စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, July 25, 2009

စဉ်းစားမိသော အတွေးများ

 

စိတ်ကူးတခုခုပေါက်လာတိုင်း၊ စိတ်ထဲ တခုခုတွေးမိတိုင်း ကျူပ်က အဲဒီအတွေးတွေကို စာအဖြစ် ချချရေးထားတတ်တယ်။ ဒီနေ့တော့ ကျူပ်အဲဒီလို ချချရေးထားဖူးတဲ့ အတွေးတွေထဲက တချို့ကို စိတ်မီးအိမ်မှာ မျှဝေလိုက်ပါတယ်။ သဘောထားတိုက်ဆိုင်ရင်လည်း ၀မ်းသာမိပါတယ်။ သို့ပေမင့် ဂေါက်ကြောင်ကြောင်အတွေးတွေလို့ ထင်ရင်လည်း ထင်ခွင့်ရှိသလို၊ သဘောမတူနိုင်ကြရင်လည်း ကွဲလွဲခွင့် အပြည့်ရှိသည်ဟုသာ ကြိုတင်ထောက်ပြထားလိုပါကြောင်း။

 

အတွေး(၁)

လောဘ လား၊ လောကလား

လောကတိုးတက်လာခြင်းဟာ လောဘကိုအရောင်ဆိုးမှုလား။ လောဘကြောင့် ပျက်သုဉ်းလာတဲ့အရင်းအမြစ်တွေ ကာကွယ်ဖို့ သုတေသနတွေ လုပ်ရပြန်တယ်။ လုပ်တော့ရော ကုန်သွားပြီးဖြစ်တဲ့ ဒီအရင်းအမြစ်တွေ ပြန်ဖြစ်လာနိုင်မလား..။ တကယ်ဆို… ဘုရားဟောအတိုင်း ရုပ်ပိုင်းဆိုင်ရာ လန်းနေမှုနောက် မလိုက်ပဲ စိတ်ပိုင်းဆိုင်ရာ လန်းနေမှုအောက်မှာ အစကတည်းက သဘာဝကြီးကို အတူတူ တန်ဖိုးထားပြီး ထိန်းထိန်းသိမ်းသိမ်းသာ နေနိုင်ခဲ့ကြမယ်ဆိုရင်..။

ခုတော့ဗျာ ဟိုးကမ္ဘာ့တဘက်ခြမ်းမှာ သဘာဝအရင်းအမြစ်တွေကို ဗုံးဗောလအော ဇွတ်သုံးချင်တိုင်း သုံးပြီး တီထွင်ထားတဲ့ ဇိမ်ခံကားပေါ်မှာတောင် ထမင်းချက်လို့ရနေတဲ့အချိန် ကျူပ်တို့ဒီဘက်ခြမ်းမှာတော့ သဘာဝတရားကို ချွေတာရလွန်းလို့ တနေ့စာ သောက်ရေသန့် နဲ့ ၀မ်းစာလေး အတွက်တောင် ပြေးလွှားနေကြရဆဲပဲဗျာ။

တကယ်ဆို ဒီကမ္ဘာကြီးကို ဘယ်သူမှ မပြုပြင်ကြပါဘူး…။ဘယ်သူမှ မကယ်တင်ကြပါဘူးလို့ ကျူပ်တော့ ထင်တယ်။

 

အတွေး(၂)

ဘုရင်နှင့် သခင်

ငါသာလျှင် ငါ၏ဘုရင်

ငါ၏သခင်

သို့သော်

ငါသည် သူ့များ၏ သခင် မဖြစ်ချင်။

(အလဟဿ ဆရာလုပ်ချင်သူများကို တွေ့လျှင် ထိုသို့ တွေးတတ်ပါသည်။)

 

အတွေး(၃)

ဘာမှမရှိ

ဤလောက၌ ရန်သူ၊မိတ်ဆွေ၊အသိ၊သူစိမ်း၊ဆရာ၊တပည့်၊ သခင်၊ကျွန်၊ဘုရင်၊လက်အောက်ငယ်သားတို့ မရှိပြီ။ အားလုံးသည် ခရီးသွားဖော်များဖြစ်၏။

(ဘုရားဟော၊လူတိုင်းသိ အတွေးစများ ဖြစ်သော်လည်း ကိုယ့်ဘာသာ ဆင်ခြင်မိမှ ပိုလို့ မြင်သည်ဟု ထင်မိပါသည်။)

 

အတွေး(၄)

လူဆိုတာ ဘာလဲ။

ငိုခြင်း၊ရယ်ခြင်း၊တမ်းတခြင်းများ ခန်းခြောက်သောနေ့..

အဲဒီနေ့မှာ လူ့အဓိပ္ပာယ်ကို ကျူပ်လိုက်ရှာနေမိတယ်ဗျာ။

(ဘာဆိုဘာမှ မခံစားချင်၊မလုပ်ချင်တော့သောအခါ လူ့အဓိပ္ပါယ်ကို ကျူပ်တကယ် ရှာနေမိတတ်ပါတယ်။)

 

အတွေး(၅)

ကလေးတယောက်လို ကျူပ်ငိုတတ်ပါရစေ

တခါတလေကျ

တွေးတတ်အောင် ဆုံးမပေးခဲ့တဲ့ လူတွေကို ကျေးဇူးမတင်ဘူး။

ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေကိုလည်း ကျေးဇူးမတင်ဘူး။

ကျူပ်ကို ထိန်းချူပ်တတ်အောင် သင်ပေး၊လုပ်ပေးတဲ့ အရာအားလုံးကို ကျေးဇူးမတင်ဘူး။

ကျူပ်ငိုနေရင် အားပေးနှစ်သိမ့်စကားတွေ တဖွဖွပြောမနေပဲ၊ ကလေးတယောက်လို  ရှိုက်ကြီးတငင် ကူငိုပေးတတ်တဲ လူတွေကို လိုချင်မိတယ်။

(တကယ်ပါ…။ တခါတလေ အဲလို လူမျိုး ဖြစ်ချင်သလို၊ အဲလို လူမျိုးတွေလည်း ရချင်တယ်။)

 

ကောင်းတမန်(သီရိက္ကို)

[+/-] အပြည့်အစုံသို့...