စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, June 26, 2008

အခမ်းအနားအစီအစဉ်(၃)

အခမ်းအနား အစီအစဉ် (၁) အရ …
မကြီး ပါချူး ခေါင်းပေါင်း တကားကားဖြင့် အပြေးအလွှား (အလုပ်များ၍ နောက်ကျ နေသဖြင့်) ၀င်ရောက်လာပါပြီခင်ဗျာ…..။
မကြီးပါချူး စင်ပေါ်ကို အမြန်တက်သွားပြီး မိုက်ခရုန်းဖုန်းမှတဆင့် အခမ်းအနား ဖွင့်လှစ်ပေါတော့မယ် ခင်ဗျ..။
……………………………………………………………………………………………………….
စိတ်မီးအိမ်က သူငယ်ချင်းတို့ရေအရိပ်ရဲ့ မွေးနေ့ပွဲ အခမ်းအနားလေးကို ဖွင့်လိုက်ကြရအောင်နော်၁၉…….. ခုနှစ် မိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းမဲ့ ဇွန်လရဲ့ မိုးရာသီအချိန် ၂၈ ရက်နေ့ စနေနေ့မှာ လူ့ပြည်ကို ပျော်ရွှင်မြူးတူ ခုန်ပေါက်ပီ ညီမငယ်လေးတစ်ယောက် ရောက်ရှိလို့ လာခဲ့ပါတယ်။ (အူဝဲ မအော်ဘဲ ဟား ဟား ဟား….. လို့များ ရီလာမလားဘဲ… :P)အဲဒီညီမလေးကို မကြီး စပီး သိလိုက်တာက အရိပ်ဆိုတဲ့ နာမည်ကလေးကို စသိတာပါ။ စိတ်မီးအိမ် ဘလော့ဂ်မှာ သွက်လက်တဲ့ စကားလုံး အသုံးအနှုံးနှင့် ရိုးရှင်းတဲ့ ၀ါကျ ဖွဲ့တည်မှုတွေကို မကြီးစပီး သတိထားခဲ့မိတယ်။စကားပြောဖြစ်ကြ၊ တွေ့ဖြစ်ကြတော့လဲ ပြုံးချိုတဲ့ မျက်နှာကလေးဟာ တစ်ခါတွေ့ပီးရင် နောက်ထပ် ဘယ်တော့မှ မေ့မရတဲ့ မျက်နှာပိုင်ရှင် ကလေးပါ။ ရိုးရှင်းတဲ့ စိတ်ထားလေးရှိပီး ဟာသကလေးတွေနဲ့ သူများမတွေးဖြစ်တဲ့ ဘက်ကနေ တွေးပီး ပြောတတ်တဲ့ ဟာသမင်းသမီးလေးလဲ လုပ်တတ် သေးတယ်။အရိပ်အကဲ သိတတ်ပီး သူများကို အဆင်ပြေအောင် ကူညီဘို့ ၀န်မလေးတဲ့ လိမ္မာတဲ့ ညီမငယ်လေး တစ်ယောက် ဆိုတာကို မကြီးသိလိုက်ရတယ်။ မကြီးအတွက်တော့ သူငယ်ချင်းကောင်း တစ်ယောက် ညီမကောင်း တစ်ယောက် ရလိုက်တယ်လို့ ခံစားမိပါတယ်။၂၀၀၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ အရိပ် ရဲ့ ………… နှစ်မြောက် ( သည်းခံပါ မွေးနေ့ရှင်မှ ပိတ်ပင်ထားပါသဖြင့်…. :P )မွေးနေ့မှာ စိတ်မီးအိမ်က သူငယ်ချင်းတစ်စု စုပေါင်းလုပ်ကြမယ်လို့ သိလိုက်ရတော့ မကြီး ၀မ်းမြောက် ကြည်နူးဖြစ်မိပါတယ်။ စိတ်မီးအိမ် သူငယ်ချင်း တစ်စုရဲ့ သူငယ်ချင်းမ အရိပ်အပေါ်မှာ သံယောဇဉ် ဖွဲ့တည်မှုလေးကို အကောင်အထည် ဖေါ်လိုက်ကြရအောင်နော်………….မကြီးဘလော့ဂ်မှာလဲ အရိပ်ရဲ့ မွေးနေ့ပွဲလေးကို မကြီး စဉ်းစားထားသမျှ မကျန်ရအောင် လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ သူငယ်ချင်း အားလုံးကို မကြီး ဒီနေရာကနေ ဖိတ်လိုက်ပါတယ်။မွေးနေ့ရှင် အရိပ် (အေးအေးသိန်း) ဟာ…. စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ဘ၀တစ်လျှောက်လုံး အခက်အခဲမရှိ အားလုံးကို ပြုံးရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ။ လိုရာဆန္ဒမှန်သမျှ အားလုံးပြည့်စုံတဲ့သူ ဖြစ်ပါစေလို့ ဒီနေရာကနေ စိတ်မီးအိမ် သူငယ်ချင်း တစ်စုနဲ့အတူ မကြီးပါချူး ဆုတောင်းပေးလိုက်ပါတယ်။
…………………………………………………………………………………………………………………….

မကြီး ပါချူးမှ အရိပ် ခေါ် အေးအေးသိန်း ခေါ် မလေး ပေါကြည်မ (အဲယောင်လို့ ငယ်နာမည်ပါခင်ဗျ..ကျေးဇူးပြု၍ ပြန်မမေးကြပါနဲ့။) ၏ မွေးနေ့ အခါတော် မင်္ဂလာ ကို ဖွင့်လှစ်ပေးသည့်အတွက် အထူးပင် ၀မ်းမြောက်ကျေးဇူးတင်ပါသည် ခင်ဗျာ..။

ရွှီး………….
ဖြောင်း……..ဖြောင်း……….ဖြောင်း……..
……………………………………………….
………………………………………………..
၎င်းနောက်……………….

ဟဲ့ အရိပ် အရေးတည်းဆို…..။ တက်လေ…စင်ပေါ်…….။ နင်ကလည်းမွေးနေ့ကို ပေါ့ပေါ့ပါးပါးလေး ၀တ်လာပါဆို။ အချိတ်ထမီ ကြီး တခွမ်းခွမ်းနဲ့။ တော်ကြာ….ချော်လဲဦးမယ်။ ပရိသတ်တွေ စောင့်နေပြီ…။ ပရိသတ်တွေကို လှမ်းပြီး မျက်စ လဲ ပစ်မပြနဲ့ဦးနော်…။ငါ အော်လိုက်တော့မယ်..။ နင် အဖွင့်အမှာစကား ပြောဖို့…….။
သြော်…..အရေးထဲမှ……နင် အပျော်လွန်ပြီး ခုန်မနေနဲ့လေ…………….။
မကြီးရေ အရိပ်ကို ထိန်းပါဦး…………………………။

၎င်းနောက် အစီအစဉ် (၂) အရ မလေး အရိပ်မှ မွေးနေ့ အဖွင့်အမှာစကား ပြောကြားပေးသည်ကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ..။ သြော်…ဟဲ…ဟဲ…. ယောင်လိုပါ ဧည့်သည်တော်များခင်ဗျာ…….။ ကျွန်တော် အစားအသောက်တွေဆီ စိတ်ရောက်သွားလို့ပါခင်ဗျာ.။ သြော်….ဟုတ်ပေါင်……
မလေး အရိပ် အဖွင့်အမှာစကား မပြောရသေးပါဘူးခင်ဗျာ…..။ မလေး အရိပ်မှ မွေးနေ့ အဖွင့်အမှာစကား ပြောကြားပေးပါရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်အပ်ပါတယ်။

အဟမ်း……အဟမ်း ………….
ဟဲ့ အရိပ်မ……ခုန်ပေါက်မနေနဲ့လေ။ မိုးပျံပူဖောင်းတွေ ခေါင်းနဲ့ ဆောင့်လို့ ပေါက်ကုန်မယ်။
စတော့ အဖွင့်အမှာစကား…..။
……………………………………………………………………………………………………………………
အဟမ်း…….အဟမ်း……… (Clearing throat)
စိတ်မီးအိမ် ဥယျာဉ် နှင့် မကြီးပါချူးဘလော့တွင် ကျင်းပပြုလုပ်ပေးသော မွေးနေ့ပွဲအစီအစဉ်သို့ တက်ရောက်အားပေးကြသော သူငယ်ချင်းများအားလုံးနှင့် အခြေအနေအရ မတက်ရောက်နိုင်သော သူငယ်ချင်းများအားလုံး ကို ဒီနေရာကနေ ပထမဆုံးအနေဖြင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်….ဘ၀ပေးကံအရ လူ့လောကထဲသို့ မွေးဖွားရောက်ရှိလာခြင်းအတွက် ကောင်းမှုကုသိုလ်လုပ် အသိအမှတ်ပြုကြတဲ့ မွေးနေ့မွေးရက်လေးမှာ မိဘနှစ်ပါးရဲ့ ကျေးဇူးတရာများကို အောက်မေ့တမ်းတရင်း စိတ်တူကိုယ်တူ သူငယ်ချင်းများရဲ့ မွေးနေ့ဆုတောင်းအမှတ်တရလေးတွေကို ပိုင်ဆိုင်ခွင့်ရချင်ပါတယ်… တာဝန်ကိုယ်စီနဲ့ ဘ၀လမ်းခရီးလျှောက်လှမ်းနေကြရပေမဲ့ မအားလပ်တဲ့ကြားက သူငယ်ချင်းများရဲ့ ရင်ထဲက အမှတ်တရပိုစ့်လေးတွေ တင်ပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်နော်… နောက်တချိန်မှာ အခွင့်အရေးပေးခဲ့မယ်ဆိုရင်တော့ မကြီးပါချူးအပါအ၀င် စိတ်မီးအိမ်မှ မောင်နှမများနှင့် နေရာတခုမှာ စုံစုံညီညီ ဆုံတွေ့ခွင့်ရချင်ပါတယ်…. ဖြစ်ခွင့်ရှိမယ်လို့လည်း မျှော်လင့်ပါတယ်… မဆုံနိုင်ကြသေးတဲ့ ကာလတွေမှာ ကိုယ်စီဘ၀တွေအတွက် အဓိပ္ပာယ်ရှိအောင် နေထိုင်ဖို့ ကြိုးစားရင်း ဘယ်တော့မှမပြောင်းလဲတဲ့ နွေးထွေးမှု သံယောဇဉ်တွေနဲ့ စိတ်မီးအိမ်ဥယျာဉ်လေးမှာ ဒီ့ထက်ပိုပြီး စိမ်းလန်းစိုပြေသာယာလာအောင် ဥယျာဉ်မှူးများအနေဖြင့် အမှတ်တရသစ်ပင်လေးတွေ စိုက်ထူပေးကြပါလို့လည်း တိုက်တွန်းအပ်ပါတယ်… အထီးကျန်မှုတွေဖြင့်မိသားစုနဲ့ဝေးနေတဲ့အချိန်လေးမှာ စိတ်မီးအိမ်ဥယျာဉ်နဲ့ မကြီးပါချူးဘလော့မှာ ရင်းနှီးနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့အတွက်လည်း အတိုင်းအဆမရှိ ၀မ်းမြောက်ကြည်နှူးမိပါတယ်….လို့အမှာစကားပြောကြားရင်း 28.6.2008 ( စနေနေ့ ) မှာ မွေးနေ့ကိတ်လာစားကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်….မှတ်ချက်။ ။ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ပေးခဲ့တဲ့ မကြီး မှ အလိုက်သိစွာဖြင့် မွေးနေ့ရှင်၏ အသက်အား မဖော်ပြပေးသောကြောင့် မွေးနေ့ကိတ်များများကျွေးပါမည်။ :P
…………………………………………………………………………………………………………………..
မလေးအရိပ် အဖွင့်အမှာစကား ပြောကြားပေးသည်ကို အထူးကျေးဖူးတင်ရှိပါတယ်ခင်ဗျာ.။

ပရိသတ်များမှ အသက်မေးမြန်းခြင်း မရှိသည့်အတွက်လည်း ကျေးဇူးတင်ပါသည်ခင်ဗျာ..။

အခမ်းအနား အစီအစဉ် (၃) အရ မွေးနေ့ရှင်အရိပ်အတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
………………………………..
ပို့စ်များ စောင့်ဆိုင်းလျက်ရှိ…………..။

ဟေ့……အနတ္တ…..ဒီဘက်ကို လာ…………။
သြော်.ဒီကောင် ခေါ်နေတာ ကို အရိပ် ရှိတဲ့ ဘက်ပဲ ပြေးကပ်နေတယ်။
မင်း နောက်ကျ နေတာလား………………။
ကိုကြီးကျော်တို့၊ ခိုင်မြဲ တို့ ရော လှမ်းမှာ မတွေ့ခဲ့ဘူးလား……….။
မကြီးဘက်မှာ ခဏနေ သွားစားရအောင်……………။

ကဗျာရွတ်ကြဖို့လည်း ပြင်ထားကြဦး……………………။
…………………………………………………………………………………………………………….။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

2 comments:

Anonymous said...

ကောင်းတမန်ရေ…. မကြီးက အလုပ်များနေတာမဟုတ်ဘူးဟ …အခမ်းအနားဖွင့်လှစ်ပေးရမှာဆိုတော့ မိတ်ကပ်ပြင်ဆရာစောင့်နေရလို့ နောက်ကျနေတာလေ… တွေ့လား အခုကျတော့လည်း ငါတို့မကြီးက ခန့်ချောကြီးနော် … ဟဲဟဲ..(ချည်ချောလုံချည်ကြော်ငြာတာမဟုတ်ဘူးနော်) ချိတ်လုံချည်က မကြီးကိုအားကျလို့ မကြီးဆီက ဌားဝတ်ထားတာလေဟာ.. နင်ကလည်း မသိရင်လည်း တိတ်တိတ်နေတာမဟုတ်ဘူး…အလိုက်ကိုမသိဘူး လူစုံမှပဲရှင်းပြတော့တယ်နော်.. အခမ်းအနားမှူးမို့လို့ ခွင့်လွှတ်လိုက်တယ်မှတ် ဟွန်း..
ငါတို့ကိုပဲ ပြောမနေနဲ့ နင်ကကျတော့ရော အခမ်းအနားမှူးဆိုပြီး ဆံပင်တွေဆေးအနက်ဆိုးလာတယ်မို့လား.. ပုံစံကိုက တိုက်ပုံအကျီနဲ့ ဘယ်သူ့ဆီက ဌားဝတ်လာမှန်းမသိတဲ့ ပိုးပုဆိုးပြောင်ပြောင်လက်လက်ကြီးနဲ့တော့… ငါ့သူငယ်ချင်းက အခုမှပဲ ဦးရွှေရိုးနဲ့တူတော့တယ်နော်….. ဟားဟား.. နောက်ပြီး အ၀င်ပေါက်ကို တကြည့်ကြည့်နဲ့ နင်ဘယ်သူ့ကိုမျှော်နေတာလဲ ငါတိတယ်နော်… နင်ကဦးရွှေရိုးဆိုတော့ အစ်မက ဒေါ်မိုးတော့ဖြစ်တော့မှာပေါ့နော့်…:P
ငါ့ကိုပဲကြိမ်းဝါးမနေနဲ့ဦးနော် ဒီမှာ အနတ္တက ငါ့ဆီက မုန့်လာလုစားနေတယ်လေဟာ.. ဟိုကောင်တွေ ကိုကြီးကျော်နဲ့ ခိုင်မြဲကတော့ ဘယ်နားမှာ သွားမှောက်နေလဲမသိဘူး… နင်လိုက်ရှာပြီး နားရွက်ဆွဲခေါ်လာခဲ့ ကြားလား…ဒါမှမဟုတ်ရင်လည်း အမှီးသာဆွဲလာခဲ့…. :P:P
ကျန်တဲ့ ဥယျာဉ်မှူးတွေလည်း ဘယ်ပျောက်နေကြလဲဟ ငြိမ်နေပါလား… လုပ်ပါဦး အခမ်းအနားမှူးရေ.. (ဗေလုဝအသံဖြင့် ခပ်ဆင်ဆင်တူသော) အသံသာသာ နဲ့ အော်ခေါ်လိုက်ပါဦးဟာ…. စတာနော် အခမ်းအနားမှူး.. ချော့ထားဦးမှပဲ တော်ကြာ အခမ်းအနားမပြီးခင် ဦးရွှေရိုး စိတ်ဆိုးပြီး ထွက်ပြေးသွားမှာဆိုးရသေးတယ်လေ…………ဟားဟား

magyi-parchuu said...

ကောင်းတမန်ရေ မင်းက အခမ်းအနားမှူးဆိုတော့ ကြေငြာစရာတွေ မကျန်စေနဲ့နော် အခမ်းနားတစ်ခုမှာ အခမ်းနားမှူးက အရေးကြီးဆုံးဘဲ အခမ်းနားတစ်ခုလုံးကို အခမ်းနားမှူးလက်ထဲမှာ ၀ကွပ်အပ်ထားရတာဟ ကြေငြာစရာတွေ ကျန်နေရင်တော့ အခမ်းအနားမှူး တာဝန်နော်