စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Sunday, December 9, 2007

ဒီဇင်ဘာဥယျာဉ်မှူးများ အတွက်ဆုတောင်း

နှစ်တစ်နှစ်ရဲ့နောက်ဆုံးနှစ်ရယ်ပါ
ဆိုသမုတ်ကြ ဒီဇင်ဘာလမှာပေါ့
ဆောင်းလေညှင်းတို့နဲ့အတူ
ဆောင်းခိုငှက်ငယ်တို့နဲ့အတူ
ဆောင်နှင်းဖွေးဖွေးတို့နဲ့အတူ
Chrismas ပွဲတော်ရဲ့ပျော်ရွှင်ခြင်းနဲ့အတူ
နောင်နှစ်အတွက် မျှော်လင်းခြင်းတွေနဲ့အတူ
ကမ္ဘာမြေကြီး ကိုအလှဆင်ဖို့.
စိတ်မီးအိမ်ကြီး အတွက်ရယ်ပေါ့
မွေးဖွားသန့်စင် ဖွားမြင်လာခဲ
ကောင်တမန်-ခိုင်မြဲ နဲ့သစ္စာ
ဥယျာဉ်မှူးက သုံးယောက်ရယ်ပါ- - -- --။
သူတို့ယုယ ပန်းတွေလှသလို
သူတို့ရေဖြန်း ပန်းတွေလန်းသလို
သူတို့ပြုစု ပန်းတွေနုသလို
နှစ်ပေါင်းများစွာ ပန်းပမာ
ရွှင်လန်းချမ်းမြေ့နိုင်ကြစေ- - - -

ချစ်ခြင်းများစွာနဲ့ (ရွှေအိမ်စည်)

3 comments:

Thein Min Htike said...

ရွှေအိမ်စည်....

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျာ.....။

လက်ဆောင်ပို့စ် လေးအတွက် ကျေးဇူးပါ...။

ထို့ထက် စိတ်မီးအိမ် ဥယျာဉ် မှုး တစ်ယောက် အဖြစ် ရပ်တည်ပေးတာ ပိုကျေးဇူးပါ..........။

နောက်လည်း လာရေးနော်.........။

ဆက်အားပေးနေမယ်..........။

ပန်းတွေ လည်း ပိုစိုက်ပြီး ပိုလှ၊ပိုနုအောင် အတူ ထိန်းသိမ်းကြတာပေါ့ဗျာ........။

အနတ္တ said...

ရွှေအိမ်စည်ရေ… စိတ်မီးအိမ်ဥယျာဉ်မှူးတွေကို ဆုတောင်းပေးသလိုပဲ စိတ်မီးအိမ်ဥယျာဉ်ကိုလဲ အမြဲတန်း လှပ၊လန်းဆန်း နေနိုင်အောင် ၀ိုင်းဝန်းစောင့်ရှောက်ကြရအောင်နော်…

အရိပ် said...

တက်ရောက်အားပေးပြီး အမှတ်တရ သစ်ပင်တစ်ပင်စိုက်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်နော်....... စိတ်မီးအိမ်မှ နွေးထွေးစွာ ကြိုဆိုပါတယ်