စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Friday, December 7, 2007

ဘ၀ မျှခြေ (သို့) ဘ၀ကို ဆန်းစစ်ခြင်း

ဘ၀မှာ...

ပျော်ရွှင်ခြင်းဆိုတာရှိသလို ၀မ်းနည်းခြင်းဆိုတာလည်း ရှိနေမှာပါ ။

ကြည်နူးမှုတွေရှိနေသ၍ ကြေကွဲခြင်း ဆိုတာလည်း ရှိနေမှာပါ ။
မွှေးဖွားခြင်းဆိုတာရှိနေသ၍ သေဆုံးခြင်းဆိုတာလည်းရှိနေမှာပါ ။
ကြုံဆုံမှုတွေရှိနေသ၍ ခွဲခွာခြင်းဆိုတာရှိနေမှာပါ ။


ဒီအခြေနေတွေကို ဘယ်လိုအင်အားတွေနဲ့ ကျော်ဖြတ်ရမလဲ ။ ငါ့ဘ၀အတွက် ဒီအခြေနေတွေကို ကျော်ဖြတ်ဖို့  တကယ့်တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်နိုင်ပါ.မလား ? အခုချိန်မှာ ခွဲခွာခြင်းကြောင့်ရခဲ့တဲ့
ဒဏ်ရာတွေတောင် မကျက်သေးဘူး ၊ နောက်ထပ် ငါဘာမှမခံစားနိင်တော.ဘူး.......တခါတလေ ငါလုပ်နိုင်ပါ့မလား ? ရင်ဆိုင်နိုင်ပါ့မလား ???? ဆိုတဲ့ မေးခွန်းတွေကို မဖြေနိုင်တဲ့ရက်တွေတောင် တော်တော်ကြာနေပြီ ...........

ခက်ခဲမှုတွေပြည့်နေပါတယ်ဆိုတဲ. နေရာတစ်ခုကို ငါစိန်ခေါ်ပြီးဝင်ခဲ့တယ်...ကျော်ဖြတ်ခဲ့တဲ့ တောင်တွေကလည်း နိမ့်လိုက်မြင်.လိုက်နဲ့  .....ဟိုး......အမြင်တဆုံးထိလဲ ငါ့ရှေ့ မှာ တောင်ကြီးတောင်ငယ်တွေ ပိတ်နေတုန်းပဲ.....တခါတလေ လဲကျတဲ့အခါ ငါ့ကိုငါ့ပြန်ထနိုင်အောင် ကြိုးစားရတာ အခါခါပဲ့ ....ဘယ်လိုအင်အားတွေနဲ ရှေ့ ဆက်ပြီး ကျော်ဖြတ်ရဦးမလဲ ငါမသိဘူး....................

သြော်..............ပန်းတိုင်တစ်ခုရောက်ဖို့  စိုက်ထုတ်ရတဲ့ အားတွေလဲ မနဲပါလားနော်.............
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

2 comments:

အနတ္တ said...

သနတ်ခါးရေ…
ဥယျာဉ်မှာ သနတ်ခါးရနံ့လေးတွေ သင်းကြိုင်လာတဲ့အတွက်ဝမ်းသာပါတယ်။
မျှော်လင့်ချက် ဆိုတဲ့ ရောင်ခြည် ဟာ… လိုအပ်ရင် အင်အားတွေကိုလည်း မွေးဖွားပေးနိုင်တယ်။ တိုက်စစ်မှူးကောင်း လည်းဖြစ်လာနိုင်ပါတယ်။ ခွဲခွာခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေကို သက်သာစေနိုင်တဲ့ ဆေးကောင်းတလက်လည်း ဖြစ်နိုင်ပါတယ်။ တောင်ထိပ်မှာရှိတဲ့ ပန်းတိုင်ဆီကိုရောက်အောင်သွားဖို့ အားအင်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဘ၀တွေကို အမျိုးမျိုးပုံဖော်ဆောင်ရွက်နေကြတာကလဲ မျှော်လင့်ချက် ရောင်ခြည်တွေကြောင့် လို့ပဲ အနတ္တ ထင်တယ်လေ…..

အရိပ် said...

သနပ်ခါးရေ........ အားတင်းထားနော်...