စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Monday, December 22, 2008

Screen Saver ဆိုတာ



ဘီလ်ဂိတ် တယောက် သေဆုံးလို့ ဘ၀ကူးဖို့ရန် သိကြားမင်း နဲ့ တွေ့နေပါတယ်။

သိကြားမင်း။ ။ ကောင်းပြီ။ ဘီလ်ဂိတ် မင်းကို နတ်ပြည် ပို့ရမလား၊ ငရဲပြည်ပို့ရမလားဆိုတာ ငါတောင် ဆုံးဖြတ်ရ တော်တော်ခက်နေတယ်ကွ။ မင်းက ကွန်ပျူတာပညာနဲ့ တကမ္ဘာလုံးကို အကျိုးပြုခဲ့လို့ အိမ်တိုင်းနီးပါးလည်း ကွန်ပျူတာတွေ နဲ့ ဖြစ်နေပြီ။ အံ့မခန်းဖွယ်ရာ အစွမ်းရှိတဲ့ Windows ဆိုတာလည်း ထွင်ပေးခဲ့သေးတယ်။ ဒီတော့ ငါလည်း မင်းအတွက် ငါ အရင်တစ်ခါမှ မလုပ်ဖူးသေးတာ လုပ်ပေးချင်တယ်။ ဒီတော့ မင်း ဘယ်ပြည်ကို သွားမလဲ ဆိုတာ မင်းစိတ်ကြိုက် ရွေးချယ်ခွင့်ပေးတယ်ဗျာ။

ဘီလ်ဂိတ်။ ။ ငရဲပြည် နဲ့ နတ်ပြည် ဘာကွာလို့လဲဗျ။

သိကြားမင်း။ ။အကောင်းဆုံးကတော့ မင်းကိုယ်တိုင် အဲဒီပြည်နှစ်ခု ကို အစမ်းကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်။ ကဲလာ..ပြောနေကြာတယ်..ငါတို့ ငရဲပြည်ကို အရင် သွားကြည့်ရအောင်။

ဘီလ်ဂိတ်လည်း အလွန်မတန် အံ့အားသင့်ရပြီလေ။ လား…..လား….သူပထမဆုံးမြင်ရတာက သဲဖြူဖြူတွေ ထူထပ်ပြီး အင်မတန် ကြည်လင်သန့်စင်နေတဲ့ ပင်လယ်ကမ်းစပ်တွေ အနားသတ်ထားတဲ့ အပြာရောင် ပင်လယ်ပြင်ကြီးက တမျှော်တခေါ်ပဲ။ အဲဒီ ကမ်းခြေတွေမှာ ထောင်သောင်းချီတဲ့ မဒီ လန်းလန်းလေးတွေ ရေကစားရင်း ရယ်လို့ မောလို့၊ ပင်လယ် စားသောက်စာတွေလည်း ပေါပါဘိသနဲ့။ နေကလည်း သာပြီး အပူချိန်က လည်း သမလို့။ အားလုံးဟာ အင်မတန် ပြည့်စုံပြီး အားရစရာတွေချည်းပဲ မြင်နေရသတဲ့။

ဘီလ်ဂိတ်။ ။ ငရဲပြည်တောင် ဒီလောက် လန်းနေတာ…။ကျူပ် နတ်ပြည်ကို ကြည့်ချင်လွန်းလို့ ထိန်းတောင် မထိန်းနိုင်တော့ဘူးဗျာ။

သိကြားမင်း။ ။ ကဲလာ…။ ဒါဆို လည်း နတ်ပြည်တက်ကြည့်ကြတာပေါ့။

ဘီလ်ဂိတ်လည်း အဖြူရောင် တိမ်ထူထူတွေနဲ့ လှပလွန်းတဲ့ ကောင်းကင်ပြာတခုလုံးရဲ့ ထောင်ပေါင်းစုံမှာ နတ်သမီးပျိုတွေ စောင်းတီးပြီး သီချင်းဆို နေတာ တွေ့သတဲ့။ သူ့စိတ်ထဲမှာ နတ်ပြည်ဟာ သာယာပါတယ်။ ဒါပေမယ့် သေချာတာက ငရဲပြည်လောက် မလန်းဘူးလို့ တွေးတောနေမိတယ် တဲ့။ ဒါကြောင့် ထွေထွေထူးထူး စဉ်းစားမနေပဲ…

ဘီလ်ဂိလ်။ ။ သိကြားမင်းကြီး……..ကဲ ကျူပ်ကို ငရဲပြည်ကိုပဲ အခုမနှေး အမြန်ပြေးခွင့်ပြုပါတော့။
လို့ပြောတော့..။

သိကြားမင်း။ ။ ကဲ မင်းစိတ်ဆန္ဒအတိုင်း ရောက်စေ။

လို့ပြောပြီး ငရဲပြည်ကို ပို့ပေးလိုက်သတဲ့။
နောက်နှစ်ပတ်အကြာမှာ သိကြားမင်းကြီးက သန်းကြွယ်သူဌေးဟောင်း ကွန်ပျူတာ ပညာရှင်ဟောင်းကြီး အဆင်ပြေမပြေ ငရဲပြည်ဆင်းပြီး အကဲလာခတ်သတဲ့။ အဲဒီ အချိန်မှာ ဘီလ်ဂိတ်ဟာ အလွန်ပူပြင်းတဲ့ မီးတောက် တွေကြား အော်ရင်း ငြီးရင်း နဲ့ ပူလောင်လွန်းတဲ့ ကျောက်ဂူ နံရံရဲရဲတွေပေါ်မှာ တောက်တက်ကပ်သလို တွယ်ကပ်နေရသတဲ့။ ပြီးတော့ ငရဲသားတွေကလည်း မီးခရင်းဂွတွေနဲ့ သူ့ကို ၀ိုင်း ထိုးပြီး သွေးသံ တရဲရဲ ဖြစ်အောင် နှိပ်စေနေသတဲ့။

သိကြားမင်း။ ။ဟေ့ကောင်.. ဘီလ်ဂိတ်..။ မင်း နေရတာ အဆင်ပြေလားကွ။

ဘီလ်ဂိတ်။ ။ ခင်ဗျားပဲ လာခံစားကြည့်ပါ့လားဗျာ။ ဒီလောက် ပူပြင်းဆိုးရွားနေတာ…….ဘာအဆင်ပြေရမလဲ…….။ ကျူပ်မျှော်လင့်ထားတာနဲ့ တော့ တခြားဆီပဲ……။ ဒါနဲ့ ငရဲပြည်က ဘာဖြစ်လို့ ကျူပ်ရောက်မှ ပြောင်းလဲသွားရတာလဲ။ ကျူပ်မလာခင် မြင်တာကတော့ လှပတဲ့ ကမ်းခြေတွေမှာ လန်းလန်း…လန်းလန်းနဲ့ မဒီတွေ ရေကစားနေကြတာလေဗျာ။

သိကြားမင်း။ ။ အို့………ဘီလ်ဂိတ်……..။ အဲဒါ ခင်ဗျား ထွင်ခဲ့တဲ့ Screen Saver လေဗျာ.။

မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

ငါ လိုချင်တာ

စစ်သားလေး တယောက်ဟာ တပ်ထဲက လမ်းပေါ်မှာ တွေ့သမျှ စာရွက်မှန်သမျှကို ကောက်ပြီး ဖြန့်ဖတ်ကြည့်လိုက်၊ ပြန်လွှင့်ပစ်လိုက်နဲ့ အလုပ်ရှုပ်နေသတဲ့။ ပါးစပ်ကလည်း

“ငါလိုချင်တာ ဒီစာရွက် မဟုတ်သေးပါဘူး”

လို့ စာရွက်တရွက် ဖတ်ပြီးတိုင်း ညည်းညူ နေသတဲ့။

တပ်ထဲက လမ်းတကာလှည့်ပတ်သွားရင်း သူအဲလို အချိန်အတော်ကြာ ထူးဆန်းစွာ ပြုမူနေတာ ဗိုလ်ကြီး တဦး တွေ့သွားပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စီစဉ်ပေးလိုက်သတဲ့။ စိတ်ပညာဆရာဝန်က စစ်သားလေးဟာ စိတ်ဖောက်ပြန်ယိုယွင်းနေတာ သေချာနေလို့ စစ်တပ်မှ အနားယူခိုင်းဖို့ ဆေးစာတစ်စောင် ရေးပေးလိုက်တယ်တဲ့။

ဒီတော့မှ စစ်သားလေးက သဘောကျစွာ ပြုံးပြီး

“အင်း ငါလိုချင်တာ ဒီစာရွက်ပဲကွ “

လို့ ကြုံးဝါးပြီး စစ်တပ်ကနေ အပြေးထွက်ခွားသွားသတဲ့။

သင်ခန်းစာ။ ။ ဘ၀မှာ မည်သို့သော အခြေအနေမှ မဆို မိမိလိုချင်တာ ရရန် နည်းလမ်းများစွာ ရှိသည်။ မိမိသာ အမြင်ကျယ်၍ ဦးနှောက်ကို လွှာသုံးရန် လိုအပ်ပေသည်။



မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Thursday, December 11, 2008

သုတေသန ဆိုတာ

ဘိုးတော် (အသက်ကြီး ဂေါ်မစွံ) တယောက်ဟာ အရက်ဆိုင်ဝ တခု အရောက်မှာ မထင်မှတ်ပဲ ရေရေလည်လည် လန်းတဲ့ မဒီ ပန်း တပွင့်ကို တွေ့တော့.။

ဘိုးတော်။ ဟာ..ညီမလေး။ လန်းလှချည့်လား…….။ ဘာကြောင့် ဒီလောက်လှနေတာလဲ။

ဆိုပြီး ကျူတော့တာပေါ့။

ဒီတော့ မဒီလည်း ရေရေလည်လည် နှိပ်ကွပ်ဖို့

မဒီ။ ကျမ ရှင်နဲ့ ဒီညမလိုက်နိုင်ဘူး။ ဘာတွေ လာပြောနေတာလဲ။ ကျမက ရှင်ခေါ်တိုင်း လိုက်စရာလား။

ဆိုပြီး အရက်ဆိုင်ထဲက လူကုန်ကြားအောင် အော်ဟစ်သတဲ့။

ဘိုးတော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်ပြီး စိတ်ညစ်ညစ် နဲ့ အရက်ဆိုင်ထဲ အပြေးဝင်ပြီး ထောင့်စားပွဲမှာ အရက်တစ်လုံးမှာပြီး အေးအေးဆေးဆေး နှပ်နေလိုက်တယ်တဲ့။ ခဏ နေလို့ ဘိုးတော် မမူး တမူး ဖြစ်နေချိန်မှာ စောစောက လန်းတဲ့ ပန်းက သူ့စားပွဲ ရှေ့ ရောက်လာပြီး..

မဒီ။ အကို။ ကျမကို စိတ်မဆိုးပါနဲ့ရှင်။ ကျမ တောင်းပန်ပါတယ်။ အမှန်တကယ်က ကျမက စိတ်ပညာကျောင်းသူ တယောက်ပါ။ လူတယောက်ဟာ လူအများရှေ့ မှာ အရှက်တကွဲ ဖြစ်ရင် ဘယ်လို တုန့်ပြန်သလဲ ဆိုတာ သုတေသန လုပ်ချင်တဲ့ အတွက် စောစောကလို အကို့ ကို ပြောမိတာပါ။ ကျမ တကယ် တောင်းပန်ပါတယ်ရှင်……

လို့ တောင်းပန် သတဲ့။


ဒီတော့ ကျူပ်တို့ ဇာတ်လိုက် ဘိုးတော် ပြန်ပြောလိုက်ပုံက…………

ဘိုးတော်။ ဘာကွ။ နှစ်သောင်း ဟုတ်လား………။ မင်းက များ နှစ်သောင်းတောင်းတယ်။ နှစ်သောင်းတည်းဆိုလဲ မင်းလို ကောင်မလေးကို ငါ ညအိပ် မခေါ်နိုင်ဘူး

ဟူသတတ်။


မှတ်ချက်။ ။ နိုင်ငံရပ်ခြား ဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Wednesday, December 10, 2008

နိုင်ငံရေးသမားဆိုတာ

နိုင်ငံရေးသမားတွေ အပြည့် သယ်ဆောင်လာတဲ့ ဘတ်စ် ကား တစ်စင်းဟာ လှပတဲ့ ဘိုလီးဘီးယား သဲကန္တာရ ကို ချဉ်းကပ်စ ပြုလာပါပြီ။ ဘိုလီးဘီးယား နိုင်ငံရဲ့ ရှုခင်းတွေဟာ ဘယ်လောက်များ လှပသလဲဆိုရင် ဘတ်စ်ကား မောင်းဆရာဟာ ကားမောင်းနေတယ်ဆိုတာကိုတောင် မေ့မြောရတဲ့ အထိ ရှုခင်းတွေကို တအံ့တသြ ငေးမောနေမိပါတယ်။ ဒီလိုနဲ့ ကားဟာ တောင်ခြေတ၀ိုက်မောင်နှင်းနေရင်း တောင်စောင်းကို နေ၀င်ပြီးခါစ မှာ ၀င်တိုက်မိပြီးမှောက်ပါတော့တယ်။ ကားပေါ်က နိုင်ငံရေးမားတွေလည်း သေတချို့၊ ဒဏ်ရာပြင်းထန် တဲ့လူ တချို့ နဲ့ ဒုက္ခရောက်နေကြပါတော့တယ်။ ဒီလိုနဲ့ အနီ်းချူပ်စပ် ရွာက တောင်ယာသမားအဘိုးကြီးတယောက်ဟာ အလောင်းတွေကို အကုန် မြေမြုပ်ပေးခဲ့ပါတယ်။ မနက်လင်းတော့ ရဲက အဖြစ်အပျက်ကို စုံစမ်းရင်း အဘိုးကြီးကို မေးပါတော့တယ်။
ရဲ။ ။ အဘိုးကြီး၊ ခင်ဗျား နိုင်ငံရေးသမားတွေ အကုန် မြေမြှုပ်ခဲ့လား။
အဘိုးကြီး။ ။ အင်း…။ အားလုံး မြှုပ်ခဲ့ပါတယ်။
ရဲ။ ။ ဒါဆို အားလုံး အသက်မရှိဘူးဆိုတာ ခင်ဗျား ဘယ်လို သက်သေပြမလဲ။
အဘိုးကြီး။ ။အင်း.။ ဒါက ရှင်းပါတယ်။ တချို့က လုံးဝ သေနေပြီ။ တချို့က "ကျွန်တော် မသေသေးပါဘူး။ မြေမြှုပ်မပစ်ပါနဲ့" လို့ တောင်းပန်နေတယ်လေ.။
ရဲ။ ။ ဗျာ………………။ ဒါဆို ခင်ဗျား လူအရှင်တွေကို မြေမြှုပ်ပစ်ခဲ့တာပဲ……။
အဘိုးကြီး။ ။ဟာ…ဗျာ……….။ ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျားလဲ သိသားနဲ့..။ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ ညာပြောနေကျ ဆိုတာ………။


မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

[+/-] အပြည့်အစုံသို့...

Sunday, September 28, 2008

ကိုပက်ကျိ

တစ်ခုသော သာယာလှပသည့် ညနေခင်းတွင် ...ခြေညောင်းလက်ဆန့် အလို့ငှာ ကိုပက်ကျိလေး သည် လမ်းလျှောက်ထွက်လာခဲ့လေသည်။ လမ်းဆုံတစ်ခုသို့ အရောက်တွင် တစ်ဘက်မှ ထွက်လာသည့် ကိုရွှေလိပ်က ဝင်တိုက်သွားသောကြောင့် ကိုပက်ကျိလေး ခမျာ မေ့လဲသွားလေသည်။
သို့နှင့် .. ကိုပက်ကျိ၏ နီးစပ်ရာသူငယ်ချင်းများ၏ အကူအညီဖြင့် ဆေးရုံပေါ်သို့ရောက်ရှိ ဆေးကုသမှူ ခံယူပြီး ပြန်လည် သတိရလာလေသည်..။
ထိုအခါ သူငယ်ချင်းများက ဝိုင်းဝန်း၍ ဖြစ်ကြောင်းကုန်စဉ်မေးမြန်းကျသောအခါ ..
ကိုပက်ကျိပြန်ဖြေလိုက်ပုံမှာ ..
" မသိဘူးဗျာ .. အဖြစ်အပျက်အ မြန်ဆန်လွန်းတော့ ကျနော် လည်း ဘာမှ မသိလိုက်ဘူး..။ "
ဟူသတတ် ..။

[+/-] အပြည့်အစုံသို့...

Sunday, August 24, 2008

.............အကျယ်ကြီး................

တစ်ခါက ဆန္ဒမဲပေးဖို့ စည်းရုံးရေးမှူးတစ်ယောက်ဟာ ကျေးတောရွာကလေး တစ်ခုကို ရောက်လာခဲ့သတဲ့။ သူလာရောက်ပြီး မယ်ဆွယ်ဖို့ရောက်လာတဲ့ အဲဒီရွာကလေးဟာ ရှေးရိုးရာ တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်ပြီး ရိုးသားအေးဆေးစွာ အသက်မွေး နေထိုင်ကြသတဲ့။ ပညာတတ်ရယ်လို့လည်း မရှိ။ ဗဟုသုတကလည်း နည်းပါး ပြီးတော့ အကြောင်းအရာတစ်ခုကို လှေနံဓါးထစ်မှတ်သား ထားကြတဲ့သူတွေပေါ့လေ။ အဲဒီတောရွာလေးမှာ စည်းရုံးရေးမှူးက မဲဆွယ်ပြီး အာဘောင်အာရင်သန်သန်နဲ့ ဟောပြောနေတာကို အောက်က ရွာသားတွေက မျက်လုံးလေးပြူးပြီးနားထောင်းနေကြတာပေါ့လေ။ အဲဒီတော့ စည်းရုံးရေးမှူးက အင်း…… ရွာကလူတွေကတော့ ထောက်လည်းမထောက်ခံဘူး။ ဆန့်လည်းမဆန့်ကျင်ဘူး။ ဘာလုပ်ရမလဲ ဘာပြောရမလဲမသိတော့ သူက ဆက်ပြော ရတာပေါ့။ အဲဒီလိုပြောနေရင်းနဲ့ အခုကျွန်တော်ပြောဆိုနေတာကို ထောက်ခံကြတယ်ဆိုရင် အားလုံး အကျယ်ကြီး သုံးခွန်းအော်ပေးပါလို့လေ။ အဲဒါနဲ စကားလည်းဆုံးရော အောက်မှာလာရောက်နားထောင်း နေကြတဲ့ ရွာသားတွေက အော်ပြောလိုက်ကြတယ်။

အကျယ်ကြီး……........ အကျယ်ကြီး…………………. အကျယ်ကြီး ………………………….

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...


အနတ္တ

[+/-] အပြည့်အစုံသို့...

Thursday, August 21, 2008

မျှမျှတတ ဖြစ်ချင်သူ

တရားသူကြီး ၀ိန်းအာသာမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး တရားလိုရှေ့နေတို့ကို အလွတ်သဘောခေါ်ယူတွေ့ဆုံ၏ ။ လူစုံသော် ရှေ့နေများက ၀ိန်းအာသာကို မေးခွန်းထုတ်သည် ။
ရှေ့နေများ ။ ။ ဆရာ ကျွန်တော်တို့ကို ခေါ်တဲ့ကိစ္စလေး အမိန့်ရှိပါဦး ။
ဝိန်းအာသာ ချက်ချင်းအဖြေမပေး ။ ရေတစ်ခွက်ငှဲ့သောက်သည် ။သက်ပြင်းတစ်ချက်ချသည် ။ ပြီးမှပြန်ပြော၏ ။
ဝိန်းအာသာ ။ ။ ကမ်းပို့စ် ၊ မောင်ရင်ဟာ တရားလိုရှေ့နေ ။မင်းဘက်ကိုအနိုင်ရဖို့အတွက် ကိုယ့်ကိုဒေါ်လာ ၁၅၀၀၀ လာကန့်တော့တယ် ။ လီယွန် မင်းကတော့ ကျွန်တော် တရားခံရဲ့ ရှေ့နေပါလို့ဆိုပြီး ကိုယ့်ကို ဒေါ်လာ ၁၀၀၀၀ ပူဇော်တယ် ။ ဟုတ်တယ်နော် ။
ရှေ့နေများ မျက်နှာပျက်သွားကြသည် ။ ၀ိန်းအာသာကို အဖြေပေး၏ ။
ရှေ့နေများ။ ။ဟုတ်....ဟုတ်ပါတယ်ခင်မျာ ။ အဲ့ဒါ......။
ဝိန်းအာသာ။ ။ကိုယ်ဟာ တရားသဖြင့် လုပ်ရတာကိုပဲ နှစ်သက်တယ် ။ ဒီတော့.......။
ရှေ့နေများ ခေါင်းစိုက်ကျသွားကုန်သည် ။ ၀ိန်းအာသာမှာ စကားမဆက်တော့ပဲ ၄င်း၏လက်ဆွဲအိတ်အတွင်းမှ ဒေါ်လာ ၅၀၀၀ ကို ရေတွက်ထုတ်ယူ၏ ။ ပြီးသော် ရှေ့နေကမ်ဒပို့စ်ထံ ကမ်းပေးရင်းပြော၏ ။
ဝိန်အာသာ ။ ။ ကိုယ်ဟာ မျှမျှတတသမားဆိုတာ မောင်ရင်တို့သိစေချင်လို့ခေါ်တွေ့တာ ။ ရော့ ကမ်းပို့စ်၊ မင်းက ၅၀၀၀ ပိုနေတယ် ။ ပြန်ယူလိုက် ။

[+/-] အပြည့်အစုံသို့...