စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, January 6, 2008

"သစ်ပင်မဲ့လျှင် ဥယျာဉ်တွင် လွန်ပင်ပျင်းရိစရာ"

ထုံးမဲ့ကွမ်းယာ ဆားမပါ ဟင်းလျှာစားဖွယ်မျိုး
အတတ်ချို့တဲ့ ပျို့တေးဘွဲ့ ဖွဲ့နွဲ့ကဗျာချိုး
ဥစ္စာမဲ့လင်း တန်ဆာဆင်း ဆင်ချင်းတပါးတိုး
ဤလေးမျိုးမှာ အရသာ မှန်စွာမရှိရိုး

ဆိုတဲ့အတိုင်းပဲ ဥယျာဉ်မှူးတွေ သစ်ပင်လေးတွေလာမစိုက်ကြတော့ ဥယျာဉ်ထဲ လျှောက်လည်ရတာကလည်း ပေါ့ပျက်ပျက်နေသလိုခံစားမိတယ်ဗျာ။
(သစ်ပင်မဲ့လျှင် ဥယျာဉ်တွင် လွန်ပင်ပျင်းရိစရာ။)

တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား
ကြာမရှိတဲ့ ကန်

ဟာ မတင့်တယ်သလိုပဲ ဥယျာဉ်မှူးတွေ မရှိတဲ့ စိတ်မီးအိမ်ကလည်း တင့်တယ်မှု ကင်းမဲ့နေသလို အမိမဲ့သား၊ ရေနည်းငါးပမာ ခံစားမိတယ်ဗျာ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...