စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label World AIDS Day. Show all posts
Showing posts with label World AIDS Day. Show all posts

Thursday, December 1, 2011

ကမ္ဘာ့ ခုခံအားကျဆင်းရောဂါတိုက်ဖျက်ရေးနေ့ အထိန်းအမှတ်

AIDS ဆက်နွယ်သူတိုင်း

တုနှိုင်းမဲ့အောင် ခံစားဝေဒနာ

ဆိုးရွာစွာဖြင့် ရင်မှာအမြဲ

တွယ်ကပ်ညှိလျက် အနေခက်ဘိ။

A1D5 ဆိုလိုက်ပြန်လည်း

ဝေါင်ဝေါင်ကရှေး ဝေးဝေးကရှောင်

ပေါင်းသူမဲ့ကွာ ထိုးနှက်စွာဖြင့်

ကြမ္မာအရိုင်း သူဖန်တိုင်းမြဲ

ကုရာနတ္ထိ ဆေးမရှိဘိ။

လေးလုံးရောဂါ ဆိုလာပြန်လည်း

နူရာဝဲစွဲ ဖုတ်သူရဲဟု

ဖယ်ကျဉ်ရှောင်ပြေး ဟိုအဝေးသို့

မတူမတန် ပြောဆိုပြန်ဘိ။

HIV ပိုး ပျိုးမိခန္တာ

ရှိလာပါက လူ့ဘ၀ဆုံး

လူညွန့်တုံးသို့ ဆုံးရှုံးအခါခါ

ဖြစ်မည်မှန်စွာ မလွဲပါဘိ။

ထိုထိုကြောင်းကြောင့် လူ့ပြည်လူ့ရွာ

လူ့ခန္တာမှာ AIDS လေးလုံးတွဲလျှက်

A1D5 ပိုးဆိုးမိုက်နှင့်

HIVပိုး ဝေးဝေးဂိုးအောင်

ရွက်ဆောင်ကြလော့ ဆောင်ကြလော

တိုက်ဖျက်ကြလော့ ဖျက်ကြလော။


မှတ်ချက်။ ။ ယနေ့တွင်ကျရောက်သော ဥယျာဉ်မှူး ခိုင်မြဲအတွက် မွေးနေ့လက်ဆောင်လည်း ဖြစ်ပါသည်။

[+/-] အပြည့်အစုံသို့...