စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, November 23, 2007

ယာကန်သင်းတစ်ခု တည်ဆောက်ခြင်း (မြန်မာပြန်)

ယခုတလော စင်္ကာပူ မှာ မိုးခဏခဏ ရွာတတ်သည်။ စင်္ကာပူတွင် ရာသီဥတု ဘယ်နှစ်မျိုး ရှိမှန်း ကျွန်တော် မစူးစမ်းမိသေး။ ဒီတော့ ဒီမှာ ယခု ဘာရာသီရောက်နေတာလည်း ကျွန်တော် မသိ။ သို့ပေမယ့် ဒီရက်များအတွင်း နံနက်စောစော နှင့် ညပိုင်း တွင် မိုးများ ရံဖန်ရံခါ ဆိုသလို သည်းထန်လေ့ရှိပေသည်။

ယနေ့ နံနက်စောစောတွင် လည်း ကိုရွှေမိုးသည် နံနက်မင်္ဂလာကို သူ၏ မိုးစက်မိုးပေါက်များဖြင့် သွန်းဖြန်း ကြိုဆိုလိုက်ပြန်သည်။ မနက်က မိုးသည် တော်တော် တော့ သည်းထန်ပေသည်။ ရွာစကား နှင့် ပြောရလျှင်တော့ မိုးက တော်တော် အရည်ပါပေသည်။ မိုးအေးအေး ဆိုတော့ ကျွန်တော်လည်း လွတ်နေသော ခြုံစောင် ကို ပြန်ဆွဲခြုံပြီး နှပ်နေလိုက်သည်။ အမှန်ကတော့ ပျင်းနေတာလို့ လည်း ပြော၍ရမည်။ ဘာပဲ ပြောပြော မိုးအေးအေးမှာ စောင်ခြုံကွေးရသည့် အရသာ ကို ကျွန်တော် တော်တော်ကြိုက်သည်။

ကောင်းကင် မှ မိုးပုလဲလုံးများ ခေါင်မိုးနှင့် မြေပြင်များ ပေါ်တွင် တအုံးအုံး နှင့် ကြွေချနေသံများ ကြားနေရသည်။ သို့ပေမယ့် ဒီမှာ ကြားနေရသော မိုးပုလဲလုံးများ၏ အော်သံသည် ကျွန်တော် ရွာမှာရှိစဉ်က သယ်ကယ်မိုး ထားသည့် အမေ့အိမ်၏ အိမ်မိုးပေါ် သို့ ရိုက်ခတ်သော မိုးသံများလောက် မလှဟု ကျွန်တော်က ထင်သည်။ ကျွန်တော် ကြီးပြင်းခဲ့ရသော အမေ၏ အိမ်ရှိသော ကျွန်တော်တို့၏ ရွာလေးသည် မြန်မာပြည် အလယ်ပိုင်း က အညာမြေတွင် တည်ရှိပေသည်။ ထို အညာမြေကို ဖန်ခါး မြေဟု လည်း တင်စားတတ်ကြသေးသည်။ကျွန်တော်က မူ ဖန်ခါးမြေ၊ ဇီးဖြူမြေ၊ တမာမြေ၊ ရင်ခပ်ပန်းတို့ ပွင့်ရာမြေ၊ အင်ကြင်းမြေ၊ ရှားစောင်းမြေ စသဖြင့် ဝေဆာ နေအောင် ပေးမနေပဲ ပြေးပဲ ခံစားလိုက်ချင်သည်။ ထိုမြေသည် မြန်မာ နိုင်ငံ၏ မိုးခေါင်းရပ်ဝန်း။ နွေရာသီသည် ထိုနေရာ တွင် အပူဆုံး။ မိုးရေချိန်သည် မည်သည့် နှစ်မှ မလောက်ငှပေ။ ထို့ကြောင့် တောင်သူလယ်သမား တို့ အတွက် တခါတရံ မှသာ လာလည်တတ်သော ကိုရွှေမိုးသည် ပုလဲလုံးများကဲ့သို့ တန်ဖိုးကြီးမားကြပေသည်။

တောင်သူ လယ်သမားတို့သည် တနှစ်ပတ်လုံး အလုပ်လုပ်ကိုင်ကြရပေသည်။ နွေ၊မိုး၊ဆောင်းတို့သည် တစ်နှစ်တာ ကို လည်ပတ် ကုန်ဆုံးစေသကဲ့သို့ တောင်သူလယ်သမားတို့သည် လည်း တောင်ယာ လုပ်ငန်းကို မနေမနား လုပ်ကြရသည်။ ပညာရေးရည်မှန်းချက် အတွက် ဇာတိချက်ကြွေ မွေးရပ်မြေမှ မခွဲခွာမီအထိ ကျွန်တော်လည်း တောင်သူလုပ်ခဲ့ဖူးသည်။ ထိုတောင်သူလုပ်ငန်း အတွေ့အကြုံသည် ကျွန်တော့်ဘ၀ အတွက် တကယ် ပင် မမေ့နိုင်စရာ ဖြစ်နေတော့မည် သေချာသည်။ ထို အတွေ့အကြုံများထဲ မှာ တစ်ခု ကို စိတ်မီးအိမ် တွင် မျှဝေ ရန် ကျွန်တော် စောင်ခြုံထဲ မှာ ကွေးနေရငှ်း တွေးနေမိသည်။ မိုးရွာစဉ် တွေးနေသော အတွေးများကို အခြေခံသဖြင့် တောင်သူလယ်သမားတို့၏ မိုးကို မျှော်လင့်ကြရပုံ၊ မိုးပုလဲလုံး များကို မည်မျှ တန်ဖိုးထားရပုံ စသည့် အကြောင်းအရာများသည် ခေါင်းထဲသို့ အလျှို အလျှိ ၀င်ရောက်လာပေသည်။ ထိုအတွေးတို့သည် ကောင်းတမန် ကို စောင်ခြုံထဲတွင် ပို၍ အရသာ ရှိစေပြန်သည်။ လွတ်နေသော စောင်တဖက်ကို ဆွဲ ဖုံးလိုက်ရင်း ကျွန်တော် ဆက်တွေးမိပြန်သည်။

ထိုနေ့ရက်များကို “ကျွန်တော်၏ တောင်သူနေ့များ” ဟု ကိုယ့်ဘာသာ အမည်ပေးလိုက်ပြန်သည်။ တောင်သူလယ်မားတို့၏ သနားစရာ မိုးမျှော်ကြရပုံကို သရုပ်ဖော်လိုသည်။ ထိုနှစ်က မှတ်မှတ်ရရ ကျွန်တော် တို့ ယာတွေ ထဲမှာ ချောင်းကောက်ဟု အမည်ပေးထားသော ယာကွက် တစ်ခုတွင် ပဲတီစိမ်း (အညာအခေါ် ပဲနောက်) များစိုက်ထားသည်။ ပုံမှန်အားဖြင့် ပဲတီစိမ်းကို နယုန်လ မိုးများ ရွာပြီး၍ မိုးနူးလျှင် စိုက်တတ်ကြသည်။ ပဲတီစိမ်းသည် တစ်လ နှင့် တစ်ဆယ့်ငါးရက် အရွယ်ရောက်လျှင် အဖူးအပွင့်တို့ စထွက်လေသည်။ ထိုအချိန်သည် တောင်သူလယ်သမားတို့အတွက် အရေးအကြီးဆုံး အချိန်ပင်။ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင် ၊ သပြေသီးမှည့် ကောက်စို့ကွယ် စသဖြင့် ထိုရာသီ ထိုကာလအတွင်း မြန်မာနိုင်ငံ ၏ မိုးကောင်းလှပုံကို အမျိုးမျိုး တင်စားကြပေသည်။ သို့ရာတွင် ကောင်းတမန် တို့ အညာတွင် ထို လများတွင်ပင် မိုးမကောင်းတတ်ပေ။ မှတ်မှတ်ရရ ကောင်းတမန် ကိုးတန်းနှစ် က ၀ါဆိုဝါခေါင် ပဲနောက်များ ပွင့်ချိန်တွင် မိုးက မလာတော့ပေ။ အသီးအပွင့်တို့ ဝေဆာရန် တနည်းအားဖြင့် ပဲနောက် အထွက်ကောင်းရန် ကိုရွှေမိုးက သော့ချက်ဖြစ်ပေသည်။ သို့သော် လူကြီးမင်း က ထိုနှစ်တွင် ရောက်မလာပေ။ ကောင်းတမန် တို့ မောင်နှမသုံးယောက် လုံးဝ စိတ်မကောင်းကြ။ မိုးကောင်းကင် ကို မော့ကြည့်ရလွန်း၍ လည်ပင်းများပင် ညောင်းလှပေပြီ။ ထိုမျှ စိတ်မကောင်းရခြင်း အကြောင်းအရင်းကား ထိုနှစ်က ကောင်းတမန် တို့ မိသားစု ပေါ်တွင် တင်ရှိ ခဲ့သော အကြွေးများကြောင့်ပင်။ ကောင်းတမန် က ကိုးတန်း၊ အမက ဆယ်တန်း၊ ညီမလေးက ငါးတန်း တက်ခါစ။ ထိုသုံးယောက်၏ ကျောင်းစရိတ် နှင့် အခြားရွာတို့ သွားရောက်တက်ရသဖြင့် ၀ယ်ရသည့် စက်ဘီးဖိုးများ အတွက် အမေ့၏ နားနှစ်ဖက် လည်း မလှတော့။ အဖေ၏ ကျောတို့လည်း မအေးမြတော့။ ပေါင်နှံချေငှား၍ ကျောင်းစရိတ်ကို ရှင်းထားရသည်။ ထို အကြွေးများကို ကျေနိုင်ရင် ကယ်တင်ရှင် က ဒီ ပဲနောက်ခင်းများ။ ပဲနောက် မထွက်လျှင် အဖေ နဲ့ အမေ အကြွေးမကျေ သည့်အပြင် အကြွေးထပ်တင်ရပေမည်။ ထိုသို့ဖြင့် ကောင်းတမန်၏ အဖေ နှင့် အမေသည် ထို အကြွေးများ၊ ကျောင်းစရိတ်များကို ဂုဏ်ယူစွာ ရင်ဆိုင်၍ ကောင်းတမန် တို့ကို ပညာသင်ပေးခဲ့သည်။ ကျွန်တော် တို့ မောင်နှမ သုံးယောက် လည်း ထိုနှစ် တွင် မိုးပုလဲများကို အဖေ၊အမေ တို့ ထက် ပိုမျှော်မိသည်။ ယခင်နှစ်များက ကလေးစိတ်ဖြင့် ကောင်းစွာ နားမလည် ခဲ့သမျှ ဒီနှစ်မှ ကျောင်းစရိတ်၊ စားစရိတ်၊ အကြွေး စသည် တို့ကို နားလည် ခဲ့ပေသည်။ ထို့ကြောင့် မိုးသည် ကျွန်တော်တို့၏ ကယ်တင်ရှင်ပင် ဖြစ်သည်ဟု သိနားလည်လာသည်။

ဒီနှစ်တွင် မိုးငတ်နေချိန် မိုးများ ရွာချလိုက်လျှင် အဖေ အမေ တို့ကို မပင်ပန်းစေချင်သဖြင့် ကောင်းတမန် တို့ သုံးယောက် ချောင်းကောက်ထဲသို့ ပြေး၍ မိုးရေ ကို ဖမ်းမည် ဟု ဆုံးဖြတ်ထားသည်။ ချောင်းကောက်ဟု အမည်ပေးထားရခြင်းမှာ တောင်ကျ ချောင်း တစ်ခု ကောင်းတမန် တို့ ယာကွက် နားတွင် ကွေ့ကောက်လာ၍ ယာကွက်ကို ဖြတ်ပြီး စီးဆင်းတတ်သောကြောင့် ဖြစ်သည်။ အညာမြေတွင် မိမိတို့ ၏ ယာများကို ထိုကဲ့သို့ နာမည်ပေးလေ့ရှိသည်။ ကျွန်တော်တို့ ယာကွက်များ၏ အမည်မှာ ချောင်းကောက်ယာ၊ကန်တော်ယာ (ရေကန်အနီးတည်ရှိ၍)၊ သရက်ပင်ကွက်(သရက်ပင်ရှိ၍)၊ အနောက်ယာ (ရွာ၏ အနောက်ဘက်တွင်ရှိ၍) စသည်တို့ ဖြစ်သည်။

မိုးသည် မျှော်လေ မလာလေပင်။ ၀ါဆိုကျော်၍ ၀ါခေါင်ကူးလေပြီ။ အညာတွင် မိုးမရွာသေး။ ပဲနောက်ပင် တို့သည် ညှိုးနွမ်းပိန်ချိနေပေပြီ။ ထို့ထက် ကျွန်တော်တို့ စိတ်တွေသည် ပို၍် ညှိုးနွမ်းရပေသည်။ မိုးမရွာလွန်းသည့် အခါ ကျေးလက် ဓလေ့အရ ရွာဦးကျောင်းဆရာတော် နှင့် တောရကျောင်း ဆရာတော်ဘုရားတို့ ကို ပင့်ဖိတ်၍ ငရံ့မင်း ပရိတ် ရွတ်ကြသည်။ ပရိတ်ရေမိုး ရွာစေသည်။ လွန်ဆွဲ လျှင် မိုးရွာစေသည် ဟု အယူရှိသဖြင့် လွန်ကြိုးကို အပြိုင်အဆိုင် ဆွဲကြသည်။

ထို့ကြောင့်လား၊ သဘာဝ တရားကြောင့်လားတော့ မသိ ပရိတ်ရွတ် ၊လွန်ဆွဲပြီးမကြာမီ ထိုနှစ်က မိုးရွာပေသည်။ အဖေ၊ အမေ နှင့် ကျွန်တော် တို့၏ မျက်နှာများတွင် အပြုံးရိပ်များ ပြန်လည် ထင်ဟပ်လာပြန်သည်။ မှတ်မှတ်ရရ ထိုမိုးပုလဲများ ကျလာချိန်သည် ကျွန်တော်တို့ မောင်နှမတွေ ကျောင်းက ပြန်ရောက်ချိန်လေးပင်။ မိုးက တကယ် အရည်ပါမပါ ခဏစောင့်ကြည့်ကြသည်။ မိုးသည် သည်းသထက် ပို၍ သည်းထန်လာပေသည်။ နောက်ဆုံး အရည်ပါသည် ဟု သေချာ သော အခါ ကျွန်တော်တို့ သုံးယောက် ပေါက်ပြား၊ငန်းပြား နှင့် ဂေါ်ပြား တို့ ကိုယ်စီ ထမ်းကာ ချောင်းကောက် ယာသို့ ပြေးတော့သည်။ ကျွန်တော် က ငှက်ကြီးထောင်ဓားကို ခါးတွင် ထိုး၍ အပိုယူလာသည်။ အမေက အိုးထဲ က ထန်းလျက်ခဲများကို နှိုက်၍ ပလတ်စတစ်ဖြင့် ထုတ်ပေးလိုက်သည်။ မိုးရွာနေသဖြင့် ရေဗူး ထည့်မပေး။ အချိန်မရ၍ လည်း ဖြစ်သည်။

မိုးထဲတွင် ပုလဲလုံးများ အမှန်ခံရသည် မှာ တကယ် ပျော်စရာ ကောင်းလှသည်။ဒီလိုနှင့် မောင်နှမတွေ ပြေးလွှားဆော့ကစားရင်း ချောင်းကောက်ထဲသို့ ရောက်လေသည်။ တောင်ကျ ချောင်းရေသည် ချောင်းကောက်သို့ရောက်မလာသေးပေ။ ထို့ကြောင့် ကျွန်တော် တို့ သုံးယောက် အမြန်လုပ်ငန်းစသည်။ ချောင်းရေလာလျှင် ဖမ်းရန် အတွက် ယာကန်သင်းကို ပို၍ မြင့်အောင် ခိုင်ခံ့အောင် မံရမည်။ ကျွန်တော် က ပေါက်ပြားဖြင့် မြေကို တူးဆွသည်။ တူးထားသည့် မြေစာများကို အမ က ဂေါ်ပြားဖြင့် ကော်၍ ကန်သင်းပေါ်တွင် အုံသည်။ ညီမလေးက ငန်းပြားဖြင့် ထိုနည်းတူအုံသည်။ လိုအင်လျှင် ငန်းပြားဖြင့် ကန်သင်းကို ရိုက်၍ ပိုမို ခိုင်ခံ့စေသည်။ ဒီလိုနှင့် ကန်သင်း အရှည်တလျှောက် လိုက်လံ၍ မြေဖို့ပြီး ပိုမို မြင့်မား ခိုင်ခံ့စေသည်။ လုံလောက်ပြီ ဟု ထင်သည့် အချိန်တွင် ကျွန်တော်တို့ တော်တော် မောနေပြီ။ ပါလာသော ထန်းလျက်ခဲ များကို မိုးရေနှင့်အတူ လည်ချောင်းထဲ ပစ်သွင်း၍ ရွှံ့ထဲ မိုးထဲတွင် အားရပါးရ ထိုင်နားလိုက်သည်။

သိပ်မကြာပါ။ တောင်ကျ ချောင်းရေ သည် ကျွန်တော် တို့ ယာနား သို့ ရောက်လာသည်။ ကျွန်တော်တို့လည်း တော်တော် ပျော်နေသည်။ ချောင်းရေသည် ကန်သင်း အတားနှင့် တွေ့သောအခါ လာလှမ်းအတိုင်း မစီးနိုင်တော့ပဲ ကျွန်တော်တို့ ယာအနှံ့ စီးဝင် စိမ့်ဝင် တော့သည်။ ပျော်လိုက်သည့် ဖြစ်ခြင်း။ ပဲနောက်ဖူးတို့သည် ရုတ်တရက် ပွင့်အာလာသည်။ ပဲနောက်ရွက် ခပ်စိမ်းစိမ်း နှင့် ပဲနောက်ပွင့် ၀ါဖန့်ဖန့် တို့သည် လိုက်ဖက်ညီစွာ ပင် မိုးနဲ့ အတူ သဘာဝ ပန်းချီကားကို ရေးခြစ်ပြန်သည်။ နားနေရင်း ပဲနောက်ခင်း တစ်လျှောက် ချောင်းရေ စိမ့်ဝင် စီးဆင်းသည် ကို လိုက်ကြည့်ကြသည်။ အပေါ်က မိုးကလည်း ရွာနေသည်။ ချမ်းလှ၍ အားလုံး ခိုက်ခိုက်တုန်နေသည်။ သို့သော် ကျွန်တော်တို့ စောင့်ကြည့်မှ ဖြစ်မည်။ ရေများလာလျှင် ကန်သင်းသည် နိုင်မည်မဟုတ်။ ကျိုးနိုင်ပေသည်။

သို့သော် ကလေး အတွေးဖြင့် ကျွန်တော်တို့ သည် ယာကန်သင်းကို ရေမကြော်နိုင်ရန် ထပ်မံ ဖြည့်စွမ်းနိုင်မည်ဟု ထင်ထားပေသည်။ မိုးသည် ပို၍ပို၍ သည်းထန်လာသည်။ ချောင်းရေသည် ပို၍ အစီးသန်လာပေပြီ။ ယာကန်းသင်းကို ကျော်စပြုပြီ။ ကန်သင်းမြေစာသည် အသစ်ဖြစ်၍ ရေတိုးရေစိမ့်ဒဏ်ကို ကောင်းကောင်း မခံနိုင်ပေ။ ပေါက်သည့် နေရာ က ပေါက်သည်။ ရေကျော်သည့် နေရာက ကျော်နေပြီ။ ထိုအခါ ကျွန်တော်တို့ သုံးယောက် လုပ်ငန်းစရပြန်ပြီ။ မြေစာကို တူးဆွ၍ ယာကန်သင်းတွင် ထပ်မံ ဖို့သည်။ ဖာသည်။ သို့သော်မရ။ ယာထဲတွင် ရေက အပြည့်ဖြစ်၍ အီနေသည်။ နောက်ဆုံးတွင် ချောင်းရက အနိုင်ရသည်။ ကန်သင်းကို ကျော်၍ စီးဆင်းသွားလေပြီ။ကျွန်တော်တို့ လည်း ဘယ်လိုမှ မနိုင်သောအခါ မောမော နှင့် ထိုင်ကြည့်နေရသည်။ မိုးများတိတ်၍ ချောင်းရေ စဲသွားသောအခါ အိမ်သို့ ပြန်ခဲ့ကြသည်။ အိမ်ရောက်မှ ရေတွင်းမှာ ရေကို ငင်ကာ ရေချိုးလိုက်သည်။ ထို့နောက် ညနေစာ ကို စားကာ စောင်ခြုံထဲသို့ ၀င်၍ ကွေးလိုက်ကြသည်။

သို့သော် ထိုနှစ်တွင် ကျွန်တော်တို့ ယာက ပဲနောက် အများဆုံးရလိုက်ပေသည်။ အကြောင်းမှာ ချောင်းရေကို ယာကွက်ထဲတွင် အချိန် တော်တော်ကြာကြာ စိမ့်ဝင် စီးဆင်းစေပြီး မြေကြီး အနက်အထိ ရေကို ၀င်ရောက်စေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် မိုးများမရွာသောအခါ ထိုသို့ ပြုလုပ်မထားသော တောင်သူတို့၏ ယာများတွင် တစ်ကြိမ်သာ ပဲနောက် ကောက်လိုက်ရပြီး ကျန် အကြိမ်များတွင် ပဲနောက် မအောင်တော့ပေ။ ကျွန်တော်တို့ ယာတွင် ထိုသို့ ရေကို မြေကြီးအနက် အထိ စိမ့်ဝင် ထိန်းသိမ်းစေသဖြင့် မိုးမရွာသည့် ဒဏ်ကို ခံနိုင်စေကာ ပဲနောက် အကြိမ်ကြိမ် ကောက်လိုက်ရပေသည်။ ကံအားလျော်စွာ ပဲနောက်ဈေး တက်သည့် နှစ် နှင့် ကြုံသောအခါ ကျွန်တော်တို့ အကျွေးများ ဆပ်လိုက်နိုင်ပေသည်။ အမေ ၏ နားနှစ်ဖက် လည်း ပြန်လှလာပေပြီ။ အဖေ၏ ကျောသည်လည်း အေးမြပြန်ပြီ။ ကျောင်းစရိတ်လည်း ထိုနှစ်က မပူလိုက်ရ။

ထိုနှစ်သည် ကျွန်တော် တောင်သူ လုပ်ခဲ့သမျှ သက်တမ်းအတွင်း အပျော်ဆုံး နှစ်ဖြစ်ခဲ့သည်။ ထို ယာကန်သင်းတစ်ခု မောင်နှမတွေ ပေါင်း၍ မွမ်းမံ ခိုင်ခံ့စေခဲ့သော သင်ခန်းစာ သည် ကျွန်တော့် ဘ၀အတွက် မောင်နှမသုံးယောက် တို့၏ မေတ္တာ တရားကို ခိုင်ခံ့စေသာ ကန်သင်းတစ်ခု အလိုလို ဆောက်ပေးနိုင်ခဲ့သည် ဟူ ထိုအချိန်က မတွေးမိပေ။ နောက်နှစ်ပေါင်းများစွာ ကြာညောင်းခဲ့၊ မိဘ မောင်နှမ တွေ နှင့် ဝေးခဲ့ရမှ ထိုအချိန်က ဆောက်ခဲ့သော စိတ်ကန်သင်းသည် မည်မျှ ခိုင်ခံ့ကြောင်းသိလာရပေသည်။ အမ နှင့် ညီမလေးကို လွမ်းသည်။ မိုးရွာထဲတွင် ယာကန်သင်း အတူတူ ဆောက်ချင်သည်။ အမေ့ နားနှစ်ဖက် ကို ထိုထက်ပိုလှစေချင်သည်။ အဖေ ကျောနှစ်ခြမ်းကို ထိုထက်ပို အေးချမ်းစေချင်သည်။

ကျွန်တော်တို့၏ ထိုစိတ်ကန်သင်းသည် လောကဓံ ဆိုသည့် ချောင်းရေ မည်မျှ အားကောင်းပါစေ၊ ထိုချောင်းကို အံတု ခုခံ ကာကွယ် ပြီး ကျွန်တော်တို့ မောင်နှမတွေ၏ ဘ၀ ယာခင်းများကို ခိုင်မာတည်တံ့စွာ ထာဝရ ဘောင်ခတ် လှပစေ၍ ဘ၀အေးချမ်းသာယာမှု ဟူသော ပဲနောက်များကို အောင်မြင်စွာ ခူးကောက်ရမည်ဟု ရောက်သည့်နေရာမှ မိုးရွာတိုင်း ကောင်းတမန် လွမ်းဆွတ်တမ်းတစွာ တွေးတောနေမိပေသည်။

[+/-] အပြည့်အစုံသို့...

Letter from a friend

“It was a fun to climb up on foot. After I have covered about one mile, I found myself walking up through the deep forest. Sometimes I met the people who come down from pagoda. I occasionally hear sweet song of singing birds. Sometimes I hear the sound of water fall coming from the forest but I can't see it.”

This morning I got a letter from my friend. He shared his trip to Kyaikhtiyoe Pagoda with his Australian friend. Although it is a personal letter, it is worth sharing with you all so that you all can feel and enjoy his trip to the pagoda.

Dear friend,

I enjoyed our short time with Ken very much in Kyaikhtiyoe. We arrived at The Kin Pun Camp at 3:15pm and spend a night at Seasar Gust House. And Next morning at 7:00 o'clock we start our journey from the base camp to the top of Kyaikhteyoe. I climb up on foot and Ken on truck car because it's not easy to climb half and seven miles up for his age.

It was a fun to climb up on foot. After I have covered about one mile, I found myself walking up through the deep forest. Sometimes I met the people who come down from pagoda. I occasionally hear sweet song of singing birds. Sometimes I hear the sound of water fall coming from the forest but I can't see it. I often cross the small stream. The water in it is so clean and cool. After I walked up for two hours I found a quite big rock standing beside a stream and I sat on it and took a rest blowing burger a sweet song. Just a few minutes rest under a good shake of nice tree and breathing fresh air can make me refresh. I really felt the natural beauty of forest and ranges of mountains and sweet smell of wild flowers. I could see many shops which sell some drinks and food along the way. The meat of wild animals is available in every shop.

It took about four hours to get at the top of mountain. When I got there Ken had rent a room in Kyaikhto Hotel. After taking a rest for a few minutes we went out for lunch. After that I went to pay my respect to Kyaikhteyoe Pagoda and said my prayer. We spent one night and one day there and climb down to catch 1:00 bus to Yangon.

It was the first time and really enjoyable journey for me. I shared it with you and hope you can feel it.

Warmest regards

Aung

[+/-] အပြည့်အစုံသို့...