စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, January 20, 2008

"ဘုရားထူးရခြင်း အကြောင်း"

ရှေးခေတ်ဘုရင်းတွေက ခေါ်ရင်ပြောရင် ဘုရားဆိုပြီးပြန်ထူးတဲ့အလေ့အကျင့်က အခုနောက်ပိုင်း မင်းအဆက်ဆက်ထိအောင် ပါလာတယ်ဆိုပဲ။ အဲဒီလိုဘာကြောင့် ထူးရတာလဲဆိုရင် အစက အုပ်ချုပ်ရေးစနစ်မှာ ဘုရင်စနစ်မထွန်ုးကာခင်ကပေါ့ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ နဲ့ စုစုပြီး နေလာလိုက်တာ နောက်ဆုံး အခက်အခဲတွေ၊ ပြဿနာတွေဖြစ်လာတဲ့ အခါမှာ ဦးဆောင်ပြီး ဖြေရှင်းပေးတဲ့သူကို သူတို့က ဦးစီးဦးဆောင်အဖြစ်၊ ရှင်ဘုရင် အဖြစ် တင်မြှောက် ကြတာပေါ့လေ။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေက လက်မခံဘူး ဖြစ်နေကြတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဘုရားဆုပန်ပြီး ပါရမီဖြည့်ကျင့်နေကြတဲ့သူတွေဖြစ်နေလို့ မလို့ပဲ။ တကယ်လို့သူတို့ဟာ ဘုရင်တင်မြှောက်မှုကို လက်ခံလိုက်ရင် လုပ်ငန်းတွေက အရမ်းများပြီး ပါရမီဖြည့်ရမယ့်အကြောင်းတွေ၊ ဘုရားဆုပန်ထားတာတွေကို မေ့လျှော သွားနိုင်တယ် ဆိုပြီ လက်မခံကြဘူးတဲ့။ ဒါပေမယ့် အခက်အခဲတွေ၊ ပြဿနာတွေ ဖြစ်လာလိုက်ရင် သူတို့ပဲ ဦးစီးဦးဆောင်ဖြေရှင်းပေးကြရတာပဲတဲ့။ သူတို့ရဲ့ လက်ရုံးရည်၊ နှလုံးရည်ကို ဘယ်သူမှ မမီကြဘူးတဲ့လေ။ နောက်ဆုံးမှာ သူတို့ကို တောင်းပန်ပြီး မင်း လုပ်ဖို့ပြောကြရတာပေါ့။ ရှင်ဘုရင်လုပ်တဲ့အခါမှာလဲ သူတို့ဘုရားဆုပန်ထားတဲ့ အကြောင်းကို မမေ့မလျှော့အောင် သတိပေးကြမယ်ပေါ့။ ဘယ်လိုသတိပေးကြမလဲဆိုရင် သူတို့ကို ခေါ်ဆိုတဲ့အခါမှာ ဘုရား ထူးပြီး သတိပေးမယ်ဆိုပြီး ဂတိခံလိုက်ကြတယ်။ တကယ်လည်း ခေါ်ဆိုတဲ့အခါမှာ ဘုရား ဆိုပြီး သတိလည်းပေးရင်း ပြန်လည်းထူးရင်း ကနေပြီး နောက်ပိုင်းမှာ ရှင်ဘုရင်အဆက်ဆက်ကို ဘုရားထူးရတာတွင်သွားသတဲ့။
အဲဒီအကြောင်းလေးကိုတွေးပြီး သူငယ်ချင်းတွေဆုံဖို့ စိတ်မီးအိမ်ဆိုတဲ့ ဥယျာဉ်လေး တည်ဆောင်လိုက်တဲ့အခါမှာ ဘယ်လိုသစ်ပင်မျိုးကို စိုက်သင့်လည်းလို့ စဉ်းစားလိုက်တဲ့အခါ အရင် Google group မှာတုန်းက တချို့သူငယ်ချင်းတွေက ပို့စ်တွေဘာလို့မတင်ဖြစ်တာလဲ ဆိုတော့ မအားလို့တဲ့။ သူငယ်ချင်းတွေ မအားဘူးဆိုတာကို သိတော့သိပါတယ်။ ဒါပေမယ့် နွေးနွေးထွေးထွေး နေချင်တဲ့ဆန္ဒကြောင့် နည်းနည်း အချိန်ပေးစေချင်မိတာပေါ့လေ။ ဟုတ်တော့လည်း ဟုတ်ပါတယ် သူတို့လုပ်နေတာနဲ့ နှိုင်းစာကြည့်ရင် အနတ္တ အလုပ်လုပ်တယ် ဆိုတာက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာကို။ အဲဒီတော့ မအားတဲ့ သူငယ်ချင်းတွေကို သတိလည်းပေးရင် ကိုယ်လည်း သတိဝင်လာနိုင်တယ် သစ်ပင်လည်းစိုက် ဖြစ်တယ်ဆိုပြီတော့ ဘာသာရေးနဲ့ပါတ်သက်တဲ့ အကြောင်းလေးတွေကို စိုက်ပျိုးဖို့ စိတ်ကူးပြီး အနတ္တ သိသလောက်ကလေး စိုက်ပျိုးလိုက်တာပါ။ တကယ်တော့ အနတ္တလည်း ဘာသာတရားကို နှစ်နှစ်ကားကား၊ နက်နက်ရှိင်းရှိင်း ယုံကြည်မိတာလေးပဲရှိပါတယ်။ ဘာမှဟုတ်တိပတ်တိ မလုပ်ဖြစ်ပါဘူး။ မအားမလပ်တဲ့ သူငယ်ချင်းတွေ အနတ္တ ရေးထားတာကို ဖတ်ပြီး သတိလေး ဝင်လာတယ်ဆိုရင် အနတ္တ ဘုရားထူးရကျိုးနပ်ပြီပေါ့။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"လိပ်ပု အမှတ်တရ"

အမှတ်တရ

နှောင်ကြိုးတွေမသီမှီ မခင်ခဲ့ရရင်ဖြင့်
ရင်ထဲဝေဒနာ မခံစားရတော့ဘူးပေါ့
ခုတော့ရင်မှာ
ဖြတ်လို့မရ သံယောဇဉ်တွေ
တွယ်ခဲ့ပြီးကာမှ
ခွဲကြရမယ်ဆိုတော့
သူငယ်ချင်းရယ်
ရင်ထဲဝေဒနာ ကြေငြာလို့တော့မပြချင်ဘူး
ဒါပေမယ့်လေ
ရင်ထဲမှာတော့ ကျွမ်းမြေ့ကြေကွဲ ။

လိပ်ပု

အိမ်ကိုပြန်ရောက်တော့ သတိတရရှိတာနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ ရူးခဲ့ကြတဲ့ စာအုပ်ကလေးကို ပြန်ရှာကြည့်တာ မတွေ့ဘဲ အော်တိုစာအုပ်ကလေးတွေ့တာနဲ့ အဲဒီအထဲက သူငယ်ချင်းလိပ်ပု ရဲ့ ကဗျာလေးတွေ့တာနဲ့တင်ပေးလိုက်တာပါ။ သူငယ်ချင်းအားလုံးပြန်လည်နုပျို လန်းဆန်းလာအောင်လို့ပါ။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...