စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, February 12, 2008

1. Basic Buddhist Concepts

သူငယ်ချင်းတို့ ...
စင်္ကာပူနိုင်ငံ အခြေစိုက် “ ဗုဒ္ဓဓမ္မ မန္ဒလ အသင်း” က ထုတ်ဝေပြီ ဆရာတော် အရှင် ဓမ္မိက ရေးသားတဲ့ Good Question Good Answer စာအုပ်ကို ဘာသာပြန်ပြီး ဓမ္မဒါန မျှဝေပေးချင်ပါတယ်...။ ဒီစာအုပ်ဟာ www.Buddhanet.Net E-Library မှာ ဖေါ်ပြပေးထားတဲ့ ဗုဒ္ဓစာပေပေါင်းများစွာထဲက လူကြိုက်များတဲ့ စာအုပ်တစ်အုပ်ပါ။

မူရင်း အင်္ဂလိပ်ဘာသာကို လေ့လာချင်တဲ့သူတွေအနေနဲ့ ( http://www.buddhanet.net/ebooks.htm) မှ အလွယ်တကူ ဆွဲချပြီး လေ့လာလို့ရပါတယ်..။ ဆရာတော် အရှင် ဓမ္မိက စာအုပ်ထဲမှာ “ မည်သူမဆို မည်သည့်ဘာသာကို မဆို ပြန်ဆိုခွင့်ပြုသည်” လို့ရေးထားတဲ့ အတွက် အခုလိုပြန်ဆိုဖို့ ဆုံးဖြတ်လိုက်တာပါ..။ တကယ်တော့ အခုလို ဘာသာရေးနဲ့ ဆိုင်တဲ့ စာအုပ်ကို ဘာသာ ပြန်ရတာ အတော်မလွယ်တဲ့ ကိစ္စပါ။ ဘာသာရေဆိုင်ရာ ခြေခံ ဗဟုသုတ ရှိဖို့နဲ့ အင်္ဂလိပ်ဘာသာကို သိမြင်နားလည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီအရည်အချင်းတွေ ပြည့်စုံနေလို့ အခုလို ဘာသာပြန်ဖို့ ဆုံးဖြတ်လိုက်တာ မဟုတ်ပါဘူး။ ဒီလိုမျိုး အရည်အချင်းတွေကို ရယူ ဖြည့်ဆည်းချင်လို့ အခုလို ကြိုးစားတာပါ။

နောက် ကျွန်တော့် ရဲ့ ရည်ရွယ်ချက် တစ်ခုကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်မြန်မာတွေ နားလည်ထားတဲ့ ဗုဒ္ဓဝါဒ ဆိုင်ရာ မေးခွန်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘယ်လိုဖြေကြားနိုင်တယ်ဆိုတာ သိမြင်စေချင်တာပါ။ ဒါကြောင့် မူရင်း အင်္ဂလိပ်ဘာသာနဲ့ မြန်မာပြန်ကို ပူတွဲ ဖော်ပြပေးသွားမှာပါ။ ဆရာတော် အရှင် ဓမ္မိက ရဲ့ အမှာစာကို ဖတ်လိုက်ရင် ဒီစာအုပ်ရဲ့ အနှစ်သာရ ကို မြည်းစမ်းမိလောက်ပါပြီ...။

ခိုင်မြဲ
၁၂၊ ဖေဖေါ်ဝါရီ၊ ၂၀၀၈။

Good Question Good Answer
ဗုဒ္ဓဝါဒ ဆိုင်ရာ အမေးအဖြေများ

Preface to Forth Revised Edition
စတုတ္ထအကြိမ် ထုတ်ဝေခြင်း အမှာစာ

Some 18 years ago a group of Buddhist students from Singapore University came to see me, complaining that they often found it difficult answering questions about Buddhism that people sometimes put to them. I asked them to give examples of some of there questions and when they did, I was shocked that bright, well-educated young Buddhists should know so little about their religion and be so hesitant about explaining it to others. I took notes of many of the questions, added some that I was often asked and thus Good Question Good Answer came into being. What was meant to be of use mainly for Singaporean has, to my surprise and satisfaction, gone on to have an international readership. Over 150,000 copies of the English edition have been printed and it has been reprinted numerious times in the USA, Malaysia, India, Thailand, and Sri Lanka. It has also been translated into 14 languages, most recently into Bhasa Indonesia and Spanish. In this fourth updated and enlarged edition I have added some more questions and have provided, I hope, good answers to them. I have also added a chapter containing some sayings of the Buddha. May this little book continue to stimulate an interest in the Buddha's Dhamma.

လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က စင်္ကာပူ တက္ကသိုလ်မှာ ကျောင်းတက်နေကြတဲ့ ဗုဒ္ဓဘာသာဝင် ကျောင်းသားလေးတွေ ဆရာတော်ဆီကိုလာပြီး မကြာခဏ ညည်းတွားလေ့ရှိပါတယ်..။ အဲဒါကတော့ သူတို့ အနေနဲ့ အခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာအကြောင်း မေးတဲ့ အခါ မဖြေတတ်လို့ ဆိုတာပါပဲ။ ဒါနဲ့ ဆရာတော်က ဘယ်လိုမေးခွန်းတွေများ အမေးခံရလို့လဲ လို့ မေးကြည့်တော့ အတော်လေးကို တအံ့တသြဖြစ်မိပါတယ်။ ခေတ်ပညာတတ်လူငယ်လေးတွေ ဖြစ်နေပါလျက်နဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် နားလည်မှူ နည်းပါးနေသေးတာရယ်၊ မိမိသိသလောက်ကို အခြားသူ နားလည်အောင် မပြောတတ်တာရယ် ဆိုတဲ့ အားနည်းချက်တွေကို တွေ့ရပါတယ်။ ဒါကြောင့် ဆရာတော်က သူတို့ဆီကမေးခွန်းလေးတွေ ၊ နောက် ဆရာတော်ဆီကို မေးလေ့ရှိုတဲ့မေးခွန်းလေးတွေ စုဆောင်းပြီး အခုလိုမျိုးစာအုပ်အဖြစ်နဲ့ ပြန်လည်ဖြေကြားလိုက်တာပါ။ ဆရာတော် အနေနဲ့ အံ့သြဝမ်းသာဖြစ်မိတာက ဒီစာအုပ်ကို ထုတ်ဝေခါစက စင်္ကာပူ နိုင်ငံသားတွေကို ရည်ရွယ်ပြီး ထုတ်ဝေလိုက်ပေမယ့် ကမ္ဘာ့စာပေနယ်အထိ ပျံ့နှံ့သွားတာကို တွေ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ အုပ်ရေ ၁၅၀၀၀၀ လောက် ရိုက်နှိပ်ထုတ်ဝေပြီးပါပြီ။ အမေရိက၊ မလေးရှား၊အိန္တိယ၊ထိုင်း နဲ့ သိရိလင်္ကာ တို့မှာ ကြိမ်ဖန်များစွာ ရိုက်နှိပ်ထုတ်ဝေခဲ့ရပါတယ်။ စပိန် နဲ့ အင်ဒိုနီးရှား ဘာသာစကား အပါအဝင် ဘာသာစကားပေါင်း ၁၄ မျိုးပြန်ဆိုပြီး ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်..။ အခု စတုတ္ထအကြိမ် ထုတ်ဝေခြင်းမှာ အမေး၊အဖြေ အသစ်လေးတွေ ထပ်ဖြည့်ထားပါတယ်။ နောက်ပြီး ဗုဒ္ဓအဆုံးအမ တွေကို အခန်းသစ်တစ်ခု ထပ်ဖြည့်ပြီး ဖေါ်ပြပေးထားပါတယ်။ ဒီစာအုပ်လေးထဲမှာ ဗုဒ္ဓဓမ္မ ရဲ့ အနှစ်သာရ ကို တွေ့မြင် စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အရှင် ဓမ္မိက
စင်္ကာပူ၊ ၂၀၀၅



1. Basic Buddhist Concepts

Question: What are the main teachings of the Buddha?
Answer: All of the many teachings of the Buddha center on the Four Noble Truths just as the rim and spokes of a wheel center on the hub. They are called 'Four' becuase there are four of them. They are called 'Noble' because they ebnoble one who understands them and they are called 'Truths' because, corresponding with reality, they are true.

မေး။ ။ ဗုဒ္ဓရဲ့ တရားတော်ဆိုတာတွေက ဘာတွေလဲ။
ဖြေ။ ။ ဗုဒ္ဓရဲ့ တရားအားလုံးဟာ “ သစ္စာလေးပါးမြတ်တရား ” ကို ခြေခံပါတယ်။ သစ္စာတရား “လေးမျိုး” ရှိပါတယ်။ သစ္စာကို သိမြင်သူကို မြင့်မြတ်စေလို့ “မြင့်မြတ်တဲ့ တရား” လို့ခေါ်ပါတယ်။ အမြဲတမ်းမှန်ကန်နေလို့ “သစ္စာ” လို့ ခေါ်ပါတယ်။


Question: What is the First Noble Truth?
Answer: The First Noble Truth is that 'Life is suffering'. To live is to suffer. It is impossible to live without experiencing some kind of pain or distress. We have to endure physical suffering like sickness, injury, tiredness, old age and eventually death and we have to endure psychological suffering like loneliness, frustration, fear, embarrassment, disappointment, anger, etc.

မေး။ ။ ပထမ သစ္စာတရားက ဘာလဲ။
ဖြေ။ ။ ပထမ သစ္စာတရားက “ဘဝဆိုတာ နာကျင်ခံစားရခြင်း ဒုက္ခ (ဒုက္ခသစ္စာ) ပါ”။ အသက်ရှင်ရပ်တည်နေရခြင်းဟာ နာကျင်ခံစားရဖို့ပါ။ ပူပင်သောက သို့မဟုတ် နာကျင်ခံစားရမှူ မရှိဘဲ ဘဝကို နေထိုင်ဖြတ်သန်းသွားလို့ မရပါဘူး။ ကာယိက ဒုက္ခ ဆိုတဲ့ ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိုခြင်း၊ နာခြင်းတွေ အတွေ အဆုံးမှာ ဘဝဟာ သေဆုံးသွားမှာပါ။ စေတသိက ဒုက္ခ အနေနဲ့ အထီးကျန်ဖြစ်ခြင်း၊ အားမလိုအားမရဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အားငယ်ခြင်း၊ စိတ်ပျက်ခြင်း၊ နဲ့ ဒေါသဖြစ်ခြင်းတို့ကို မလွဲမသွေ တွေ့ကြုံခံစားရမှာပါ။ ဒါ့ကြောင့် ဘဝဆိုတာ ကာယိကဒုက္ခ နဲ့ စေတသိကဒုက္ခ ဆိုတာတွေကို ရှောင်ရှားလို့ မရနိုင်တဲ့ အတွက် နာကျင်ခံစားရခြင်း ဒုက္ခ လို့ ဆိုလိုတာပါ။

Question: Isn't this a bit pessimistic?
Answer: The dictionary defines pessimism as 'the habit of thinking that whatever will happen will be bad', or 'the evil is more powerful than good'. Buddhism teahces neither of these ideas. Nor does it deny that happiness exists. It simply says that to live is to experience physical and psychological suffering which is a statement so true and so obvious that it cannot be denied. Buddhism starts with an experience, an irrefutable fact, a thing that all know, that all have experineced and that all are trying to avoid. Thus, Buddhism starts by going straight to the core of every individual human beings' concern - suffering and how to avoid it.

မေး။ ။ ဒါဆိုရင် ဗုဒ္ဓဘာသာက ဘဝကို အဆိုးမြင်နေတာ မဟုတ်ဘူးလား။
ဖြေ။ ။ အဘိဓာန်တွေမှာ အဆိုးမြင်တယ် ဆိုတာ “ ဖြစ်လာသမျှ အကုန်လုံးကို အဆိုးတွေပဲ ဖြစ်လာမှာပဲ လို့ ယုံကြည်ခြင်းနဲ့ အဆိုးက ကောင်းထက်ပိုပြီး..ဖြစ်လေ့ရှိတယ် လို့ ယုံကြည်ခြင်း ” လို့ ဖေါ်ပြပါတယ်.။ ဗုဒ္ဓဘာသာက ဒီအယူအဆ နှစ်မျိုးလုံးကို လက်မခံ သလို လောကမှာ ပျော်ရွှင်မှူ ရှိတယ် ဆိုတာကိုလည်း မငြင်းပါဘူး။ ဆိုလိုတာက ရှင်းရှင်းလေးပါ ၊ “ ဘဝ ဆိုတာ ရှိနေရင် ကာယိက ဒုက္ခ နဲ့ စေတသိက ဒုက္ခ ဆိုတာတွေကို ရှောင်ရှားလို့ မရပါဘူး.”။
ဗုဒ္ဓဘာသာက ဒါ ကို ဆိုလိုတာပါ။ ဘဝ ဆိုတာရှိရင် ဒုက္ခ ဆိုတာ ရှိမယ်။ ဒါ ငြင်းလို့ မရတဲ့ အချက်ပါ။ လူသားတိုင်း ဒါကို သိပြီး ရှောင်ရှားဖို့ ကြိုးစားနေကြတာပါ။ ဗုဒ္ဓဘာသာက လူသားအားလုံး ပူပန်နေကြတဲ့ ဒီဒုက္ခနဲ့ ဒုက္ခ ကနေလွတ်မြောက်အောင် ဘယ်လို ကြိုးစားရမလဲ ဆိုတဲ့ နည်းလမ်းကို ဖေါ်ထုတ်ရှင်းပြပါတယ်။


Question: What is the Second Noble Truth?
Answer: The Second Noble Truth is that "craving causes all suffering". When we look at psychological suffering, it is easy to see how it is caused by craving. When we want something but are unable to get it, we feel disappointed or frustrated. When we expect someone to live up to our expectation and they don't, we feel hurt. Even when we wants something and are able to get it, this does not often lead to happiness either because it is not long before we feel bored with that thing, lose interest in and commence to want something else. Put simply, the Socond Noble Truth says that getting what you want does not guarantee happiness. Rather than constantly struggling to get what you want, try to modify your wantings. Wanting deprives us of contentment and happiness.

မေး။ ။ ဒုတိယ သစ္စာတရား ကဘာလဲ။
ဖြေ။ ။ ဒုတိယ သစ္စာတရားက တပ်မက်မှူတွေကြောင့် ဒုက္ခဖြစ်တယ်ဆိုတဲ့ သမုဒယသစ္စာ ပါ။ ဥပမာ အနေနဲ့ စေတသိကဒုက္ခ တွေကို ကြည့်ရင်ပဲ သိသာနေပါပြီး။ တစုံတခု ကို လိုချင်တယ်။ မရတော့ စိတ်ဆင်းရဲတယ်၊ စိတ်ပျက်တယ်။ တဲတစုံတယောက်ကို ကိုယ့် အလိုကျ နေစေချင်တယ်။ မနေတော့ စိတ်ဆင်းရဲ ရတယ်။ လိုချင်တာကို ရလာရင် တောင်မှပဲ စိတ်ချမ်းသာ ပျော်ရွှင်မှူက တာရှည်မခံပါဘူး..။ ကိုယ်ရတဲ့ အရာက တာရှည် မခံလို့ပဲဖြစ်ဖြစ်၊ ညည်းငွေ့ သွားလို့ပဲ ဖြစ်ဖြစ်၊ နောက် အခြားတခုကို လိုချင်လာလို့ပဲ ဖြစ်ဖြစ် ...အဲဒီပျော်ရွှင်မှုက ခဏပါပဲ.။ ဒါ့ကြောင့် လိုချင်တာကို ရတိုင်း ပျော်ရွှင်မှုက မသေချာပါဘူး..။ အဲဒီလိုနဲ့ အလိုဆန္ဒတွေနောက်ကို လိုက်ရင်းနဲ့ .. ပျော်ရွှင်မှူ၊ စိတ်ကျေနပ်မှူ နဲ့ ဝေးရာကို ရောက်သွားတာပဲ..။ ဒါကြောင့် ဒုတိယ သစ္စာတရားက အလိုဆန္ဒတွေ ရှိနေသေးသရွေ့ ဒုက္ခဆိုတာ ရှိနေဦးမှာပဲ..။ တနည်းအားဖြင့် ဒုက္ခရဲ့ အရင်းခံအကြောင်းအရင်းက အလိုဆန္ဒတွေ ရှိနေလို့ပါ...။


(ဘာသာပြန်လွဲမှားမှူကြောင့် မှားယွင်းမှုများ ရှိခဲ့ပါက သည်းခံခွင့်လွှတ်ပေးပါရန်နှင့် အခြားစာရှူသူများ ယုံမှားသံသယ ကင်းရှင်းစေရန် အတွက် အမှန်ရောက်အောင် ပြုပြင်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ နောက်လာမည့် အပိုင်းများကိုလည်း ဆက်လက် ရေးသားဖော်ပြပေးသွားပါမည်။)

ခိုင်မြဲ



[+/-] အပြည့်အစုံသို့...