“သံယောဇဉ် ”
ဖိုးလှသခင် ကျောင်းတော်ရိပ်တွင်
တွေ့ကြစဉ်ခိုက် ခင်တွယ်လိုက်မိ
ဖြူစင်သည့်ကြိုး ပျောင်းနွဲ့ပိုးချည်
ရင်မှာတည်လျှက်…..
နေခဲ့ရက်ကြာ အချိန်ညောင်းလို့
မေ့တော့မှာလား ………?
အပင်ချိုးသော် အခက်ဝေ၍
အခက်ချိုးလျှင် အညွှန့်ဖြာသော
သံယောဇဉ်သဘောကို
စစ်ဆေးတွက်ဆ သိတတ်ပါက
ကမ္ဘာတည်သရွေ့
တို့တတွေ မမေ့ကြေးနော်……
အရိပ်
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
1 comment:
မိခင်ကျောင်းတော်ကြီးနဲ့အတူ သူငယ်ချင်းအားလုံးကို အသက်နဲ့ခန္ဓာမြဲသမျှ ကာလပါတ်လုံး သတိတရ ရှိနေမှာပါလေ.....
Post a Comment