စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, April 14, 2008

Photobucket

ပန်းပိတောက်

နွမ်းခြောက်ပေမယ့် မှတ်လောက်စရာမို့
တမ်းတမ်းတတ သိမ်းထားပါတယ်
ပန်းကလေးရယ်။

ပျော်မြူးဖွယ် အတာသင်္ကြန်မှာ
အဖော်ထူးရယ်က ငုဝါနဲ့နွေတမာ
လေအလာ သင်းပျံ့ကာမွှေးပါလို့
လွမ်းမောဖွယ် သည်စိတ်လေးရယ်က
နွေအတိတ် အတာသင်္ကြန်ဆီသို့
ဆွတ်ပျံ့ကာ လွန်ကြည်နူး။

လာပြန်ပြီ အတာသင်္ကြန်
မနှစ်ကအကြံ တူကြည်နူးမယ်လို့
ပျော်တမြူးမြူး စိတ်မှာကူးကာဖြင့်
မျှော်တလူးလူး အိပ်ပျက်ညတွေနဲ့
မော်ဖူးပါရစေ ပန်းပိတောက်ရယ်။

သင်္ကြန်အကြို ဝသန်မိုးရွာသွန်းပေမယ့်
ပင်မြင့်မှာ မြန်းစံချင်တဲ့
ပန်းပိတောက် ကလေးရယ်ကြောင့်
ဒီတနှစ်လည်း လှမ်းမျှော်၍ရူး။

ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

[+/-] အပြည့်အစုံသို့...