စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, December 9, 2007

“ ပျော်ရွှင်စရာ မွေးနေ့ ကမ္ဘာ စီစဉ် တင်ဆက်မှု အစီအစဉ် ”

မွေးနေ့အစီအစဉ် ကျင်းပမည့် နေ့ရက် ….. 1.12.2007 – 15.12.2007
မွေးနေ့ အစီအစဉ် ကျင်းပမည့် အချိန် …… အဆင်ပြေသောအချိန် ( ကန့်သတ်ချက်မရှိပါ)
မွေးနေ့ အစီအစဉ် ကျင်းပမည့်နေရာ ……. စိတ်မီးအိမ် ဥယျာဉ်

အစီအစဉ် (၁) ။ မွေးနေ့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာခြင်း။
အစီအစဉ် (၂) ။ တက်ရောက်အားပေးကြသော စိတ်တူကိုယ်တူ သူငယ်ချင်းများအား အဖွင့်အမှာစကားပြောကြားခြင်း။
အစီအစဉ် (၃) ။ မွေးနေ့ရှင်များအတွက် ဥယျာဉ်မှူးများနှင့် တက်ရောက်အားပေးသူများမှ အမှတ်တရ ပိုစ့်များ တင်ပေးခြင်း။
အစီအစဉ် (၄) ။ မွေးနေ့ရှင်များမှ မွေးနေ့ကိတ်လှီးခြင်း။
အစီအစဉ် (၅) ။ မကြီးပါချူးမှ ကျွေးမွေးဧည့်ခံခြင်း ။
အစီအစဉ် (၆) ။ မွေးနေ့ရှင်များမှ ကျေးဇူးတင်စကား လက်ဆောင်ပြန်လည်ပြောကြားခြင်း ။
အစီအစဉ် (၇) ။ မွေးနေ့အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်း။

ကဲ အနတ္တရေ အစီအစဉ် စတာ့မယ်နော် ဘယ်ရောက်နေလဲဟ


စိတ်မီးအိမ် မှ ဥယျာဉ်မှူးများနှင့်မွေးနေ့ အစီအစဉ်သို့ ကြွရောက်လာကြသူများအားလုံး မင်္ဂလာပါလို့ စီစဉ်တင်ဆက်သူ အရိပ်မှ နှုတ်ခွန်းဆက်ပါတယ်နော်……..
ကျန်းမာရေး အခြေအနေအရ အခမ်းအနား အစီအစဉ် နောက်ကျရခြင်းအတွက် ပထမဦးစွာ တောင်းပန်လိုက်ပါတယ်နော်

အစီအစဉ် (၁) အရ

အခမ်းအနား အစီအစဉ် ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ်………………………..

လက်ခုပ်သံများးးးးးးးးးး

အစီအစဉ် (၂) အရ

ဒီအစီအစဉ်လေးမှာ စီစဉ်တက်ဆက်သူအနေဖြင့် တာဝန်ယူရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်…..
အစီအစဉ်ရေးဆွဲမှုတွင်လည်း လိုအပ်သည်များ၊ အမှားအယွင်းများပါသွားခဲ့ရင်လည်း သူငယ်ချင်းများအားလုံး နားလည်ခွင့်လွှတ်ပေးကြပါလို့ လေးစားစွာဖြင့် တောင်းဆိုပါတယ်နော်……..
ရင်ထဲက ဆန္ဒကတော့ အပြင်မှာ တကယ့်ကို အားလုံးဆုံဆည်းပြီး မွေးနေ့အစီအစဉ်လေးလုပ်ပေးချင်တာပါ ….
အခြေအနေအရ စိတ်ကူးပုံရိပ်များနှင့် စိတ်မီးအိမ်တွင် ကျင်းပရခြင်းအတွက် စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်…
ဥယျာဉ်မှူးများနှင့် ကြွရောက်အားပေးသော သူငယ်ချင်းများအားလုံးမှ မွေးနေ့ရှင်များအတွက် အမှတ်တရ ပိုစ့်လေးတွေကို 15.12.2007 နေ့နောက်ဆုံးထားပြီး ဘ၀တိုက်ပွဲတွေဝင်ရင်း မအားလပ်တဲ့အချိန်တွေကြားကနေ တင်ပေးကြဖို့ အရိပ်မှမေတ္တာရပ်ခံအပ်ပါတယ်နော်…….
ပိုစ့်တင်ပြီးရင်တော့ မကြီးပါချူး ဧည့်ခံကျွေးမွေးမည့် စားသောက်စရာလေးတွေကို အနတ္တမှ ဧည့်ခံပေးပါလိမ့်မယ်နော် …….
အားလုံးကို ကျေးဇူးတင်ပါတယ်…..

(မှတ်ချက်။ အနတ္တရေ…….. အမှတ်တရ ပိုစ့်မတင်ပေးတဲ့ သူတွေကို စားသောက်စရာတွေမကျွေးနဲ့နော် ….. ဟဲဟဲ )
အင်း လောလောဆယ်တော့ အရိပ်တစ်ယောက်ထဲ ညဘက်ကြီးမှာ လက်ခုပ်တီးနေရတယ်ကွယ်……..
လိုင်းထဲမှာလည်း တစ်ယောက်မှ မတွေ့ပါလားးးးးးးးး
လက်ခုပ်တီးခိုင်းရအောင်လည်း ……….
ဘယ်ရောက်နေကြလဲ ……………..

အခမ်းအနားအစီအစဉ် (၃) အတွက်

“ ပျော်ရွှင်စရာ မွေးနေ့ ကမ္ဘာ စီစဉ် တင်ဆက်မှု အစီအစဉ် ”

မှန်ကန်သော ဆုံဖြတ်ချက် …………………

လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့ ဌက်မျိုးတွေထဲမှာ အသက်အရှည်ဆုံး နေထိုင်ရှင်သန်နိုင်တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ လင်းယုန်ဌက်တစ်ကောင်ဟာ အနှစ် 70 အထိ အသက်ရှည်နိုင်ပါတယ်။ ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။သူ့အသက်အနှစ် 40 ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက် ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်းကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က ရှည်လျားချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့ပြီ။ သူ့ရဲ့ အိုးမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို မဖြန့်ကားနိုင်တော့ဘဲ တောင်ပံအစုံဟာရင်အုပ်မှာကပ်နေခဲ့ပြီ။ ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်
ကိုခက်ခဲလာနေပါပြီ။သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ ပထမ တစ်လမ်းက အသေခံမလား ၊ ဒါမှမဟုတ် ရက်ပေါင်း 150 ကြာမဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေမဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ထဲကို ၀င်ရောက်ဖြတ်သန်းမလား ဆိုတာပါပဲ။ သည်ပြောင်းလဲခြင်းဖြစ်စဉ်မှာ
လင်းယုန်ဟာ တောင်ထိပ်ကို ရောက်အောင်ပျံသန်းပြီးတောင်ထိပ်ကသူရဲ့အသိုက်ထဲမှာ နေထိုင်နေဖို့လိုပါတယ်။ပြီးတော့ သူနှုတ်သီး ပြုတ်
ထွက် သွားတဲ့အထိကျောက်တုံးကို နှုတ်သီးနဲ့ခေါက်နေဖို့လိုပါတယ်။သူရဲ့နှုတ်သီးအဟောင်း ပြုတ်ထွက် သွားပြီးတဲ့နောက်လင်းယုန်ဟာ
နှုတ်သီးသစ်ပြန်ပေါက်တဲ့အထိ သူ့ရဲ့အသိုက်ထဲမှာ နေရပါတယ်။နှုတ်သီးသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ရဲ့ခြေသည်းဟောင်း
တွေကိုသူ့နှုတ်သီးသစ်နဲ့ဖြုတ်ထုတ် ရပါတယ်။ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှာ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို
သူ့နှုတ်သီးသစ် နဲ့ ဆွဲနှုတ်ပစ်ရပါတယ်။သည်လိုနဲ့ငါးလကြာတဲ့အခါမှာ လင်းယုန်ဟာသူရဲ့ကျော်ကြားလှတဲ့ ပြန်လည်မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်းကိုစတင်ပါတော့တယ်။နောက်ထပ် နှစ်၃၀ အသက်ရှည်နိုင်ပါတော့တယ်။ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ။အကြိမ် များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ကြရတဲ့နေရာမှာလူသားတွေဟာ သည်လိုပြောင်းလဲခြင်းဖြစ်စဉ်တွေကို ဖြတ်သန်းကြရ ပါတယ်။တခါတရံ..လိုအပ်လာတဲ့အခါမှာအမှတ်တရအဟောင်းတွေ၊ ၀ါသနာ အဟောင်းတွေနဲ့ထုံးတမ်းစဉ်လာအဟောင်းတွေကို သုတ်သင် ဖယ်ရှားပစ်ဖို့လိုပါတယ်။အတိတ်ရဲ့ဝန်ထုတ်ဝန်ပိုတွေကိုလွတ်မြောက်နိုင်မှသာပစ္စုပန်ရဲ့အသီးအပွင့်တွေကိုခံစားနိုင်မှာဖြစ်ပါတယ်။အသေခံ မလားအသက်ရှင် ရပ်တည်နိုင်မှု အတွက်ခဏတာ နာကျင်မှု အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား လင်းယုန်ငှက်တစ်ကောင်စာ
လောက်ရဲရင့်နိုင်ကြ မလား ??????????????

အရိပ်ရဲ့ သူငယ်ချင်းတစ်ယောက် ပြောထားဖူးခဲ့သော တန်းဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာလေးတခုပေါ့နော် ……….
လူဆိုတာ အကောင်းဆုံးကို မျှော်လင့်ခွင့်ရှိသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်ရမယ်လို့ လက်ခံထားပါတယ်။
ဖြစ်ပြီးသွားတာကိုနောင်တ ရနေမဲ့အစား ဖြစ်လာတာကို အကောင်းဆုံးရင်ဆိုင်ဖို့လိုပါတယ်။

အေးချမ်းလှတဲ့ ဒီဇင်ဘာလတွင် ကျရောက်သော မွေးနေ့ရှင်များနှင့် အတူ ဥယျာဉ်မှူးများအားလုံးလည်း ဘ၀မှာ ကြုံတွေ့လာနိုင်မဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ပြီး အောင်မြင်ပျော်ရွင်သော ဘ၀တခု ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့………… ဆန္ဒပြုပါတယ်။



ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

6 comments:

Thein Min Htike said...

ဟီး.......အရိပ်.....


ငါ လည်း လက်ခုပ်တီးတယ်ဟာ.....
ဗြောင်း.....ဗြောင်း...ဗြောင်း.........

ခု ငါ လိုင်းပေါ်မှာ ရှိတယ်လေ......။

သူငယ်ချင်းတွေ ရဲ့ လက်ဆောင်ပို့စ် နဲ့ မကြီးပါချူးရဲ့ အစားအသောက် နဲ့ အနတ္တ ရဲ့ ဧည့်ခံပွဲကို အရင် စောင့်လိုက်ဦးမယ်။

တော်တော်ပျော်တယ်ဟာ.........။

ပြီးမှ ကျေးဇူးတင်စကား နဲ့ ဆုတောင်း စကား ဆိုတော့မယ်....။

မွေးနေ့ အတွက် ရင်ခုန်လာပြီ။

ကျေးဇူး အရိပ်ရေ.........အစီအစဉ် မူး ကြီး...အဲ..ဟုတ်ပေါင် ...အစီအစဉ် မှုးကြီး

အနတ္တ said...

ဟဲဟဲ အရိပ်…နင်က မတင်သေးဘဲနဲ့ ပြောတာကို နင်တင်တဲ့ အချိန်မှာ ငါတို့ကအခုလိုင်းပေါ်ရောက်နေပြီလေ… ပျော်ရွှင်စရာ…မွေးနေ့ကမ္ဘာ အတွက်ဝမ်းမြောက်စွာ လက်ခုတ်တီးပါတယ်…

ဖြောင်း…ဖြောင်း….ဖြောင်း….

အစီအစဉ်စတင်ပြီဖြစ်တဲ့အတွက် ဧည့်ခံဖျော်ဖြေရေး အစီအစဉ်များ အခြေအနေအမျိုးမျိုးကြောင့် နောက်ကျခဲ့ပါလျှင် သည်းခံခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Thein Min Htike said...

အနတ္တ နဲ့ အရိပ်..........

အစီအစဉ် တွေက တော့ ကောင်းမှကောင်းဗျာ။

လိုင်းပေါ်က ပထမဆုံးမွေးနေ့ကို တော်တော်ရင်ခုန်လာပြီ..........။

ဧည့်ခံရေးအစီအစဉ် ကို စောင့်နေတယ်ဗျာ။

မကြီးပါချူး၊အနတ္တ၊အရိပ်၊peace၊စံပယ်၊ငြိမ်းချမ်းရေး၊အိပ်မက်စိမ်း၊သနပ်ခါး၊ရွှေအိမ်စည်၊ညီငယ်သန့်စင်၊ရေအိုးစည်၊ညီမ သဇင်နဲ့ အားလုံး ရဲ့လက်ဆောင် ပို့စ်တွေ စောင့်နေတယ်ဗျာ။

NOE said...

ပျော်ရွှင်စရာမွှေးနေ.ကမ္ဘာ အစီစဉ်လေး ကို ကြည်နူးမှုအပြည်.နဲ. တက်ရောက်အားပေးပါတယ်အရိပ်ရေ.......

အရိပ်ရဲ.အစီစဉ်တွေအတွက်
ပိတိတွေပြည်.နေတဲ. လက်ခုပ်သံလေးလည်း ပို.ပေးလိုက်တယ် နော်......

Thein Min Htike said...

အိပ်မက်စိမ်း....


အစီအစဉ်မှုးကြီး အရိပ် ခဏ သွားနားတယ်။

သူမရှိတုန်း ခပ်တည်တည် နဲ့ငါ သူ့နေရာ ခိုးလိုက်ဦးမယ် ဟဲ.......ဟဲ။

သိပါဘူးဟာ......အနတ္တ ရဲ့ ဧည့်ခံမှုး နေရာ ခိုးတာလည်း ဖြစ်ချင်ဖြစ်နေမှာ........။

မိုးသံ လေသံတွေ ကြားထဲက လိုင်းပေါ်က မွေးနေ့ပွဲမှာ နင့် လက်ခုပ်သံ ကြားလိုက်တယ်။

ကျေးဇူးပါ ဗျာ..........။

ပို့စ် လက်ဆောင်လေး နဲ့ အတူ မကြီးပါချူး ရဲ့ အစားအသောက်တွေ လာစားနော်။ အနတ္တက ဧည့်ခံလိမ့်မယ်။

အင်း.........မကြီးပါချူး မွေးနေ့ ကိတ် ၀ယ်ဖို့တော့ မမေ့လောက်ပါဘူး......။


တွေ့တဲ့လူတွေ သတိပေးလိုက်ပါဦး...။

အရိပ် said...

စီစဉ်တင်ဆက်သူအရိပ်ကို လက်ခံအားပေးကြတဲ့အတွက်လည်း အများကြီးကျေနပ်ဝမ်းမြောက်ပါတယ်....... လက်ခုပ်သံတွေကို အခုတကယ် နားထဲမှာ ကြားနေမိတယ်လေ.....အင်း လက်တွေနာနေရင်လည်း ပြောကြပါ....... ဆေးလိုက်လိမ်းပေးမယ်....