စိတ်တူကိုယ်မျှ ဘ၀ စခဲ့ဖူးသည်။
ရင်ခုန်ယစ်မူး ရူးမိုက်ခဲ့ဖူးသည်။
ရင်မှာ လွမ်းဆွေးတို့များ ဝေးခဲ့ဖူးသည်။
စိတ်ဆိုတာ လူတစ်ဦးချင်းကို ပုံဖော်ပါတယ်။ မီးအိမ်ဆို တာ သူ့ကိုသုံးပြီး

၁။ သူက အများကို မြင်နိုင်တယ်။

၂။ သူ့ကို အများကမြင်နိုင်တယ်၊

၃။အများကိုလည်း အများက မြင်နိုင်စေတယ်။

ဒါကြောင့် ဒီဥယျာဉ်လေးကို စိတ်မီးအိမ်လို့ နာမည်ပေးထားတာ။ ဒီ ဘလော့ ဂ် ဥယျာဉ်လေး ဖြစ်မြောက်သွားတာ အားလုံးကို ကျေးဇူးတင်တယ်ဗျာ။ သစ်ပင်လေးတွေ လည်း တော်တော် စုံနေပြီလေ။ နောက် ဆို တိုးပြီး စိုက်ကြတာပေါ့။ လိုအပ်ရင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာလည်း ကျွေးရဦးမယ်။ အားလုံး လာလည်တဲ့ မောင်နှမတွေလည်း သစ်ပင်ရှိရင် ဘယ်လို သစ်ပင် ပဲ ဖြစ်ဖြစ် ၀င်စိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့် ဥယျာဉ်လေး ကို လာလည် စေချင်ရင်လည်း ဒီဥယျာဉ်ထဲမှာ ခြေရာလေးတွေ ချန်ထားပေးခဲပါ။

စိတ်မီးအိမ် ဘလော့ဂ် ဥယျာဉ်

ယနေ့ သင့်ဘဝ အောင်မြင်မှူ၊ စိတ်တည်ငြိမ်မှူနှင့် စိတ်ချမ်းသာမှူ အတွက် စကားစု ...

Thursday, November 22, 2007

"စိတ်မီးအိမ်မှ မောင်နှမများ"

နိပ်နိပ်ကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြောလည်း
နဂါးသေရုပ် သစ်ငုတ်တုပ်လို
နင်းဖန်များတော့ အတ္တမာန
ထိုးထက်ကြွလာ ဖြစ်လာပါလျှင်

ဆိုးကောင်းရောပြွန်း မလွတ်စတန်း
ပိုက်ချူးခူးသည့် ကံသစ္စာကို
ထွေးပိုက်လက်ငင်း နောင်တွင်ထင်းလျှက်
ခံစားမည့်ရေး မတွေးနိုင်အောင်
အမိုက်မှောင်ကျ လင်းမရဘဲ
ပြစ်မှားလွန်ကျူး ရှိခဲ့ပါမူ
လူဖြစ်လာရ ခုဘဝလည်း
မထူးစခန်း လူးခါလှမ်းခဲ့

မှောက်မိုက်ဘဝ မကြရောက်ခင်
သံသရာကျိုး မျှော်ကာကိုး၍
ပုညလယ်မြေ စိုက်ကြဲထွေလျှက်
ဆောင်ရွက်ပြုမူ ကုသိုလ်ယူပြီး
လမ်းပြရှေ့ဆောင် လှမ်းနိုင်အောင်လည်း
လှမ်းပါစေသား (စိတ်မီးအိမ်မှ) မောင်နှမများ။
ဒီစာကို Select ပေးပြီး အကျယ် ကို ရေးပါ ...

3 comments:

magyi-parchuu said...

စိတ်မီးအိမ်ရေ........
ကဗျာစာသားကလေးအတိုင်းဘဲ ပါချူး ခံစားတော့မယ် ရေးလိုက်လို့ အရသာပျက်သွား မှာ စိုးရိမ်လို့ပါ

Thein Min Htike said...

မကြီးပါချူးရေ

စိတ်မီးအိမ် ကို ပင်တိုင် လာလည် အားပေးတာ ကျေးဇူးပါဗျာ။

မကြီး ပါချူးဆီလဲ ဒီဥယျာဉ် က ဥယျာဉ်မှုးတွေ ခဏ ခဏ ရောက်ပါတယ်။

နောက် မှ ပို့စ် တွေ ညှိပြီး တင်ကြတာပေါ့။

အနတ္တ ရေ

ကဗျာလေးကို ခံစားမိသလို ပဲ သိမ်းထားမယ်နော်။

မကြီးပြောသလို ချရေးလိုက်ရင် အရသာ ပျက်သွားမှာ စိုးရိမ်လို့ပါ။

အနတ္တ said...

ကောင်းတမန် နဲ့ မကြီးပါချူး ရေ..
အနတ္တလည်း ပလိုင်းထဲပါလာတဲ့ အသီးအရွက်လေးတွေနဲ့ ချုံတန်းဟင်ချိုကဗျာလေး ချက်ပြီး မျှဝေစမ်းမြည်းကြည့်တာပါ။ အပေါ့၊ အငန်၊ အချို၊ အစပ် လိုအပ်ရင်လည်း ဖြည့်စွက်မြည်းကြပါလို့။
အနတ္တ ကြားဖူးတာလေးတစ်ခုရှိတယ်။ အဲဒါ ဟင်ချိုကောင်းရင် အသီးအရွက်တွေက လတ်ဆတ်လို့တဲ့။ အဲ ဟင်ချိုမကောင်းရင်တော့ ဟင်ချိုချက်တဲ့သူ ညံ့လို့တဲ့ဗျ။