စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, May 23, 2008

----နွေအိမ်မက်---

>နွေရောက်လာပြန်ပြီ....
>
> ကျွန်တော်ဟာ ရွက်ခြောက်တွေကြွေနေတဲ့.....
>
> ရိုးတံပြတ်လမ်းမထက် အရင်လိုလျှောက်မြဲ။
>
> ဟိုး တောင်တန်းပြာပြာတွေပေါ်က
>
> ကောင်မလေးတစ်ယောက်ကို လွမ်းမောဆဲ....
>
> အမှည့်လွန်နေတဲ့ လေနီကြမ်းတွေထဲမှာ
>
> ကောင်မလေးတစ်ယောက်ကို ထပ်တူပြုပြီး
>
> အရင်လို သီချင်းတွေ မသစ်နိုင်တော့။ ။
>
> အရင်နွေတွေတုန်းက.....
>
> ရွှေရောင်ညနေခင်းမှာ ပျော်ခဲ့ဖူးတဲ့...
>
> ကောင်မလေးရဲ့ဆံနွယ်စတွေ
>
> ကျွန်တော် ဘာသာပြန်မတတ်ခဲ့တဲ့ သူမအပြုံးတွေ....
>
> အလွမ်းရဲ့ နိမိတ်ကိုဖေါ်ပြတဲ့ သူမမျက်လုံးအကြည့်တွေ...
>
> ပြီးတော့ သူမချန်ထားရစ်ခဲ့ခြေရာများ.....
>
> အရင်လို ကျွန်တော်လွမ်းနေရဦးမယ်....။
>
> သစ်ရွှက်တွေ ကြွေနေတုန်းပဲ.....
>
> ဟိုးတုန်းကတော့ ဒါတွေဟာ သိပ်လှတဲ့ကဗျာတစ်ပုဒ်ပေါ့၊
>
> ခုတော့.....
>
> နေ၀င်ချိန်တွေကို ကျွန်တော်နောက်ပြန်လှည့်ကြည့်ရဦးမယ်။

5 comments:

magyi-parchuu said...

ကိုကြီးကျော် ကဗျာတွေက အမြဲတမ်း ကောင်းနေတာပါလား

ခေတ်လူ said...

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...parchuu ရေ..

Thein Min Htike said...

ကိုကြီးကျော်

ကဗျာစွမ်းကို ချီးမွမ်းတယ်ဗျာ....။
နွေသရုပ်ကို ပေါ်လွင်စေပြီး
ကဗျာဆရာ ရဲ့ ခံစားတဲ့ စိတ်လေးကို ပေါင်းထည့်ထားတာ အစပ်အဟတ် မိတယ်ဗျာ။
ခံစားသူတွေကို နွေဆီ ဆွဲခေါ်သွားနိုင်တာ
ဒီကဗျာ ရဲ့ အင်အားပဲဗျာ။

မကြာခင်မှာ နေ၀င်ချိန်တွေကို မျက်နှာချင်းဆိုင် ကြည့်နိုင်ပါစေ။

အရိပ် said...

ကိုကြီးကျော်ရေ.... ကောင်းတမန်က ခံစားချက်တွေတိုက်ဆိုင်နေတာဖြစ်မယ် တောင်တန်းပေါ်က ကောင်မလေးကို သူလည်းလွမ်းနေတာလေ....ဟားဟား

အနတ္တ said...

ကိုကြီးကျော်ရေ......... ကဗျာဖတ်ရတာအရသာရှိတယ်ဗျာ။ နောက်လည်းများများ တင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကောင်းတယ်ဆိုတာကိုတော့ ကောင်းတမန်တို့ ပြောပြီးသားမလို့ ထပ်မပြောတော့ပါဘူး။