စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label ပြောစကား. Show all posts
Showing posts with label ပြောစကား. Show all posts

Sunday, January 11, 2009

ပြောမလား .. မပြောဘူးလား ...

ဟုတ်တယ်ဗျ ....
ကျွန်တော်က ကိုယ့်အကြောင်းကို ကောင်းတာ ပြောလိုက်ပြန်ရင်လည်း ..
ဒီလူ အပိုတွေ ပြောနေတာလို့ ပြောကြပြန်ရော ..။
နောက်ပြီး .. ကိုယ့်အကြောင်းကို မကောင်းတာပြောလိုက်ပြန်ရင်လည်း ..
ယုံသွားတတ်ကြတယ်ဗျ ..။
ခက်တာက ...
ဘာမှ မပြောဘဲ နေလိုက်ပြန်ရင် လည်း ...
မာနကြီး တယ်လို့ပြောကြပြန်ရော ..။
ကဲ ...
မခက်ဘူးလားဗျား ... လောကလူသားတွေ ...။

[+/-] အပြည့်အစုံသို့...

Thursday, September 4, 2008

ဟေ့ ကောင်

ဟေ့ကောင် ....
မင်းလောက်စာဖတ်တာလဲ မင်းပဲ ရှိတယ်...။
ဖတ်လိုက်တဲ့စာတွေကလည်း တောင်ပုံရာပုံ ...။
မင်း .. ဒီလိုမပြောသင့်ဘူးဆိုတာ မသိဘူးလား ..။

ခိုင်မြဲ ...

( ဟုတ်ပါတယ် .. ခိုင်မြဲဟာ အဲဒီလို လူပါ ..။ လွန်ခဲ့ ၇ နှစ်လောက်က သူငယ်ချင်းတစ်ယောက်က ခိုင်မြဲကို ကောင်းချီးပေးပြီး ဆုံးမခဲ့တဲ့စကားပါ ..။ အချိန်တွေကြာ နှစ်တွေညောင်းပေမယ့် ငါဆိုတဲ့ အကောင်က တော့ ဒီအတိုင်းပါပဲ သူငယ်ချင်း ရေ .. ။ )

[+/-] အပြည့်အစုံသို့...