စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, November 21, 2007

စိတ်မကောင်းခြင်း များစွာဖြင့်………….

သူငယ်ချင်းတို့ရေ …………..

ဝမ်းနည်းစရာ သတင်းလေးတခုကို ပြောပြချင်လို့ပါ

သူငယ်ချင်းဆိုတာ
ပျော်စရာဘဲဖြစ်ဖြစ်
ဝမ်းနည်းစရာဘဲဖြစ်ဖြစ်
မျှဝေခံစားရမယ်လို့ …
နားလည်ထားလို့ ပါနော်

ဒီနေ့ အရိပ်တို့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်အက်ဆီးဒင့်တခုနဲ့ 14 ရက်နေ့ကဘဲ ရုတ်တရတ်ဆုံးပါးသွားတယ်လို့ သိလိုက်ရတယ်လေ
သူကတော့ စောမင်းသန်းပေါ့ ကျောင်းတက်ခဲ့တဲ့ ကာလမှာတော့ 107 အဆောင်မှာ နေခဲ့တယ်လေ
ထိခိုက်မှုဖြစ်တာကတော့ ပခုက္ကူမှာပါ
မမျှော်လင့်ထားတဲ့ သတင်းတခုပေါ့နော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်
သခင်ဖိုးလှကြီးရဲ့ ရင်ခွင်ထဲက ထွက်လာခဲ့တဲ့ သားတစ်ယောက်ဆုံးရှုံးသွားပြီလေ……..
အရိပ်တို့လည်း အလုပ်တာဝန်အရ ကိုယ့်ကိုကိုယ်မပိုင်တော့ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့်မရလိုက်ဘူးကွယ်…
ဆိုးဝါးလိုက်တဲ့ကံကြမ္မာပေါ့နော် ….. အခုချိန်မှာတော့ ကျောင်းတုန်းက ပျော်ခဲ့တာတွေကို မြင်ယောင်ရင်းနဲ့ဘဲ စိတ်မကောင်းဖြစ်နေရတော့တယ်လေ…
အင်းးးးးး ဥယျာဉ်ထဲမှာ ရှိနေတဲ့ ဥယျာဉ်မှူးတွေရော လာရောက်လေ့လာသူတွေရော စောမင်းသန်းဆိုတဲ့ မြို့ပြမေဂျာက သူငယ်ချင်းတစ်ယောက်ကို သိနေခဲ့မယ်ဆိုရင်တော့ သူက လောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို ၀မ်းနည်းမှုများစွာဖြင့် ပြောပြလိုက်တာပါ………….
အရိပ်တို့ သူငယ်ချင်းတွေလည်း လူ့ဘ၀မှာ ဘယ်အချိန်လောကကြီးထဲက ထွက်သွားရမယ်မှန်းမသိခင်မှာ ကောင်းတမန်ပြောသလိုပေါ့နော် ရတဲ့အချိန်လေးမှာ ဆုံတွေ့နိုင်ဖို့ ကြိုးစားကြပါလို့………. ဆန္ဒပြုပါတယ်နော်……………

အရိပ်

2 comments:

Thein Min Htike said...

အရိပ်

ဒီအချိန်မှာ တို့ ဘာမှ လုပ်မပေးနိုင်တော့ဘူးဟာ။
ဖိုးလှကြီး သားတစ်ယောက် ကို အောက်မေ့ နေရုံကလွှဲလို့ပေါ့။ စိတ်မီးအိမ် ကုသိုလ် လုပ်ရင် စောမင်းသန်းအတွက် အမျှဝေကြာတာပေါ့။

ငါတို့ တမိတည်းဖွားတွေဆိုတော့ ဖိုးလှကြီးရင် ထဲ ခံစားရသလို ငါတို့ လည်း ခံစားရပါတယ်ဟာ။

စောမင်းသန်း တယောက် ကောင်းရာသုဂတိ လားပါစေလို့ ပဲ ဆုတောင်းမေတ္တာပို့ကြတာပေါ့။

လက်ရှိသူငယ်ချင်းတွေပဲ ဆုံဖြစ်အောင် ဆုံကြပြီး သူ့အတွက် အမျှအတမ်း ဝေနိုင်အောင် ကြိုးစားကြတာပေါ့။

ဖိုးလှ၏ ရင်ခွင်၊ပျော်မွေ့ရွှင်သည့်
မောင်နှမအပေါင်းတို့ ၊
ငါတို့ အားလုံး ရဲ့ နောက်ဆုံးလမ်း ဖြစ်တဲ့
ရင်မှာလွမ်းဆွေး ဒို့များဝေးကြရမည်
ဆိုတာ သိပေမင့်
စောမင်းသန်း ကစောလျင် စွာ
ဒို့တွေကို နှုတ်ဆက်သွားတာ
ရင် နစ် စွာ ခံစားကြရပါတယ်။
တကယ်တော့
သင်ခန်းစာ တစ်ခု
သူပေးခဲ့တာပါ။
ငါတို့ မသေခင်
ပိုချစ်ကြစေချင်လို့ပေါ့။

အားလုံးကို သတိရ လွမ်းဆွတ်စွာဖြင့်

PARCHUU said...

အရိပ်
စောမင်းသန်းအတွက် စိတ်မကောင်းဘူး ဘုရားရှိခိုးရင်း အမျှဝေလိုက်ပါ့မယ်