စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, December 10, 2007

အိပ်မက်ကြွေချိန်

ည---------
အခန်းကျဉ်းလေးထဲ
နာရီလက်တံတွေ ရထားတစ်စင်းလိုခုတ်မောင်း
နှစ်ဆယ့်ခြောက်နှစ်ဆိုတာက နှောင်းခဲ့ပြီ----
“လေးနာရီကျော်ကျော်မှာ သားကိုမွေးခဲ့တာပေါ့”တဲ့
လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်က အမေပြောခဲ့
ရောင်စုံဖယောင်းတိုင်မပါ--------
ချိုရှရှ ကိတ်မုန့်ခရင်မ်မပါ--------
ဟက်ပီးဘဒေး ဆုတောင်းသံတွေမပါ--------
ပြတင်းတံခါးကို ဟကြည့်တော့
လင်းတစ်ဝက် မှိန်တ၀က်နှင့် မြို့ပြ
နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့
မနက်ဖြန်အတွက်
မာယာတွေအားယူတယ်
လင်းကြက်တွန်သံ
ရွာဦးကျောင်းက အုန်းမောင်းသံ
ဓမ္မတေးသံ------------
နာရီမမှန်တဲ့အတွေးတွေနဲ့
ကျွန်တော်အိမ်နဲ့ဝေးခဲ့တာကြာပြီ။

(MYM-ရဲလေး)

2 comments:

အရိပ် said...

အိမ်လွမ်းတဲ့ ခံစားမှုက ဘာနဲ့မှ မတူဘူးနော် ....
အရိပ်တို့လည်း မိဘရဲ့ ရင်ခွင်နဲ့ဝေးနေရတာကြာပါပြီ
ဘ၀တူ သယ်ရင်းတွေပေါ့ ....... အင်း အိမ်တောင်ပြန်ချင်လာပြီ

တောက ကိုရင် said...

်ကောင်း တယ်ဗျာ။