မိတ်ဆွေကောင်း
မိတ်ဆွေကောင်းကို
လိုအပ်ချိန် ကူညီသူ၊
ဝမ်းနည်း၊၀မ်းသာ နှစ်ချိန်လုံးမှာ ကိုယ့်အနားရှိနေသူ၊
အကြံကောင်းပေးတတ်သူ၊
ကိုယ်ချင်းစာ နားလည်တတ်သူ၊
လို့ ဗုဒ္ဓတရားတော် မှာ အဓိပ္ပာယ်ဖွင့်သည် [၁]။
မိတ်ဆွေကောင်းဖြစ်ရန် လွယ်ကူပါသလား။ စာရှုသူ မိတ်ဆွေ မည်သို့ ထင်သည်မသိ။
စာရေးသူအဖို့ မိတ်ဆွေကောင်းဖြစ်နိုင်ရန် ခဲယဉ်းသည်ဟု ထင်မိသည်။
အတန်တန် သတိထားသည့်ကြားမှ သတိလွတ်ထွက်သွားချိန် ခဏလေးအတွင်း သူငယ်ချင်းတစ်ယောက်ကို မှားယွင်းစွာ ဆက်ဆံခဲံ့မိဖူးသည်။ ယမန်နေ့က အလုပ်တွေများနေ၍ စိတ်ဖိစီးနေချိန် သူငယ်ချင်းတစ်ယောက် ဖုန်းဆက်၍ သူလိုချင်သည်များ ဆွေးနွေးသည်။ မိမိအလုပ်များနေချိန်၊စိတ်ဖိစီးနေချိန် အလိုက်မသိပဲ လာမေးလေခြင်း ဆိုသည့် မိမိအတ္တစိတ်ကြောင့် သူ့ကို အော်မိသည်။ ပြီးမှ မှားမှန်းသိ၍ တောင်းပန်ရသည်။ သြော် သူမှ ကိုယ်အလုပ်များနေတာ မသိတာ ဟူ၍ ပြန်တွေးမိလာသည်။
မိတ်ဆွေကောင်းဖြစ်ဖို့ဆိုတာ မလွယ်ပါလား။
ကောင်းတမန်
စာကိုး
[၁] Ven. S. Dhammika, Daily Readings from the Buddha’s Words of Wisdom, Buddha Dharma Education, Association Inc. , ISBN 981/00/1302/7, 1989, p-103.
2 comments:
မှားတယ်လို့ သိလိုက်တဲ့ အချိန်မှာ ပြင်နိုင်လိုက်တဲ့ ကောင်းတမန်ကို လေးစားပါတယ်။
ကောင်းတမန်ရေ....
မိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်းဖြစ်အောင်
ကြိုးစားနိုင်ပါစေ။
အများကိုလည်း ဖြစ်ဆွေကောင်းဖြစ်အောင်
လမ်းပြနိုင်တဲ့အတွက် မိတ်ဆွေကောင်းနဲ့ပဲ
တွေကြုံပါစေ............
Post a Comment