စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Tuesday, November 27, 2007

WHY?????????????????

ကောင်းတမန်က ပိုကောင်းအောင်၊ ပိုအဆင်ပြေအောင်ဆိုပြီး အကျဉ်းချုံး၊ အပြည့်အစုံသို့ တွေတင်နိုင်အောင်ဖန်တီးထားတယ်။ ကိုတိုင်လဲတင်တယ်။ ဒါပေမယ့် အနတ္တတို့ ဘက်မှာတော့ အကျဉ်းချုံးရေးထားတာပဲ ဖတ်လို့ အဆင်ပြေပြီး၊ အပြည့်အစုံသို့ ကိုသွားလိုက်ရင် ( Page Not Found )
The requested URL was not found on this server. Please visit the Blogger homepage or the Blogger Knowledge Base for further assistance.

ဆိုပြီးပေါ်လာတယ်။ အစကို ပြန်ရောက်သွားတယ်ဆိုပါတော့။ အဲဒီတော့ ဖတ်လို့မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဖတ်လို့ရပါတယ်။ ဒါပေမယ့် နံပါတ်(၁) comments ကိုသွားလိုက်ရတယ်။ နောက်ပြီတော့မှ နံပါတ်(၂) ခေါင်းစဉ်ခွဲလေး(စိတ်မီးအိမ် မဟုတ်ပါ) ကိုနိုပ်ပြီးဆက်သွားလိုက်ရင်တော့ အပြည့်အစုံ ဖတ်လို့ရသွားတာပေါ့။ အကျဉ်းချုံး နဲ့ အပြည့်အစုံကို ခွဲတင်လို့်ကတော့ ဖတ်ရတဲ့သူအတွက် ရသနှစ်မျိုး ခံစားလို့ရသွားတာပေါ့။ ဒါပေမယ့် အနတ္တတို့ဘက်မှာရှိတဲ့ သူတွေအတွက် အချိန်ကိုချွေတာစွာအသုံးချနိုင်စေရန် အနတ္တအနေနဲ့ တခါတည်း အကျဉ်းချုံးမှာပဲ အပြည့်အစုံတင်ပေးလိုက်ပါတယ်။ အဲဒီလိုဖြစ်နေတာတွေကတော့ ကျော်ဆီသုံးနေရလို့ဖြစ်မယ်ထင်ပါတယ်။
မှတ်ချက်။ ။ အနတ္တတို့ဘက်မှ တစ်ခြားသူများ မည်သို့ ရင်ဆိုင်ရသည်မသိပါ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...

"အမေး၊ အဖြေ"

အနတ္တကြားဖူးတာကတော့ အမေးနွားကျောင်းသား၊ အဖြေပညာရှိ လို့။ အင်းအခုတော့ အရိပ်ကမေးတယ်။ အနတ္တတို့က မဖြေနိုင်။ ( သြော်… အရိပ်လည်း နွားကြောင်းသားမဟုတ်သလို၊ အနတ္တလည်း ပညာရှိ မဟုတ်သကို)
အမေး၊အဖြေ နဲ့ ပါတ်သက်စဉ်းစားလာရင် မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်း တို့ရဲ့ အမေး၊အဖြေ ကိုရေးထားတဲ့ မိလိန္ဒသညာ ကျမ်းစာအုပ်ကို အမြဲတန်း သတိယမိတယ်။ အဲဒီထဲက မှတ်မိတာလေးတစ်ခုလောက်ဆွေနွေးပါရစေ…
မိလိန္ဒမင်းကြီး။ ။ မြတ်စွာဘုရားဟာ အလုံးစုံကိုသိတော်မူတယ်၊ အနန္တမေတ္တာရှိတယ် ဆိုပြီး ဒေ၀ဒတ်ကို ဘာဖြစ်လို့ ရဟန်းဝတ်ဖို့ ခွင့်ပြုရတာလဲ။ ဒေ၀ဒတ် ရဟန်းဝတ်ရင် သံဃာတွေကို ဂိုဏ်းခွဲမယ်။ သံဃာတွေကိုဂိုဏ်းခွဲရင် ငရဲမှာ တစ်ကမ္ဘာ ၀တ်ခံရမယ်ဆိုတာကို မသိဘူးလား လို့မေးတယ်။ အဲဒီအခါမှာ
အရှင်နာဂသေန။ ။ မြတ်ဘုရားက အလုံးစုံကိုသိတော်မူတာ မှန်ပါတယ်။ ဒေ၀ဒတ်ကို ရဟန်းဝတ်ပေးတာကလည်း ငရဲကို တစ်ကမ္ဘာ ကာလပါတ်လုံး ၀ဋ်ဆင်းရဲ ခံရအောင်လို့၊ အနန္တမေတ္တာမရှိလို့ မဟုတ်ပါဘူးတဲ့။ ဖြည့်ကျင့်လာတဲ့ပါရမီနဲ့ ရဟန်း ၀တ်တဲ့ ကံ အဟုန်တွေကြောင့် ငရဲမှာ တစ်ကမ္ဘာ ၀ဋ်ဆင်းရဲခံရပြီတဲ့နောက်မှာ ပစ္ဆေကဗုဒ္ဓါဖြစ်ပြီး နိဗ္ဗါန်ရောက်မှာကိုသိလို့ ဖြစ်ပါတယ်တဲ့။ အကယ်၍ ရဟန်းဝတ်ခွင့်မပြုဘူးဆိုရင် သံဃာဂိုဏ်းခွဲတဲ့ကံ ဖြစ်မလာဘူး၊ တစ်ကမ္ဘာ ကာလပါတ်လုံး ငရဲမှာ ၀ဋ်ဆင်းရဲ မခံရဘူးဆိုပေမယ့် နောင် သံသရာမှာ ကမ္ဘာပေါင်းများစွာ ၀ဋ်ဆင်းရဲခံပြီး လည်ပါတ်နေရမှာကို မဟာ ဂရုဏာတော် ဖြစ်တော်မူလို့ ဖြစ်ပါတယ်ဆိုပြီး ဖြေပေးခဲ့ပါတယ်။ ( မှတ်မိသလို ရေးလိုက်ခြင်းဖြစ်ပါသည်။ အတိအကျကို မိလိန္ဒသညာ မှာ ဖတ်ရှု့နိုင်ပါသည်။) ဆရာတွေက တပြည့်တွေအပေါ်မှာ အပါယ်ဘုံကို လားရောက်စေချင်တဲ့ စိတ်ဆန္ဒ မရှိဘူးဆိုတာကို လောကနီတိမှာ ရေးသားထားတဲ့ ကဗျာလေးတစ်ပုဒ်ကို(မှတ်မိသလို) ဖောက်သည်ချပါရစေ….

အိုးထိန်းသည်ချိန့် အိုးကွဲစိမ့် ခတ်လိမ့်မည်မဟုတ်
တင်တယ်စိမ့်ငှါ ချင့်ချိန်ခါ သင့်စွာသူရိုက်ပုတ်
ဆရာသမား တပြည့်အား ပါယ်လားစိတ်မဟုတ်
အတတ်ပညာ ကြောင်းကြောင့်သာ သင့်စွာသူရိုက်ပုတ်

ဟဲ ဟဲ အဲဒီကဗျာလေးရပြီးတဲ့နောက်ပိုင်း စာမရလို့ ဆရာကရိုက်တဲ့အခါမှာ၊ အကြောင်းတစ်ခုခုကြောင့် ဆိုဆုံးမတဲ့အခါမှာ ဘယ်တော့မှ စိတ်မဆင်းရဲတော့ဘူး။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ဒီကဗျာလေးနဲ့ ဒီနေရာကနေ ကန်တော့လိုက်ပါရစေ……………


မှတ်ချက်။ ။ အရိပ် နွားကျောင်းသား ဟုတ်၊ မဟုတ် သေချာမသိပါ။ အနတ္တစိတ်အထင်ဖြင့် ရေးလိုက်ခြင်းဖြစ်ပါသည်။ သေချာသိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...