စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Saturday, June 28, 2008

"နှစ်တစ်ရာတိုင်ပျော်ရွှင်ပါစေ"

နွေနှောင်းကုန်စ

ချိန်ခါပြောင်းစ

ခါဝသန်မိုး၊ ရွာသွန်းဖြိုး

ကာလချိန်ခါ၊ နယုန်လမှာ

မြင်မြင်သမျှ၊ အရာရာလှပ

ဖွဖွကြိုဆို၊ ပိုမိုချိုမြ

ထိုမှတစ်ဖန်၊ လူသူကြားက

မွေးဖွားသန့်စင်၊ သင့်လိုအင်သည်

ကြည်လင်အေးချမ်း ပန်းနှယ်လန်းလို့

စမ်းရေအေးအေး၊ ပန်းနှယ်မွှေးလို့

ရောက်ခဲ့ပြန်ပြီ၊ မွေးနေ့ချိန်မှာ

နွေးထွေးတက်လမ်း၊ တစ်သက်မှန်းဖို့

ဆက်လှမ်းကာချီ နှစ်တစ်ရာဆီ.....

ktmgkalay


မာမီရေ........မွေးနေ့အမှတ်တရကို ရောက်အောင်ပို့ပေးတဲ့အတွက် နောက်မှ ကျေးဇူးဆပ်တော့မယ်နော်.....ဘယ်လိုဆပ်မယ်ဆိုတာတော့ သိတယ်မို့လား.... ဟားဟား...
ကျန်းမာပျော်ရွှင်ပါစေနော်...
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

No comments: