စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, May 28, 2008

ဘာကြောင့် ပိုးမွှားစက်ရုပ် တွေ တီထွင်ဖို့ လိုအပ်သလဲ။

ဤမေးခွန်း၏ အဖြေကို မစူးစမ်းမှီ တုပဇီဝဗေဒ ဟု ခေါ်သည့် Biomimetics ဆိုသော ဘာသာရပ် အကြောင်း စတင်ဆွေးနွေးရပေမည်။ Biomimetics ဆိုသော စကားလုံးသည် Bio ဟူသော ရှေ့ဆက်စကားလုံး နှင့် mimetic ဆိုသော ပင်မ စကာလုံး တို့ကို ပေါင်းစပ်၍ တည်ဆောက် ထားခြင်းဖြစ်သည်။

Bio ဟူသော ရှေ့ဆက်စကားလုံးသည် သက်ရှိအရာများ ကို ကိုယ်စားပြုသည်။
Mimetic သည် တစုံတခုအားတုပသည် ဟု အဓိပ္ပာယ်ဆောင်သော mimic ဆိုသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထို့ကြောင့် Biomimetics ဆိုသည်မှာ သက်ရှိတို့၏ ခန္ဓာကိုယ် ယန္တရား တည်ဆောက်ပုံ၊ ဖွဲ့စည်းတည်ရှိပုံ၊ အလုပ်လုပ်ကိုင်ပုံ စသည့် ဖြစ်စဉ်များကို တုပလုပ်ဆောင်နိုင်သော သက်မဲ့ စက်ရုပ်များတီထွင်အသုံးချခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။ ထို့ပြင် ၎င်းတို့နှင့် ပတ်သက်သည့်အကြောင်းအရာ များကို လေ့လာသော ဘာသာရပ် ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

အတိုချူပ်အားဖြင့် Biomimetics အား တုပဇီဝဗေဒ ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။

Robotics စက်ရုပ်ဗေဒ အား Biomimetics တုပဇီဝဗေဒ ၏ ဘာသာခွဲ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ စက်ရုပ်ဗေဒ ဟု ပြောဆိုရာတွင် လူသားတို့ ကို တုပ၍ လူသားတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးစွမ်းနိုင်သော စက်ရုပ်များ တီထွင်အသုံးပြုခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

ထိုသို့ တီထွင်သုံးစွဲရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လူတို့၏ တွေးခေါ်မှု ဥာဏ်ရည် ကို စက်ရုပ်များ၏ မှတ်ဥာဏ်တွင် မည်ကဲ့သို့ ထည့်သွင်းသုံးစွဲမည်နည်း ဟူသော မေးခွန်းပင်ဖြစ်သည်။
ဥပမာ-
မြန်နှုန်းမြင့် ပရော်စက်စာ များ အသုံးပြု၍ ပုံမှန် လမ်းကြောင်းအတိုင်း သွားစေရန် ခိုင်းစေထားသော လမ်းလျှောက်စက်ရုပ်သည် သူ၏ လမ်းကြောင်းတွင် အုတ်ခဲ ကဲ့သို့သော အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန် ကျော်လွှားသွားမည်နည်း။ ထိုကဲ့သို့သော အခြေအနေမျိုးကို စက်ရုပ်လူသားက ကျော်လွှားသွားနိုင်စေရန် မည်သို့သော အထူးအမိန့်များ ထည့်သွင်း စေခိုင်းမည်နည်း။ ဤနေရာတွင် လမ်းလျှောက်နေသော လူသားတယောက်၏ ဦးနှောက်သည် လမ်းလျှောက်နေစဉ် အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန်၍ ခြေ၊လက်များကို မည်သို့ ခိုင်းစေသည် ကို ရှေးဦးစွာ လေ့လာရန် လိုအပ်ပေမည် ။ လေ့လာတွေ့ရှိချက်များအပေါ် မူတည်၍ စက်ရုပ်များကို လိုအပ်သလို ပရိုဂရမ်များ ဖြည့်စွက် ထည့်သွင်း ခိုင်းစေရမည် ဖြစ်သည်။ သို့ရာတွင် ထိုသို့ လေ့လာ၊ပရိုဂရမ်သွင်း၊အမိန့်ပေးခိုင်းစေ ရမည်မှာ ခက်ခဲနိုင်သကဲ့သို့ တွေ့နိုင်ခြေရှိသော အဟန့်အတား အခြေအနေများသည်လည်း အမျိုးမျိုးကွဲပြားနိုင်ပေသည်။ ထို့ကြောင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်သော စက်ရုပ်များတီထွင်ရာတွင် ကုန်ကျစရိတ် အဆမတန် မြင့်မားနိုင်သကဲ့သို့ အချိန်ကြာမြင့်ကာ လိုအပ်သလောက် ထိရောက်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ထိုအခက်အခဲ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သိပ္ပံပညာရှင်များ စုပေါင်း စဉ်းစား အဖြေရှာနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ နောက်ဆုံးရရှိသည့် အသင့်တော်ဆုံးသော အဖြေမှာ Insect Robot ဟုခေါ်သော ပိုးမွှားစက်ရုပ်များတီထွင်အသုံးချရန်ပင် ဖြစ်သည်။ ပိုးမွှားစက်ရုပ်များကို ရွေးချက် ရန် ဆုံးဖြတ်ရသော အဓိက အကြောင်းအရင်းများမှာ
၁။ ပိုမွှား အင်းဆက်များသည် လူကဲ့သို့ မြင့်မားသော ဦးနှောက်၊ဥာဏ်ရည်မရှိသော်လည်း လူ့ထက်သာလွန်သော ပျံသန်းခြင်း၊ နေရာ များကို တိကျစွာ မှတ်သားနိုင်ခြင်း စသည့် ၀ိသေသများ ရှိနေခြင်း၊
၂။ အဟန့်အတားများ၊ အခက်အခဲများ နှင့် တွေ့ကြုံသောအခါ လိုအပ်သလို ယိမ်းနွဲ့ လုပ်ရှားနိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ရှိခြင်း
တို့ပင် ဖြစ်ပေသည်။
ထိုကြောင့် လိုအပ်သော အသုံးပြုမှု များအတွက် ပိုမို နိမ့်သော မှတ်ဥာဏ်တု နှင့် ပိုမို ယိမ်းနွဲ့၍ အခြေအနေ၏တောင်းဆိုချက်အရ လိုအပ်သလို ပြုပြင်ဖွဲ့စည်းနိုင်သော ခန္ဓာကိုယ် ရှိသော စက်ရုပ်များကို တည်ဆောက်လိုပါက ပိုးမွှားများကို တုပရမည်ဖြစ်ပေသည်။
အထက်ပါ ဆွေးနွေးခဲ့သော အချက်များကို အခြေခံပြီး ပိုးမွှားစက်ရုပ်များကို စူးစမ်းလေ့လာ၊အဖြေရှာ၊သုတေသန ပြု၍ ကမ္ဘာတွင် စတင်တည်ဆောက် အသုံးပြုနေပြီဖြစ်သည်။ ထို့ကြောင့် တုပပိုးမွှားဗေဒသည် ယနေ့အချိန်တွင် အလွန်တက်ကြွသော သုတေသန နယ်ပယ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်သူ၊ပြည်သားများ ဗဟုသုတ အလို့ငှာ အတွေးနယ်ချဲ့နိုင်စေရန် တုပပိုမွှားဗေဒ ၏ အခြေခံ သဘောတရားများကို မိတ်ဆက် ဆွေးနွေးလိုက်ရခြင်းဖြစ်ပေသည်။

စာကိုး
၁။ The Buzz about Insect Robots, Web Source: http://www.science.org.au/nova/084/084print.htm
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

နာဂစ် တရား

နာဂစ်လေဘေးအတွက် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ ဆရာတော်ဘုရားက မတည်အလှူငွေ ကျပ်သိန်းငါးရာ ထည့်ဝင်ပြီး ကိုယ်ချင်းစာ စေတနာ ထားသူများကို စုပေါင်းလှူတန်း နိုင်ရန်အတွက် အလှူခံတရာပွဲ နှစ်ညတိုင်တိုင် ကျင်းပခဲ့ပါတယ်။ အနတ္တလည်း တစ်ရက်သွားနာဖြစ်ပါတယ်။ ဆရာတော်ဘုရားက အဓိကထားပြီး ဟောသွားတဲ့အကြောင်းလေးကို အနတ္တ မှတ်မိသလောက်ကလေး ပြန်ပြီး ရှယ်ယာလုပ်ပေးချင်လို့ပါ။ ဆရာတော်ဘုရား တရားပွဲ မကျင်းပခင်တုန်းကတော့ ဒီပို့ကို စိတ်မီးအိမ်ကနေ တင်ပြီး မိတ်ဆွေတွေကို ကြိုတင်အကြောင်းကြားမလို့ပါဘဲ။ ဒါပေမယ့် အခြေအနေက တင်ပြဖို့ အခွင့်အရေးမရတာနဲ့ပဲ အခုလိုအချိန်နောက်ကျပြီးမှပဲတင်ဖြစ်တော့တယ်။ အဲဒါကြောင့် ယခင်တင်မဲအကြောင်းအရာအစား အခုဆရာတော် ဟောကြားသွားတာလေးကို သိသလောက် အရပ်စကားနဲ့ ပြန်ပြော ပြပါရစေ...... အဲဒါကတော့ နံပါတ်( ၁ ) သစ်ပင်ကြီးလည်း မလဲစေနဲ့
နံပါတ်( ၂ ) ထုံးအိုးကြီးလည်း မကွဲစေနဲ့
နံပါတ်( ၃ ) မြစ်ကြီးတွေလည်း မခမ်းစေနဲ့
ဆိုတာပါပဲ။ အဒီအကြောင်းကို နောက်နေ့မှပဲ ဆက်ပြောကြည့်မယ်လေ။
အခုနည်းနည်းပြောချင်တာက အဲဒီနေ့မှာပဲ ဆရာတော်ဘုရားကပြောသွားပါသေးတယ်။ သူလည်း မုန်တိုင်ဖြစ်နေတုန်း ဖျာပုံဘက်ကရွာတစ်ရွာမှာ တရားပွဲတစ်ခုရှိလို့သွားပြီး နောက်တရာပွဲကိုမသွားခင် မိုးလေဝသဌာနကို ဖုန်းဆက်ပြီးမေးတော့ အရှင်ဘုရား မုန်တိုင်းက ပင်လယ်ပြင်ကနေ ဦးတည်ပြီးလာနေပါပြီ ဘုရားတဲ့ အရှဘုရား သွားမယ့်ခရီးကို ဆက်မသွားရင် ပိုမိုသင့်တော်ပါတယ်ဘုရား ဆိုပြီး လျှောက်ထားသတဲ့။ အဲဒီတော့ ဆရာတော်ကလည်း အလှူ့ဒါကာကို အကျိုးအကြောင်းပြောပြတော့ အလှူ့ဒါကာက တပြည့်တော် ဆရာတော်ဘုရားတရားပွဲကိုလုပ်ချင်လွန်းလို့ စပါးရေင်းပြီးမှ လုပ်တာပါဘုရားဆိုပြီး ငိုယိုလျှောက်ထားလို့ စက်လှေနဲ့ သူတို့ရွာကို လိုက်သွားသတဲ့ ဆရာတော်တို့စက်လှေလည်း လမ်းတဝက်လောက်ရောက်ရော မုန်းတိုင်းနဲ့တိုးပါလေရောတဲ့ဗျာ...... စက်လှေဆို လူးလှိမ့်နေတာ ပြောကိုမနေနဲ့ဆိုပဲ ပါလာတဲ့သူတွေဆိုရင်လဲ အရမ်းကြောက်နေကြတာပဲတဲ့လေ။ အဲဒါနဲ့ ဆရာတော်က လှေဦးမှာထိုင်ပြီး တရားတော်ကို ရွတ်မယ် နောက်ကလိုက်ရွက်ကြလို့ဆိုပြီး ကြောက်ကြောက်နဲ့ လိုက်ရွတ်လိုက်ကြတာ မုန်တိုင်း နည်းနည်းလေးဆဲသွားမှပဲ သက်ပြင်းချနိုင်ကြတယ်တဲ့လေ ကံကောင်းလို့မသေကြတာဆိုပဲ။ ဆရာတော်ဆိုလိုချင်တာကတော့ ကို့လောက်မှ လေ့လာမှုမရှိတဲ့သူ မသိတဲ့သူတွေကပြောတာကို အားနာလို့ လိုက်လျောမိပါတာ ကံကောင်းလို့မသေတယ်တဲ့။ အဲဒါကြောင့် အခြေအနေ အကျိုးအကြောင်းကို စဉ်ချင်ပြီးမှ လုပ်ကြပါတဲ့ အားနာလို့တော့ မလိုက်ရောမိပါစေနဲ့ဆိုပဲလေ။ နောက်နေ့မှပဲဆက်ရအောင်နော်................
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Friday, May 23, 2008

“သံယောဇဉ် ”




ဖိုးလှသခင် ကျောင်းတော်ရိပ်တွင်

တွေ့ကြစဉ်ခိုက် ခင်တွယ်လိုက်မိ

ဖြူစင်သည့်ကြိုး ပျောင်းနွဲ့ပိုးချည်

ရင်မှာတည်လျှက်…..

နေခဲ့ရက်ကြာ အချိန်ညောင်းလို့

မေ့တော့မှာလား ………?

အပင်ချိုးသော် အခက်ဝေ၍

အခက်ချိုးလျှင် အညွှန့်ဖြာသော

သံယောဇဉ်သဘောကို

စစ်ဆေးတွက်ဆ သိတတ်ပါက

ကမ္ဘာတည်သရွေ့

တို့တတွေ မမေ့ကြေးနော်……

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

ခိုလှုံရာ နေရာမှန်

စန္ဒကူးသစ်ပင် အ၀ါ သို့မဟုတ် အနီ၏ အနံ့ကို စမ်းသပ်မိသူ ယောက်ျားသည်၊
အမြစ်၊ပင်စည်၊အကိုင်းအခက် နေရာအားလုံး၌ တူညီဆွတ်ပျံ့သော အမွှေးနံ့ကို ရသကဲ့သို့၊
ဗုဒ္ဓမြတ်စွာ၏ မည်သည့် ဓမ္မတရားတော် အစိတ်အပိုင်းကိုမဆို နာခံခွင့်၊ကျင့်သုံးခွင့် ကြုံရသူသည်
စိုးရိမ်ပူပန်မှု၊ ၀မ်းနည်းမှု၊ ဒုက္ခခံစားရမှု၊ ပူဆွေးသောကဖြစ်မှု၊ စိတ်အလိုမကျ၊အလိုမရမှု တို့မှ
ကင်းဝေးလျက် ကိုယ်၊စိတ် အေးချမ်းမှုကို ရရှိနိုင်ပေသည်။
သို့ဖြစ်ပါ၍ ပုထုဇဉ် အို ယောက်ျား၊ အို မိန်းမတို့ ယနေ့မှစ၍ ဘုရားရိပ်၊တရားရိပ်၊သံဃာအရိပ်၌ ခိုလှုံ၍ အေးချမ်းရာ ရှာကြပေလော့ [၁] ။

စာကိုး
[၁]။ Ven. S. Dhammika, Daily Readings from the Buddha’s Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p114 - 115.
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

----နွေအိမ်မက်---

>နွေရောက်လာပြန်ပြီ....
>
> ကျွန်တော်ဟာ ရွက်ခြောက်တွေကြွေနေတဲ့.....
>
> ရိုးတံပြတ်လမ်းမထက် အရင်လိုလျှောက်မြဲ။
>
> ဟိုး တောင်တန်းပြာပြာတွေပေါ်က
>
> ကောင်မလေးတစ်ယောက်ကို လွမ်းမောဆဲ....
>
> အမှည့်လွန်နေတဲ့ လေနီကြမ်းတွေထဲမှာ
>
> ကောင်မလေးတစ်ယောက်ကို ထပ်တူပြုပြီး
>
> အရင်လို သီချင်းတွေ မသစ်နိုင်တော့။ ။
>
> အရင်နွေတွေတုန်းက.....
>
> ရွှေရောင်ညနေခင်းမှာ ပျော်ခဲ့ဖူးတဲ့...
>
> ကောင်မလေးရဲ့ဆံနွယ်စတွေ
>
> ကျွန်တော် ဘာသာပြန်မတတ်ခဲ့တဲ့ သူမအပြုံးတွေ....
>
> အလွမ်းရဲ့ နိမိတ်ကိုဖေါ်ပြတဲ့ သူမမျက်လုံးအကြည့်တွေ...
>
> ပြီးတော့ သူမချန်ထားရစ်ခဲ့ခြေရာများ.....
>
> အရင်လို ကျွန်တော်လွမ်းနေရဦးမယ်....။
>
> သစ်ရွှက်တွေ ကြွေနေတုန်းပဲ.....
>
> ဟိုးတုန်းကတော့ ဒါတွေဟာ သိပ်လှတဲ့ကဗျာတစ်ပုဒ်ပေါ့၊
>
> ခုတော့.....
>
> နေ၀င်ချိန်တွေကို ကျွန်တော်နောက်ပြန်လှည့်ကြည့်ရဦးမယ်။

[+/-] အပြည့်အစုံသို့...

Thursday, May 22, 2008

မိတ်ဆွေကောင်း

မိတ်ဆွေကောင်းကို

လိုအပ်ချိန် ကူညီသူ၊

ဝမ်းနည်း၊၀မ်းသာ နှစ်ချိန်လုံးမှာ ကိုယ့်အနားရှိနေသူ၊

အကြံကောင်းပေးတတ်သူ၊

ကိုယ်ချင်းစာ နားလည်တတ်သူ၊

လို့ ဗုဒ္ဓတရားတော် မှာ အဓိပ္ပာယ်ဖွင့်သည် [၁]။

မိတ်ဆွေကောင်းဖြစ်ရန် လွယ်ကူပါသလား။ စာရှုသူ မိတ်ဆွေ မည်သို့ ထင်သည်မသိ။

စာရေးသူအဖို့ မိတ်ဆွေကောင်းဖြစ်နိုင်ရန် ခဲယဉ်းသည်ဟု ထင်မိသည်။

အတန်တန် သတိထားသည့်ကြားမှ သတိလွတ်ထွက်သွားချိန် ခဏလေးအတွင်း သူငယ်ချင်းတစ်ယောက်ကို မှားယွင်းစွာ ဆက်ဆံခဲံ့မိဖူးသည်။ ယမန်နေ့က အလုပ်တွေများနေ၍ စိတ်ဖိစီးနေချိန် သူငယ်ချင်းတစ်ယောက် ဖုန်းဆက်၍ သူလိုချင်သည်များ ဆွေးနွေးသည်။ မိမိအလုပ်များနေချိန်၊စိတ်ဖိစီးနေချိန် အလိုက်မသိပဲ လာမေးလေခြင်း ဆိုသည့် မိမိအတ္တစိတ်ကြောင့် သူ့ကို အော်မိသည်။ ပြီးမှ မှားမှန်းသိ၍ တောင်းပန်ရသည်။ သြော် သူမှ ကိုယ်အလုပ်များနေတာ မသိတာ ဟူ၍ ပြန်တွေးမိလာသည်။

မိတ်ဆွေကောင်းဖြစ်ဖို့ဆိုတာ မလွယ်ပါလား။

ကောင်းတမန်

စာကိုး

[၁] Ven. S. Dhammika, Daily Readings from the Buddhas Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p-103.

[+/-] အပြည့်အစုံသို့...

Monday, May 19, 2008

ရုပ်ဝထ္တုပြင်ပမှာ ပျော်စရာ ရှာ



မိတ်ဆွေ .....
သင်၏ ပျော်ရွှင်မှူ့သည်
ပတ်ဝန်းကျင် ရုထ္တုများ အပေါ်တွင် မူတည်နေပါသလား..။
သို့ဆိုလျှင် ...
သင်၏ ပျော်ရွှင်မှူ့ ကို သင် မထိန်းချုပ်နိုင်ပေ ..။
သင်၏ ပျော်ရွှင်မှူ့ တည်တန့်စေရန်အတွက်
ရုပ်ဝထ္တုပြင်ပမှာ ပျော်စရာ ရှာပါ...။

ရုထ္တုဟုဆိုရာတွင် လူသည် ....
ပျော်ရွှင်မှူ့ကို ..
အလွယ်တကူ ပေးစွမ်းနိုင်ဆုံး နှင့်
အနှောက်ယှက်နိုင်ဆုံးသော ရုထ္တုဖြစ်ပါသည်..။

ခိုင်မြဲ

[+/-] အပြည့်အစုံသို့...

Saturday, May 10, 2008

နားလည်မှု…….





ဖွင့်မပြောခဲ့ပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါချစ်ခဲ့မိတယ်….

အဝေးမှာရှိနေပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါလွမ်းနေဦးမယ်……

မပိုင်ဆိုင်ရသေးပေမဲ့

နားလည်မှုတွေနဲ့

မင်းကိုငါယုံကြည်မျှော်လင့်နေဦးမယ်…..

ဒီလိုနဲ့ပဲ..

တဘ၀လုံးအတွက်

နားလည်မှုတွေနဲ့

မင်းအနားမှာ

လက်တွဲချင်မိတယ်…..

အရိပ်

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Monday, May 5, 2008

Photobucket...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

Thursday, May 1, 2008

ထာဝရ သူငယ်ချင်း….




မထင်မှတ်တဲ့ ဆုံဆည်းမှုအတွက်

တခဏတာ တွေ့ဆုံရလည်း

ထာဝရ ခင်မင်နေမှာပါ

သူငယ်ချင်း……

မမျှော်လင့်တဲ့ ကံတရားအတွက်

ဝေးတမြေခြားခွဲခွာရလည်း

လွမ်းဆွတ်တမ်းတနေမှာပါ

သူငယ်ချင်း…………….

ဆုံနိုင်ခွင့် မရှိတော့တဲ့အခါ

ဟင်းလင်းပြင် နှလုံးသားမှာ

ရင်ခုန်သံခြင်း ထပ်တူကျလို့

ခံစားချက်တွေ မျှဝေရင်း

ဖြူစင်ခြင်း ခွန်အားတွေနှင့်

လွမ်းနေမှာပါ

ထာဝရ သူငယ်ချင်း…..

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...