ဇူလိုင် ၁၆
ခရေတန်းတွေပေါများတဲ့
ကျောင်းတော်တွင်း
သူနဲ့ကိုယ်
ခြေရာချင်းထပ်ခဲ့တဲ့နေရာလေး
ဂျီဟောဆောင်လို့
တစ်ချိန်က နံမည်ကြီးခဲ့တဲ့
အဆောင်မှာ
ကောင်မလေးတစ်ယောက်
နံနံက်မိုးသောက်
အလင်းရောက်တဲ့အချိန်ကစပြီး
သူလာမလားလို့
အဆောင်ပြတင်းပေါက်ကနေ
မျှော်နေမိတယ်
သူငယ်ချင်းတွေက
ရွှေတိဂုံဘုရားသွား
J'Donuts စားမယ်လိုက်မလား
သူပြန်လာရင် အတူတူ
ဘုရားသွား အတူတူသွားစားမှာကို
သူလည်းသတိရနေမယ်လို့
ယုံကြည်မိတယ်အချိန်တွေ
တစ်ရွေ့ရွေ့ ကုန်ဆုံးသွား
မျှော်လင့်ချက်တွေ
ကုန်ခမ်းသွား
အဆောင်ပိတ်ချိန် ၆ နာရီ၊
နေမင်းလည်းတောင်စွယ်ပေါ်
မေးတင်သွားပြီ
ရင်ထဲမှာလည်း
နေဆယ်စင်း ပမာဖြစ်ခဲ့ပြီလေ
သြော်.......ဇူလိုင် ၁၆ ရဲ့
နိဂုံးလေးပေါ့နော်......
ktmgkalay
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...
2 comments:
ဘယ်ကို သွားပီး အိပ်ပျော်နေတာလဲ ကောင်းတမန်ရဲ့
ိမကြီးရေ....ကောင်းတမန် လမ်းမှာ ဖိနပ်ပြတ်နေပြီထင်တယ်..... :)
Post a Comment