပါတယ်။
    ကောင်းတမန်ရေ……
    အဲဒီ ကျေးဇူးအတွက် မြန်မာပြည် ပြန်လာမှပဲ နွေးထွေးစွာ ကြိုဆိုတော့မယ်နော်။ ရေနွေးတိုက်ပြီး မီးလှုံခိုင်းမှာကို ပြောတာပါ…..။ ဟား………ဟား….ကြောက်ပြီးတော့ ပြန်မလာပဲ မနေနဲ့ဦးနော်….။
    ခိုင်မြဲရေ……….
    နင်လည်း ကောင်းတမန်ကို အားကိုးပြီး ရှာခိုင်းနော်…….။ ငါထင်ပါတယ်။ နောက်ဆုံး နင့်ကို ယူမယ့်သူမရှိတော့ရင်တောင် အင်ဒိုက ကုလားမတစ်ယောက်လောက်နဲ့တော့ အဆင်ပြေအောင် စီစဉ်ပေးနိုင်မှာပါဟာ။ မျှော်လင့်စောင့်စားနေနော်….။
    သူငယ်ချင်း အားလုံးကို အသိပေးရင်းနဲ့ အနတ္တ နဲ့ အရိပ်တို့ရဲ့ မင်္ဂလာပွဲကို ပူးတွဲပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်သောကြောင့် စိတ်မီးအိမ်မှ ခင်မင်ကြတဲ့ ဥယျာဉ်မှုးများ နှင့် အရိပ် မဆုံဖြစ်ပေမယ့် နောက်မှ ရောက်လာကြတဲ့ ဥယျာဉ်မှုး အသစ်များကို ခင်မင်ရင်းနှီးစွာ ဖိတ်ကြားပါတယ်နော်….။
    သူငယ်ချင်းလည်း ဘ၀အဖော်မွန်တွေ အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆန္ဒပြုရင်း……….။
    အားလုံးကို ကျေးဇူးတင်ပါတယ်…………….။
    clip_image002
    ဘယ်လိုပဲဖြစ်ဖြစ် အနတ္တ နဲ့ အရိပ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ပူးတွဲပါအစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်သောကြောင့် စိတ်မီးအိမ်မှ ခင်မင်ကြတဲ့ ဥယျာဉ်မှူးများ နှင့် အရိပ် နဲ့ မဆုံဖြစ်ပေမဲ့ နောက်မှရောက်လာကြတဲ့ ဥယျာဉ်မှူးအသစ်များကို ခင်မင်ရင်းနှီးစွာ ဖိတ်ကြားရင်း အသိပေးအကြောင်းကြားအပ်ပါတယ်…။
    သူငယ်ချင်းများအားလုံးလည်း ဘ၀အဖော်မွန်တွေ အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆနပြုရင်း….
    အားလုံးကို ကျေးဇူးတင်ပါတယ်…။
    ပေးဆပ်ရင်းသာ
    ရင်ခုန်စွာ ချစ်မိပြီဆိုကတည်းက
    မုန်းဖို့မဟုတ်ခဲ့ဘူး…
    ဖြူစင်တဲ့ စေတနာတခု ဖြစ်တည်ခဲ့တာ
    လက်တုံ့ပြန်ဖို့ မဟုတ်ခဲ့ဘူး…
    ခိုင်မာတဲ့ သံယောဇဉ် ငြိတွယ်ခဲ့ရတာ
    နာကြည်းဖို့ မဟုတ်ခဲ့ဘူး…
    မြတ်နိုးမိတဲ့ နောက်ဆက်တွဲ
    အသည်းခွဲဖို့ မဟုတ်ပြန်ဘူး…
    နာကျင်မှု မျက်ရည်တွေ သူမမြင်စေခဲ့တာ
    မာယာမဟုတ်ပါဘူး . . .
    အရာအားလုံးအတွက် ငဲ့ညှာမှုတွေနဲ့
    အဝေးကို ရှောင်ပြေးခဲ့ရင်လည်း
    မချစ်လို့တော့ မဟုတ်ပါဘူး…
    အရိပ်
    [+/-] အပြည့်အစုံသို့...
    Thursday, March 12, 2009
    PADAUK ARE blossoming ပိတောက်တွေ ပွင့်ပြီ
    သူငယ်ချင်းတို့ရေ
    ဒီနေ့မနက် အိပ်ရာထတော့ ပိတောက်ပန်း ရနံ့က ဆီးကြိုနေတယ်။
    ပျော်လိုက်တာဗျာ။ အငမ်းမရပဲ အိမ်နောက်ဖေးပေါက်ကနေ ပိတောက်ပင်ကို အငေးကြည့်မိတယ်။
    ရွှေဝါရောင်တွေလေ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ပိတောက်နံ့လေ။ ကျွန်တော် တ၀ကြီး ရှုရှိုက်မိတယ်။ အညာမြေက မြေသင်းနံ့လေးပါ ပါလာသလိုပဲ။  စိတ်ထဲမှာ မြန်မာပြည်ကို လွမ်းတဲ့ အလုံးကြီးက တန်းတက်လာတာပဲ။
    နောက်ဖေးပေါက် နဲ့ အတည့် အပင်က ကျိုးတိုးကျဲတဲပဲ ပွင့်နေတယ်။ မျက်စောင်းထိုး အပင်က တပင်လုံးကို ပွင့်နေတာ။
    ပုံ-၁။    ။ ပိတောက် နှစ်ပင်။ ဘယ်ဘက်အပင်က မျက်စောင်းထိုးမှာပါ။ ညာဘက်က အတည့် အပင်။ (Padauk blossoming behind my flat) ( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)
    မြစိမ်းရောင် အရွက်တွေပေါ်မှာ ရွှေဝါရောင်အပွင့်တွေ ခိုတွဲနေကြတယ်။ သူတို့ရဲ့ ရနံ့က လေတိုးတိုင်း ပွတ်တိုက်ပါလာကြတယ်။ ကျွန်တော့်ကို သူတို့ သယ်သွားကြပြီ........................။
    ပိတောက်တမ
    မိုးတစနှင့်
    သင့်အားယူငင်
    အပူအပင်ရှင်း
    ရင်တွင်းလင်းအောင်
    သူသယ်ဆောင်မည်
    မြန်မာပြည်ဆီ။
    ကျွန်တော်ဖြင့် ကျောင်းတောင် ဖြစ်နိုင်ရင် မသွားချင်တော့ဘူးဗျာ။
    ဒါပေမယ့် လုပ်စရာ ရှိလို့ သွားရဦးမယ်။
    သြော်...............
    ဘာလိုလို နဲ့ မြန်မာနှစ်ကူးတောင် ရောက်တော့မယ်။
    ဘာပဲ ဖြစ်ဖြစ် ပိတောက်တွေကို နှုတ်ဆက်လိုက်ရတာ မြန်မာပြည်ကို ခဏ ပြန်ရောက်ရသလိုတော့ ခံစားမိလိုက်တယ်။
    သူငယ်ချင်းတို့လည်း ခံစားရအောင် ပုံလေးတွေ တွဲပေးလိုက်တယ်။
    ပုံ-၂။   ။ ဘယ်ဘက်အပင်ကို အနီးကပ် (Left Padauk in close view)
    ( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)
    ပုံ-၃။  ။ ဘယ်ဘက်အပင် ပိုအနီးကပ် ( Left padauk in even closer view)
    ( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)
    ပုံ-၄။    ။ ဘယ်ဘက်အပင် ပိတောက်ပွင့် အနီးကပ် ( Left padauk in petals)
    ( ပုံကြီးချဲ့ လိုက ပုံပေါ်ကို နှိပ်လိုက်ပါ။)
    သူငယ်ချင်းတို့ရေ
    ရွှေပြည်ဌာန
    တမ်းကာတရ
    ဘယ်ချိန်ဘယ်ဝယ်
    အပြီးတွယ်လို့
    ကိုယ့်ဆီရပ်ဟောင်း
    အညာမြေကောင်းဆီ
    ချေခြနိုင်မည် မသေချာပြီ။
    သြော်.........
    ပိတောက်ပွင့်လို့ နှစ်သစ်ကူးလည်း
    တထောက်နင့်လို့ လက်ပစ်ကူးဆဲပဲ
    စလုံးဆိုတဲ့ သူတို့မြေမှာ။
    ကိုယ်ပျော်ရွှင်ရာ
    မဟုတ်သာလည်း
    သူငယ်ချင်းမွေ့
    ဖော်သင်းတွေ့ကာ
    စိတ်မှာတင်းလို့
    ဖြေနိုင်သေး။
    သို့ပါသော်လည်း အိုအဆွေ
    မွေ့ရာမပျော်နဲ့ ဒီစလုံးမြေမှာ
    ကိုယ့်ပြည်သာလို့ လင်းပါအောင်
    ဒို့တွေ တခါတော့  ထွင်းရအောင်။
    ပိတောက်ပွင့် နဲ့ အတူ
    မိုးတစ နဲ့ အတူ
    စိတ်မှာတင်းလို့ နောက်တခါ
    ကိုယ်သာယာလို့ ချိန်ခါလာရင်
    အိုကွာ.......ဘာမဆိုင်း
    ထိုရွာ.......ကိုယ့်တိုင်းဆီ
    အပြေးမြောက်လို့ ပြန်
    အတွေးဖောက်လို့ ကြံရအောင်
    ပြန်ထကာ ကိုယ့်ရွာ လင်းစေဖို့...။
    ပိတောက်တမ နဲ့ အတူ နှစ်ဟောင်းကို နှုတ်ဆက်လို့ နှစ်သစ်ကို ကြိုဆိုကြရအောင်ဗျာ။
    သူငယ်ချင်းအပေါင်း နဲ့ မြန်မာပြည်သူတွေ အေးချမ်းကြပါစေ။
    ကောင်းတမန်
    [+/-] အပြည့်အစုံသို့...
    Thursday, March 5, 2009
    မင်္ဂလာရှိတဲ့ မင်္ဂလာရက်
    မင်္ဂလာပါ။
    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အခါသမယပါ။
    ခုလို ချိန်ခါမှာ နှစ်ဦးကြည်ဖြူ လက်တွဲယူကြမယ့် စိတ်မီးအိမ်မှ ဥယျာဉ်မှုးများဖြစ်ကြသော ကိုအနတ္တ နဲ့ မအရိပ်တို့၏ တပေါင်းလ မင်္ဂလာပွဲကို စိတ်မီးအိမ် ဥယျာဉ်တွင်လည်း စည်းကာစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
    မင်္ဂလာမောင်နှံ နှစ်ဦးလည်း ရောင်ပြန်ထူးအောင် ဆင်ယင်ပြီး မောင်နှံမြူးကြပါစေ။
    ကောင်းချီးသုတိမင်္ဂလာအဖြာဖြာ နဲ့ ပြည့်စုံလို့ အောင်အတိတ်၊အောင်နိမိတ်တွေနဲ့ အောင်လဖက် ဝေကွာ အောင်ရက်တွေလည်း တက်နိုင်ကြပါစေ။
    မီးပုံခေါင်းချတဲ့အထိ ပေါင်းရပြီး ပျော်ရွှင်ဖွယ် မိသားစုဘ၀လေးလည်း ခံစားရပါစေကြောင်း စိတ်မီးအိမ်မှ ဆုတောင်းမေတ္တာ သ၀ဏ်လွှာ ပို့သအပ်ပါတယ်။
    စိတ်မီးအိမ်မှ ဥယျာဉ်မှုး အားလုံးလည်း က မင်္ဂလာမောင်နှံ နှစ်ဦးတို့ အတွက် မင်္ဂလာလက်ဆောင်ပို့စ်များ အမှတ်တရ တင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
    [+/-] အပြည့်အစုံသို့...
    Saturday, February 28, 2009
    ပထမဆုံး ပြည်ပခရီး
    ထိုပြည်ပခရီး သွားခဲ့ သည်မှာ တစ်နှစ်ကျော်ခန့် ရှိပါပြီ..။ စင်္ကာပူနိုင်ငံသို့ သင်တန်း တက်ရန်သွားခြင်းဖြစ်သည်..။ ခန့်ခန့်ညားညားလေး ပြောလျှင် ပညာတော်သင်ပေါ့ ..။ ပညာတော်သင်ဟု ဆိုလိုက်လျှင် လူအများ မြင်ရောင်ကြမည်မှာ .. မြန်မာနိုင်ငံမှ အခြားဖွံ့ဖြိုးတိုးတက်သောနိုင်ငံသို့ တစ်နှစ် တန်သည် နှစ်နှစ်တန်သည် သွားရောက် ပညာသင်ကြသည်ဟု ထင်ကြပေလိမ့်မည် ..။ အဲဒီလို ထင်နေလျှင် မှားပါသည် ..။ ကျွန်တော် သွားရသော ပညာသင်ခရီးမှာ ၂ ရက်သာ ကြာပါသည် ..။ ကျွန်တော် အလုပ်လုပ်နေသော UMကုမ္ပဏီမှ John Deere Electronic Fuel Injection System ကို လေ့လာရန် သင်တန်းတက်ခိုင်းလိုက်ခြင်းဖြစ်သည်..။ John Deere Engine မှာ မြန်မာနိုင်ငံလယ်ထွန်စက်များတွင် အသုံးများသော အင်ဂျင်ဖြစ်သည်။ ရိုးရိုး Mechanical Fuel Injection System မှ Electronic Fuel Injection System ကိုပြောင်းပြီး အသုံးပြုလိုက်၍ ကုမ္ပဏီများကို ခေါ်ပြီး နည်းပညာဖြန့်ဝေခြင်းဖြစ်သည်။ ခရီးစဉ်မှာ မြန်မာပြည်မှ တနင်္ဂနွေနေ့ ထွက်။ စင်္ကာပူမှာ တနင်္လာ၊အင်္ဂါ နှစ်ရက်နေ၊သင်တန်းတက်ပြီး ဗုဒ္ဒဟူးနေ့မှာ မြန်မာနိုင်ငံသို့ပြန်ရောက်ရမည်ဖြစ်သည်..။
    ထိုတိုတောင်းသော ခရီးတိုလေး အတွက် အနှောင့်အယှက်တွေက လည်း များလှသည်..။ ပထမဦးဆုံး .. ဘွန်း ဟု လူကြောက်များနေသော ကုမ္ပဏီစာချုပ်ကို လက်မှတ်ထိုးရသည်..။ စင်္ကာပူ နှစ်ရက်သင်တန်းတက်သည့်အတွက် တစ်နှစ်စာချုပ် ချုပ်ရသည်..။ နိုင်ငံခြားသွား ထောက်ပန့်ငွေ တစ်ရက်လျှင် ဒေါ်လာ ၃၀ နှန်းပေးသည်ဆို၍ သူဌေးကို တွေ့ဖို့ တစ်မေ့တစ်မော စောင့်ရသည်..။ လေယာဉ်လက်မှတ် ယူရသည်။ နိုင်ငံခြားသို့ အတူသွားရမည့်သူမှာ UM မှာပင် အတူလုပ်သော မြန်မာစကားမတတ် တတတ် အင်ဒိုနီးရှားနိုင်ငံသား မန်နေဂျာ ဂျိုဟန် ဖြစ်သည်..။ ဂျိုဟန်က အင်ဒိုနီးရှားနိုင်ငံသားဆိုပေမယ့် မြန်မာနှင့် အတော်တူသည်။ သူ့ကို ပထမဆုံး အကြိမ်မြင်ဖူးတုန်းက ဆိုလျှင် .. ဒီလူက မြန်မာဖြစ်နေပြီး ဘာလို့ အင်္ဂလိပ်စကားပဲပြောနေလဲဟု တွေးနေမိခဲ့သည်။ နောက်မှ သူ့ကို နိုင်ငံခြားသားမှန်းသိခဲ့ရသည်။
    ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်လေဆိပ်ကြီးကိုရောက်ပါပြီ။ အနံ့မျိုးစုံရသည့် ဘူတာတွေကိုပဲ ရောက်ဖူးတာဆိုတော့ စိတ်ထဲမှာ လေဆိပ်ကြီးက ခန်းနားလွန်းနေသည်။ သန့်ရှင်း တောက်ပြောင်လွန်းလှသည်။ လေဆိပ်က အသစ်စက်စက်ကြီး။ ဖွင့်ပွဲလုပ်ထားတာ မကြားသေးဘူးတဲ့..။ လေဆိပ်ကိုရောက်ရောက်ချင်း လေဆိပ်ခွန် ၅၀၀ကျပ်လည်းဆောင်ပြီးပြီ။ ချက်ကင် ကောင်တာကို ဝင်ပြီး Boarding Ticket လည်း ရပြီ။ ထိုင်ခုံနံပတ်က 19B ။တကယ့်ပြဿနာက အခုမှ စပြီ။ Immigration Counter ရောက်မှ D-Form ဟုတ်ခေါ်သော ပြည်ပထွက်ခွာခွင့်လက်မှတ် မပါဘူးဆိုတာ သိရသည်။ နိုင်ငံခြားကိုလည်း တစ်ခါမှ မသွားဘူး။ လေဆိပ်ကို လည်း တစ်ခါမှ မေ၇ာက်ဘူးတော့ ဒါမျိုးတွေ နားမလည်။ D-Form မပါလျှင် မသွားရဘူးတဲ့။ (နောက်မှ သိရသည်မှာ D-Form လျှောက်ရန် အလွန်လွယ်ကူပါသည်။ (၁) ဘဏ်မှာ D-Form အတွက် ငွေ ၅၀၀သွင်း (၂) http://www.mip.gov.mm/ မှာ ကိုယ်တိုင် Online Form ဖြည့်ပြီး တင်လိုက်ရုံသာ။ (၃) ထို့နောက် ကိုယ့် အီးမေးလ်မှရလာသော D-Form ကို ပုံနှိပ်လိုက်ရုံသာ ဖြစ်သည်။)
    မနက်ဖန် သင်တန်းတက်ရမှာ ဒီနေ့ လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာလို့ပြောတော့.. D-Form အစား တစ်ယောက်ယေက်က ထောက်ခံပေးရင် ရတယ်တဲ့။ လိုက်ပို့တဲ့ သူငယ်ချင်းတွေက လည်း ပြန်ကုန်ပြီ၊။ လေဆိပ်အရာရှိတွေက သဘောကောင်းပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေပါလား အမြန်ပေး.. ဖုန်းဆက်ပေးမယ်တဲ့..။ ဒါနဲ့ ရုံးက မန်နေဂျာရဲ့ လက်ကိုင်ဖုန်းကို ဆက်ပြီး အကြိုးအကြောင်းရှင်းပြပြီး ခေါ်လိုက်တော့ .. မန်နေဂျာက .. ဟာ ငါ လာလို့ မရဘူး . အခု မန္တလေးရောက်နေတယ် တဲ့။ သွားပြီ။ လေယာဉ်က ထွက်ဖို့ ၁၅ မိနစ်ခန့်သာလိုတော့သည်။ နောက်ဆုံး ဝန်ထမ်းရေးရာ မန်နေဂျာကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။ ဆူးလေဘုရားနားမှာ ရောက်နေတယ်။ အခု ချက်ချင်း ထွက်လာမယ်တဲ့ ခဏစောင့်ပါတဲ့။ ဒါပေမယ့် အချိန်ကို တွက်ကြည့်လိုက်ပါဦး။ ဆူလေကနေ လေဆိပ်ကို အနည်းဆုံး နာရီဝက်ကြာမယ်၊။ မန်နေဂျာကို စောင့်ရင်း စိတ်ကလည်း တော်တော်ပူနေပြီ..။ ဒီအချိန်မှာ ကြားဖူးနာဝစကားများ ပြန်ကြားယောင်လာသည်။ နိုင်ငံခြားဆိုတာ နတ်ကြီးတယ်၊ သွားထိုက်မှ သွားရတာတဲ့.။ သွားရဖို့ ကံမပါရင် ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ဘူးတဲ့ ..။ နောက်ပြီး စင်္ကာပူက သူငယ်ချင်းတွေကိုလည်း လာမယ်ဆိုတာ အီးမေးလ် ပို့ထားပြီးပြီ။ သူတို့အတွက် လူကြုံပေးလိုက်တာလည်း ရှိသေးတယ်။ ငါ အချိန်မှီ လိုက်မှ လိုက်ရပါ့မလားလို့ စိတ်ပူနေပြီ .။ လေဆိပ်ဝန်ထမ်းတွေ စကားပြောစက်နဲ့ အပြန်အလှန်ပြောနေတာကိုလည်း ကြားနေရတယ်၊ ခုံနံပတ် 19B ပျောက်နေတယ်.။ ဘယ်မှာလဲတဲ့ ။ လေယာဉ်ထွက်ခါနီးနေပြီ။ နောက်တော့ သူတို့နောက်ဆုံးပြောလိုက်သော စကားလေးကြားလိုက်ရသည် .. ခုံနံပတ် 19B Off Load တဲ့..။ ဟာ ငါတော့ မလိုက်ရတော့ဘူး ထင်တယ်လို့ တွေးလိုက်မိသည်။ နောက်ဆုံးတော့ မန်နေဂျာရောက်လာပါပြီ။ မန်နေဂျာက ကြိုးစား၍လာရှာပါသည်၊ ကျွန်တော်လည်း သူ့ကို စောင့်ပါသည်။ သို့သော် လေယာဉ် ကတော့ မစောင့်ပါ။
    သူ့အချိန်မှန်အတိုင်း ထွက်ခွာသွားပါပြီ .... ။
    [+/-] အပြည့်အစုံသို့...
    Wednesday, February 25, 2009
    [+/-] အပြည့်အစုံသို့...
    Sunday, February 22, 2009
    ရောက်ပြန်ပြီ သည်တနွေ
    "သည်နွေဦး"
    ရောက်ပြန်ပြီ သည်တနွေ
    ဖော်မဲ့လေ ငါ့မှာဖြင့်
    ရော်ရွက်ကြွေ လေမှာဝဲပြန်တော့
    မျှော်တဲ့လေ ဟိုဟိုဒီဒီ
    တွေ့ပါပြီ ရွှေဥဩ
    လေသုတ်မျော သူ့တေးသံ
    နွေသဏ္ဍာန် ဖွင့်အံလို့ဟစ်ကြူး
    ဖေးကူလို့ ငါမှာတတ်နိုင်ငဲ့
    သနားစရာ သင်းကွဲခါနေရ
    ဝေးကွာရ သူ့အဖော်
    မျှော်ကာမျှော် ပေါ်မလာ
    တော်တော်ကြာ ချိန်ခါနှောင်းမှာမို့
    ပြောင်းပြန်တဲ့ သည်တနွေ
    ပူဆွေးကာ လွမ်းကာ'တ'လည်း
    မှန်းဆရ ခက်သည့်ဆီကို
    ဘယ်လိုပင် ဖွေရှာရလိမ့်
    အိုအမယ် ရွှေဥဩငယ်ငဲ့
    သည်မောင်မှာ အတောင်ညောင်းပါလို့
    ဘယ်ချောင်မှာ ပုန်းရော်နေပါဘိ
    ထွက်တော်မူ မောင့်ရင်ခွင်ဆီသို့
    ဖြစ်စမ်းစေချင်ပါသည့်လေ........
    ......
    ဇာကြီး
    သူငယ်ချင်းများကို သတိရစွာဖြင့်
    ကိုရင် အနတ္တရဲ့ သည်နွေဦးကို မျှဝေခံစားပါသည်။
    [+/-] အပြည့်အစုံသို့...
    Tuesday, February 3, 2009
    စက္ကန့်တံမပါသော နာရီလို နေပါ ..။
    စက္ကန့်တံမပါသော နာရီတစ်လုံးကဲ့သို့
    အချိန်များကို တည်ငြိမ်စွာ ဖြတ်သန်းပါ ..။
    သင့်ကိုယ် သင် သတိမပြုမိသော အချိန်အတွင်
    သင် ခရီးများစွာ ရောက်နှင့်နေပါလိမ့်မည် ...။
    [+/-] အပြည့်အစုံသို့...
    Monday, February 2, 2009
    နာကျည်းစွာနဲ့ကြေကွဲလျက်ပါ
    အိမ်မက်လှေဟာ ဦးတည်ရာမဲ့ -ကြေကွဲခြင်း၊ခံစားခြင်း၊ပူလောင်ခြင်းတွေရဲ့ နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ.XXXXXX
    ဘယ်အချိန်ထိ ခံစားကြေကွဲနေရဦးမှာလဲ....၊မင်းပေးခဲ့တဲ့ ရက်စက်ခြင်းတွေ ခုံမင်စွာနဲ့ခံယူ ခုထိလွမ်းနေဆဲပါပဲ၊ မင်းနင်းလျှောက်သွားတဲ့ ငါ့ရင်ဘက်ထဲက အသဲနှလုံးတစ်စုံဟာ မင်းဆီက တစ်စုတစ်ရာကို ဆာလောင်နေတယ်၊မင်းမရှိတော့ မင်းထိုင်ခဲ့တဲ့ ခုံတန်းလေးပေါ်က နှင်းဆီရိုင်းလေးတစ်ပွင့်ဟာ ငါ့ရဲ့နာကျင်ခြင်းတွေကို ကိုယ်စားပြုနေတယ်။တစ်ချိန်က ရင်နှင့်မကမြတ်နိုးခဲ့ရပါတယ်ဆိုတာထက် ပိုတဲ့ မြတ်နိုးရသူ ကောင်မလေးရယ်......ခုတော့ ငါ့အတွက် ကြေကွဲခြင်း ၊နာကျင်ခြင်း တွေကို မင်းအလွယ်တကူပဲ ပေးအပ်ထွက်ပြေးသွားခဲ့။
    ဘ၀ရဲ့ ငြိမ်းချမ်းမှု့တွေမှာ အချစ်ဟာ ဘယ်အခန်းကပါလဲ မသိချင်တော့..အချစ်ဆိုတဲ့အရာဟာ နှစ်လုံးသားချင်းသာ သက်ဆိုင်တယ်လို့ နှစ်ဦးစလုံး နားလည်လက်ခံထားကြတဲ့အတွက် ငါတို့နှစ်ယောက်ရဲ့ နှစ်လုံးသားမှာ တခြားဘာဂုဏ်ဓနအရောင်တွေမှ အစွန်းထင်းမခံခဲ့၊ရင်ထဲမှာ ဖြစ်တည်နေတဲ့ နှစ်လုံးသားရဲ့ ချစ်ခြင်းတရားကိုသစ္စာတရားနဲ့ ဘောင်ခက်ထိန်းချုပ်ရင်း အနာဂတ်မှာ အသိုက်အမြုံတစ်ခု တည်ဆောက်မယ်လို့ ခိုင်ကျဉ်စွာဆုံးဖြတ်ထားခဲ့ကြ.......ဒါတွေဟာ အိမ်မက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ဒါပေမယ့် အိမ်မက်တွေလိုပါပဲ........တစ်ချိန်က မင်းရဲ့ "သိပ်ချစ်ပါတယ်"ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ရက်စက်တဲ့အပြုံးတွေပါနေတာ ငါမသိခဲ့၊ခုတာ့ ဒါတွေဟာ အတိတ်ရဲ့အမှတ်ရစရာတွေ ဒါဏ်ရာတွေဖြစ်ဖို့ ဖန်တီးခဲ့တာလား၊ဆုံးဖြတ်ချက်တွေ အခိုင်အမာချခဲ့ပြီးခါမှ အနားမှ ထွက်ခွာသွားသူရယ် ဖုန်းထဲကနေ မကြာမကြာ ငါ့ကိုမခြောက်လှန့်ပါတော့နဲ့ကွာ၊မင်းရဲ့"ကို့ကိုသိပ်ချစ်နေဆဲပါပဲ"ဆိုတဲ့ ရိသဲ့သဲ့စကားသံတွေ ၊မင်းရဲ့လှောင်သလိုလိုရယ်မောသံတွေ ငါသိပ်ကြောက်လွန်းလို့ပါ...မင်းရဲ့ အဲ့ဒီစကားသံတွေရဲ့နောက်ကွယ်မှာ ဘယ်လိုစီမံကိန်းတွေရှိမလည်းဆိုတာ ငါမသိပေမယ့် ငါ့ရဲ့ရင်ကိုကြေကွဲခြောက်ခြားစေနိုင်တာကိုတော့ ငါအခိုင်အမာယုံကြည်တယ်။
    တော်ပါတော့ကွာ၊တော်ပါတော့ မင်းစကားတွေရပ်လိုက်ပါတော့၊အရာအားလုံးကိုပေးဆပ်ခဲ့ပြီးပြီပဲ ၊ငါ့ဆီက ဘာတွေထပ်လိုချင်နေသေးလဲ၊ဒီလောက်ရက်စက်မှု့တွေနဲ့မတင်းတိမ်နိုင်သေးဘူးလား၊မင်းရဲ့ပျော်ရွှင်ရာမှာ ငါခေါင်းတွေအခါခါငုံ့ခဲ့ပြီးပြီပဲ၊အားလုံးပြောင်းလည်းခဲ့ပါပြီ၊ဒီပြောင်းလည်းခြင်းရဲ့အဆုံးမှာဒါဏ်ရာတွေသာပိုလာခဲ့၊တစ်ချိန်က မင်းရဲ့အချစ်တွေကို ယုံကြည်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလား၊ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ငါမင်းကို သိပ်ကြောက်သွားပါပြီ။ငါ မင်းကိုလွမ်းမိတယ်ဆိုပေမယ့် နာကျည်းနေပါပြီ၊ကြေကွဲနေတယ်ဆိုပေမယ့် မုန်းနေပါပြီ၊မင်းကိုအရင်လို ချစ်နေတုန်းပါပဲ ဒါပေမယ့် သတ်ပြစ်ချင်နေတယ်၊သေချာတာတစ်ခုကတော့ ငါမင်းကို ဘယ်လိုမှ မေ့လို့မရသေးဘူးကွယ်။
    အိမ်မက်လှေဟာ ဦးတည်ရာမဲ့--ကြေကွဲခြင်း၊နာကျည်းခြင်း၊ပူလောင်ခြင်းတွေရဲ့နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ...XXXX/
    [+/-] အပြည့်အစုံသို့...
    Sunday, February 1, 2009
    အရိုင်း သို့မဟုတ် မုဆိုး
    အရိုင်းတယောက်လို
    ဖြစ်ကတတ်ဆန်း ငါ့ကို
    အချစ်ငတ်သရမ်း လို့
    မင်း.က သမုတ်တတ်နေပြီလား……။
    အညစ်ကျပ် အနမ်းတဖွကို
    အသစ်စပ် ဖြန်းဘ၀လိုလိုနဲ့
    အမြစ်ပြတ် အမ်းချင်တုန်းကလဲ
    မင်း….ပဲလေ။
    မင်း.…..
    မှတ်ထား……။
    အလကား မတ်တင်းရတိုင်း
    လျှာဖျား အဖတ်တင်ရုံလေး
    ငါ…..
    အာယား အမှတ်ထင်ခဲ့တာ မဟုတ်ဘူး။
    အဲဒီတုန်းက
    မင်း ကို ငါ…
    တကယ်ချစ်ခဲ့ရိုးအမှန်ပါ။
    အေး..ခုတော့
    ငါ့လို… အရိုင်းကောင်က
    အပြစ်မှတ်ပြီဆို
    အချစ်ထပ်မပိုနိုင်တော့ဘူး။
    တကယ်ဆို..
    ယုန်ငယ်သားကိုမှ အကုန်ရှယ်စားချင်တဲ့
    အမဲလိုက် ငါ.မုဆိုးအတွက်…
    မင်း…..က
    နှာသရုပ်ပိုးတွေနဲ့
    အသပြာထုပ်ခိုးဖို့
    မသမာ စုတ်ထိုးပြီး
    မြူဆွယ်ခဲ့။
    ဒါကို..
    ငါ….
    အချစ်မှတ်လို့ ကိုးကွယ်ခဲ့ပြီး
    အဖိုးမဆယ်နိုင်ခဲ့တာ
    ရင်နာစရာ…။
    ဘာပဲဖြစ်ဖြစ်
    ခုတော့…
    ငါ…
    ငါ့ မုဆိုးဆရာ အဘိုးကဗျာကို
    ခံစားတတ်ခဲ့ပြီ။
    ကေသရာဇာမျိုးက
    မြေခွေးနဲ့ ခွေးအ
    ဝေငှစားရတဲ့
    ယုန်သူငယ်ကိုလည်း
    ပုံမ၀ယ်တော့ဘူး။
    အနမ်းပေးတဲ့
    ပန်းကလေးတွေကိုလည်း
    အငမ်းမငေးတော့ဘူး။
    ဒါပေမယ့်
    ငါ့..လည်ဆံတွေတော့
    အတွယ်ခံ ခဲ့ရပြီပေါ့…။
    နောက်ဆုံးတော့
    အရိုင်းမုဆိုး
    ငါ…ဟာ
    မုဆိုးအရိုင်းပဲ ဖြစ်နေဆဲပါ။
    ကောင်းတမန်
    ညနေ ၅ နာရီ ၄၃ မိနစ်
    ၂၀၀၉၊ဖေဖော်ဝါရီ၊ ၁ရက်။
    [+/-] အပြည့်အစုံသို့...
    Thursday, January 29, 2009
    အင်ဒိုနီးရှား … ဂျာဗားကျွန်းပေါ်ကမြို့တစ်မြို့
    ဒီမှာ ဈေးထဲသွားပြီး ခင်ဗျား ခြင်ထောင်လိုက်ရှာရင် ဘယ်မှာမှ ၀ယ်လို့ရမှာ မဟုတ်ဘူး - ဟုကျွန်တော့် သူငယ်ချင်းကပြောသည်။ တကယ်တွင်လည်း ဂျော့ဂျာ၌ ခြင်ကိုသိပ်မတွေ့ရ၊ မိုးတွင်းပင်လျှင် ခြင်ကိုက်တာသိပ်မရှိ။ ကျန်သူငယ်ချင်း တစ်ယောက်က သူ့ဆေးကျောင်းသင်တန်း သုတေသနစာတမ်းအတွက် ငှက်ဖျားပိုးကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ခန်းတောက်မြစ်က ကုသပေးနိုင်ပုံအကြောင်း လေ့လာပြုစုခဲ့ရတာတွေ ပြောပြသည်။ chloroquine ကို ခန်းတောက်မြစ်နှင့် နှိုင်းယှဉ်ကာ ကြွက်တွေကို ငှက်ဖျားဖြတ်နိုင်စွမ်း စမ်းသပ်ခြင်းဟု ဆိုသည်။ အင်ဒိုနီးရှား၏ ငှက်ဖျားဖြစ်နှုန်း မည်မျှရှိသည်၊ မြန်မာထက်မည်မျှ များသည် နည်းသည်ကို ကျွန်တော်တော့ အတိအကျမသိပါ။ နေထိုင်မှုအဆင့်အတန်း အထိုက်အသင့် ကောင်းမွန်တာကိုမူ ငြင်းရမည်မထင်။ ဤအထင်ကြီးမှုသည် ယခုမှမဟုတ်…
    ကျွန်တော် ကိုးတန်းလောက်ကတည်းက ဂျာဗားကော်ဖီမစ်သောက်ပြီး ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများမှတစ်ဆင့် အထင်တကြီး ကြည့်ခဲ့သော rcti, sctv စသောချန်နယ်တွေကို အလွယ်တကူ antenna ထောင်ကြည့်၍ရသော အရပ် ဒေသတစ်ခုသို့ရောက်လာလိမ့်မည်ဟု ထိုစဉ်က ကျွန်တော်မမှန်းဆမိဖူးခဲ့။
    တကယ်ဆို ဂျော့ဂျာဟာတောပဲ၊ ဘန်ဒွန်းကိုတော့ ရောက်အောင်သွားခဲ့ - ဟုစင်္ကာပူက သူငယ်ချင်းက ပြောလိုက်တာမှတ်မိသေးသည်။ သို့သော်လည်း ဘန်ဒေါင်းဖြစ်ဖြစ်၊ ဂျကာတာဖြစ်ဖြစ်၊ ဂျော့ဂျာဖြစ်ဖြစ် အစစအတော်အဆင်ပြေပြီး သက်တောင့်သက်သာ လည်းရှိသည့်အင်ဒိုနီးရှားဟု ယခုတော့ သိလာခဲ့ပြီ။ အချိန်မတိကျတာတွေကိုတော့ ဝေဖန်စရာ တစ်ခုဖြစ်နေသည်။ မမျှော်လင့်ဘဲ ခမ်းခမ်းနားနား ကြည့်ခွင့်ရလိုက်သော Arts Scholarship ကပွဲတွေ သတ်မှတ်ချိန်ထက် နောက်ကျခြင်းမှာ ကျွန်တော်တို့ဆီက မြန်မာစံတော်ချိန် လိုပင်လေလား။
    အင်ဒိုနီးရှားနှင့်မြန်မာ ဂရင်းရွိုင်ယယ် ဖိတ်ခေါ်ဘောလုံးပွဲ ရန်ကုန်၌ ကန်ကြတာကို တီဗီမှတစ်ဆင့် ကြည့်ရတော့ ရန်ကုန်ပြန်ချင်စိတ်ပင် ပေါ်မိ၏။ မြန်မာသွေးတော့ အပြည့် ပါနေသေးသည်ဟု ဆိုနိုင်သည်။ တကယ်တော့ ဂျော့ဂျာ၌ မြန်မာဆို၍ ဘောလုံးတစ်သင်းစာပင်မရှိ။ အများစုမှာ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည်။ သို့သော် အနှီလက်တစ်ဆုပ်စာ ကျွန်တော်တို့ တစ်တွေသည် တကယ် စည်းလုံးကြသည်။ အချင်းချင်း ချစ်ခင်စာနာမှု၊ နားလည်ဖေးမမှု အပြည့်ရှိသည်။
    မှတ်မှတ်ရရတွေ အများကြီးထဲက မုန့်ဟင်းခါး ချက်စားကြသည်။ ပလာတာ ကိုယ်တိုင် ရိုက်စားကြသည်။ လက်ဖက်သုပ် စုသုပ်စား ကြသည်။ ဒန်ပေါက်ချက်စားသည်။ နာမည်ကြီး Prangtritis နှင့် Depok ကမ်းခြေတို့သို့ ပျော်ပွဲစားထွက်သည်။ ဒါတောင်ကျွန်တော် ရောက်တာ တစ်လသာသာရှိသေး။ မည်မျှရင်းနှီးချစ်ခင်သည် ဆိုသည်ကိုမှန်းဆကြည့်နိုင်ပါသည်။ ထို့ပြင် ကျန်ကြော်ငြာထားသော အစီအစဉ်တွေက တန်းစီနေသေး သည်။ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းထမင်းချဉ်၊ ထမနဲ၊ ပဲပုပ်၊ နို့ထမင်း စသည် plan တွေဆွဲပြီးသား။ မီးတောင် သွားလေ့လာဖို့၊ မြို့ပတ် bus ကားအပျော်လိုက်စီးဖို့၊ James Bond ရုပ်ရှင်အသစ် ရုပ်ရှင်ရုံသွားကြည့်ဖို့ စတာ တွေလည်းကျန်သေးသည်။ ဂျကာတာသွားမည့် လူကြုံရှိက မှာစရာတွေစာရင်းဆွဲပြီးသားပါအသင့်။ စုစုစည်းစည်းနှင့် နေချင့်စဖွယ်ကောင်းသော အသိုက်အ၀န်းလေးတစ်ခုဟု ဆိုနိုင်ပါသည်။
    ဂျော့ဂျာအနီးက Borobudur သည် ကမ္ဘာ့အံ့ဖွယ်တစ်ပါး ဖြစ်သည်နှင့်အညီ အမှန်ပင် အံ့ချီးဖွယ် ဖြစ်ပါသည်။ သွားလေ့လာခွင့်ရလိုက်တာ များစွာဗဟုသုတရ၊ အကျိုးရှိလိုက် ပါသည်။
    borobudur
    Borobudur Temple, Jogya, Indonesia
    Prangtritis ကမ်းခြေသွားရင်း ပင်လယ်ရေထိ၊ ချွတ်ယွင်းသွားသော canon ကင်မရာ အတွက်တော့စိတ်မကောင်း။
    Prangtritis
    Prangtritis ကမ်းခြေ နေ၀င်ချိန်
    သို့တိုင် Depok ကမ်းခြေထက် sea-food တွေ အ၀အပြဲစားရင်း ပင်လယ်လှိုင်းလေတွေရှုစားရတာ၊ မျက်စိတစ်ဆုံး ပင်လယ်ပြင်ကြီးကို ထိုင်ငေးခွင့်ရတာ တန်ပါသည်။
    Depok
    ဒါတောင် မြို့အနီးက ပရန်ဘာနန်ကျောင်းတော်၊ မရပီမီးတောင်တို့ဆီ မသွားရသေး။ ဆူလတန်ဘုရင့်နန်းတော်တွင်း ယဉ်ကျေးမှုကပွဲတစ်ပွဲသွားကြည့်ရင်း အင်ဒိုနီးရှားရိုးရာ အနုပညာ ကို မျက်ဝါးထင်ထင်မြင်ခွင့်ရသည်မှာလည်း တန်ဖိုးရှိလှသော အတွေ့အကြုံဟုပင် ဆိုပါလေတော့။
    ရောက်ပြီးသိပ်မကြာခင် ညကြီးသန်းခေါင် သူငယ်ချင်းနှင့်သွားစားဖြစ်ခဲ့သော ကမ္ဘာကျော် McDonald's ဘာဂါကတော့ စင်္ကာပူကိုမမီချင်။ ဈေးကတော့များစွာသက်သာသည်။ Mall ဟုခေါ်သော စူပါ မားကတ်ထဲ အားရအောင်လျှောက်သွားပြီးနောက် နာမည်ကျော် Pizza Hut ၌ ပီဇာစားစဉ်ကလည်း ဘယ်မှာမှမရနိုင်သောဈေးနှုန်း သက်သာစွာဖြင့် တ၀ကြိတ်ခဲ့ရသေးသည်။ အဆင်ဆန်း၊ ဈေးချို၊ ပစ္စည်းစစ်သော ပါတိတ်များ၊ အံ့ချီးစရာ အုန်းခွံ၊ ကြက်ဥခွံ၊ ငွေထည်၊ ကြိမ် စသည် တို့ဖြင့်သပ်ရပ်ရှုချင်စရာဖန်တီးထားသော လက်မှုထည်များ၊ ရိုးရာရုပ်သေးရုပ်၊ စက်ဘီး၊ မြင်းလှည်း ရုပ်လေးများ၊ တံဆိပ်ကောင်းပြီး တခြားနေရာနှင့်ယှဉ်လျှင် ဈေးချိုသော အ၀တ်အစားများ။ အင်ဒိုနီးရှား၏ ရိုးရာအစဉ်အလာဓလေ့များနှင့် global brand များအလယ်တွင် တစ်ဦးချင်း individual ဆန်စွာ လှုပ်ရှားသွားလာနေသူများ ဟန်ချက်ညီနေသည့် ဆိုင်ကယ်မြို့တော် ဂျော့ဂျာပင်ဖြစ်သည်။
    yogya bike
    Yogya, အာရှ ဆိုင်ကယ်မြို့တော်
    ဒီမြို့မှာ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်ရှိတယ်ဆို ခင်ဗျားယုံမလား - ဟုသူငယ်ချင်းကပြောတော့ ဟုတ်ပါ့မလားဟု တွေးမိသေးသည်။ တကယ်လည်း နိုင်ငံတကာအဆင့် အမျိုးသား တက္ကသိုလ်ကြီးများ အပါအ၀င် တကယ့်တက္ကသိုလ်ကြီးတွေ အမှန်ပင် ထီးထီးမားမား ရှိနေပါသည်။ အင်ဒိုနီးရှား၏ အခြားအလှမ်းဝေးသောကျွန်းများမှ ကျောင်းလာတက်သူ တွေပင်များစွာ ရှိနေကြောင်း တွေ့ရသည်။ လူဦးရေ သန်း ၂၀၀ ကျော်ရှိသည်ဆိုသော အင်ဒိုနီးရှားတစ်ခွင်ကမှ ကျွန်တော် ရောက်ခဲ့ဖူးသော ဂျာဗားကျွန်း အလယ်ပိုင်းက ယော့ယကာတာ သို့မဟုတ် ဂျော့ဂျာကာတာ ဖြစ်ပါသည် ဟုသာ…
    ၁၂/၁၂/၀၈
    ကိုညိမ်း
    [+/-] အပြည့်အစုံသို့...
    Tuesday, January 27, 2009
    ကိုးမား ... နဲ့ ယူသာနားဆီးယား ...
    တစ်ခါက သူငယ်ချင်း တစ်ယောက်ပို့လိုက်တဲ့ ဖော်ဝဒ် မေးလ် ထဲမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာ ပရိုဂရမ်မာ အမျိုးသမီး တစ်ဦး ကိုးမား ရောဂါရသွားတယ် လို့ဆိုတယ် ..။ ဆေးရုံးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ အတူ သူ့အတွက်ကူညီလှူဒါန်းမှူတွေ ပါ ပြုလုပ်နိုင်အောင် ဖုန်းနံပတ်တွေ၊ ငွေလွှဲနိုင်အောင် ဘဏ်အကောင့်တွေပါ ထည့်ပေးထားတယ် ..။ ဝေဒနာရှင်ရဲ့ အမည်က ခိုင်ယဉ်ယဉ်ဌေး ..။ စင်္ကာပူမှာ အလုပ်လုပ်တာ ၁၀လလောက်ကြာပြီး တစ်နေ့မှာ အပြင်းဖျားတယ် ..။ နောက်မေ့မြောသွားတယ် ..။ ဆေးရုံတင်လိုက်ရတယ် .။ ဆေးရုံပေါ်ရောက်ပြီး ၃လ ကျော်တဲ့ အထိ သတိပြန်လည် မလာသေးဘူး ..။ နောက်တော့ သူလုပ်တဲ့ ကုပ္မဏီက စိုက်ထုတ်နိုင်တဲ့ ငွေပမာဏ ကျော်သွားတဲ့ အတွက်သူ့မိဘ တွေက ဆက်ပြီး တာဝန်ယူရတဲ့ အတွက် ဝိုင်းပြီး ကူညီကြပါဦးဆို ပြီး ဖော်ဝဒ်မေးတွေ ပို့ကြတယ် ..။
    ဒီဖော်ဝဒ်မေးကို ဖတ်ပြီး လွန်ခဲတဲ့ ၃နှစ်လောက်က ဖတ်ဖူးတဲ့ ကာတွန်းစာအုပ်လေးကို သတိရမိတယ်..။ အဲဒါ လည်း ကိုးမား အကြောင်းပဲ ..။ ဆေးရုံတစ်ခု မှာ လာကုတဲ့ ဝေဒနာသည်တွေကို မေ့ဆေးပေးတဲ့ နေရာမှာ မှားယွင်းမှူ ဖြစ်ပြီး ကိုးမား ရောဂါရသွားတယ်။ ကိုးမား ဖြစ်ရတဲ့အကြောင်းတွေကတော့ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ မှာယွင်းလို့ပဲ ဖြစ်ဖြစ်၊ အက်ဆီးဒင့် တစ်ခုခုကြောင့် ဦးနောက်ကို ထိခိုင်ရင် ဖြစ်တတ်တယ်လို့ဆိုတယ်..။ ကိုးမား ရောဂါဆိုတာက ဦးနှောက်ကလွဲရင် တစ်ကိုယ်လုံးက အကောင်းပကတိလို့ဆိုတယ်..။ ဒီခန္ဒာကိုယ်ကို လိုအပ်တဲ့ အပုချိန်၊ အဟာရ၊ အောက်ဆီဂျင်သာ ပေးမယ်ဆိုရင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်တယ် ..။ ဒါပေမယ့် သတိပြန်လည် လာနိုင်တဲ့ ရာခိုင်နှန်းက တော့ ၁၅ % ပဲ ရှိတယ်တဲ့ ..။ အဲဒီတော့ အဲဒီဆေးရုံက ကိုးမား ဝေဒနာ ရှင်တွေရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း နှလုံး၊ ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကို ရောင်းစားတယ် လို့ တရားစွဲထားတဲ့ ကားတွန်းလေးပါ ..။ Illegal Transplantation ပေါ့ ..။
    ကိုးမား (Coma) ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး Deep Sleep လို့ဆိုတယ်..။ ဒါပေမယ့် မြန်မာလိုတော့ မေ့မြောနေခြင်း လို့ ပြောရင် ပိုပြီး ရှင်းမယ် ထင်တယ် ..။ သာမန်လူတွေလို အိပ်မယ် ၊နိုးမယ် ဆိုတာ မရှိတော့ဘူး ..။ ဘာလို့လဲ ဆိုတော့ ကိုးမား ဝေဒနာ ရှင်ဟာ မေ့မျောပြီး အိပ်စက်ရာကနေ ဘယ်တော့မှ မနိုးတော့လို့ပါပဲ ..။ နာကျင်ထိတွေ့ ခံစားမှူလည်း မရှိတော့ဘူး ..။ တစ်ခါက နိုင်းနိုင်းစနေ ရေးတဲ့ ဝတ္တုတိုလေးထဲကလို လူက မေ့မြောနေပေမယ့် ဝိညာဉ်က အွန်လိုင်းကို လာပြီး ချက်နိုင်သေးရင် ကောင်းသား လို့တောင် တွေးမိသေးတယ်..။ မခိုင်ယဉ်ယဉ်ဌေးရဲ့ မိဘတွေကတော့ မျော်လင့်ချက်အပြည့်နဲ့ ဆက်ပြီး အာဟာရတွေ ဖြည့်ပေးနေဦးမယ်ထင်တယ် ..။ အခု နောက်ပိုင်းတော့ မခိုင်ယဉ်ယဉ်ဌေးရဲ့ သတင်း မကြားရတော့ဘူး..။ တခြား ပရိုဂရမ်မာတွေကို လည်း အကူအညီတောင်းချင်သေးတယ် ..။ ခန္ဒာကိုယ် ဇီဝကမ္မဖြစ်ပျက်မှူ အမြဲတမ်း မှန်နေအောင် ပရိုဂရမ်လေး ရေးပေးပါဦး .. လို့ ..။
    တစ်ချို့အနောက်နိုင်ငံ ဇာတ်လမ်းတွေမှာတော့ အသုံးမဝင်တော့တဲ့ လူစင်မမှီတော့တဲ့ သူတွေဆိုရင် သတ်ပြစ်လိုက်ကြတာပဲ..။ တိုက်ပွဲမှာ မိုင်းမိလို့ ခြေလက်တွေ ပြတ်သွားရင် သတ်ပြစ်လိုက်တာပဲ..။ မသယ်နိုင်တော့ဘူးလေ .. ဒုက္ခိကကြီးကို ..။ ကိုယ့်လူကို ကိုယ် မသတ်ရင် ရန်သူက ရက်ရက်စက်စက် သတ်ဦးမှာ..။ အဲဒီတော့ သနားလို့ သတ်ပေးလိုက်တယ် ..။ မျက်စေ့မှိတ်ခိုင်းပြီးနားထင်ကို သနတ်နဲ့ ပြစ်လိုက်တယ် ..။ ဒါကိုပဲ Mercy Killing သနားလို့ သတ်တာဆို ပြီး နာမည်ပေးထားသေးတယ် ..။ Euthanasia (ညင်သာစွာသေဆုံးစေခြင်း) ဆိုပြီး တရားဝင် သတ်ခွင့်ရှိတဲ့ နိုင်ငံတွေလည်း အများအပျားပဲ ..။ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံတောင် သနားတတ်လို့ အဲဒီ ဥပဒေကို တရားဝင်သတ်မှတ်ထားတယ်တဲ့ ..။
    ကိုးမား ဖြစ်တိုင်း သတိပြန်လည်မလာတာတော့ မဟုတ်ပါဘူး ..။ ၁၉၈၈ ခုနှစ်က ဥရောပ အလယ်ပိုင်း ပိုလန်နိုင်ငံက ရထားလမ်းလုပ်သားလေး ရထားနဲ့ ဦးခေါင်းထိခိုက်မိပြီး ကိုးမားဖြစ်သွားတယ်..။ ဦးနှောက်အတွင်းပိုင်း ရောင်လို့ဖြစ်သွားတာတဲ့ ..။ သူ့ဇနီးရဲ့ စနစ်တကျ ပြုစုစောင့်ရှောက်မူကြောင့် ၁၉နှစ်ကြာပြီးနောက် ၂၀၀၆ ခုနစ်မှာ သတိပြန်လည် လာခဲ့တယ်..။ ဘာ့ကြောင့်လဲ ဆိုတော့ အသက်ကြီးလာပြီး ဦးနှောက်အတွင်းပိုင်းက ရှံ့လာပြီး အရောင်လျော့သွားလို့တဲ့ ..။ သူ ကိုးမား မဖြစ်ခင်က သားသမီး လေးယောက်ရှိခဲ့တာ အခုတော့ မြေး ၁၁ယောက်ချီနေရပြီ ..။ သူကပြောသေးတယ် .. ကျွန်တော် အနေနဲ့ကတော့ အဖြစ်အပျက်က မနေ့ကလိုပါပဲ.. အရင်က ကျွန်တော် ဈေးဆိုင်တစ်ဆိုင်ထဲဝင်လိုက်ရင် လဘက်ခြောက်၊ဗနီဂါ နဲ့ အသားခြောက်တွေပဲ တွေ့ရတယ် အခုတော့ ..ဈေးဆိုင်တွေမှာလည်းကုန်မျိုးစုံနဲ့ တွေ့သမျှလူအားလုံးက လမ်းပေါ်မှာ ဟန်းဖုန်းကို ကိုင်ပြီး လျှောက်နေကြပြီ ..။
    ကျွန်တော်လည်း ကြားထဲကနေ မဆီမဆိုင် တွေးမိသေးတယ် ..။ ကျွန်တော်သာ ၁၉၈၈ ခုနှစ်က ကိုးမား ဖြစ်ပြီး (ဖွာ့ ဟဲ့. . လွဲပါစေ.. ဖယ်ပါစေ) ၂၀၀၆ ခုနှစ်မှာ သတိပြန်ရခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘယ်လိုလေး ပြန်မြင်ရမလဲလို့ ရင်ခုန်မိသေးတယ် ..။
    [+/-] အပြည့်အစုံသို့...
    Wednesday, January 14, 2009
    ကြေးကြီးစားကျွန်
    ကြောက်စိတ်နဲ့ လိုအပ်ဆန္ဒကို မထိန်းချုပ်နိုင် သရွေ့ကတော့ ကြေးကြီးစား ကျွန်ဖြစ်နေဦးမှာပါပဲ။ကြောက်စိတ်နဲ့ လိုအင်ဆန္ဒဆိုတာ ဘာကိုများပြောတာပါလိမ့်။ လူတွေဟာ ပိုက်ဆံမရှိမှာ ကြောက်တဲ့စိတ် အလုပ်မတည်မြဲမှာ ကြောက်တဲ့စိတ် ရှိပြီးသားငွေတွေ ဆုံးရှုံးမှာ ကြောက်တဲ့စိတ်တွေကြောင့် ၀င်ငွေရဲ့တဲ့ အလုပ် လခစားအလုပ်ကို လုပ်နေကြပါတယ်တဲ့။ နောက်ပြီးတော့ လူတွေမှာ ၀င်ငွေတိုးလာရင် လိုအင်ဆန္ဒတိုးလာတတ်တာ ဖြစ်တတ်တဲ့ သဘာဝ တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ငွေမရှိမှာ ကြောက်လို့ ငွေရအောင် အလုပ်လုပ်တယ် ငွေပိုရတော့ လိုအင်ဆန္ဒတိုးလာပါတယ်။ ၀င်ငွေတိုးရင် ဘာလုပ်မလဲ ကားကောင်းကောင်းဝယ်စီးမယ်လေ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လေ။ ပျော်ပွဲစားတွေထွက်မယ်လေ။ အဲဒီတော့ ကျွန်တော်တို့ဟာ လိုအင်ဆန္ဒတွေမထိန်းချုပ်နိုင်သရွေ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၀င်ငွေတိုးတဲ့အတွက် အသုံးစရိတ်တိုးလာမှာပါပဲ။ ဒီလိုနဲ့ ဒုံရင်းဒုံရင်း ဘ၀နဲ့ ပဲ နေရမှာလား? ဒီလိုနေမယ့် အစား ကြောက်စိတ်နဲ့ လိုအင်ဆန္ဒတွေကို ချုပ်ထိန်းနိုင်တယ်ဆိုရင်.........
    [+/-] အပြည့်အစုံသို့...
    Sunday, January 11, 2009
    ပြောမလား .. မပြောဘူးလား ...
    ဟုတ်တယ်ဗျ ....
    ကျွန်တော်က ကိုယ့်အကြောင်းကို ကောင်းတာ ပြောလိုက်ပြန်ရင်လည်း ..
    ဒီလူ အပိုတွေ ပြောနေတာလို့ ပြောကြပြန်ရော ..။
    နောက်ပြီး .. ကိုယ့်အကြောင်းကို မကောင်းတာပြောလိုက်ပြန်ရင်လည်း ..
    ယုံသွားတတ်ကြတယ်ဗျ ..။
    ခက်တာက ...
    ဘာမှ မပြောဘဲ နေလိုက်ပြန်ရင် လည်း ...
    မာနကြီး တယ်လို့ပြောကြပြန်ရော ..။
    ကဲ ...
    မခက်ဘူးလားဗျား ... လောကလူသားတွေ ...။
    [+/-] အပြည့်အစုံသို့...
    Saturday, January 10, 2009
    Characteristics of stupid person
    သီတဂူဆရာတော်ရဲ့တရားကို နာရလို့ လူမိုက်ဆိုတာ ဘယ်လိုလူကို ခေါ်တာလဲ ရှင်းရှင်းလင်းသိလာရပါတယ်။ အဲဒါနဲ့ လူမိုက်ရဲ့သွင်ပြင်လက္ခဏာကို ရေးပြချင်လို့ရေးပြရတာပါ။ Characteristics of stupid person ပေါ့။ ကိုယ်များလူမိုက်ရဲ့ ကာရိုက်တာတွေနဲ့များကိုက်ညီနေမလားဆိုတာ ဆန်းစစ်ကြည့်တာပေါ့။ မဟုတ်လား?
    ၁။ လူမိုက်တို့သည် နည်းမှန်လမ်းမှန်မဟုတ်တာတွေကို နည်းမှန်လမ်းမှန်ဟုသတ်မှတ်ပြီး ဆောင်ရွတ်တယ်။
    ၂။ လူမိုက်တို့သည် နည်းမှားတွေကို သူတို့နဲ့အတူလုပ်ဆောင်ရန် ဆွဲဆောင်တယ်။
    ၃။လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို အမွန်အမြတ်ထားတယ်။
    ၄။လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို မှားကြောင်းပြောပါက စိတ်ဆိုးတယ်။
    ကျွန်တော်တို့ က မင်္ဂလသုတ်တော်မှာ လူမိုက်ကိုရှောင်ကျဉ်ခြင်းသည် မင်္ဂလာဖြစ်သည် လို့ ဆိုထားပေမယ့် လူမိုက်ဆိုတာ ဘယ်လို လူကို ခေါ်မှန်းမသိကြပါဘူး ဒါကြောင့် တင်ပြရခြင်းဖြစ်ပါတယ်။ လူမိုက်ကို ရှောင်ပြီး လူမိုက် ကာရိုက်တာများ မရှိအောင်နေနိုင်ကြပါစေ။
    [+/-] အပြည့်အစုံသို့...
    Friday, January 9, 2009
    အင်ဂျင်နီယာနှင့်ချမ်းသာခြင်း
    အင်ဂျင်နီယာတွေ ဖြစ်လာပြီဆိုရင် ချမ်းသာတဲ့သူတစ်ယောက်ဖြစ်မှာလား။ အဲလိုမေးရင် ဟိုလူကြီးတွေက ပြုံးနေကြမလား။ စိတ်မီးအိမ်က လူတွေပြောတာပါ။ ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရတယ်ဗျ။ ဒါနဲ့ပဲ စာအုပ်ထဲက အကြောင်းအရာတွေကို ကျွန်တော်နားလည်သလို သူငယ်ချင်းတွေကို ပြောပြချင်လာပါတယ်။ ပြောပြချင်လို့ ပဲ ဒီဘလော့မှာ ၀င်ပြီးရေးလိုက်ပါဦးမယ်။
    ချမ်းသာခြင်းနဲ့ ပါတ်သက်ပြီး ကျွန်တော့အမြင်ပြောရမယ်ဆိုရင် လူတိုင်းက ချမ်းသာချင်ကြတယ်။ ကြွယ်ဝချင်ကြတယ် လို့ ထင်ပါတယ်။ ဟုတ်လည်းဟုတ်ပါလိမ့်မယ်နော်။ အဲဒီအခါမှာ ကျွန်တော်တို့တွေ ဘာကြောင့် ကြွယ်ဝတဲ့ ဘ၀ တစ်ခုကို မပိုင်ဆိုင်ကြရတာလဲဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာတယ်ဗျ။ လူတွေကို လိုက်မေးကြည့်ရင်တော့ သူတို့ အကြောင်းပြချက်တွေကို ပြောပြကြမှာဗျ။ ကျွန်တော်တို့ နိုင်ငံက လူတွေကို မေးကြည့်ရင်တော့ ဒီလိုကြားရမယ်ထင်တယ်ဗျ။ ဒီလောက်ကြိုးစား ရဲ့သားနဲ့ လူချမ်းသာမဖြစ်တာဟာ ကံကြောင့်လို့များ ပုံချကြမလားပဲ။ တကယ်တော့ ချမ်းသာတဲ့ လူတန်းစားဆိုတာ နည်းနည်းလေးပါပဲနော်။ နိုင်ငံတိုင်းမှာ လူချမ်းသာဆိုတာ လူနည်းစုပါပဲ။ လူများစုက ဆင်းရဲသားနဲ့ လူလတ်တန်းစားမဟုတ်လားဗျ။ ကျွန်တော်တို့ အင်ဂျင်နီယာ လူတန်းစားကရော ချမ်းသာတဲ့လူတွေ လူ့ မလိုင် လူပေါ်က လူတွေဖြစ်နေပြီလား။ ကျွန်တော်ကမဖြစ်သေးဘူးလို့ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဟာ လုပ်ခ လစာပေါ်မှာပဲ မှီခိုနေရတယ်ဆိုတော့ လခထုတ်မယ်။ ကုန်အောင်သုံးမယ်။ နောက်ထပ်လခ ရအောင် နောက်တစ်လ အကုန်ကိုစောင့်မျှော်နေမယ်။ ဒီလိုပဲ သံသရာလည်နေမယ် ထင်တာပဲ။ လခတွေ တိုးလာတော့ရော ဘာတွေဖြစ်လာနိုင်လဲ။ အင်း သေချာတာတော့ လခတိုးရင်လည်းမချမ်းသာနိုင်ဘူးလို့ ထင်တာပဲဗျ။ လခတိုးရင်တော့ လူနေမှုအဆင့်အတန်းတော့မြင့်သွားနိုင်ပါရဲ့။ ဒါပေမယ့် လူနေမှုအဆင့်အတန်းမြင့်ခြင်းဟာ ချမ်းသာခြင်း ဧကန် ဖြစ်တယ်လို့တော့ပြောလို့မရဘူးဗျ နော်။ လခ တိုးလာရင် ကျွန်တော်တို့ ပိုပြီးသုံးဖြစ်မှာပဲဗျ။ အဲဒီတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်မှာပါပဲဗျာ။
    အဲဒီတော့ ချမ်းသာအောင်ဘယ်လို လုပ်ရပါ့။ သူတင်ပြထားပုံကတော့ ငွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားလည်ရင် ချမ်းသာဖို့ ဖြစ်နိုင်မယ်လို့ ပြောတယ်ဗျ။ အဲ ဟေ့ကောင် မင်း ပြောမှလား ငွေသုံးတာ များ.. တို့လည်းသုံးတတ်တာပေါ့လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့တွေ ယူဆထားတာမှားပါတယ်ခင်ဗျာ။ သိသလိုနဲ့ မသိတာတွေ သိရက်နဲ့ လိုက်မလုပ်တာတွေကြောင့်ပါခင်ဗျာ။ ဒီလိုဗျ။ ငွေဆိုတာ ဘာလုပ်ဖို့လည်း ၀ယ်ဖို့ပေါ့ဗျ နော်။ ၀ယ်တဲ့အခါမှာ လူချမ်းသာများက ရပိုင်ခွင့်များကို ပိုမိုဝယ်ယူကြပြီး ဆင်းရဲသားနဲ့ လူလတ်တန်းစားများက ပေးရန်တာဝန်များကို ပိုက်ဆံပေးဝယ်ယူကြပါတယ်တဲ့ခင်ဗျာ။ အဲဒီတော့ ရပိုင်ခွင့်ဆိုတာ ဘယ်လိုအရာကို ခေါ်တာလဲ။ ရှင်းပါမယ်။ ပစ္စည်းတစ်ခုကို ၀ယ်ယူလိုက်ခြင်းအားဖြင့် ၄င်းပစ္စည်းမှ ၀င်ငွေပြန်လည်ရနိုင်သောပစ္စည်းများကို ရပိုင်ခွင့်များလို့ ခေါ်ပါတယ်ခင်ဗျာ။ ဥပမာ အစုရှယ်ယာများ။ အငှားချထားနိုင်သော အိမ်မြေ အိမ်ခန်းများ။ နောက်တစ်မျိုးက ပေးရန်တာဝန်များ ။ ဟုတ်ပါတယ်။ လူလတ်တန်းစားများနဲ့ ဆင်းရဲသားများက ပေးရန်တာဝန်များကို ငွေပေးပြီး ၀ယ်ယူနေကြပါတယ်ဆိုရင် ဟုတ်ပါ့မလား ဟေ့ကောင်လို့ မေးပါလိမ့်မည်။ ဟုတ်ပါတယ်လို့ပဲ ပြောရပါလိမ့်မယ် ခင်ဗျာ။ ပေးရန်တာဝန်များဆိုတာက ဘာလဲဆိုတာ အရင် ရှင်းပါဦးမယ်ခင်ဗျာ။ အထင်ရှားဆုံးဥမမာ က ကိုယ်ပိုင်ကားဝယ်ခြင်း သို့မဟုတ် ဆိုင်ကယ်ဝယ်ခြင်း ဖြစ်ပါတယ်။ ကားကိုဝယ်ယူလိုက်တဲ့အတွက် ပထမဦးစွာ အခွန်ဆောင်ရမှာ သေချာပါတယ်။ နောက်ပိုင်းမှာ ၀င်ငွေပြန်ရလာစရာအကြောင်း မရှိပဲ ထွက်ဖို့သာလျှင်ရှိပါတော့တယ်ခင်ဗျာ။ ဆီဖိုး။ ပြင်ဆင်စရိတ်။ အစရှိတဲ့ ငွေကုန်ပေါက်တွေပေါ့ခင်ဗျာ။ ချမ်းသာဖို့ ပထမဦးဆုံးလိုအပ်ချက်ကတော့ ရပိုင်ခွင့်များကို များများဝယ်ယူပြီး ပေးရန်တာဝန်များကို နည်းနိုင်သမျှနည်းအောင် ၀ယ်ယူဖို့ပဲဖြစ်ပါတယ်ခင်ဗျာ။
    ဒီနေ့တော့ ဒီလောက်ပဲရေးပါဦးမယ်ခင်ဗျာ။ နောက်များမှာ အလျှင်းသင့်သလိုတင်ပြပါဦးမယ်ခင်ဗျာ။ ကိုယ်စိတ်ကူးနဲ့ရေးထားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်ဖတ်ဖူးသော စာအုပ်တစ်အုပ်မှ အိုင်ဒီယာများကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါကြောင်း။ မူရင်းစာအုပ်မှာ Robert T. Kiyosaki ရဲ့ rich dad poor dad စာအုပ်ဖြစ်ပါတယ်ခင်ဗျာ။
    [+/-] အပြည့်အစုံသို့...
    Saturday, January 3, 2009
    ၂၀၀၉ နှစ်သစ် ဆုံးဖြတ်ချက်
    ဒီလို နဲ့…
    နှစ်သစ် အဓိဌာန်ကို
    သတိပဌာန် လို သွင်း
    မြှားတစင်းလို ခွင်းဖို့
    အလင်းရခဲ့တော့တယ်။
    ၂၀၀၈ ကုန်တဲ့ည
    ခုန်နေတဲ့ ရင်တစုံ နဲ့
    ဖြစ်ကြောင်းအကုန် ပြန်တွေး
    အမှန်ရေးကြည့်တော့……..
    ငါ့ဘ၀…ကို
    မလှတလှနဲ့ ဖြတ်ခဲ့မိတယ် ဆိုတာ
    ငါ့ကိုယ်ငါ …၀န်ခံမိတယ်..။
    လား…………လား…………….
    မဟာတန်ခိုးရှိတဲ့ အချိန်တွေကို
    ဒီလိုဟိုလို နဲ့ ဖြုန်းမိခဲ့ပါ့လား။
    နှစ်သစ်ကို ရောက်ဖို့ တည်းတည်းလေးလို
    ကဲကဲပိုပိုလေး ကိုယ်စိတ်ကိုဆွဲဆန့်
    မနည်းတန့်ခဲ့ရတယ်
    နှစ်ဟောင်းက အကျင့်တွေကို။
    နှစ်သစ် ဆုံးဖြတ်ချက်အတွက်
    သုံးသပ်ခဲ့တော့
    မြေကြီးလို ခန္တီရဖို့
    ဥာဏ်မီသလိုတွေးဟဲ့….တဲ့။
    Attach, Detach
    Accept, Reject ကို
    စက္ကန့်မလှပ် စွဲမှတ်ဖို့
    ငါတို့ အရှင်
    အထင်ကရတစ်ပါးက
    အမြင်ပြသွားခဲ့တယ်။
    ဒီလို နဲ့…
    နှစ်သစ် အဓိဌာန်ကို
    သတိပဌာန် လို သွင်း
    မြှားတစင်းလို ခွင်းဖို့
    အလင်းရခဲ့တော့တယ်။
    မြေကြီးဟာ
    အနံ့ဆိုးဆိုး
    မစင်သိုးသိုးတွေပဲ ဖြစ်ဖြစ်
    ရနံ့သင်းမွှေး
    ပန်းကလေးတွေပဲ ဖြစ်ဖြစ်
    အရှိကို အရှိအတိုင်း
    လက်ခံထားတတ်သလို။
    နံလို့ detach ဖြစ်လို့
    Reject မလုပ်သလို
    မွှေးလို့ attach ဖြစ်လို့
    Accept လည်း မလုပ်တတ်သလို။
    ဘာအတွက်မှ မခံစားရတဲ့
    အဖြစ်အပျက်ကို အဖြစ်အပျက် လို့
    ရှုတတ်တဲ့ စိတ်ကလေး……
    ဒါမှမဟုတ် ခန္တီဆိုတဲ့ သည်းခံခြင်းလေး….။
    ရေဟာ
    စိတ်၊ရုပ်ကြမ်းတမ်းတဲ့
    လူသရမ်းတွေ ချိုးချိုး
    စိတ်၊ရုပ် ပျော့ပျောင်းတဲ့
    လူကောင်းတွေ ချိုးချိုး
    သူ့အအေးဓါတ်ကို
    အတူတူပက်ဖျန်းပေးနိုင်သလို။
    ဆိုးတဲ့ လူမို့ detach ဖြစ်လို့
    Reject မလုပ်သလို
    ကောင်းတဲ့ သူမို့ attach ဖြစ်လို့
    Accept လည်း မလုပ်တတ်သလို။
    အားလုံးအတွက်
    တူညီတဲ့ မေတ္တာဓါတ်ကလေး…..။
    ခန္တီ နဲ့ မေတ္တာ တရား
    အများဆုံး လွှမ်းခြုံနိုင်အောင်
    စွမ်းကုန်ပြုလို့
    ရိုးကုတ်တော့မည့်
    ၂၀၀၉ ဆီ။
    [+/-] အပြည့်အစုံသို့...