စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, April 30, 2008

--------ဆုံဆည်းရာ---------

အချစ်နဲ့ ချိန်းဆိုထားတဲ့နေရာကို
ညက ကိုယ်တစ်ယောက်ထဲ သွားတဲ့အခါ
ငှက်တွေ သီချင်းမဆိုတော့ဘူး
လေကလည်း မလှုပ်ရှားဘဲ ငြိမ်နေတယ်
လမ်းရဲ့ တစ်ဖက်တစ်ချက်က အိမ်တွေကလည်း
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တည်နေကြတယ်။
ကိုယ့်ခြေထောက်က ခြေကျင်းတွေနဲ့ အသံကလဲ
လှမ်းလိုက်တိုင်း ပိုပြီး မြည်လာလို့
ကိုယ်ရှက်နေမိတယ်လေ...
ကိုယ်တို့အိမ် ဆင်ဝင်ပေါ်မှာ ထိုင်ပြီး
သူရဲ့ ခြေသံတွေကို နားထောင်နေတဲ့အခါ
သစ်ပင်ပေါ်က သစ်ရွက်တွေက အသံမပြုကြတော့ဘူး။
မြစ်ထဲက ရေက အိပ်ပျော်နေတဲ့ အစောင့်ရဲ့
ဒူးပေါ်က ဓားလိုပဲ ငြိမ်သက်နေတယ်လေ...
ကိုယ့်နှလုံးသားက အရမ်းကို တုန်လှုပ်နေလို့
ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး။
အချစ် ရောက်လာပြီး ကိုယ့်အနားမှာ ထိုင်တဲ့အခါ
ကိုယ့်တစ်ကိုယ်လုံး တုန်ရီပြီး
ကိုယ့် မျက်ခွံတွေလည်း လေးကျနေပြီ။
ညက ပိုပြီးမှောင်လာတယ်....
လေက မီးအိမ်ကို ငြိမ်းလိုက်တယ်...
တိမ်တိုက်တွေက ကြယ်ကလေးတွေကို ကဗလာတွေနဲ့
ဖုံးအုပ်လိုက်တယ်....
ကိုယ့်ရင်ပေါ်က ရတနာလေးကပဲ
တောက်ပပြီး အလင်းရောင်ပေးနေတယ်လေ.....
ဒီအလင်းရောင်ကို.....
ကိုယ်ဘယ်လို ဖုံးကွယ်ထားမလဲဆိုတာ
မသိတော့ဘူးကွယ်။

----ရာဘင်ဒရာနတ်တဂိုး"ဥယျာဉ်မှုး'ကဗျာကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။------

[+/-] အပြည့်အစုံသို့...