စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, June 25, 2008

မွေးနေ့ပွဲ ဖိတ်ကြားလွှာ

စိတ်မီးအိမ်၏ ဥယျာဉ်မှုး တစ်ဦးဖြစ်သော အရိပ်၏ မွေးနေ့သည် ဇွန်လ ၂၈ ရက်နေ့တွင် ကျရောက်မည် ဖြစ်ပါသည်။

ထိုမွေးနေ့မင်္ဂလာ အခါတော်မြတ် ကို အောက်ပါ အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိတ်မီးအိမ် မှ မောင်နှမ အားလုံးနှင့် နီးစပ်ရာ သူငယ်ချင်း၊ မိတ်ဆွေအားလုံး တက်ရောက်အားပေးကျရန် ဖိတ်ခေါ်အပ်ပါသည်။

မွေးနေ့အစီအစဉ် ကျင်းပမည့် နေ့ရက် ….. 26.06.2008 – 28.06.2008
မွေးနေ့ အစီအစဉ် ကျင်းပမည့် အချိန် …… အဆင်ပြေသောအချိန် (ကန့်သတ်ချက်မရှိပါ)
မွေးနေ့ အစီအစဉ် ကျင်းပမည့်နေရာ ……. စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူး ဘလော့ဂ်

အစီအစဉ် (၁) ။ မကြီးပါချူးမှ မွေးနေ့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း။
အစီအစဉ် (၂) ။ မွေးနေ့ရှင် အရိပ်မှ တက်ရောက်အားပေးကြသော စိတ်တူကိုယ်တူ သူငယ်ချင်းများအား အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ် (၃) ။ မွေးနေ့ရှင်အရိပ်အတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
အစီအစဉ် (၄) ။ မွေးနေ့ရှင်မှ မွေးနေ့ကိတ်လှီးခြင်း (28-062008)။
အစီအစဉ် (၅) ။ စိတ်မီးအိမ် နှင့် မကြီးပါချူးမှ ကျွေးမွေးဧည့်ခံခြင်း ။
အစီအစဉ် (၆) ။ မွေးနေ့ရှင် အရိပ်မှ ကျေးဇူးတင်စကား လက်ဆောင်ပြန်လည်ပြောကြားခြင်း။
အစီအစဉ် (၇) ။ မွေးနေ့အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်း။

မွေးနေ့ပွဲကို အထက်ပါ အစီအစဉ်များ အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသဖြင့် မနက်ဖြန် ၂၆.၀၆.၂၀၀၈ မှ စ၍ အစီအစဉ် (၁) အရ မကြီးပါချူးမှ အခမ်းအနား ဖွင့်လှစ်ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

မကြီးပါချူး မှ အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် မွေးနေ့ရှင် အရိပ်မှ အဖွင့်အမှာစကားပြောကြားပေးပါရန်။

စိတ်မီးအိမ်မှ ဥယျာဉ်မှုးများမှ မွေးနေ့လက်ဆာင် ပို့စ်များ ကြိုတင်ပြင်ဆင်ထားရန် နှင့် တည်ခင်းဧည့်ခံသည်များ စားသုံးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားကြပါရန်။

မွေးနေ့ရှင် အရိပ်၏ တောင်းဆို ချက်အရ နံနက်ဖြန် မနက်မှ စ၍ လက်ဆောင် ပို့စ်များ တင်ပေးကြပါရန်။

မွေးနေ့ အခမ်းအနား လိုအပ်သည်များ တည်ခင်းဧည့်ခံ ရန် နှင့် စီစဉ်ညွှန်ကြားရန် ကိုကြီးအနတ္တ အား တောင်းဆိုပါတယ် ခင်ဗျာ.။

အရိပ်၏ မွေးနေ့ပွဲကို ထူးဆန်း အံ့သြဖွယ်ရာများဖြင့် စီစဉ်တင်ဆက်မည်ဖြစ်ရာ အရိပ်မှ အဖွင့်မှာစကား ပြောကြားပြီးသည်နှင့် စိတ်မီးအိမ်၏ ပင်တိုင် ကဗျာ ဆရာများဖြစ်ကြသော အနတ္တ၊ ကိုကြီးကျော် နှင့် ရွှေအိမ်စည် တို့မှ ဂုဏ်ပြု ကဗျာ များ ရွတ်ဆိုပေးပါရန်..

သို့ဖြစ်ပါ၍ အားလုံး အစီအစဉ်များအတွက် မနက်ဖြန်မှ စ၍ အဆင်သင့် စတင်ကြပါရန် တောင်းဆို အပ်ပါသည်ခင်ဗျာ။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...