သတိပြု ရှုမိစေရာ
နွေကန္တာလယ် နေခြည်ဖြာလည်း
နေ့ စဉ်မှာလေ ဆောင်နေကြသူ
ထိုထိုလူသား ခရီးသွားသော်
ပူ၏မထင် ရှေ့ သို့ နှင်။
တမူထူးခြား အရိပ်များခို
ကလောင်ကိုစွဲ အားခဲဆောင်ယူ
ထိုထိုလူသား ခရီးသွားသော်
ပူလောင်ပင်ပန်း မရွှင်လန်း။
ထို့ တူသာပင်
ဤ်ခန္ဓာကိုယ် ရုပ်နာမ်တွေများ
လောဘတဏှာ ကိလေသာပွား
လောင်နေငြားလည်း ပူ၏အေး၏
မတွေးမိစဉ် ရှေ့သို့ နှင်။
အရိပ်ထဲမှာ နေဘူးမှသာ
အေးမြဘိ၏ ခံစားသိသို့ 
နိဗ္ဗာန်ဟူဘိ ထိုသန္တိကား
ချမ်းမြေ့ တည်ကြည် မှန်ပေသည်တည့် 
ကူးခပ်စုန်ဆန် လူ့ ဘုံမှန်က
သမုဒယကြောင့်  ဒုက္ခအကျိုး
ဆိုးကျိုးပြစ်မြင် ရှစ်မဂ္ဂင်ကို
သိမြင်စေသား အို ခရီးသွား .................။