စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, December 24, 2011

မြတ်ဗုဒ္ဓ၏ အသမ္ဘိန္နသရီရဓါတ်တော်

အတုမရှိ မြတ်ဗုဒ္ဓ၏

အသမ္ဘိန္န သရီရဓါတ်တော်

မီးခတော်မမူ ခုနှစ်ဆူတွင်

မြေမြတ်မဟာ ကျွန်းသီဟိုဠ်မှာ

စေတီမင်္ဂလာ တည်ရှိစွာဖြင့်

ပူဇော်အထူး ခံတော်မူသည့်

နဖူးသင်းကျစ် ဓါတ်တော်တစ်ဆူ။

စေတီထူပါရုံ ပူဇော်ကုန်သည့်

ဌာပနာထား ရတနာတပါးကာ

လက်ယာညှပ်ရိုး ဓါတ်တိုးတစ်ဆူ။

မြို့ကန္ဒီမယ် စံပယ်ကိန်းဝပ်

ပူဇော်အထူး ခံတော်မူသည့်

အောက်ဝဲစွယ်တော် ဓါတ်တော်တစ်ဆူ။

ဗြဟ္မာ့ပြည်တွင် ထူးတင့်စွာဖြင့်

ပူဇော်အထူး ခံတော်မူသည့်

လက်ဝဲညှပ်ရိုး ဓါတ်တိုးတစ်စူ။

တာဝတိံသာ နတ်ပြည်ဌာနေ

စူဠာမဏိ စေတီတွင်းဝယ်

ဌာပနာပူဇော် တည်တော်မူသည့်

ထက်ယာစွယ်တော် ဓါတ်တော်တစ်ဆူ။

ဇေယျသေန နဂါးပြည်ဝယ်

စေတီရတနာ ထည့်သွင်းပူစာ

ပူဇော်အထူး ခံတော်မူသည့်

အောက်ယာစွယ်တော် ဓါတ်တော်တစ်ဆူ။

ဂန္ဓာရတိုင်း ဥဇနာမြောက်ပိုင်း

တည်ရှိခဲ့ပြီး ခိုတန်မှတဆင့်

စိနပြည်ဝယ် တင့်တယ်စံသည့်

ထက်ဝဲစွယ်တော် ဓါတ်တော်တစ်ဆူ။

ဤဓါတ်တော်ခုနှစ်ဆူ အထူးထူးတွင်

ပါဝင်တစ်ဆူ ဖြစ်တော်မူသည့်

သရီရဓါတ်တော် မြတ်ဝဲစွယ်တော်သို့

အဖိုးစူဠ နည်းလှစွာသည့်

အနတ္တနှင့် အရိပ်တို့၏

လက်ထပ်မင်္ဂလာ လက်စွပ်မွှာကို

မာတာပိတ မိနှင့်ဖအား

ရည်ရွယ်အထူး အမှူးပြု၍

နိဗ္ဗာနပစ္စယော ဟောတုပါဟု

ခြေလက်နဖူး တတောင်ဒူးကို

ငါးဦးညီစွာ ထိလျှက်ခါဖြင့်

လက်ဆယ်ဖြာမိုး သဒ္ဓါတိုးပြီး

ရှိခိုးပူဇော် ဖူးမျှော်ကပ်လှူ

စွန့်လှူပါ၏ လှူပါ၏။

ဤသို့လှူရ ကုသလကို

မျှဝေပါ၏ ဝေပါ၏

နတ်လူသာဓု ခေါ်စေသောဝ်……။

[+/-] အပြည့်အစုံသို့...