ငါ မဟုတ်သော ငါ
လူတစ်ချို့ကပြောကြတယ်
မင်းနဲ့ငါ့ကို ခွဲလို့မရဘူးတဲ့
တခါတခါ မင်းအကြောင်းတွေးနေရင်
ဘယ်သူမှမသိတဲ့ ငါ့ဒိုင်ယာရီကို
ငါပြန်ဖတ်နေမိသလိုပါပဲ
တခါတခါ နေ့စဉ်မှတ်တမ်းရေးနေရင်
မင်းအကြောင်းတွေကို စာစီကုံးသလိုပါပဲလား
မင်းနဲ့ငါ ကိုသေချာစဉ်းစားနေရင်ပဲ
ငါအသက်ရှင်နေတာ ငါ့အတွက်လား
ဒါမှမဟုတ် မင်းအတွက်လား
ငါကိုယ်ငါ သေချာမဝေခွဲနိုင်တာလား
မင်းနဲ့ငါ့ကို သေချာ မခွဲခြားနိုင်တာလား
လူအများက ပြောကြပါတယ်
လူဆိုတာ ကို့ကိုယ်ကို အချစ်ဆုံးတဲ့
အဲဒီစကားသာမှန်ခဲ့ရင်တော့…..
ငါအချစ်ဆုံးက မင်းလေးပေါ့ စိတ်မီးအိမ်ရယ်…..
မှတ်ချက်။ ။ ငါသည် အနတ္တ မဟုတ်ပါ။ ဥယျာဉ်မှူးများသာ ဖြစ်ပါသည်။
မင်းသည် စာဖတ်သူမဟုတ်ပါ။ စိတ်မီးအိမ်သာ ဖြစ်ပါသည်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
2 comments:
အင်း အခုမှပဲ စိတ်မီးအိမ်ကို ငါ့ထက်ပိုချစ်တတ်တဲ့သူနဲ့ တွေ့နေပါလားနော်... :P
ဂုဏ်ယူပါတယ် စိတ်မီးအိမ်ရေ.....
ဥယျာဉ်မှူးရေ
စိတ်မီးအိမ် စာလာဖတ်သွားတယ်။
ဥယျာဉ်မှူးတွေ စိတ်မီးအိမ်ကို ပိုစိုပြေလာအောင် စောင့်ရှောက်နိုင်ကြပါစေ။
စိတ်မီးအိမ်
Post a Comment