စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Wednesday, November 21, 2007

Exam Weeks Here စာမေးပွဲတွင်း ပုံရိပ်များ

"အဲဒီမှာပဲ အိပ်ကြတယ်။ ခေါင်းအုံးတွေ စောင်တွေလည်း ယူလာကြတယ်။ အိမ်ကို မပြန်ကြတော့ဘူး။ ဟုတ်လို့ဗျို့။ အဲလို ခုံရှာနေလိုက်တာ တချို့ အားတဲ့ ခုံကြ ကွန်ပျူတာ ကြိုးထိုးဖို့ ပလပ်ဂ် ပေါက် မရှိပြန်ဘူး။ ဒီလို နဲ့ ရှာလိုက်ရတာ သနပ်ခါး နဲ့ အိပ်မက်စိမ်းဆို လျှာတွေ ထွက်တဲ့အထိပဲ။ ဖိုးသား က တော့ ယောက်ျားလေး ဆိုတော့ မမောပါဘူးဗျာ။ နောက်ဆုံး တော့ လက်ချာခန်း (၆)ထောင့်က တိတ်ဆိတ် တဲ့ ဒီခုံလေးကို ရလိုက်တာ။ ခု ဒီခုံလေးပေါ်က နေ ဒီပို့စ် ကို ရေးနေတာလေ။"

ဒီနေ့ တော့ ကောင်းတမန် တို့ သူငယ်ချင်း သုံးယောက် စာပေါင်းကြည့်ကြတယ်။
ကောင်းတမန် ရယ်၊ သနပ်ခါးရယ်၊ အိမ်မက်စိမ်းရယ် ပါ။ ခု ကျောင်းမှာစာမေးပွဲတွင်းဆိုတော့ ကျောင်းသားအားလုံး စာစု ကြည့်နေကြတာ ဟိုနား တစ်စု၊ဒီနားတစ်စု နဲ့ အုပ်စုတွေ တော်တော်များတယ်။

ကောင်းတမန် တို့ တွေ လက်ချာခန်း(၆) ရဲ့ ထောင့်က ခုံတန်းရှည်လေး ကို မောင်ပိုင်စီး ထားလိုက်တယ်။ ဒီခုံရှည်ကို ရဖို့ တော်တော် လဲ လျှောက်ပတ်ရှာလိုက်ရတယ်။ ကျောင်းက အင်ဂျင်နီယာ ဌာန အနှံ့ပဲဗျာ။ ခုံတွေက တော်တော် များများ မအားကြဘူး။ အားလုံး က စာမေးပွဲတွင်းဆိုတော့ ခုံပြည့် နီးပါး စာကြည့်နေကြတာ။ တချို့ဆို စားစရာ သောက်စရာ တွေ ပါ ယူလာပြီး အဲဒီခုံတွေပေါ်မှာ နေ့ရော ညပါ စာကြည့်ရင်း နေကြတယ်။ အဲဒီမှာပဲ အိပ်ကြတယ်။ ခေါင်းအုံးတွေ စောင်တွေလည်း ယူလာကြတယ်။ အိမ်ကို မပြန်ကြတော့ဘူး။ ဟုတ်လို့ဗျို့။ အဲလို ခုံရှာနေလိုက်တာ တချို့ အားတဲ့ ခုံကြ ကွန်ပျူတာ ကြိုးထိုးဖို့ ပလပ်ဂ် ပေါက် မရှိပြန်ဘူး။ ဒီလို နဲ့ ရှာလိုက်ရတာ သနပ်ခါး နဲ့ အိပ်မက်စိမ်းဆို လျှာတွေ ထွက်တဲ့အထိပဲ။ ဖိုးသား က တော့ ယောက်ျားလေး ဆိုတော့ မမောပါဘူးဗျာ။ နောက်ဆုံး တော့ လက်ချာခန်း (၆)ထောင့်က တိတ်ဆိတ် တဲ့ ဒီခုံလေးကို ရလိုက်တာ။ ခု ဒီခုံလေးပေါ်က နေ ဒီပို့စ် ကို ရေးနေတာလေ။

စာကြည့်ရင်း တချက်တချက် မထိန်းနိုင်လို့ စိတ်မီးအိမ် ဥယျာဉ် နဲ့ မကြီးပါချူး ဘလော့ဂ်ကို လည်ဖြစ်သေးတယ်။ မကြီးပါချူးက အမှတ်တရ တန်ဆောင်တိုင် ဆိုပြီး တင်ထားပြန်ပြီ။ မကြီးပါချူးရေ ကောင်းတမန် တော့ ဖတ်ရင်း မယ်ဇလီဖူးသုပ်ကို မြင်ယောင်ပြီး သားရေကျလာပြီ။ ဒါပေမယ့် မကြီးပါချူး သရုပ်ဖော်ထားတဲ့ ခု ဒို့ခေတ်မှာ သုပ်စားဖို့ အချိန်တောင် မရလို့ မသုပ်ကြတော့ ဘူး ဆိုတာ ကို ဖတ်ပြီး စိတ်မကောင်းဘူးဗျာ။ တကယ်ကို ကျွန်တော် အပါအ၀င် အဲလိုဖြစ်နေတာ။ မကြီး ပါချူးရေ ကျွန်တော် ရွာမှာရှိတုန်းကတော့ တော်တော် ပျော်စရာ ကောင်းခဲ့တယ်ဗျာ။ အမေ နဲ့ သူ့မွေးချင်း မောင်နှမတွေ သုပ်ကျွေးတာ ကျွန်တော် တို့ မောင်နှမတွေ အပြိုင်အဆိုင်လုစားရင်း ဝေဖန် အမှတ်ပေးခဲ့ကြာတာ မှတ်မိသေးတယ်။ တန်ဆောင်မုန်းရဲ့ တိမ်ကင်းည လပြည့်ဝန်းဆို တာ ရွာမှာပဲ ခံစားလို့ ကောင်းတယ်ဗျာ။ ဆေးစွမ်းထက်တဲ့ လပြည့်ည သန်းခေါင် ကို စောင့်ပြီး စားကြတာ တော်တော် ပျော်စရာကောင်းတယ်။ သန်းခေါင် မရောက်မချင်း ဖိုးသားတို့ တော့ ရွာကစားနည်း တွေ ကစားကြခဲ့ဖူးတယ်။ ခုတော့ ဒါတွေကို ဘယ်လို များ ခံစားနိုင်ဦးမလဲ။ ဘ၀ က ဒီလိုပဲလား။ ဘ၀ကို ကျေနပ် ပျော်ရွှင်ဖို့ အချိန် နည်းနည်း ပိုပေးနိုင်ဖို့ပဲ အများကြီးကြိုးစားရဦးမယ်။

ဒီလို နဲ့ ၁၂ နာရီ ခွဲမှာ သနပ်ခါး နဲ့ အိမ်မက်စိမ်း က ထမင်းသွားဝယ် ဖို့ နဲ့ စာကြည့် တိုက် မှာ စာအုပ်သွားငှါးဖို့ တာဝန်ကျ လို့ ထွက်သွားပြီ။ ကောင်းတမန် က ဒီခုံလေး သူများ ဦးမသွားဖို့ ခုံစောင့် နတ်မှုးလေး တာဝန်ကျတယ်။ ခု စောင့် နေရင်း ဒီပို့စ် ကို ရေးနေတာဗျ။

ဟော ပြောရင်းဆိုရင်း သူတို့ ပြန်လာပြီ။ ထမင်းလွေးလိုက်ဦးမယ်။
……………………………………………………………………………….
စားလို့ တော့ ပြီးသွားပြီဗျာ။ ငါးဟင်းနဲ့ အားလူးထောင်းကြော်၊ ပဲပင်ပေါက်ကြော်၊ ပြည်ကြီးငါး၊ ဆိတ်သားဟင်း၊ ဘာပဲမှန်းမသိတဲ့ ပဲတစ်မျိုး နဲ့စားတယ်။ အားလုံး ၀ယ်လာသမျှတွေကို မျှဝေ စားကြတယ်။ ဟင်းပို စုံသွားအောင်လို့ပါ။ စားလို့ အဆင်ပြေပါတယ်။ ထမင်းဝိုင်းကတော့ ဖိုးသားတို့ အဖွဲ့ရဲ့ ထုံးစံအတိုင်း မြန်မာပြည်က ဟင်းတွေကို လွမ်းတဲ့ အကြောင်းနဲ့ တန်ဆောင်မုန်းလပြည့် ည ရဲ့ လမင်းကြီးကို အပြည့်အ၀ မခံစားရမယ့် အကြောင်း၊ မယ်ဇလီ ဖူးသုပ် ကို စာမေးပွဲကြောင့် သုပ်မစားနိုင်တော့ တဲ့ အကြောင်းတွေကို လွမ်းဆွတ်စွာ လုယက်ပြောရင်း နဲ့ သုံးယောက်တည်း စည်ကားနေခဲ့ပြန်တယ်။

ခုတော့ သနပ်ခါး နဲ့ အိပ်မက်စိမ်းလည်း သူတို့ စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေထဲမှာ ခေါင်းဝင် ပြီး စာကြည့် နေကြပြန်ပြီ။ ကျွန်တော် လည်း ဇီဝ စက်မှု ဘာသာ အကြောင်း ကြည့် နေတယ်ဗျာ။

ထမင်းရှိန်ကြောင့် အိပ်ငိုက်လာရင်တော့ www.youtube.com က မြန်မာသီချင်းတွေကို ခဏ နားထောင်ဖြစ်ဦးမယ်ထင်တယ်။ မြန်မာပြည်ကို ခဏဖြစ်ဖြစ် စိတ်ကူးထဲမှာ ပြန်ရောက်ချင်လွန်းလို့ပါဗျာ။

No comments: