စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Monday, December 3, 2007

"ထမင်းလုံးတစ္ဆေ"

ရင်ခုန်သံတွေပုံမှန်မဟုတ်ဘူး

နည်းနည်းမြန်နေတယ်

စိတ်ကိုအတတ်နိုင်ဆုံး ငြိမ်အောင်ထားနေရတယ် ။

တခါတခါ အသက်ရှူဖို့မေ့နေတယ်

မျက်စိတွေေ၀၀ါးလားပြီ

အာရုံတွေက ကမောက်ကမ

ခန္ဓာကိုယ် က တောင့်တင်းနေတယ်

အကြောတွေ သေနေသလိုပဲ

အာခေါင်တွေ ခြောက်ကပ်နေတယ်

ရေခွက် ကိုလက်လှမ်းဖို့ အင်အားမရှိဘူး

စိတ်ကိုငြိမ်အောင်ထားပြီး ကြိုးစားတယ်

အားလုံး အချည်းအနှီး ပဲ

ကျယ်လောင်စွာ အော်ချင်တယ်

လည်ချောင်းမှာ တစ်ဆို့ နေတယ်

တစ်စုံတစ်ယောက် ရဲ့ ခြေသံကိုနားစွင့်နေမိတယ်

ဘာမှ မကြားရ ၊ အူနေတယ်

နောက်ဆုံး ပုတီးစိပ်ဖို့ ကြံတယ်

ပုတီး ကိုစမ်းလို့မရဘူး

ရသမျှ ဘုရားစာ ကိုစိတ်ထဲကဆိုမိတယ်

အာရုံတွေ ဘုရား မှာရောက်ချိန်

တဒုန်းဒုန်း တဒိုင်းတဒိုင်း အသံနဲအတူ

ကျွန်တော် လန့်နိုးခဲ့လေ ပြီ ။


Catoon101

3 comments:

magyi-parchuu said...

အနတ္တရေ အိပ်ရာကနေ လန့်နိုးသွားလို့နော်..... ဘုရားဆီရောက်နေတဲ့ အာရုံတွေ အခုချိန်ဆို ဘယ်များ ရောက်နေမလဲ သိချင်လိုက်တာ.........

အနတ္တ said...

မကြီးရေ… အဲဒီကဗျာလေးက cartoon 101 ဆိုတဲ့ ဥယျာဉ်မှူးအသစ်တစ်ယောက် စိုက်ပျိုးထားတဲ့ အပင်လေးပါ။ အိပ်ရာကနိုးပြီး ဘယ်ရောက်သွားလဲ၊ ဘာလုပ်ဖြစ်လဲ ဆိုတာတော့ သိဘူးလေ……. အနည်းဆုံးတော့ ရေသောက်ဖြစ်လိမ့်မယ်ထင်တယ်။

Thein Min Htike said...

ကဗျာလေး က ခံစားလို့ ကောင်းတယ်ဗျာ။

တွေးလေ နက်လေ ပါပဲ။