စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, November 30, 2007

"BRAIN WORK @ လွန်ဆွဲကြရအောင်"

အရိပ်ရေ…
ဆုတောင်းတိုင်းတန်းပြည့်ရအောင် သီလ၊ သမာဓိ၊ ပညာ အားကောင်းနေမှဖြစ်မှာလေ။ အနတ္တက အဲဒီသုံးချက်အားကောင်းနေတယ်လို့ မခံယူထားဘူး။ အဲဒီတော့ ဆုတောင်းတိုင်တန်းပြည့်မှာ မဟုတ်တဲ့အတွက် မိုးရွာပါစေလို့ ဆုမတောင်းဘူးလေ။ မိုးရွာစေချင်ရင် တို့ တစ်ဖွဲ့လုံးလွန်ဆွဲကြမယ်လေ။ အခုတို့နှစ်ယောက်ကစပြီး(စဉ်းစားမှု)လွန်စဆွဲမယ်လေ။ အာလုံးပါဝင် ဆင်နွှဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ လွန်စဆွဲမယ့် အကြောင်းအရာလေကတော့ အရိပ် တင်ထားတဲ့ ဒုတိယမေးခွန်းလေကိုပဲ စလိုက်ကြရအောင်လေ။ အဲဒီမေးခွန်းတွေပါတဲ့ အမေးအဖြေ စာအုပ်ရှိရင်လဲ အဲဒီအဖြေမှန်တယ်ဆိုတာကိုအသာထားပြီး အဲဒီမေးခွန်းနဲ့ ဆိုင်တဲ့အဖြေတွေကို အကျိုးအကြောင်းနဲ့ စဉ်းစာကြည့်မယ်လေ။
“ပူသေးလို့” ဆိုတဲ့အဖြေကို စဉ်းစာကြည့်လိုက်တယ်။ ဘာမှမစားရခြင်း အကြောင်းပြချက် အတွက်တော့ခိုင်လုံပါတယ်။ဒါပေမယ့် စံပါယ်ပြောသလို မကြိုက်လို့တို့၊ မကြီးပါချူးပြောတဲ့ စားဖို့ရာ ဇွန်းရှာမတွေ့လို့ပါ တို့၊ အတူတူစားဖို့စောင့်နေတာတို့၊ အချိန်မကျသေးလို့ တို့ အားလုံးဟာ ဘာမှမစားပဲဒီအတိုင်းထိုင်နေတယ် ဆိုတဲ့အကြောင်းအတွက် ပြောလို့ရတာပဲလေ။ ပူသေးလို့ ဆိုတဲ့အဖြေနဲ့ပါတ်သက်ပြီးတော့ လက်မခံနိုင်စရာ အချက်တစ်ချက်ကတော့ အဲဒီလူနာတွေဟာ သူတို့ကိုဧည့်ခံတယ်ဆိုတဲ့အသိစိတ်လေ၀င်ပြီးတော့ မရှိကို အရှိထင်ပြီးစားနေတယ်စားမယ်….ဆိုရင် ပူသေးလို့ ဆိုတဲ့ အသိဝင်ရင် သူကဒီအတိုင်းထိုင်နေမယ်ထင်သလား။ ဘယ်လိုမှ ဒီအတိုင်းထိုင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပူနေတဲ့ဆန်ပြုတ်ကို အေးအောင်လို့ လေနဲ့မှုတ်နေမှာပေါ့။ ဒါဟာအမြဲတန်းဖြစ်လေ့ဖြစ်ထရှိတဲ့အလေးအကျင့်ပဲလေ။ အနတ္တနောက်ဆုံးဖြေတဲ့ အဖြေက အစားအသောက်ကိုအချိန်နဲ့စားတာ။ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီးဖြေခဲ့တယ်နော်….. အဲဒီလိုဖြေရတဲ့အကြောင်းကတော့… နံပါတ်တစ်… မေးခွန်မှာကို ပြောလိုက်တဲ့အချိန်မှာတို့၊ မေးလိုက်တဲ့အချိန်မှာတို့ဆိုပြီး နမိတ်ပြဆက်စပ်စကားလုံးတွေပါလို့ပဲ။ နံပါတ်နှစ် အရူးကတစ်မူးသာ ဆိုတဲ့စကားပုံနဲ့လဲညီညွတ်သွားအောင်… အစားကိုအချိန်နဲ့စားတာ၊ စားဖို့အချိန်မရောက်သေးလို့ ဆိုပြီး သာမန်လူတွေထက်သာအောင်ဖြေလိုက်တာလေ။ အဲဒီအဖြေနဲ့ပါတ်သက်ပြီး အရိပ်ရဲ့အဖြေမှန်နဲ့ မကိုက်ညီဘူးဆိုရင်တော့ လက်ခံပါတယ်။(အဖြေမှန်တယ်ဆိုတာကိုလက်ခံတာမဟုတ်ပါ။) ဒါပေမယ့် အဖြေကမှားနေသေးတယ်ဆိုတာကို ဘယ်လိုအကြောင်းကြောင့်လဲဆိုပြီး အရိပ်လွန်ဆွဲမယ့် အကြောင်းအကျိုးလေးကို သိချင်ပါတယ်။

မှတ်ချက်။ ။ ဆရာဝန်တွေသွားမေးတဲ့လူနာက ဘာမှမစားပဲ ဒီအတိုင်းထိုင်းနေတယ် ဆိုတဲ့ နေရာမှာ ဘာမှမစားပဲတဖူးဖူးနဲ့ လုပ်နေတယ်ဆိုရင် အရိပ်ရေ…. နင်ပြောတဲ့ အဖြေကို လက်ခံပါတယ်။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

1 comment:

အရိပ် said...

အနတ္တ: နင်ပြောသလို လူနာက တဖူးဖူးမှုတ်နေတယ်လို့ ငါ ပြောလိုက်ရင် နင်တို့ အဖြေသိသွားမှာပေါ့ဟ...ဒါကတော့ အဖြေမပေါ်အောင် လျှို့ဝှက်ထားတာလေ.. နင်ပြောတာ ဟုတ်ပါတယ် နင်တို့အဖြေတွေလည်း အမှန်တကယ်ဆို ဖြစ်သင့်ပါတယ် . . . ဖြစ်နိုင်တဲ့ အရာတွေဖြေကြတာဘဲလေ... ဒါပေမဲ့ မေးခွန်းရဲ့ အဖြေကိုက ပူသေးလို့ ဖြစ်နေတော့ ငါက မှားနေသေးတယ်လို့ဘဲ ပြောရတာပေါ့.... ဟဲဟဲ နင် ဒီတခါ အဖြေမမှန်လို့ စိတ်တိုင်းမကျဖြစ်နေတယ်မို့လား ... စတာနော် သယ်ရင်း ...လွန်မဆွဲတော့ပါဘူးဟာ အရှုံးပေးပါတယ် ... ငါ့မေးခွန်းကို အချိန်ပေးပြီး စဉ်းစားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်