စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ.။..သင်၏ တနေ့တာ အဖြစ်အပြက်များသည်...ထူးခြားပြောင်းလဲမှူမရှိပါက...၄င်းတို့ သည် နောင်တချိန်တွင် ..အဆိုးများအဖြစ်ပြောင်းလဲ စုစည်းသွားတတ်သည်။သင်၏ ဘဝကို သက်ဝင်တောက်ပအောင် ..မကြာခဏပြောင်းလဲပေးပါ...။..တမှတ်တိုင် ကြိုဆင်းပြီး .....ရင်ကွက်ထဲ လှည့်ပတ်လမ်းလျှောက်ပါ။ ..လူစိမ်းများနှင့် နှတ်ဆက်စကားပြောပါ။

ဥယျာဉ်မှူးတစ်ဦး

Monday, June 30, 2008

မွေးနေ့ပိတ်ပွဲ.....

အားလုံး မင်္ဂလာပါခင်ဗျာ

(အသံက နာနေသေးတယ်။ မွေးနေ့တုန်းက မကြီးပါချူး ဘလော့ဂ်မှာ ကိုကြီးကျော်တို့၊ အနတ္တ တို့၊ ခမ တို့ နဲ့ ၀ိုင်းကောင်းလို့ ရေခဲစိမ်တာများသွားလို့ဗျာ..။)

မဟုတ်ပါဘူးဗျာ........။ မွေးနေ့ပွဲမှာ မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ အရိပ်မ ကို လိုက်အော်နေရတာနဲ့ အသံနာနေတာပါခင်ဗျာ....။ဒါတောင် မကြီးရှိနေလို့။ နို့မဟုတ်ရင် မလွယ်ဘူးဗျ....။ သူ့ချည်း ဓါတ်ပုံဝိုင်းရိုက်ရအောင် ရုပ်ရှင်မင်းသမီး မဟုတ်ဘူးဆိုလို့ မကြီး နဲ့ ကျွန်တော် ချော့လိုက်ရတာဗျာ.........။

ဒီလို နဲ့ လိုရင်းကို မရောက်တော့ဘူး။ ကောင်းတမန် တို့က စကားပြောရင် အဲလိုချည်းပဲ ဗျို့.......။ သည်းခံကြပါရှင်........။ အဲယောင်လို့ပါဗျာ......။ သည်းခံကြပါခင်ဗျာ....။

ပထမ ဦးစွာ မွေးနေ့မှာ သူငယ်ချင်းတွေ ဂုဏ်ပြုတာကို ကျေနပ်ပျော်ရွှင်စွာ လက်ခံပေးတဲ့ မလေးအရိပ် (သူများတွေခေါ်တာ အရိပ်လေးဆိုလား..ဘာလား ..ဟိုနေ့က ကြားလိုက်မိသလိုပဲ...ခင်ဗျားတို့ရော ကြားမိသေးလား) ကို အများကြီး ကျေးဇူးတင်ပါတယ်။

ဒုတိယက တော့ အလုပ်တွေ မအားမလပ်ကြတဲ့ ကြားထဲက မွေးနေ့ပွဲကို ကမကထ ပြု လုပ်ပေးသွားတဲ့ မကြီးပါချူး၊ ကဗျာတွေ ရွတ်ဆို လက်ဆောင်ပေးခဲ့ကြတယ့် စံပယ်၊peace၊ကိုကြီးအနတ္တ၊ကိုကြီးကျော် (လာရင်ကွယ် အရက်ပုလင်းကိုသာ ဆက်ကြပါ....ဟား.....ဟား စတာပါဗျာ.)၊ ရွှေအိမ်စည်၊ ကိုကောင်းတမန် (ဟာ..ကောင်းတမန် ဆိုတာ ငါပါလား.....ဟား......ဟား ..မေ့သွားလို့ပါဗျာ)၊ ဒေါက်တာဘေဘီ၊ ကိုခိုင်မြဲ (ခွက်ပုံးအမြဲ ခုတ်တတ်သူ.........မနေ့က တွေ့ခဲ့လို့.....ဟဲ....ဟဲ...) နဲ့ အခြား လာရောက်လည်ပတ်သူ အားလုံးကို ကျေးဇူးအထူးတကယ် တင်ရှိပါတယ်ဗျာ......။

တတိယ အနေနဲ့ကတော့ မလေးအရိပ်အတွက် အစစ အရာရာ မမောပန်းစွာ တက်ရောက်အားပေးသူတွေ နဲ့ မွေးနေ့ရှင် မလေး အရိပ်ဟာ ရှေးရေစက်ရှိသည်နှင့် အညီ စိတ်မီးအိမ်မှာ အဖွဲ့သားတွေအနေနဲ့ ဒီဘ၀မှာ တွေ့ဆုံခွင့်ရကြသလို၊ နောက်နောင်ဘ၀တွေမှာလည်း သံသရာဝဲထဲက မထွက်နိုင်ခင် (ဆရာကြီးလိုလို နဲ့ တရားစကားတွေ ပြောနေပြီ.....ကြည့်နေ....ကြည့်နေ...) ဘ၀ အားလုံးမှာ ပြန်လည် ဆုံဆည်းနိုင်ကြစေပြီး ဘ၀ခရီးလမ်းကို မိဘ၊မိတ်ဆွေသင်္ဂဟ တို့နှင့် သဟဇာတ ပြည့်စွာ ဖြတ်ကျော်နိုင်စေ၍ လောကီ၊လောကုတ် နှစ်ထုတ် သေချာအောင် တယောက်နဲ့ တယောက် ကူညီဖေးမ ရင်း မောင်နှမ မေတ္တာ တိုးပွားကာ အေးချမ်းပီတီ ဖြာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စတုတ္ထ အနေဖြင့် အခမ်းအနား အစီအစဉ် (၇) အရ မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။

မွေးနေ့ မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာအပ်ပါတယ်။


ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

2 comments:

Anonymous said...

အခမ်းအနားမှူးရေ... မွေးနေ့ပွဲ အခမ်းအနားပိတ်တာ နောက်ကျနေလို့ လက်ခုပ်တီးမဲ့သူက မွေးနေ့ရှင်တစ်ယောက်ပဲရှိတော့တယ် အဲ့ဒီတော့ အားလုံးကိုယ်စား လက်ခုပ်တီးပါတယ်........ ဖြောင်း.........
ဖြောင်း........ဖြောင်း..........အင်း လက်နာလို့ ဦးစိုင်းတစ်ပုလင်းလောက်တော့ လိမ်းရတော့မယ်ထင်တယ်...:P

magyi-parchuu said...

အခမ်းအနားက မပိတ်တော့ဘူးထင်နေတာ နောက်နှစ်အထိများ ဆက်နေတာလားလို့
ဟူး........... တော်ပါသေးတယ် အခမ်းအနား ပိတ်သွားလို့